Part 33

415 32 0
                                    


"အဲ...ဟို...ဟို...ဘာမှ မဟုတ်ပါဘူး ဖေဖေ။ လာလေ...အချိန်မနည်းတော့ဘူး။ ဖေဖေလည်း လာပြီဆိုတော့ ထမင်းစားခန်းထဲသွားရအောင်။ လာ...ရောင်နီ ဗိုက်ဆာနေပြီမလား"

ကိုကိုမှ စကားလမ်းကြောင်းလွှဲကာ ဖေဖေနဲ့ ရောင်နီကို ထမင်းစားခန်းထဲသို့
ဦးဆောင်ခေါ်သွားသည်မို့ ကျွန်တော်အခုမှ သက်ပြင်းချမိတော့သည်။

အားတင်းထားစမ်းပါ...မြတ်စည်သာ။ မင်းချစ်တဲ့သူတွေအတွက် မင်းရဲရင့်မှဖြစ်မယ်။

ထမင်းစားခန်းထဲသို့ ကျွန်တော်ရောက်သောအခါ မေမေနဲ့ မမနှင်းက ပြုံးရွှင်လျက် ရောင်နီနဲ့ စကားလက်ဆုံကျနေပေပြီ။

အလင်းကလည်း မမနှင်းဘေးမှာ ထိုင်လျက် ဟင်းပွဲတွေကိုငေးကြည့်နေလေသည်။

"သားငယ်...လာလေ...ဒီမှာထိုင်။"

မေမေက သူနဲ့ ရောင်နီ့ကြားက ခုံမှာထိုင်ရန် အချက်ပြတော့ ကျွန်တော့်မှာ အခက်တွေ့ရပြန်သည်။ ကျွန်တော့်ရဲ့ အခုလက်ရှိအခြေအနေက မေမေနဲ့ ရောင်နီ့ကြားမှာ သတ္တိရှိရန် မနည်းကြိုးစားနေရခြင်းပင်။

ဒါပေမယ့် သူ့ဆုံးဖြတ်ချက်က ဒီနေ့ မိသားစုကို ဖွင့်ပြောမည်။

ရောင်နီတောင် သတ္တိရှိခဲ့ပြီးပြီပဲ။ ဒီလူသားနဲ့ တစ်သက်တာ လက်တွဲဖို့ဆိုရင် သူ့နည်းတူ ကျွန်တော့်မှာလည်း မနည်းတဲ့ သတ္တိရှိရမယ်မလား။

တွေးရင်းနဲ့ ထမင်းစားနေတာကြောင့် ထမင်းဝိုင်းမှာ ဘာတွေပြောနေသည်ဆိုတာကို သူ သတိမထားမိ။ စားလို့လည်းမဝင်ပေ။

ရောင်နီကတော့ တစ်ချက်တစ်ချက် စည်သာ့ကို လှမ်းကြည့်နေပြီး မင်းထင်သာမှာလည်း ညီဖြစ်သူ မျက်နှာမကောင်းသည်ကို သတိထားမိနေသည်။

....................

အကုန်ထမင်းစားလို့ ပြီးတဲ့အခါမှာတော့ ဒေါ်မေချိုသက်က ဧည့်ခန်းမှာ အချိုပွဲစီစဥ်ပေးသည်။ အိမ်ရှိလူအကုန် ဧည့်ခန်းမှာရှိနေကြသည်။ အလင်းမှ အစ။

အဲ့အချိန်မှာပဲ စည်သာ့ဘက်က စကားတစ်ခုစခဲ့သည်။

"ဖေဖေ..မေမေ..ကျွန်တော် တစ်ခုလောက် ပြောစရာရှိလို့ ပြောလို့ရမလား"

I Found Him In My Dream  (IFHIMD) -Completed-Where stories live. Discover now