Part 12

553 52 0
                                    


"မင်းဘာလို့ အစောကြီးလာခေါ်တာလဲ။ နာရီလည်းကြည့်ဦး။ အခုမှ ၄နာရီပဲရှိသေးတယ်။ ငါ့ကိုသေအောင်သတ်နေတာလား။ ခုမှ နေကောင်းခါစကို"

ကျွန်တော့်ကိုခြေဆုံးခေါင်းဆုံးကြည့်နေတဲ့ သူကတော့ ပြုံးဖြီးလျှက်

"အကိုက ကျွန်တော့်ကိုသာပြောနေတာ။ ကျွန်တော်နဲ့လိုက်ဖို့ အကုန်ပြင်ဆင်ပြီးသွားပြီမလား။ တကယ်ကြည့်ကောင်းတယ်"

ဘာကိုကြည့်ကောင်းတာလဲ။ Duty မရှိရင် ဒီလိုဝတ်နေကျပဲကို သူက ဘာတွေ ကြည့်ကောင်းနေတာလဲ။ pant အနက်ရောင်ကို အဝါရောင်Tshirt နဲ့တွဲဝတ်ပြီး နေကောင်းခါစမို့လို့
အပေါ်က hoodie ထပ်ဝတ်ထားတာကို သူ့မျက်လုံးထဲ တော်တော်ကြည့်ကောင်းနေလား။

"ငါက မင်းစောင့်နေရမှာ အားနာလို့လေ။
စကားများလိုက်တာ။ မောင်းတော့။"

ခါးပတ်ပတ်ပြီး မောင်းတော့လို့ပြောနေပေမယ့် ခုထိ သူက ကျွန်တော့်ကိုကြည့်နေတာကနေ တုပ်တုပ်မလှုပ်။

"ရောင်နီလင်းခန့်ရေ....မောင်းလို့ရပြီနော်"

အဲ့လိုပြောပါမှ ကားမောင်းဖို့ပြင်တဲ့ ရောင်နီလင်းခန့်ပါ။ ဘာလို့ အဲ့ဒီလောက် အမြင်ကပ်စရာကောင်းနေရတာလဲ။
ကျွန်တော်က ချစ်နေလို့လား။

................

ပဲခူးကို မောင်းနေတာလား။
ဘာပဲဖြစ်ဖြစ် မြို့ပြကနေ ခဏထွက်ခွာလာပြီး လတ်ဆတ်တဲ့ ပတ်ဝန်းကျင်က လေကိုရှူရှိုက်ရတာ ဘယ်လောက်ကောင်းလိုက်သလဲ။
အေးချမ်းပြီး စိမ်းစိုနေတဲ့ ကွင်းပြင်တွေကိုမြင်ရတာ ဘယ်လောက်တောင်စိတ်ထဲလန်းဆန်းရသလဲ။
ပတ်ဝန်းကျင်ကိုငေးနေတဲ့ ကျွန်တော့်ကိုသူ့ဘက်မှ စကားစလာသည်။

"မြန်မာပြည်မှာ မွေးကတည်းကနေ နေလာတာ ကျွန်တော်လား အကိုလား မသဲကွဲတော့ဘူး။"

"မင်း ငါ့ကို လာလှောင်နေတာလား။"

"No. .No. .ကျွန်တော်က ပြောပြရုံပါပဲ"

ကျွန်တော် အပြင်ဘက်ကို တစ်ချက်ငေးကြည့်ရင်း....

"ငါ ဒီလို Day trip မသွားရတာ ကြာပြီ။
ဆေးကျောင်းနောက်ဆုံးနှစ်က ကလောဘက်ကို သွားခဲ့တာနောက်ဆုံးပဲ။ ဒါကြောင့် ငါ ဒီလိုအေးချမ်းတဲ့ ပတ်ဝန်းကျင်တွေကို သဘောတကျ မကြည့်ရတာကြာပြီ။ အပြန်ကျရင် ငါ ကားမှန်ချပြီး အပြင်ကိုကြည့်လို့ရမလား"

I Found Him In My Dream  (IFHIMD) -Completed-Where stories live. Discover now