Part 9

597 52 0
                                    


"ဒေါက်တာ ဒီနေ့ ဘာပျော်စရာရှိလို့လဲ"

"ဟမ်...ထွေထွေထူးထူးမရှိပါဘူး ဆရာမရဲ့။ ဘာလို့လဲ"

"ဒေါက်တာ မနက်ကတည်းက ပြုံးနေလို့"

"အာ....မရှိပါဘူး။ ဒီလိုပါပဲ။"

"သူ စာကြည့်ရတာများပြီး ဂေါက်သွားလို့နေမှာပါ ဆရာမရဲ့။"

နားနေခန်းထဲကို ဝင်လာရင်း ဒေါက်တာ သက်ထူးလွင်က ပြောလေသည်။ သူနဲ့ batch တစ်ခုတည်း ပြီးသူဖြစ်ပြီး တေဇနဲ့ဝေမိုးပြီးလျှင် သူ့ဘဝရဲ့ အခင်ရဆုံးသူငယ်ချင်း။

"ဟေ့ရောင်...ငါလည်းသတိထားမိတယ်။ မင်းမနက်ဆေးရုံထဲဝင်လာကတည်းက ပြုံးနေတာ။ မှန်မှန်ပြောစမ်း...ကောင်မလေးရနေပြီလား။"

စိတ်ထဲမှာတော့ ကောင်မလေးမဟုတ်ဘူး။ ကောင်လေးကွ လို့သာ အော်လိုက်ချင်တယ်။ ရနေပြီလား ဆိုတော့ ခုမှ ကြိုးစားမယ့် အဆင့်ရှိပါသေးတယ် သားကြီးရာ လို့သာ ပြောလိုက်ချင်ပါတယ်။

"ဟမ်....စည်သာ...စည်သာ...ငါမေးနေတာရော ကြားရဲ့လား။ တကယ်ဂေါက်သွားပြီ ထင်တယ် ဒီကောင်ကတော့။"

"ဟေ့ကောင်...."

"ဟမ်"

"သြော်...အသက်ပါမရှိတော့ဘူးထင်တာ။ ပြန်တော့ဖြေသေးသား။ မင်း ဘာတွေပြုံးနေတာလဲလို့မေးတာ။"

"ဘာမှမဟုတ်ပါဘူးကွာ။ အလင်းပြောတဲ့ဟာသကိုတွေးမိပြီးပြုံးနေတာ။"

"လိမ်တာလည်း မပိရိလိုက်တာ။ မင်းသဘောပဲ မပြောပြချင်လည်းရပါတယ်။ အချိန်တန်ရင်လည်း ငါ့ကိုပြောပြမှာပဲ မဟုတ်လား။ မမေးတော့ဘူး။ အာညောင်းတယ်။"

"စကားမများနဲ့တော့။ မနေ့က patient ရဲ့ result ပေး ငါ့ကို။ ပြီးရင် ဒီညနေ ငါအလင်းကို သွားကြိုရမှာ။ မြန်မြန်လုပ်"

"မမနှင်း မအားလို့လား"

"မမနှင်း ဆိုင်က orderကျနေလို့ ဆိုင်ပိတ်တာ နောက်ကျမှာမလို့။ ကိုကိုကလည်း meeting ရှိတယ်။ အဲ့ဒါကြောင့် ငါပဲ သွားကြိုမလို့"

"ပြီးရော ဂရုစိုက်သွား။ ငါ့ကို တစ်ခုခုဆို ပြောပြဖို့လည်းမမေ့နဲ့ဦး စည်သာ။"

I Found Him In My Dream  (IFHIMD) -Completed-Where stories live. Discover now