ဟိုးအမြင့်တစ်နေရာကထိုလူသားအား
သူဘယ်သောအခါမှပိုင်ဆိုင်နိုင်လိမ့်မည်မဟုတ်။-------------------------♥-----------------------------
ကိုကို...
မြတ်နိုးစွာဖြင့်
အစဉ်အမြဲခေါ်ရပါသောနာမ်စား....ထိုလူကြိုက်သည်ဖြစ်စေ
မကြိုက်သည်ဖြစ်စေ
မိန်းမဆန်သည်ဖြစ်စေ
မဆန်သည်ဖြစ်စေ
ထိုနာမ်စားကိုတော့မပြောင်းလဲမိ။စိတ်လှုပ်ရှားတတ်သည့်အရွယ်
အထက်တန်းကျောင်းသားငယ်တစ်ဦး၏
ရူးကြောင်ကြောင်စိတ်ကူးယဉ်မှုတွေထဲ
ထိုလူသားကအစဉ်အမြဲကြီးစိုးနေခဲ့သည်။တစ်ရံတစ်ခါသူပေးသောကြင်နာမှုတွေကြား
အရာအားလုံးမေ့ကာပျော်မွေ့ဖူးသည်။
ဥပမာ...သူစာမရသည့်အခါစိတ်ရှည်စွာရှင်းပြခြင်း၊ သူ ့ပါးချိုင့်လေးကိုတမေ့တမောကြည့်ရင်း ချစ်ဖို့ကောင်းသည်ဟုပြောနေခြင်း
စသည့် စသည့်ရှားပါးလှပါသော ထိုလူ၏
ဂရုစိုက်ပြခြင်းမျိုးတွင် သူ့နှလုံးသားလေးက
အကြိမ်ကြိမ်အခါခါလဲပြိုရပါသတဲ့။ရက်လများပြောင်းလာသည့်အခါ
သူ့အပေါ်ထိုလူသားတရင်းတနှီးဆက်ဆံလာခဲ့သည်။ အရင်လို သူစိမ်းမဆန်တော့။
ထိုသို့ပြောင်းလဲမှုများကပင်
သူ့အားပို၍ အရူးရင့်စေခဲ့သည်။လည်ပတ်နေသောအချိန်စက်ဝန်းအရ
နောက်ဆုံးသောစာမေးပွဲသို့ရောက်ရှိလာသည့်အခါ သူ့နှလုံးတို့ကြေမွရပါ၏။
စာမေးပွဲပီးလျှင်ထိုလူသားသည်
သူ၏ဌာနေ တရုတ်ပြည်သို့ပြန်တော့မည်။
ပြည်တော်ပြန်မည့်ချစ်ရသူအား
စောင့်နေမည်ဖြစ်ကြောင်းပြောချင်ပေမယ့်လို့ သူဟာထိုလူ့အတွက်
အရေးပါလှလွန်းသည်မဟုတ်တော့
ဝန်ခံရမည့်နှလုံးသားလေးကမျက်နှာငယ်ရပါသတဲ့။"ကိုကို... ဟိုကောင်မလေးနဲ့အဆင်ပြေပြီလားဟင်"
ကိုရီးယား၏လမ်းမကြီးထက်
လက်ချင်းချိတ်လို့လျှောက်နေရင်း
တိတ်ဆိတ်မှုအားသူ့ဘက်မှစတင်ဖြိုခွဲ၏။ချစ်ရသူ၏ ချစ်သူအကြောင်း မေးရသည်မှာတော့
နာကျင်ပါ၏။"Babyက လည်လွန်းတယ် တက္ကသိုလ်ပြီးရင်
ကိုရီးယားပြန်လာခဲ့တဲ့အဲ့သည့်အချိန်ကျမှ
သူနဲ့အပြင်မှာတွေ့ကြမယ်တဲ့"