Unicode
2016 December~
မြူတွေဆိုင်းနေပီး ပတ်ဝန်းကျင်တစ်ခုလုံးဘာမှမမြင်ရလောက်အောင်မှောင်မည်းနေသည်
ရုတ်တရက်အလင်းရောင်တစ်ခုပေါ်ထွက်လာပီးအခန်းတစ်ခုထဲရောက်သွားသည်
စာသင်ခန်း?? ဒါကျွန်တော်ငယ်ငယ်ကတက်ခဲ့တဲ့ကျောင်းပဲ
"စစ်သွေး မင်းတကယ်ပဲအဆောင်သွားတော့မှာလား"
"အင်း ငါ့မိဘတွေကအဆောင်မှာနေစေချင်ကြတာ သူတို့သွားစေချင်မှတော့သွားရမှာပေါ့လေ ထားပါ..ဘာလို့လဲပိုင် မင်းငါ့ကိုလွမ်းလို့လား "
ရယ်ဟဟပြောလာသောကောင်လေးသည် မျက်နှာပျက်သွားသောကောင်လေးကိုတော့မမြင်လိုက်ဖူးထင်ပါရဲ့
"ဘယ်လောက်ကြာမှာလဲ"
"အင်း ..ဆယ်တန်းဖြေပီးတာနဲ့ငါချက်ချင်းပြန်လာခဲ့မယ်..သီတင်းကျွတ်ပိတ်ရက်တွေလည်းရှိသေးတော့ ငါပြန်လာခဲ့မှာပါ သိပ်တော့မကြာပါဘူး
ငါကမင်းနဲ့အမြဲတမ်းအတူရှိနေမှာပါ..."
ထို့နောက်ကောင်လေးနှစ်ယောက်၏ဝိုးတဝါးပုံရိပ်လေးသည်တဖြည်းဖြည်းပျောက်ကွယ်သွားတော့သည်....
"သားရေ ပိုင်ထက်ထတော့လေ ဒီနေ့uniတက်ရမယ့်နေ့မလား"
အောက်ထပ်ကမေမေနှိုးတဲ့အသံကြားမှ အိပ်ယာခေါင်းရင်းကနာရီကိုတစ်ချက်ကြည့်လိုက်တော့၆နာရီခွဲ
ပုံမှန်ထနေကျအချိန်ထက်ကိုနောက်ကျမိသွားတာပဲ ..
"အဟက် စစ်သွေးမင်းကတော့ငါ့ကိုအိပ်မက်ထဲထိတောင်နှောင့်ယှက်နေတော့တာပဲ..."
ပြင်ဆင်စရာရှိတာပြင်ဆင်ပီးထွက်လာတော့ ၇နာရီတောင်ထိုးခါနီးနေပီ စာအုပ်တွေကတော့ညကတည်းကထည့်ထားပီးသားမို့ လွယ်အိတ်ကိုအသာကောက်လွယ်၍အောက်ထပ်ကိုဆင်းခဲ့လိုက်တော့သည်
"သား ဘယ်လိုဖြစ်တာလဲကွယ် အခါတိုင်းစောစောနိုးပီး ကျောင်းတက်ရမယ့်နေ့မှနောက်ကျနေရတယ်လို့ ဘာလဲသား ဒီနေ့ကပထမဆုံးနေ့ဆိုတော့ စိတ်လှုပ်ရှားပီးညကအိပ်မပျော်လို့လား "
မေမေကပြုံးရင်းမေးလာလေသည်
"ကျွန်တော်ညကစာအုပ်ဖတ်ရင်းနဲ့နောက်ကျသွားလို့ပါ"
"ဟုတ်ပါပီကွယ် လာသား ထမင်းစားတော့ဖယ်ရီက၇နာရီခွဲလာမှာမလား"
"ဟုတ်"
"ဒီနေ့ကပထမဆုံးနေ့ဆိုတော့ မေမေထမင်းချိုင့်တော့ထည့်မပေးလိုက်တော့ဘူးနော်" Tutorဆရာမဖြစ်ခဲ့ဖူးသောမေမေကကျောင်းသားတွေနဲ့ကျောင်းအကြောင်းကိုနောကြေလွန်းလှသည်
"ဟုတ်"
"မုန့်ဖိုးကတော့သားလွယ်အိတ်ထဲမှာထည့်ထားပေးပီးသားပီးတော့ အဆာပြေစားဖို့cupcakeလေးတွေရော မေမေလုပ်ထားတယ် တစ်ခါတည်းယူ.."
