Ep 7 Unicode

103 12 0
                                    

"စစ်သွေး.."
"အင်း ပိုင် နေကောင်းလား "
"စစ်သွေး မင်းအခုဘယ်မှာလဲ ဒီတစ်လျှောက်လုံးမင်းငါ့ကိုလုံး၀အဆက်အသွယ်မလုပ်ဖူး မင်းဘယ်မှာရှိနေလဲ မင်းဘာတက်နေလဲ မင်းနေကောင်းရဲ့လား ဘာဆိုဘာမှငါမသိခဲ့ဘူး
အနည်းဆုံး.....အနည်းဆုံး မင်းငါ့ဆီphလေးတစ်ချက်တောင်မဆက်ခဲ့ဘူး စစ်သွေးမင်းငါ့ကိုသူငယ်ချင်းလို့ရောသတ်မှတ်သေးရဲ့လား ..."
"လွမ်းတယ်...လွမ်းတယ်ပိုင် မင်းရောငါ့ကိုမလွမ်းဘူးလား ...."
"စစ်သွေး ငါအတည်မေးနေတာ!!"
"အင်း ငါအဲ့အကြောင်းတွေကိုနောက်မှသေချာပြောပြမှာမို့ ငါမေးတာအရင်ဖြေ.."
ကျစ်!ဒီကောင်လေးကတော့အရင်အတိုင်းပဲ ဘယ်အရာကိုမှအလေးအနက်မထားတတ်သေးဘူး...
"ဖြေလေပိုင်"
"မလွမ်းဘူး"
လွမ်းတာပေါ့ နေ့တိုင်း...နေ့တိုင်း မင်းအကြောင်းကိုမစဥ်းစားမိတဲ့နေ့ဆိုတာမရှိဘူး
"အဟား တကယ်မလွမ်းဘူးပေါ့ပိုင်"
"တော်ပီ စစ်သွေး မင်းလျှောက်နောက်နေမယ်ဆိုငါphချလိုက်တော့မယ်.."
"ဟုတ်ပါပီ ပိုင်ရာ မင်းကလည်းစိတ်ကြီးပဲ
အမေတို့ရောနေကောင်းလား"
"အင်း"
"မင်းရန်ကုန်မှာပဲမလားuniက"
"မဟုတ်ဖူး"
"မဟုတ်..ဟမ် မင်းရန်ကုန်မှာမဟုတ်ဖူးလားပိုင် 
"ငါpkuမှာပဲတက်တာ "
"မင်းအမှတ်မမှီလို့လား"
"မဟုတ်ဖူး ငါတခြားကိုသွားတက်ချင်စိတ်မရှိလို့"
တကယ်တော့မင်းသာပြန်လာခဲ့ရင်ငါ့ကိုမတွေ့မှာစိုးလို့...
"အာ အဲ့လိုလား"
"အင်း"
"ဒီလိုမှန်းသာသိရင်.."
"hmm."
"ဘာမှမဟုတ်ဖူး ပိုင် ကျန်းမာရေးဂရုစိုက် "
"အင်း"
"စစ်သွေး.."
"အင်းပိုင်"
"မင်း ...အဆင်ပြေတယ်မလား"
"အင်း..ဒါနဲ့မင်းfbသုံးတယ်မလား ငါ့accကိုaddလိုက် အာရှုပ်ပါတယ် ငါပဲလာaddလိုက်မယ် မင်းနာမည်နဲ့ပဲဖွင့်ထားတာမလား"
"အင်း"
"ငါအရင်ကရှာတာဘာလို့မတွေ့ရတာပါလိမ့်"
"ငါအရင်ကမသုံးဘူး "
"အာ ok okငါအပ်လိုက်မယ်ပိုင် ကျန်းမာရေးဂရုစိုက်နော်"
"အင်း"
"အဲ့တာဆိုဒါပဲပိုင် ငါစာကျက်ရဦးမှာမလို့"
"အင်း"
"ဒါနဲ့ ငါမင်းကိုအတည်လွမ်းနေတာ ဒါပဲပိုင်
ဘိုင့်ဘိုင်"
တတီတီမြည်ကာကျသွားပီဖြစ်တဲ့phကိုလက်ထဲမှာကိုင်ထားရင်း အခုထိအိပ်မက်လား လက်တွေ့လားသဲကွဲအောင် မဆန်းစစ်နိုင်သေး..
