Part 25

567 41 0
                                    


"ကိုခွန်ဇက် ဆိုတာ....ဦးရီးထွန်းရဲ့ မြေးပဲ အကို...."

စည်သာတစ်ယောက် တကယ်အံ့သြသွားသည်။

"ဘယ်လိုလဲ...အကို အံ့သြသွားပြီမလား။ ကျွန်တော်တို့နှစ်ယောက်ကို ကံကြမ္မာက တွေ့ပေးတော့မယ်ဆိုတာ ကျွန်တော်အလိုလိုခံစားမိလိုက်တယ်။ ကိုခွန်ဇက်က ကျွန်တော့်ကိုတွေ့တွေ့ချင်းမေးတာက ဦးနောင်ရိုးကို သိလားတဲ့။ အဲ့အချိန်မှာ ကျွန်တော် တကယ် shock ရသွားတာ။ ကျွန်တော်အိပ်မက်ထဲမှာ အမြဲတမ်းခေါ်သံကြားနေတဲ့ နာမည်ဆိုတော့လေ...အဲ့ဒီကနေစပြီး ကိုခွန်ဇက်က ကျွန်တော့်ကို ဖြစ်ကြောင်းကုန်စင်ပြောပြတယ်။ နောင်ရိုးနဲ့ နှောင်းမျိုးဆက်ရဲ့ ဇာတ်လမ်းက သူ့အတွက် သူ့အဖေက ပြောပြတဲ့ အိပ်ရာဝင်ပုံပြင်တစ်ပုဒ်ပဲတဲ့။"

ရောင်နီက ထိုင်နေတဲ့ ကုတင်ပေါ်က ခဏထလိုက်ပြီး ပြတင်ပေါက်နားဆီကိုလျှောက်လာခဲ့
သည်။ အဲ့ဒီနောက် ရိုးမတွေကို ငေးကြည့်နေလျက် စကားဆက်လာသည်။

"ကိုခွန်ဇက်ဆီက အကြောင်းစုံကြားပြီးနောက်မှာ ကျွန်တော် ခင်ရွာကို ရောက်ခဲ့တယ်။ ပြီးတော့ ဦးဒီမဟာ မိသားစုအကြောင်းကိုစုံစမ်းခဲ့တယ်။ ဦးနှောင်းမျိုးဆက်သေပြီးနောက်မှာ ဦးဒီမဟာက စိတ်ထိခိုက်ခဲ့ရတယ်။ ပြီးတော့ ဒေါ်နန်းမောက်ခမ်းဝါကလည်း သားဖြစ်သူစိတ်နဲ့ပဲ ဆုံးသွားခဲ့တယ်။ သားလည်းမရှိ ဇနီးကလည်း မရှိတော့ ဦးဒီမဟာက အရက်တွေပဲ လှိမ့်သောက်ခဲ့တယ်။ နောက်တော့လည်း အရက်ဒဏ်ကြောင့်ပဲ သူလည်းဆုံးပါးသွားခဲ့တယ်။ ကျွန်တော် ဒီအိမ်ကြီးကို ရှာတွေ့တော့ ဝယ်လို့ရမလားဆိုပြီး စုံစမ်းခဲ့တာ။ ဦးဒီမဟာရဲ့ ဆွေမျိုးနီးစပ်တော်တဲ့ လူတစ်ယောက်ဆီကနေ ဖွားဖွားကဝယ်ပြီး ကျွန်တော့်အသက်၂၀ ပြည့်မွေးနေ့အတွက် လက်ဆောင်ပေးခဲ့တာ။ စောစောကတွေ့ခဲ့တဲ့
ဦးလတ် တို့ ဒေါ်ယုံ တို့ကလည်း ဖွားဖွားရဲ့ လူယုံတွေပဲလေ။ ဒီအိမ်ကြီးကို သူတို့ပဲ သေချာထိန်းသိမ်းပေးထားတာ။"

စည်သာက ရောင်နီအနားမှာရှိနေတဲ့ ထိုင်ခုံကို ဆွဲယူထိုင်လိုက်သည်။ ပြီးနောက်....

"မင်း...ငါ့ကို အစကတည်းကသိနေတာပေါ့"

ပြတင်းပေါက်ဘောင်ကို နောက်ကျောမီလျက် စည်သာကိုလှည့်ကြည့်လာသည်။

I Found Him In My Dream  (IFHIMD) -Completed-Where stories live. Discover now