Part 28

485 40 0
                                    


"မင်း ဝေမိုးကို ဘာလုပ်လိုက်လဲ"

စည်သာမေးလိုက်တော့ ရောင်နီက ဘာမှမသိတဲ့ယုန်သူငယ်လေးလို ပြန်​ဖြေလာလေသည်။

"အမ်...ကျွန်တော် လက်ဖျားနဲ့တောင် မထိဘူးလေ..."

"ငါမြင်တယ်...မင်းသူ့ကို ဘယ်လိုတွေ ကြည့်လိုက်တာလဲ"

"ဟဲဟဲ..အကို မြင်သွားလား"

သွားတွေအကုန်ပေါ်အောင် ရယ်ပြရင်း ရောင်နီက ပြောလေသည်။

"မင်းနော်...ငါ့သူငယ်ချင်းတွေကို ကောင်းကောင်းဆက်ဆံ။ သူတို့က ငါ့အပေါ် အရမ်းကောင်းတာ။ ကိုကို ပြီးရင် သူတို့က ငါ့ညီအစ်ကိုတွေပဲ။"

"အင်းပါ....နောက်တစ်ခေါက်တွေ့ရင် အဲ့လိုမလုပ်တော့ဘူး....။ အကိုပဲ စဥ်းစားကြည့်လေ....first date လေးကို သူက ဖျက်ဆီးတော့မလို့။ ဟိုကောင်လေးတားလိုက်လို့ပေါ့"

"ဝေမိုးက တစ်ခါတစ်လေအဲ့လိုပဲ။ အူတူတူနဲ့ အလိုက်မသိဘူး။ အဲ့ဒါကြောင့်... သူက ကောင်းကင်ဆိုတဲ့ကောင်လေးနဲ့ပဲ အဆင်ပြေမယ်လို့ ငါတို့တွေးခဲ့တာ။ မှန်သွားတာပေါ့။
ဟိုက သွက်သွက်ကလေး... အရိပ်အကဲလည်း သိတယ်။ နောက်ကျ သေချာမိတ်ဆက်ပေးမယ်"

"သူတို့တွဲတာ ကြာပြီလား အကို"

"အင်း....သုံးနှစ်လောက်တောင်ရှိတော့မယ် ထင်တယ်"

"အကြာကြီးပဲနော်....အားကျလိုက်တာ...ကျွန်တော်လည်း ဒီကိုစောစောသာပြန်လာလို့ရခဲ့ရင် အကိုနဲ့ အစောကြီးတွေ့ရမှာ"

ရောင်နီ့စကားတို့ကြောင့် စည်သာက ပြုံးရောင်သန်းကာ....

"အခုလည်းနောက်မကျပါဘူး ရောင်နီလေးရယ်။"

"အကို.....ကျွန်တော် ဒယ်ဒီနဲ့ မာမီကို ပြောပြလိုက်​တော့မလို့...အကိုနဲ့ ကျွန်တော့်အကြောင်းကို"

"မစောလွန်းဘူးလား။ မင်း ငါ့ကို သေချာလေ့လာပါဦး။ ငါ့ရဲ့အကျင့်ဆိုးတွေကို မင်းလက်ခံနိုင်ပြီဆိုမှ မင်းမိဘတွေကိုဖွင့်ပြောပေါ့။"

"No.... No..... No..... အကို့ရဲ့အကျင့်ဆိုးတွေရှိရင်လည်း ကျွန်တော်တို့နှစ်ယောက် အတူတူညှိယူပြီး ရှေ့ဆက်မယ်။ အကျင့်ဆိုးတွေကြောင့်နဲ့တော့ ကျွန်တော်က အကို့ကို ဘယ်တော့မှ လက်မလွှတ်ဘူး။ ကျွန်တော့် အချစ်တွေက လွယ်လွယ်နဲ့ ဖြစ်တည်လာတာမဟုတ်ဘူး ဒေါက်တာမြတ်စည်သာ။ စျေးကြီးတယ်....ပြီးတော့ up to date လည်းဖြစ်တယ်။ ဘယ်တော့မှ out of date မဖြစ်သလို expired လည်းမရှိဘူး။"

I Found Him In My Dream  (IFHIMD) -Completed-Where stories live. Discover now