Part 20

473 34 0
                                    


"ဦးရီး"

"နောင်ရိုး.....မင်း...."

ဦးရီးကို ငုံ့လျိုးတောင်းပန်တဲ့အကြည့်တွေနဲ့ ကြည့်နေတဲ့ နောင်ရိုးဟာ ပြောဖို့ စကားလုံးတွေကိုအစရှာနေသလို....

"သခင်လေး....."

နှစ်ယောက်စလုံးကို အဆက်မပြတ်စိုက်ကြည့်နေတဲ့ ဦးရီးကလည်း တုန်လှုပ်လို့နေသည်။
ဒီကိစ္စသာ သခင်ကြီး သိသွားရင် တကယ်ကို မလွယ်ဘူး ဆိုတာကို သူတွေးမိလိုက်သည်။

"သခင်လေးတို့ဆက်ဆံရေးကို ဒီမှာတင် ရပ်လိုက်လို့ရမလား"

"ဦးရီး....ကျုပ်တို့နှစ်ယောက် ဆက်ဆံရေးကို ဘယ်သူမှတားဆီးလို့မရဘူး"

ခပ်ဆတ်ဆတ်ပြောလိုက်တဲ့ နောင်ရိုးကြောင့် ဦးရီး မျက်နှာပျက်သွားသည်။

"သခင်ကြီးဆိုရင်ရော.....ဟမ်....နောင်ရိုး...ငါ့ကိုပြောစမ်း....သခင်ကြီးသာ ဒီကိစ္စကိုသိရင် မင်းကိုအရှင်ထားမယ် ထင်လို့လား။ မင်းအသက်ဟာ သခင်ကြီး လက်ထဲမှာရှိတယ်ဆိုတာ မင်းမမေ့နဲ့။ အခုမင်းဘေးမှာရှိနေတဲ့ သခင်လေးအတွက်လည်း မင်းထည့်စဥ်းစား"

"ကျုပ် သေချာစဥ်းစားပြီးမှ နှောင်း အနားကို ရောက်အောင်သွားဖို့ ဆုံးဖြတ်ခဲ့တာ ဦးရီး...သခင်ကြီးသတ်လို့ ကျုပ်သေရမယ်ဆိုရင်တောင် ကျုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ ကမ္ဘာအဆက်ဆက်ထိ ဒီအတိုင်းပဲ။ ဘယ်တော့မှ မပြောင်းဘူး
ဦးရီး။ ပြီးတော့ ကျုပ် နှောင်းအတွက်လည်း သေချာစဥ်းစားထားပြီးသားပါ ဦးရီး"

"မင်းက ဘာတွေများလုပ်ပေးနိုင်မှာလဲ။ မွေးကတည်းက ရွှေလင်ဗန်းနဲ့အချင်းဆေးလာတဲ့ သခင်လေးကို မင်းက ဘယ်လိုတွေများထားနိုင်လို့လဲ။"

နှောင်း ငြိမ်ပြီးမနေသာတော့....

"ဦးရီး...နှောင်း ဒီမှာနေ နေရတာ စိတ်ချမ်းသာနေတယ်ထင်လို့လား။ နှောင်း မေမေ့ကြောင့်သာ ဒီနေရာကနေ တစ်ဖဝါးမှ မခွာနိုင်သေးတာ။ နောင်ရိုးက နှောင်းအတွက် ဘာမှ လုပ်ပေးဖို့ မလိုဘူး။ နှောင်းလည်း လူထဲက လူတစ်ယောက်၊ ယောကျ်ားထဲက ယောကျ်ားတစ်ယောက်ပဲ။ နှောင်းဟာ ဦးဒီမဟာရဲ့ သွေးသားဖြစ်တာနဲ့ပဲ သူများထက်ထူးပြီး မြင့်မြတ်သွားရောလား။ တကယ်လို့ မြင့်မြတ်သွားတယ်ဆိုရင်တောင် အဲ့ဒီမြင့်မြတ်မှုကို နှောင်း မသတီဘူး။ အဲ့တော့ ဦးရီး သိထားပေးဖို့က ဘယ်လိုအရာကမှ နှောင်းတို့နှစ်ယောက်ကို တားဆီးလို့မရဘူး။ ဦးရီးလည်း လက်ခံပေးဖို့ မျှော်လင့်ပါတယ်"

I Found Him In My Dream  (IFHIMD) -Completed-Where stories live. Discover now