Part 2

1.2K 66 0
                                    

"ဟေ့ကောင်...စည်သာ။ မင်းက ဘာလို့စောစောစီးစီး အိပ်နေတာလဲ။ ဒါလားကွာ လူငယ်တဲ့။ ပျင်းရိနေတာပဲ။
ဟေ့ကောင်...ထ ထ။ ဆရာမ လာတော့မယ်။"

တေဇက ဘေးနားမှာ ပေါက်ပေါက်ဖောက်ပြီး သြဝါဒခြွေနေတာကို သူကြားနေပေမယ့် ဘာစကားမှ မတုံ့ပြန်နိုင်။

"စည်သာ...နေမကောင်းဘူးလား။"

လာပြန်ပါပြီ။ နောက်တစ်ယောက်။ ဝေမိုး..

ကျွန်တော့်မှာ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ရှိတယ်။
တေဇထွန်းရယ် ဝေမိုးရယ်။

တေဇထွန်းက အပြောဆိုးတယ်။ ဒါပေမယ့် စိတ်ရင်းကတော့ အတော်ကောင်းသည်။

ဝေမိုး ကတော့ အေးဆေးသည်။ လိုမှ စကားပြောတတ်သည်။ ပြတ်သားသည်။
ပြီးတော့ စိတ်ရင်းကောင်းသည်။ ကျွန်တော်နဲ့တေဇကို သူ့ညီအစ်ကို မောင်နှမတွေထက် ပိုဂရုစိုက်တတ်သည်။

ကျွန်တော်က သူငယ်ချင်းကံကောင်းတယ်လို့ပဲ ပြောရမှာပေါ့။

နောက်ပြီးတော့...

ကျွန်တော့် နာမည်က "မြတ်စည်သာ"။

---–-----------------

"တေဇ... နဖူးလေးဘာလေးတစ်ချက်စမ်းကြည့်လိုက်ဦး။ နေမကောင်းရင်လည်း ဆရာမဆီက ဆေးသွားယူပေးရအောင်။"

"မင်းသူ့ကို သည်းသည်းလှုပ်မနေနဲ့။ အမြင်ကိုကပ်တယ်။
ဘာမှ မဟုတ်ဘူး။ ညက စာတွေ ခိုးကျက်နေလို့ နေမှာပေါ့။ ရုပ်ကို ကြည့်လိုက်စမ်း။ မျက်ကွင်းတွေက ညိုနေတာ အကွင်းလိုက်၊ အကွင်းလိုက်ပဲ။"

"မင်းကလည်းကွာ။ ဘာဖြစ်လို့ အဲ့လောက်ပြောဆိုနေရတာလဲ။ သူငယ်ချင်းကို ဂရုစိုက်မယ်မရှိဘူး။"

စာသင်ခုံပေါ် လက်မောင်းကိုခုပြီး မှေးနေပေမယ့် သူတို့နှစ်ကောင်ကြောင့် ဘယ်လိုမှ မှေးမရတော့။

"မင်းတို့ စကားပြောလို့ မပြီးကြသေးဘူးလားကွာ။ ငါခဏလောက်လေး မှေးချင်လို့ မရဘူးလား"

အဲ့တော့မှ ဝေမိုးက
"ရပါတယ်ကွ။ ဆယ်မိနစ်လောက်အချိန်ရသေးတယ်။ ခဏမှေးလိုက်။ မင်းနေမကောင်းဘူးထင်လို့ပါကွာ"

I Found Him In My Dream  (IFHIMD) -Completed-Where stories live. Discover now