Part 6

651 54 0
                                    

ဆယ့်တစ်နှစ်ကြာပြီးနောက်...

လူက သုံးရက်လောက် မနားတမ်း run ထားရသည်မို့ နုံးချိနေသည်။ ဆေးရုံမှာပဲ နေလိုက်ချင်ပေမယ့် ဒီနေ့က ကိုကိုတို့ တောင်ကြီးကနေ ပြန်လာမည်မို့ သူအိမ်ကိုသာ ပြန်လာခဲ့သည်။
သူ့တူလေး အလင်းသာ ကို တွေ့ချင်လွန်း၍သာ ပြန်လာရသည်။ လူက ပစ်လဲချင်စိတ်တောင်ပေါက်နေသည်။
သုံးလကြီးများတောင် မမနှင်းက သူ့မိဘတွေဆီ ကလေးကိုခေါ်သွားတာ။ ရက်စက်လိုက်တာ။

အိမ်ထဲဝင်ဝင်ချင်း လက်သေးသေးလေးတွေနဲ့ ခြေထောက်နှစ်ဖက်ကိုပြေးဖက်ခြင်းခံလိုက်ရသည်။ လာပါပြီ။ သူ့တူလေး အလင်းသာ....

ကျွန်တော်က အလင်းကိုစချင်တာမို့...
"အလင်းရေ...အလင်း...လေးလေးပြန်ရောက်ပြီလေ။ အလင်းရေ....ဘယ်မှာလဲ။ လေးလေးက အရမ်းလွမ်းနေပြီ။ အလင်းရေ...."

ခြေထောက်ကိုဖက်ထားတဲ့ အလင်းက
သူ့ကိုစနေမှန်းသိတာကြောင့် ဖက်ထားတာကိုလွှတ်လိုက်ပြီး ကျွန်တော့် ခြေထောက်ဆောင့်နင်းလိုက်သည်။ ကလေးအားလေးက မနာပေမယ့် သူစိတ်ချမ်းသာအောင် ကျွန်တော် အော်ပေးရမည်လေ။ ဒါကြောင့်...

"အား...အား...အလင်းရေ မလုပ်နဲ့လေ။ မေမေရေ...မေမေ့မြေးက ကျွန်တော်ကိုအနိုင်ကျင့်နေတယ်ဗျို့။"

မီးဖိုခန်းထဲက ထွက်လာတဲ့မေမေက သူ့မြေးအချစ်တုန်းကိုကောက်ချီလိုက်ပြီး

"မြေးလေး။ ပြောပါဦး။ ဖွားမြေးကို လေးလေးက ဘာတွေအနိုင်ကျင့်နေလဲ။ ပြော....ဖွားကိုပြော။"

သားအချစ် မြေးအနှစ်ဆိုတာ သွေးထွက်အောင်မှန်တယ်။ အခုတော့ သူ့မြေးမှ သူ့မြေးသာဖြစ်နေသည်။

"မေမေ။ ကျွန်တော့ကို မေမေ့မြေးက အနိုင်ကျင့်တာပါဗျ။"

"ဟုတ်ဝူး။ ဖွား။ ရေးရေးက အနိုင်ကျင့်တာ အရင်းကို။"

"အမယ်။ ဗြောင်လိမ်ပြန်ပြီ။"

"ရေးရေးကို ခေါ်တော့ဝူး။ လာရဲအချော့နဲ့။ ခေါ်ဝူး။"

""ဟာ....""
ချစ်ဖို့ကောင်းလွန်းလို့ အလင်းကို ဘာလုပ်ရမလဲတောင် မသိတော့ဘူး။ အသက်လေးနှစ်ပြည့်ခါနီး အလင်းရဲ့ စကားမပီကလာ ပီကလာလေးက ကျွန်တော့်ကိုအရည်ပျော်အောင်လုပ်နေလေသည်။
အသားဖြူဖြူ ဝဝကစ်ကစ်ကလေးနဲ့ အလင်းက သူ့အမေ မမနှင်းနဲ့ပိုတူပြီး ကိုကို့ရုပ်ကိုတော့ ဘယ်နေရာမှာမှ ရှာမတွေ့။
မေမေကတော့ သူ့မြေးကိုကြည့်ပြီး ရယ်နေလေရဲ့။

I Found Him In My Dream  (IFHIMD) -Completed-Where stories live. Discover now