Part 26

545 42 2
                                    


"အကို ကျွန်တော် အကို့ကို ပေးစရာရှိတယ်"

"အင်း...ပေးလေ ရောင်နီလေးရဲ့"

မျက်စောင်းမမည်သော မျက်စောင်းတစ်ခုရလိုက်တာကြောင့် စည်သာရယ်မိသွားသည်။ ယောကျ်ားလေးတန်မဲ့ မျက်စောင်းက ထိုးသေးတယ် ရောင်နီလေးက။

ကုတင်ဘေးက စားပွဲအံဆွဲ
ကို ဖွင့်လိုက်သည်။ အဲ့ဒီနောက် ရောင်နီ့လက်ထဲမှာ စာအုပ်တစ်အုပ်ပါလာသည်။ ဘာမှ အထူးတဆန်းမပါ။ အမည်းရောင် အဖုံးလေးနဲ့ စာအုပ်ရဲ့အပေါ်ဆုံးထောင့်နားမှာ diary လို့ရေးထားသည်။

"ဒါက ဦးနှောင်းမျိုးဆက်ရဲ့ ဒိုင်ယာရီစာအုပ်။ အကိုဖတ်ချင်မလားလို့.."

"ငါ အိမ်ကိုယူသွားလို့ဖြစ်လား..."

"ရတယ်လေ...အကို...ယူသွား...."

"ဒါနဲ့ ဘယ်အချိန်ရှိပြီလဲ။ ပြန်ရအောင်လေ။ ငါ့မှာ လုပ်စရာတွေရှိသေးတယ်။"

"အခုမှ အဖြေရတဲ့ဟာကို ပြန်တော့မလို့လား။ ကျွန်တော့်နားမှာ မနေချင်တော့ဘူးလား"

"အပိုတွေပြောမနေပါနဲ့ ရောင်နီရယ်။ မင်းမှာလည်း လုပ်စရာတွေတစ်ပုံကြီးရှိတယ်မလား။
သူဌေးက အလုပ်မလုပ်ဘဲ အဲ့လိုလျှောက်သွားနေလို့မှမဖြစ်တာ။အယ်.....နေဦး...ငါမေ့နေတာ...ဘာလို့ ငါ ဆေးရုံတက်နေတုန်း မင်း လာမတွေ့တာလဲ"

"အဲ့ဒါကလေ....ဒယ်ဒီက project တစ်ခုနဲ့ Bangkok ကိုလွှတ်လို့ ခဏသွားရတာ။ ဒါပေမယ့် မထင်မှတ်ဘဲ ကြာသွားတာ။ ဒယ်ဒီ ကြည်အောင် ကျွန်တော်က လုပ်ပေးရတယ်လေ။ ဒါမှ အကိုနဲ့ ကျွန်တော် အမြန်ဆုံးနီးစပ်မှာပေါ့ ဟုတ်တယ်မလား"

"အေး အပြောကတော့ ရွှေမန်းပဲ။ ရောင်နီလင်းခန့် ငါမင်းအကြောင်းတွေ သေချာထပ်စုံစမ်းရဦးမယ်။ တော်ကြာ ငါက ဘာမှ မသိတဲ့ ငဒူကြီးလိုဖြစ်ဦးမယ်"

"အကိုကလည်း...ကျွန်တော့်မှာ အကိုတစ်ယောက်တည်းပဲရှိတာပါ။"

"မင်း US မှာတော့ အဆက်ဟောင်းတွေရှိခဲ့မှာပေါ့"

"အဲ့တာက...ရှိတော့ရှိတယ်...ဒါပေမယ့် အကိုစိတ်မပျက်စေရပါဘူး။ ကျွန်တော် သေချာ အပြတ်ဖြတ်လာပြီးသား။ ရောင်နီလင်းခန့်တို့က တစ်ယောက်ဆိုတစ်ယောက်ပဲ"

I Found Him In My Dream  (IFHIMD) -Completed-Where stories live. Discover now