Part 3

833 62 0
                                    

ကျွန်တော် ​အိပ်မက်မမက်တာ ဒီနေ့ဆို တစ်ပတ်ပြည့်ပြီ။ တစ်နည်းပြောရရင် မငိုရတာ ခုနှစ်ရက်တာ။
နောက်တစ်နည်းပြောရရင် ညီနောင့်ကို မတွေ့ရတာ ခုနှစ်ရက်တာ။
အရင်ကတော့ တစ်လလောက် ရက်ဆက်နီးပါးမက်လာပြီးတော့မှ အခုကျတော့ တစ်ပတ်တောင်ရှိပြီဆိုတော့ တစ်ခုခုလိုနေသလို ခံစားနေရသည်။

မနက်စာစားဖို့ ထမင်းစားခန်းထဲဆင်းလာချိန်တွင် ဖေဖေက မနက်စာစားပြီးလို့ company သွားတော့မည်။ မေမေကလည်း uniform အပြည့်အစုံနဲ့ ကျောင်းသွားဖို့ ပြင်ဆင်ပြီးနေပြီ။ ဒါဆို... သူတစ်ယောက်တည်း မနက်စာ စားရတော့မှာပေါ့။

"သားငယ်...နိုးပြီလား။ မေမေတို့ ဒီနေ့ စောစောသွားရမှာမို့လို့။ ဖေဖေက meeting ရှိတယ်။ မေမေက သူငယ်ချင်းတစ်ယောက်ရဲ့အိမ်ဝင်စရာရှိလို့။ သားအတွက် အကုန်ပြင်ဆင်ပေးခဲ့တယ်နော်။ ထမင်းဘူးရော။ မနက်စာရော။ မုန့်ဖိုးက ဧည့်ခန်းထဲက စားပွဲပေါ်မှာ။ မနက်စာစားလိုက်ဦး။ ပြီးတော့ ကားကို ဂရုစိုက်စီးဦး။ အိမ်သော့ကို နဂိုထားနေကျနေရာမှာထားဖို့မမေ့နဲ့ဦး။ သြော်...ပြီးတော့ မိန်းချဖို့လည်း သတိထားဦးနော် သားငယ်။ နေ့ခင်းတွေက အရမ်းပူတော့ မီးတစ်ခုခုဖြစ်မှာစိုးလို့...ပြီးတော့...."

"မေကြီးရယ် ငါတို့သားငယ်က ပေါ့ပေါ့တန်တန်နေတတ်သူမဟုတ်ပါဘူးကွာ။ မင်းစကားတွေကို သူအကုန်အလွတ်ရတယ်။ ဟုတ်တယ်မလား သားငယ်။

ဖေဖေ့ကို ကျွန်တော်မနက်စာစားရင် wink တစ်ချက်နဲ့ ထောက်ခံလိုက်သည်။

"သိပါတယ်။ ကိုယ့်သားအကြောင်းကို။
ဒါပေမယ့် အကျင့်ဖြစ်နေပြီ။ မပြောရရင် တစ်ခုခုလိုနေသလို ခံစားရလို့။"

ဖေဖေက အားရပါးရရယ်လိုက်ရင်း
"ကဲ...သွားကြမယ်။ ပြီးပြီမလား"

ဖေဖေနဲ့ မေမေတို့ ကားလေး ခြံထဲက ထွက်သွားပြီးနောက် ခြံတံခါးပိတ်ရန် ခြံထဲဆင်းလာခဲ့သည်။
ဒီအိမ်လေးက ကျွန်တော့်ကို ​​​
နွေးထွေးလုံခြုံမှုအပြည့်ပေးသည်။ ပြီးတော့ ပျော်ရွှင်ခြင်းတွေပေးသည်။

ဖေဖေ၊ မေမေ၊ ကိုကိုနဲ့ ကျွန်တော်တို့ရဲ့ ရိပ်မြုံလေးဟာ ကျွန်တော့်အတွက် ရတနာတစ်ပါးပဲ။
စဥ်းစားရင်း ကိုကို့ကိုတောင်သတိရသည်။

I Found Him In My Dream  (IFHIMD) -Completed-Where stories live. Discover now