Part 15

518 38 2
                                    


ဒီနေ့တော့ ဟိုကလေးကို တွေ့အောင်ရှာရမည်။

မနက်မိုးလင်းကတည်းက ရည်ရွယ်ချက်ဟာ နောင်ရိုးဆိုတဲ့ ကလေးကို အလုပ်သမားတန်းလျားမှာ တွေ့အောင်ရှာဖို့။

ဦးရီး ရဲ့ အလစ်ကိုစောင့်ရတာက လွယ်ကူတဲ့ လုပ်ရပ်တော့မဟုတ်။

နေ့လည် ထမင်းစားချိန်ခဏမှာ ဦးရီးကို မျက်ခြေဖြတ်ဖို့ တော်တော်
ကြိုးစားခဲ့ရသည်။

စံအိမ်နောက်က တံခါးကို အသာလေးဖွင့်လိုက်ပြီး အလုပ်သမားတန်းလျားကို ခြေသံလုံလုံနဲ့ ဝင်ရောက်ခဲ့သည်။

နေ့လည်ခင်းထမင်းစားချိန်မို့ စားသောက်ဆောင်ထဲမှာသာ လူစု၍ရှိနေမည်မှာ မလွဲ။

ဒါကြောင့် တန်းလျားတစ်လျှောက် အသာလျှောက်လာခဲ့သည်။

ခရေပင်ရိပ်နဲ့ အေးချမ်းနေတဲ့ တန်းလျားလေးကို သူသဘောကျမိသည်။
သူ့အတွက် တသီးတသန့်စီစဥ်ပေးတဲ့ ဥယျာဥ်က တစ်မျိုးလှသလို ဒီတန်းလျားဝိုင်းကလည်း ကြည်နူးစရာကောင်းသည်။

ခရေပင်အနားကိုလျှောက်သွားရင်း ဆင်းထားတဲ့ ခြေထောက်တစ်စုံကိုမြင်ရသည်။
ခြေထောက်ကလေးတွေက သေးလွန်းသည်မို့ ကလေးတစ်ယောက်မှန်းသိသာသည်။

နောင်ရိုး.....လား။

အရှေ့ကိုဆက်တိုးပြီး ကြည့်လိုက်တော့...
တကယ်ပဲ နောင်ရိုးဖြစ်နေသည်။

တားဆီးမရတဲ့ အပြုံးတွေက နှုတ်ခမ်းထက်မှာချိတ်ဆွဲလျက်။
ပျော်ရွှင်မှုနဲ့အတူ....ခေါ်ဖို့ ပြင်လိုက်သည်။

"ဟိတ်"

ခေါ်သံကြောင့်လှည့်ကြည့်လာပေမယ့်
ဒီတစ်ခါမျက်ဝန်းတွေမှာတော့ ထိတ်လန့်ခြင်းတွေနဲ့။

ထပြေးဖို့ပြင်နေတဲ့ ခန္ဓာကိုယ်လေးတစ်ခုကို ပျောက်ကွယ်မသွားအောင် ဖမ်းဆွဲလိုက်သည်။

"မင်း ဘယ်ကိုပြေးမလို့လဲ"

မေးနေတာကို မဖြေဘဲ ဆွဲထားတဲ့ လက်ကို ဖြုတ်ချနေတဲ့ လက်သေးသေးလေးတွေက ငါးနှစ်ကျော်ကလေးတစ်ယောက်ရဲ့ အားထက် ပိုလွန်းနေသည်။
ဘာတွေ အဲ့လောက် ထိတ်လန့်နေရတာလဲ။

I Found Him In My Dream  (IFHIMD) -Completed-Where stories live. Discover now