"ကျွန်တော်cupcakeမစားတော့ဘူး "
အေးစက်တဲ့မျက်နှာထားနဲ့ချက်ချင်းငြင်းဆိုတဲ့သားဖြစ်သူကြောင့် ဒေါ်မီမီခိုင်တစ်ယောက်ခဏတော့မှင်သက်သွားမိသည်
ဟုတ်သည် သားcupcakeမစားဖြစ်တာကြာပီပဲ စစ်သွေးလေးအဆောင်သွားကတည်းကပင် cupcakeဆိုတစ်စက်မှမထိတော့
အသက်အရွယ်ရလာလို့ထင်တဒင်္ဂမေ့လျော့မိသွားခဲ့သည်
"ဟုတ်သားပဲ မေမေမေ့သွားတယ် ဒါပေမယ့်သားမစားလည်းယူသွားလိုက်ပါကွယ်ကျောင်းရောက်ရင်သူငယ်ချင်းတွေကျွေးလို့ရတာပေါ့"
ငြင်းဆိုခြင်နေဟန်ပြုသောသားဖြစ်သူကြောင့်အမြန်ပြောလိုက်ရသည်
"ယူသွားပါသားရယ် နော် ဟိုရောက်ရင်သူငယ်ချင်းတွေလည်းများများထားရမယ် ရုပ်တည်ကြီးနဲ့တစ်ယောက်တည်းပဲမနေနဲ့ဉီးနော်"
"ဟုတ်"
ကဲကဲသားထမင်းဆက်စားတော့~~~~
တီတီ🚌🚌
"အိမ်ရှေ့ကကားဟွန်းတီးသံကြားတယ် ဖယ်ရီလာပီထင်တယ်သား"
"ကျွန်တော်သွားတော့မယ်"
ကိုကြီးတာ့တာ ခုမှမျက်နှာသစ်ပီးအောက်ထပ်ဆင်းလာသောငယ်လေး
"အင်း ငယ်လေး ကိုကြီးသွားပီ"
ကျောင်းသို့ထွက်ခွာသွားပီဖြစ်သောသားဖြစ်သူ၏နောက်ကျောကိုကြည့်ရင်း ဒေါ်မီမီခိုင်တစ်
ယောက်သက်ပြင်းဖွဖွသာချမိတော့သည်.....
**********************************
သားဖြစ်သူပိုင်ထက်သည် ငယ်ငယ်ကတည်းကတစ်ယောက်တည်းသာနေတတ်သူဖြစ်သည် တစ်နေ့နေလို့စကားဆယ်ခွန်းပြည့်အောင်မပြော အမြဲတမ်းတစ်ယောက်တည်းနေတတ်သူမို့ သူငယ်ချင်းအပေါင်းအသင်းဆိုသည်မှာလည်းမရှိ အိမ်နီးနားချင်းကလေးများနှင့်သွားဆော့ရန်ပြောတာလည်းမရ အမြဲစာအုပ်ပဲဖတ်နေတတ်သည် ကျောင်းပိတ်ရက်များတွင်လည်းအဖိုးဖြစ်သူထံသာသွားနေတတ်သည်
ထိုသို့အမြဲတမ်းအေးတိအေးစက်နေတတ်သောသားသည် တစ်နေ့တော့cupcakeလေးတစ်ခုလက်ထဲကိုင်ပီးပြုံးနေသည်တဲ့လေ
"သားပိုင်...ဒီနေ့ထူးထူးခြားခြားပျော်စရာတွေများရှိနေလို့လား မေမေ့ကိုလည်းပြောပါဉီး မုန့်ကရောဘယ်သူပေးတာလဲ သားသူငယ်ချင်းလား နာမည်ကရောဘယ်သူတဲ့လဲ သားတို့အခန်းထဲကပဲလား"
အမြဲတမ်းအေးတိအေးစက်နေတတ်ပီး ငယ်လေးကိုမွေးတဲ့အချိန်မှသာအနည်းငယ်ပြုံးတတ်လာသောသားသည် ခုတော့ cupcakeလေးတစ်ခုကြောင့်ပြုံးနေသည်တဲ့လား
ဒေါ်မီမီခိုင်တစ်ယောက်စိတ်လှုပ်ရှားပီးမေးလိုက်မိသည့်မေးခွန်းပေါင်းသောင်းခြောက်ထောင်
ပြန်ရလိုက်သည့်အဖြေက
သျှားစစ်သွေးဆိုတဲ့နာမည်လေးတစ်ခုသာ.....
