Part 21

436 38 0
                                    


"မင်း....နောင်ရိုး"

နှောင်းရဲ့ မျက်နှာအခြေအနေကိုကြည့်တာနဲ့ ဒေါသထွက်သွားမှန်းသိတာမို့...

"နှောင်း...ကျုပ်တောင်းပန်ပါတယ်နော်။ နှောင်းကိုအရင်ခွင့်တောင်းသင့်တာပေါ့။ ကျုပ်မှားသွားတယ်။ ခွင့်လွှတ်ပါနော်...နှောင်း...ကျုပ်ကို ခွင့်လွှတ်နော်"

စိုက်ကြည့်လာတဲ့ နှောင်းမျက်ဝန်းတွေကြောင့် နောင်ရိုးရဲ့ လင်းထင်းနေတဲ့ကမ္ဘာမှာ ချက်ချင်းမှောင်မိုက်သွားသည်။

"နှောင်း....."

"စိတ်ဆိုးတယ်လို့ ငါပြောမိလို့လား။ ငါ..ငါက ပထမဆုံးမို့လို့ လန့်သွားတာ။ ပြီးတော့ မင်းက ရုတ်တရက်ကြီး။ လန့်လို့ အော်လိုက်တာ။ စိတ်ဆိုးလို့ မဟုတ်ဘူး။"

"နှောင်းရယ်...တကယ်ပါပဲ"

လက်နှစ်ဖက်ဆန့်ပြီး ရင်ခွင်ထဲကို လာဖို့ ခေါ်နေတဲ့နောင်ရိုးကို မျက်ခုံးပင့်ပြီး ဘာလဲဆိုသော မေးခွန်းထုတ်လိုက်သည်။

"ကျုပ်ရင်ခွင်ထဲလာလေ။ နှောင်းရှက်နေတယ်မလား။ လာ.... ကျုပ်ရင်ခွင်ထဲ လာပုန်းလှည့်"

"နစ်နာနေပါ့မယ် နောင်ရိုးရယ်"

ရင်ခွင်ထဲကို ရယ်မောပြီးတိုးဝင်လာတဲ့ ကောင်လေးကို သူအရမ်းချစ်ရပါသည်။

"နှောင်း ဒါကြီးကိုဘာလို့ယူလာတာလဲ။"

ကျွန်တော့်လက်ထဲက ကင်မရာကိုမေးငေါ့ပြီးမေးလေသည်။

"မင်းကို ဓာတ်ပုံရိုက်ပေးမလို့"

"အာ.....ကျုပ်မရိုက်ဘူးနော်...."

"မရိုက်လို့မရဘူး....
သုံးလဆိုတဲ့အချိန်အတွင်းမှာ...
အမှတ်တရဆိုလို့ ဘာတစ်ခုမှ လက်ဆုပ်လက်ကိုင်မရှိသေးဘူး။ ဓာတ်ပုံတော့ရိုက်ရမယ်။ မင်းမငြင်းရဘူး"

"နှောင်းအတွက် ကျုပ်ပေးဖို့
လက်ဆောင်ရှိတယ်။ ဓာတ်ပုံတော့မရိုက်ချင်ဘူး"

"ကောင်းပြီလေ။ ဓာတ်ပုံမရိုက်ဘူးဆိုရင် မင်းပေးတဲ့ လက်ဆောင်လည်းငါမယူဘူး။ ဖယ်တော့....ပြန်တော့မယ်"

ထွက်မသွားစေရန်
နှောင်းလက်ကို အတင်းဆွဲထားရင်း....

"နှောင်း....နှောင်း....ခဏလေးနေပါဦး။ ရိုက်မယ်။ ဓာတ်ပုံရိုက်မယ်။ ဟုတ်ပြီလား။ ကျုပ်ပေးတဲ့လက်ဆောင်လည်းယူရမယ်။"

I Found Him In My Dream  (IFHIMD) -Completed-Where stories live. Discover now