Part 24 (Warning: Violence)

630 38 0
                                    


"နောင်ရိုး....."

ပြိုကျသွားသော ခန္ဓာကိုယ်ကို ထွေးပွေ့လိုက်ရင်း.....

"နောင်ရိုး....မင်း ဘာမှ မဖြစ်ရဘူးနော်...နောင်ရိုး...."

ပါးစပ်ထဲက ပွင့်အန်လာတဲ့ သွေးတွေက လည်ပင်းတစ်ဝိုက်စီးကျကာနေသည်။

"ငစွန်...ခေါ်လာခဲ့ သူ့ကို...ထွန်းခင်...သွား..ဟိုကောင့်ကို
အပြတ်ရှင်း....."

အင်အားသုံးကာဆွဲခေါ်နေသော လက်တွေကို တွန်းကန်ရင်းက နောင်ရိုးရဲ့ဝေးရာကို သူရောက်ခဲ့သည်။

ကျေးဇူးပြုပြီး...
ငါ့ လက်ကို မလွှတ်လိုက်ပါနဲ့ နောင်ရိုးရယ်။

"ဖေဖေ....ကျေးဇူးပြုပြီး ညီနောင့်ကို ဘာမှမလုပ်ပါနဲ့။ တောင်းပန်ပါတယ် ဖေဖေ ဘာမှမလုပ်ပါနဲ့.....။"

သေနတ်ဒဏ်ရာနဲ့ နောင်ရိုးကို ဦးထွန်းက အဆက်မပြတ် ထိုးကြိတ်ရိုက်နှက်လို့နေသည်။ ထို့နောက်.....ဦးထွန်းက သူ့ကျောမှာလွယ်ထားတဲ့ ဓားရှည်ကိုဆွဲထုတ်လိုက်သည်။

ထိုးစိုက်လိုက်ပြီး ပြန်ထွက်လာတဲ့ ဓားချွန်ဖြားမှာ သွေးတွေဟာ တစ်စက်ချင်းကျလို့နေသည်။

နာကျင်မှုကို လူးလိမ့်ခံစားနေရတဲ့နောင်ရိုးကလည်း ပိတ်ကျလုနီး မျက်ဝန်းတွေကနေတစ်ဆင့် နှောင်းကိုသာ ကြည့်လို့နေသည်။

လက်ပြန်ကြိုးတုပ်ကာ နောက်ဆုံးသော သေနတ်သံတစ်ချက်ကြားက နောင်ရိုးရဲ့ စကားတစ်ခွန်းကို ကြားလိုက်ရသည်။

"ကျွန်တော်...နှောင်းကို စောင့်နေမယ်"

ထို့နောက် တောင်ကုန်းပေါ်မှ လိမ့်ကျသွားသော ခန္ဓာကိုယ်တစ်ခုက အောက်က ချောက်ထဲသို့ ပြုတ်ကျသွားလေသည်။

"ညီနောင်.........."

................................

အသံကုန်အော်လိုက်ပေမယ့် နောင်ရိုးကမကြားနိုင်တော့.....

ဦးဒီမဟာ ကတော့ အောင်နိုင်သူတစ်ယောက်ရဲ့ မျက်နှာအမူအရာဖြင့် တောင်ကုန်းပေါ်ကနေကြည့်လို့နေသည်။

ရုတ်တရက် ဦးဒီမဟာ လက်ထဲက သေနတ်ကို ဆွဲလုခြင်းခံလိုက်ရသည်။
အခုတော့...သေနတ်ဟာ နှောင်းလက်ထဲမှာ နေရာယူထားပြီး ဦးတည်နေသောနေရာကား နှောင်းရဲ့ နားထင်ဆီသို့.....

I Found Him In My Dream  (IFHIMD) -Completed-Where stories live. Discover now