~~~~~~~~~~~~~~~~~~~~~~~
ဖယ်ရီပေါ်ရောက်တော့ လူသိပ်မရှိသေး ကျွန်တော်နှင့်နောက်ထပ်ကောင်လေးသုံးယောက်သာ
ကျွန်တော်ကတော့ထုံးစံအတိုင်းကားနောက်ဖုံးမှာထိုင် earphoneတပ်ပီးမျက်လုံးမှိတ်နေလိုက်သည်
သီချင်းသံကတော့ထွက်မလာ ဒီတိုင်းကျွန်တော်မသိသောသူများနှင့်စကားမပြောချင်ယုံသာ....
သတိရတယ်စစ်သွေးမင်းသာပါရင်.......
အဟက်!မဖြစ်နိုင်ပါ အမြဲအတမ်းအနားမှာရှိပေးမယ်ပြောပီး first yrတက်သည့်နေ့ထိအဆက်အသွယ်မလုပ်သောထိုကောင်လေးကိုကျွန်တော်မလွမ်းချင်တော့....
"သားကြီး ဟေ့ မင်းကလည်း1st yrပဲလား"
စကားမပြောချင်လို့earphoneတပ်ထားပါသည်ဆိုမှအလိုက်ကန်းဆိုးမသိတဲ့သကောင့်သား
ကျွန်တော်မသိချင်ယောင်သာဆောင်နေလိုက်သည်
"ဟေ့ ဟေ့လို့ "
အတင်းတွေခေါ်နေသောဘေးနားကကောင်လေး သူငယ်ချင်းများများထားရမယ်နော်ဆိုတဲ့မေမေ့စကားကြောင့် earphoneကိုအသာဖြုတ်၍
"အင်းဘာလဲ"
"မင်းကဘယ်yrကလဲ"
"1st yr"
"ဒါဆိုငါတို့သုံးယောက်နဲ့တူတူပဲကွ ငါတို့ကငယ်ငယ်ကတည်းကတွဲလာကြတာ ခုuniတက်တော့လည်းတူတူပဲ"
"အင်း"
"မင်းအခန်းnoဘယ်လောက်လဲ"
"202"
"ငါတို့လည်း202ပဲကွ မင်းသူငယ်ချင်းပါသေးလား"
"မပါဘူး"
"ဒါဆိုအခန်းထဲရောက်ရင်ငါတို့နဲ့တူတူထိုင်ရအောင် ဟုတ်တယ်မလားတည်တံ့"
ဘေးနားကမျက်နှာတည်တည်နဲ့ထိုင်နေသောကောင်လေး၏ပခုံးကိုပါဖက်၍မေးလိုက်သည်
"မင်းကြိုက်သလိုလုပ် ငါတို့ကအဆင်ပြေတယ် သူ့သာမေးကြည့် "
"ငါအဆင်ပြေတယ်"ပီးတော့ မေမေထည့်ပေးလိုက်တဲ့မုန့်ကိုထုတ်၍
"မင်းတို့အတွက်"
"အာ..ရပါတယ်သားကြီးရ "
"စားပါ"
"ဟဲဟဲ ဒါဆိုအားမနာတော့ဘူးနော် "
~~~~~~~~~~~~~~~~
"ဒါနဲ့မင်းနာမည်ကဘယ်သူလဲ"
"ပိုင်ထက်မြက်"
"အင်း ငါ့နာမည်ကမြတ်မင်း"
မုန့်ကိုပလုတ်ပလောင်းစားရင်းမိတ်ဆက်လာသည်က စောစောကစကားအလွန်များသည့်ကောင်လေး ..
မြတ်မင်းကအသားဖြူဖြူမျက်မှန်အဝိုင်းလေးတပ်ထားသည်
ဆံပင်တိုတိုလေးကိုမှရှေ့ဆံပင်လေးကိုကောက်ထားပီးစိမ်းနုရောင်လေးဆိုးထားသေးသည်
"ဒီကောင်ကတည်တံ့ "
တည်တံ့ကတော့နာမည်အတိုင်းခပ်တည်တည် အနည်းငယ်ညိုရောင်သန်းသောအသားအရည် လူကြီးဆန်သောမျက်နှာထားရှိသည်
"ဟိုဘက်ကကောင်က.."