3နှစ်...3နှစ်တောင်ရှိသွားပီ
ကျွန်တော်အမြဲတမ်းလွမ်းနေခဲ့ရတဲ့..အိပ်မက်ထဲမှာသာမြင်တွေ့နိုင်ခွင့်ရှိခဲ့တဲ့ကြားနိုင်ခွင့်ရှိခဲ့တဲ့ထိုကောင်လေးရဲ့အသံလေး....
မယုံကြည်နိုင်သေးဘူး..
ဒါမှမဟုတ်..ကျွန်တော်အခုထိအိပ်မက်မက်နေတုန်းလား....
လက်ထဲမှာကိုင်ထားတဲ့ဖုန်းထဲမှာပေါ်နေတဲ့recent callလေး..
ဒါဆိုကျွန်တော်အိပ်မက်မက်နေတာမဟုတ်ဖူးပဲ...
Phကိုလက်ထဲမှာဆုပ်ကိုင်ထားရင်း..အစဥ်အမြဲအေးစက်နေတတ်တဲ့မျက်၀န်းနက်တစ်စုံဟာအသာအယာ မှိတ်ကျသွားပီးအတိတ်ရဲ့ပုံရိပ်တွေဟာတဖြည်းဖြည်းထင်ဟပ်လာသည်...
5တန်းနှစ်မှာကျောင်းပြောင်းလာခဲ့တဲ့ကောင်လေး...လူတိုင်းနဲ့တည့်အောင်ပေါင်းတတ်ပီးအပြုံးချိုချိုလေးတွေနဲ့ပါးချိုင့်နက်နက်လေးတွေပေါ်အောင်ပြုံးနေတတ်တဲ့ကောင်လေး..
အမြဲတမ်းကြင်နာနွေးထွေးတတ်တဲ့ကောင်လေး..
ထိုကောင်လေးဟာကျွန်တော့်အတွက်တော့သိပ်စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလွန်းခဲ့သည်...
ဒါပေမယ့်..ဘယ်အချိန်ကစပီး ထိုကောင်လေးကျွန်တော့်ရင်ထဲမှာနက်နက်ရှိုင်းရှိုင်းနေရာယူသွားခဲ့တာပါလိမ့်..
ပထမဆုံးအကြိမ်ကျွန်တော့်ကိုcupcakeလေးပေးလာတဲ့အချိန်လား..
ပထမဆုံးအကြိမ်ကျွန်တော့်အတွက်မွေးနေ့လုပ်ပေးခဲ့တဲ့အချိန်လား....
ပထမဆုံးအကြိမ်စစ်သွေးရဲ့အခြားဘက်ခြမ်းကိုမြင်လိုက်ရတဲ့အချိန်လား....
ဒါမှမဟုတ်....ပထမဆုံးအကြိမ်စစ်သွေးကျွန်တော့်ဘေးမှာလာထိုင်တဲ့အချိန်ကတည်းကလား....
ဘယ်လိုပဲဖြစ်ဖြစ်ထိုကောင်လေးကကျွန်တော့်နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာအထိတဖြည်းဖြည်းတိုး၀င်လာခဲ့သည်...
ပြန်လည်ပွင့်လာတဲ့မျက်၀န်းအိမ်ထဲမှာနူးညံ့နွေးထွေးမှုတို့ဟာဖိတ်စင်စီးကျနေတဲ့ပျားရည်စက်တို့အလားချိုမြိန်မှုတို့အပြည့်...
