Part 23

446 34 0
                                    


"နှောင်း....သား ဗိုက်ဆာနေလားဟင်။"

မျက်ရည်စတွေနဲ့ မေမေ့ကိုတင်းကြပ်စွာဖက်ထားမိပါသည်။
နှောင်း ကိုခွင့်လွှတ်ပေးပါ မေမေ။

"နှောင်း မဆာပါဘူးမေမေ။ မေမေ နှောင်းကို စိတ်ဆိုးနေလားဟင်"

မေမေက နှောင်းလက်ကို နွေးနွေးထွေးထွေးဆုပ်ကိုင်ပေးထားခဲ့သည်။

"မေမေက နှောင်းကို မွေးထားတာပါ။ နှောင်းကို မေမေက နားလည်အပေးနိုင်ဆုံးဆိုတာ နှောင်းမမေ့နဲ့နော်။ နှောင်းဘေးမှာ မေမေအမြဲရှိတယ်။ အခု ဒီသော့ကိုယူသွား။"

"မေမေ....ဒါ...ဒါက"

"နောင်ရိုးဆီကို သွားတော့...နှောင်း..အချိန်မရှိဘူး။ ဘေးကင်းရင် မေမေ့ကို ဆက်သွယ်နော်"

နှောင်းမျက်နှာပေါ်သို့ ကျဆင်းလာတဲ့မျက်ရည်တွေက အဆီးအတားကင်းမဲ့စွာ။ မေမေ့ကို တင်းကြပ်စွာ ဖက်ထားမိသည်။ ပြီးတော့ မေမေ့ပါးပြင်ပေါ်သို့ အနမ်းတစ်ပွင့်ဖြင့် နှုတ်ဆက်ခဲ့သည်။

............................

အောက်ထပ်သို့ တိတ်တိတ်ကလေးဆင်းလာခဲ့သည်။
ညရဲ့တိတ်ဆိတ်မှုတို့က နှောင်းဘေးမှာ ဝန်းရံလျက်။ ပုစဥ်းရင်ကွဲတွေရဲ့ စူးရှစွာ အော်မြည်သံကြောင့် အဖော်ရသလို ခံစားရသည်။ ခြေလှမ်းတွေက နောင်ရိုးဆီသို့.....

စံအိမ်ဘေး အခန်းငယ်အတွင်းဝယ်...

အဝါရောင်မီးမှိန်မှိန်တို့က နောင်ရိုးရဲ့ မျက်နှာပေါ်ထိုးကျနေသည်။ နှောင်း ရင်တွေနာကျင်ရပါသည်။ သူတို့နောင်ရိုးကို ဘယ်လောက်တောင် နှိပ်စက်ထားသလဲ။ နဖူးပေါ်ဝဲကျနေတဲ့ ဆံပင်အချို့မှာ အရိုက်ခံထားရသောဒဏ်ရာမှ သွေးစတစ်ချို့ကပ်ညှိလျက်။ နောင်ရိုးရဲ့မျက်နှာပြင်အနှံ့မှာဒဏ်ရာတွေက ဖြန့်ကျက်နေရာယူထားကြသည်။

နဖူးပေါ်က ဆံပင်တစ်ချို့သပ်တင်ပေးရင်း....

"ငါတို့ သွားကြရအောင် နောင်ရိုး။ ဒီကနေအဝေးဆုံးကို သွားကြရအောင်။ မင်း ငါ့လက်ကို မလွှတ်လိုက်ပါနဲ့နော်"

"ကျုပ်က နောက်ဘဝတွေထိ နှောင်းလက်ကို ဆွဲထားမှာပါဆို"

ပြုံးနေတဲ့ နောင်ရိုးက တိုးလျနာကျင်နေတဲ့ အသံနဲ့ ပြောလာတော့ နှောင်း ရင်ထဲမှာ ထပ်မံနာကျင်ရပြန်သည်။

I Found Him In My Dream  (IFHIMD) -Completed-Where stories live. Discover now