"ငါ့နာမည်ကဟိန်းသန့် "
ဟိန်းသန့်ကgame ကိုlog in ၀င်နေရင်းမှကိုယ့်ကိုကိုယ်မိတ်ဆက်လာသည်
ဟိန်းသန့်က အသားဖြူဖြူအရပ်ရှည်ရှည် နှင့် နားကိုတစ်ဖက်ဖောက်ထားပီး နားဆွဲလိုမျိုးလေးဆွဲထားသည်
ဟိန်းသန့်ကမုန့်ကိုပါးစပ်ကကိုက်ထားရင်းgameကိုလည်းlog in ၀င်နေရင်းမှ
"သားကြီးမင်းMLကစားလား ကစားရင်ငါတို့Squadထဲဝင်မလား ဒီကောင်တွေနဲ့ငါ့အကိုဝမ်းကွဲတွေပဲပါတာ IDပေး"
"ငါမကစားဘူး"
"အာ..အေးအေး အဲ့တာဆိုငါဆော့ပီနော် ဟိုကောင်တွေမင်းတို့ကရော မ၀င်ကြဘူးလားဟ"
"တော်ပီ ဟေ့ရောင် မင်းပဲကားပေါ်မှာဆော့တော့ ငါတို့ကတော့စောစောစီးစီးမလောင်ချင်ဘူး ဟားဟား"
"ခွေးကောင်တွေ နေကွာ ငါဆော့ပီ"
တစ်ယောက်ပီးတစ်ယောက်လူတွေခေါ်ရင်း ဖယ်ရီလေးသည် ကျောင်းရှိရာသို့ တရွေ့ရွေ့ထွက်လာခဲ့တော့သည်
စစ်သွေးခုချိန်မင်းဘာများလုပ်နေမလဲ သူငယ်ချင်းအသစ်တွေနဲ့ပျော်နေပီလား ငါ့ကိုရော မေ့ သွား ပီ လား အဆင်ပြေပါတယ်လို့ကိုယ့်ကိုကိုယ်ပြောနေပေမယ့် လွမ်းဆိပ်တွေကတော့တရိပ်ရိပ်တက်လာသည်~~~
***********************
2012~
"ပိုင် မင်းကြီးလာရင် ဘာလုပ်မှာလဲ"
"ဘာလို့လဲ"
"ပြောစမ်းပါကွ"
"မပြောချင်ဘူး"
"ပိုင် မင်းကလည်း ပြောပါဆိုကွာ နော်နော်" မျက်လုံးဝိုင်းဝိုင်းလေးတွေကိုပုတ်ခက်ပုတ်ခက်လုပ်ပီး
ကျွန်တော့်လက်မောင်းတစ်ဖက်ကိုဆွဲကာလှုပ်ရမ်းပီးမေးနေတဲ့စစ်သွေး
တစ်စိတ်ဒီကောင်လေးကတော့လေချစ်စရာကောင်းချင်ယောင်ဆောင်နေပြန်ပါပီ
ကျောင်းကကောင်မလေးတွေမြင်ရင်ဘယ်လောက်တောင်သဲသဲလှုပ်လိုက်မလဲလေ
ကျွန်တော်မကြိုက်ဖူး...
သိပ်ကိုနွေးထွေးကြင်နာတတ်တဲ့ပါးချိုင့်နက်နက်လေးနဲ့ထိုကောင်လေးကတခြားသူတွေကိုအပြုံးချိုချိုလေးတွေနဲ့ပြုံးပြနေမှာကိုလည်းမမြင်ချင်ဘူး...
သိပ်ကိုအတ္တကြီးလွန်းတယ်ပဲပြောပြောစစ်သွေးကကျွန်တော့်သူငယ်ချင်းလေ ဆိုတော့ သူ့ရဲ့အပြုံးတွေကကျွန်တော့်အတွက်ပဲဖြစ်သင့်တာမလား..
နေ့လည်စာစားချိန်မလို့ အခန်းထဲမှာလူသိပ်မရှိလို့သာတော်သေးသည်...
ဒါတောင် အတန်းရှေ့မှာထိုင်ပီးထမင်းစားနေသောကောင်မလေး၂ယောက်ကလှည့်ကြည့်ပီးပြုံးစိစိလုပ်နေသေးသည်..
"စစ်သွေး..ဘယ်လိုတွေလုပ်နေတာလဲ"
"ငါဘယ်လိုလုပ်လို့လဲ အပိုတွေမပြောနဲ့ပိုင် မင်းကြီးလာရင်ဘာလုပ်မှာလဲလို့မြန်မြန်ဖြေကွာ"
"အင်း.မင်းအဲ့လိုပုံစံထပ်မလုပ်နဲ့ အဲ့တာဆိုဖြေမယ်"
"ဘယ်လိုပုံစံလဲ"
"ဒီလိုလေးလား?"
မျက်နှာလေးကိုရှေ့တိုးလာပီးမက်မွန်သီးလိုမျက်ဝန်းအိမ်ဝိုင်းဝိုင်းလေးကိုပုတ်ခတ်ပုတ်ခတ်ထပ်လုပ်ပြနေပြန်သည်
"စစ်သွေး!!"
