Part 27

502 39 0
                                    


"ဘယ်ရီလေးနဲ့ ကိုနဲ့ ဒီအရောင်လေး အတူတူဝတ်ရအောင်..."

"မကြိုက်ဘူး..."

"ဒါလေးရော....mutcha ရောင်လေး...ကြိုက်တယ်မလား"

ဝေမိုးတစ်ယောက် တေဇရဲ့ စေ့စပ်ပွဲကိုသွားဖို့ သူ့ဘယ်ရီလေးနဲ့ အကျီရွေးနေခြင်းဖြစ်သည်။ အခု သူ့ဘယ်ရီလေးက ရိုးရိုးဘယ်ရီလေးမဟုတ်။ ရှင်းရှင်းပြောရရင် ဝေမိုးကိုစိတ်ဆိုးနေသော ဘယ်ရီလေး....။ လွန်ခဲ့သောနှစ်ရက်မြောက်ညက မူးပြဲကွဲနေသူ ဝေမိုးက
အိမ်ပြန်ရောက်တာတောင် phone တစ် call မှမခေါ်။ ဘယ်ရီလေးကသာ call 80 ကျော်လောက်ခေါ်ထားရသည်။ ဒါကိုလည်း ဖုန်းမကိုင်....
အခုတော့ ချော့နည်းပေါင်းစုံနဲ့ချော့နေရတာ ဒီနေ့ဆို သုံးရက်ပြည့်တော့မည်။

စိတ်ဆိုးခဲသော ဘယ်ရီလေးက တွဲလာတဲ့ သုံးနှစ်အတွင်း ဒီတစ်ခါတော့ အကြီးအကျယ်ပထမဆုံးအကြိမ် စိတ်ဆိုးခြင်းဖြစ်သည်။

"ဘယ်ရီလေးကလည်းကွာ...ကို့ကို ဘာလို့အဲ့လောက်ရက်စက်ရတာလဲ။ သုံးရက်တောင်ပြည့်တော့မယ်။ စကားလည်းကောင်းကောင်းမပြောဘူး။"

"သြော်...ကောင်းတယ်...သိပ်ကောင်းတယ်...ရက်စက်တာဘယ်သူလဲ။ ဟမ်...ပြောလေ...ခင်ဗျားကို အဲ့နေ့က ကျွန်တော်ဘာပြောလိုက်လဲ။ သောက်တာကသောက်...အိမ်ပြန်ရောက်ရင်တော့ ပြန်ရောက်ကြောင်းဖုန်းဆက်ပါလို့ ကျွန်တော် အခွန်းနှစ်ဆယ်မက မှာလိုက်တယ်။ ဒါကိုတောင် ကျွန်တော့်စကားကို ခင်ဗျားအဖတ်မလုပ်ဘူး။ ဘယ်လုပ်နိုင်မလဲ...အဲ့အရက်ကို ခင်ဗျားက ကျွန်တော့်ထက် ပိုပြီးချစ်နေတာကိုး...ကျွဲလို နွားလိုသောက်ပြီး အိမ်ပြန်မှတော့ လမ်းမှာမသေတာပဲ ကံကောင်း...ကိုဝေမိုး...ခင်ဗျား ကျွန်တော်နဲ့ ပြတ်ချင်နေပြီလား။ ပြတ်ချင်နေရင်လည်း စောစောစီးစီးပြော။ ဒါမှ ကျွန်တော် မမှူး ကို ပြန်လိုက်လို့ရမှာ"

ဘယ်ရီလေး (ခေါ်) ကောင်းကင် ရဲ့ တရစပ်ပြောနေသောစကားတွေကြောင့်
ဝေမိုးခမျာ မျက်ရည်တွေဝိုင်းလာသည်။

"ကျစ်....ပြောလိုက်ရင် အဲ့လိုရုပ် လုပ်ပြဦးမယ်ဆိုတာသိတယ်။ ခင်ဗျား...ကြည့်နေ ကြည့်စား"

ဘယ်ရီလေးရဲ့ လက်ကို ဆွဲလာရင်း သနားစရာမျက်နှာကလေးနဲ့ ဝေမိုးက...

I Found Him In My Dream  (IFHIMD) -Completed-Where stories live. Discover now