Part 17

499 37 0
                                    


နွေ မိုး ဆောင်း ဆိုတဲ့ ဥတုသုံးပါးက တရွေ့ရွေ့လည်ပတ်လာတာ အခုဆို နှောင်းအသက်က ၂၃ နှစ်တောင် ပြည့်ခဲ့ပြီ။

အဖေဖြစ်သူကို ဆန့်ကျင်ပြီး မြို့အထိ ပညာသွားသင်ခဲ့တာက နှောင်းကိုပိုပြီး လူတွေအကြောင်းသိနားလည်စေခဲ့သည်။

"နှောင်း...မေမေ့သားလေး ပြန်လာပြီနော်"

"မေမေ နေကောင်းရဲ့လား။ နည်းနည်း ပိန်သွားတယ်နော်မေမေ။ နှောင်းမရှိတုန်း ထမင်းကိုကောင်းကောင်းမစားဘူး ထင်တယ်"

"နှောင်းကို လွမ်းလို့နေမှာပါ"

အမေဖြစ်သူရဲ့ ပါးနှစ်ဖက်ကို မွှေးကြူလိုက်ပြီး အလွမ်းဖြေလိုက်သည်။
ပတ်ဝန်းကျင်ကို လှည့်ပတ်အကဲခတ်လိုက်တော့ အဖေဖြစ်သူကို မတွေ့။

"မေမေ၊ ဖေဖေရော..."

မေမေ့မျက်နှာတစ်ချက်ပျက်သွားသည်ကို နှောင်း သတိပြုမိပါသည်။

"ရွာထဲ သွားပြီး သူများတွေကို ကြိမ်းမောင်းနှိပ်စက်နေပြန်ပြီလား"

"နှောင်းရယ်....ထားလိုက်ပါတော့။ သူ့ဘဝ သူ့ဘာသာပဲ စီမံလိမ့်မယ်။"

"မေမေက လွှတ်လိုက်နိုင်ပေမယ့် နှောင်းက လက်မလွှတ်နိုင်ဘူး မေမေ။ ဒီလို မတရားသဖြင့်လုပ်နေတာတွေကို နှောင်းကြည့်မနေနိုင်ဘူး။"

"ကဲ....ကဲ....ထားတော့။ နှောင်းပင်ပန်းလာတယ်မလား။ နားလိုက်ဦး...လာ။ မေမေကိုယ်တိုင် အခန်းထဲကို လိုက်ပို့ပေးမယ်။"

"မေမေ....ဦးရီးရော။"

"သြော်...တန်းလျားမှာပဲ ရှိဦးမယ်ထင်တယ်။ မေမေ ခေါ်ခိုင်းလိုက်မယ်"

"နေ...နေ...မေမေ။ နှောင်းဘာသာ သွားခေါ်လိုက်မယ်"

နှောင်း လက်ကိုလှမ်းဆွဲပြီး တားလိုက်သည်။

"မေမေ...နှောင်း ကလေးမဟုတ်တော့ဘူး။ ငယ်ငယ်ကလို ဒီနေရာမှာပဲ နေရမယ်၊ စားရမယ်၊ ကစားရမယ်ဆိုပြီး သတ်မှတ်ထားပေးလို့မရတော့ဘူး မေမေ။ နှောင်း ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ် ရှင်သန်ချင်တယ်။ နှောင်း အပြစ်လုပ်မိရင် ကိုယ့်အပြစ်ကိုယ်ခံပါ့မယ်။ မေမေ စိတ်မပူနဲ့နော်"

I Found Him In My Dream  (IFHIMD) -Completed-Where stories live. Discover now