"ok okငါ့အသဲလေးပိုင်ကမလုပ်နဲ့ဆိုတော့လည်းမလုပ်တော့ပါဘူးဗျာ...."
"ဒါနဲ့ပိုင် ရှေ့ကကောင်မလေးနှစ်ယောက်ကနောက်ကိုလှည့်လှည့်ကြည့်နေတာငါ့ရဲ့ချောမောမှုအောက်မှာကျရှုံးသွားပီထင်တယ်"
"....."
"မစတော့ဘူး မစတော့ဘူးမင်းကြီးလာရင်ဘာလုပ်မှာလဲဖြေတော့"
"အင်ဂျင်နီယာ"
"အင်ဂျင်နီယာ?ပိုင် မင်းကမင်းဖေဖေလိုအင်ဂျင်နီယာလုပ်မှာပေါ့"
"အင်း..မင်းရော"
"ငါ?ပိုင် မင်းကအင်ဂျင်နီယာလုပ်မှာဆိုတော့ ငါလည်းအင်ဂျင်နီယာလုပ်မှာပေါ့"
"မင်းဝါသနာပါတာမရှိဘူးလား"
"ငါ့ဝါသနာကမင်းပဲလေ ပိုင်"
"စစ်သွေး.."
"အဟား..စတာ.တကယ်လည်းငါအင်ဂျင်နီယာကိုပဲဝါသနာပါတာ.."
"ပိုင်..ငါတို့အင်ဂျင်နီယာအတူတူတက်ကြမယ်.ဖယ်ရီအတူတူစီးကြမယ်.စာအတူတူလုပ်ကြမယ်.canteenအတူတူသွားကြမယ်
ပီးတော့..ဘာပဲဖြစ်ဖြစ် ငါမင်းနဲ့အမြဲတမ်းအတူတူရှိနေမှာ...
အဟမ်း..ငါ.မုန့်ဈေးတန်းဘက်ခဏသွားလိုက်ဉီးမယ် မင်းမှာဉီးမလား"
"မမှာဘူး"
"အဲ့တာဆိုငါသွားပီနော်"
ပြောချင်တာပြောပီးထွက်သွားသောစစ်သွေး
ကျွန်တော့်မှာတော့အခုန်မြန်နေတဲ့ရင်ဘက်တစ်ဖက်ကိုအသာဖိကိုင်ရင်း...
"ကျစ်...ဘာလို့ဒီလောက်ခုန်နေတာလဲ ဗိုက်ဆာလို့များလား"
ဒီလိုမှန်းသိစစ်သွေးကိုမုန့်မှာလိုက်ပါတယ်...
ထားတော့စစ်သွေးပြန်လာမှထပ်သွားတော့မယ်...
မုန့်ဈေးတန်းကပြန်လာတဲ့စစ်သွေး......
နောက်တစ်ကြိမ်မုန့်ဈေးတန်းကိုထပ်သွားလိုက်ရပြန်တဲ့စစ်သွေး(=_=)
.
.
.
"ပိုင်..မင်းဘာလို့မုန့်တွေအများကြီးဝယ်ခဲ့တာလဲ"
"ဗိုက်ဆာလို့"(မျက်နှာသေနဲ့မုန့်ထုပ်တွေထိုင်ဖောက်)
"အာ..မင်းအစကတော့မမှာတော့ဘူးဆိုပီး"
"ခုမှဗိုက်ဆာလို့"
"မင်းပဲအရင်ကကျောင်းဈေးတန်းကမုန့်တွေကမသန့်လို့မစားဘူးဆို"
"အခုကSnack"
"အရင်ကလည်းတူတူပဲကို"
"မတူဘူး"
"အ ပြောင်း အ လဲ မြန် လွန်း တဲ့ ပိုင်"
မုန့်ကိုပါးစပ်ထဲထည့်ရင်း အေးစက်စက်စိုက်ကြည့်~
(>_<)
.
.
"ပိုင်တော်တော့"
"ဗိုက်ဆာသေးတယ်"
"ပိုင်"
"ရင်ဘက်ဘယ်ဘက်အခြမ်းကအရမ်းခုန်နေသေးတယ်"
"ပိုင် အဲ့တာရောဂါဖြစ်တာနေမှာ ဆေးခန်းပြရမယ်"
"အင်း..."
YOU ARE READING
Seriously?I'm in love with my BFF!!
Teen FictionJust a beautiful love between two guys❤️ Ongoing✨