Part 19

449 30 6
                                    


"နှောင်း...နှောင်း.....နှောင်း....နှောင်းရောက်နေပြီဆိုတာ ကျုပ်သိတယ်နော်။ ထွက်လာခဲ့ပါ။ နှောင်း....ကြားလား...ကျုပ်ပြောတာ ကြားလားလို့....ထွက်ခဲ့နော်...နှောင်း။"

မနေ့ညက ခွဲခွာခါနီး ချိန်းဆိုမှုကြောင့် ရိုးမအစပ်နားကို ရောက်လာခဲ့ခြင်းဖြစ်သည်။
မနေ့ညက အခြေအနေဟာ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို သို့လော သို့လောဖြစ်စေသည်။

ဒါကြောင့် နောင်ရိုး ကိုယ်တိုင်ကပဲ နှောင်းကို နောက်တစ်ကြိမ်တွေ့ဆုံရန် ချိန်းဆိုခဲ့ခြင်းဖြစ်သည်။
အခုတော့ နှောင်းဆိုသော သူ့အသက်ပိုင်ရှင်လေးက ထွက်မလာ။ ရောက်နှင့်နေပြီဆိုတာ သူသိသည်။ သို့သော် နှောင်းက ထွက်မလာ။

"နှောင်း....နှောင်း ဘာလို့ ထွက်မလာတာလဲ။ နှောင်းထွက်မလာမချင်း ကျုပ်
ဒီနားမှာ ထိုင်စောင့်နေမယ်။"

ထွက်မလာမချင်းဆိုတဲ့ စကားလုံးအောက်မှာ နှောင်း ရင်ခုန်မိသည်။ နောင်ရိုးရဲ့ သူ့အပေါ်ထားတဲ့စိတ်ကို သိရလို့ နှောင်းဝမ်းသာမိသည်။

"ငါ ထွက်မလာမချင်း မင်းဒီလိုထိုင်စောင့်နေမှာပေါ့ ဟုတ်လား"

မန်ကျည်းပင်ခြေရင်းမှာ ထိုင်နေတဲ့ နောင်ရိုးက နှောင်း အသံကြားတော့မှ ထိုင်ရာက ထလာခဲ့သည်။

"ငါ ညကျမှ ထွက်လာမယ်ဆိုရော"

"ကျုပ်တစ်ညလုံးစောင့်မှာပေါ့"

"မင်းတော်​တေ် အပြောကောင်း"

"အချိန်က စကားပြောပါလိမ့်မယ်။ ကျုပ်က နှောင်းနားထောင်ကောင်းအောင် ပြောပြနေတာမှ မဟုတ်တာ"

"အေးပါ..... အေးပါ....
ဒါနဲ့ ဒီမှာပဲ စကားပြောကြမှာလား"

"အာ...ဒီမှာပြောလို့တော့ဘယ်ဖြစ်မလဲဗျ။
သခင်ကြီးရဲ့လူတွေက တစ်ခါတစ်လေ ဒီဘက်ကို လာတတ်တယ်။
ရိုးစပ်ကနေ ကွမ်းတစ်ယာညက်လောက်လျှောက်ရင် ရေတံခွန်တစ်ခုရှိတယ်။ အဲ့မှာ စကားပြောကြမယ်"

"အင်း...သွားမယ်လေ"

နောင်ရိုးက အရှေ့မှ ဦးဆောင်ကာ ရိုးမထဲသို့ ဝင်လာခဲ့သည်။

I Found Him In My Dream  (IFHIMD) -Completed-Where stories live. Discover now