အေးစက်စက်နှုတ်ခမ်းပါးလေးထက်မှာတော့ နွေဦးမှာတိုက်ခတ်သွားတဲ့လေပြည်လေညှင်းလေးလိုမျိူးသိပ်ကိုကြည်နူးစွတ်ပျံ့ဖွယ်ကောင်းတဲ့အပြုံးလေးကိုပန်ဆင်ထားသည်...
ပြောချင်ရာပြောပီးချသွားတဲ့ကောင်လေးက အရင်အတိုင်းပဲလုံး၀မပြောင်းလဲသေး ..
အင်း.... အရင်လိုပဲ ကျွန်တော့်ရဲ့ရင်ခုန်သံတွေကသူနဲ့မှပြန်ခုန်လာရတာလည်းမပြောင်းလဲသေး..
တီ..
ရုတ်တရက်noti၀င်လာတဲ့အသံလေးကအတိတ်နေ့ရက်တွေထဲကကျွန်တော့်ကိုပြန်လည်ခေါ်ဆောင်လာခဲ့သည်..
ကြည့်လိုက်တော့ Friend requestလေးတစ်ခု..
အသာအယာပြုံးလိုက်ပီး..ကျွန်တော်မျှော်လင့်စောင့်စားနေခဲ့ရတဲ့တစ်ယောက်သောသူကလွဲဘယ်သူဖြစ်နိုင်မှာလဲ...
profileမှာအပြာနုရောင်အင်္ကျီလေး၀တ်ထားပီး ပါးချိုင့်နက်နက်လေးတွေပေါ်အောင်ပြုံးနေတဲ့ကောင်လေး..
အရင်အတိုင်းပါပဲ ...နွေးထွေးတဲ့အပြုံးနုလေးတွေကိုပန်ဆင်ထားတုန်းပဲ...
acceptလုပ်လိုက်ပီးစစ်သွေးwallထဲ၀င်ကြည့်လိုက်သည်...
"စစ်သွေးလည်း engineerတက်တာပဲ.."
သူငယ်ချင်းတွေနဲ့cmtမှာနောက်ပြောင်ပြောဆိုထားတာတွေ...
စစ်သွေးကတကယ်ပဲကျွန်တော်မရှိလည်းအဆင်ပြေနေတာပဲ....
Wallထဲကထွက်ခဲ့ပီး စာပဲပြန်လုပ်နေလိုက်တော့သည်
၁နာရီ...
၂နာရီ...
"ကျစ်!တော်ပီ စာတွေကရပီးသားတွေ"
စစ်သွေးဆီPhဆက်လိုက်ရင်ကောင်းမလား...
စောစောကမှစစ်သွေးနဲ့phပြောထားတာကို...
ဒါပေမယ့်၂နာရီတောင်ရှိသွားပီလေ..
ခုချိန်Phဆက်လိုက်ရင်ထူးဆန်းနေမလား.
ကျစ်!ပိုင်ထက်မြက်မင်းဘာဖြစ်နေတာလဲ..
Phကိုလက်ထဲကိုင်ထားရင်းဟိုလျှောက်ဒီလျှောက်လျှောက်ကာတစ်ယောက်ထဲစကားတွေပြောရင်းတိုက်ပွဲ၀င်နေတဲ့သူ့ကိုသာအတန်းထဲကသူတွေမြင်ပါက..
"Ugh..ဒါငါတို့ရဲ့အမြဲတမ်းအေးတိအေးစက်နဲ့မျက်နှာသေကြီးနဲ့နေတတ်တဲ့ECမဟုတ်ဖူး တစ်ယောက်ယောက်လူစားထိုးခံရတာလို့ဖြေပေးကြပါ..
လို့ ပြောကြလိမ့်မယ်.."
"ကျစ်..တော်ပီ.Fbပဲကြည့်တော့မယ်"
ခဏလောက်new feedကိုအထက်ဆွဲအောက်ဆွဲလုပ်နေရင်း ..
စစ်သွေးခုချိန်အိပ်နေပီလား သူစာကြည့်ဦးမယ်လို့တော့ပြောတာပဲ ဒါဆိုမအိပ်သေးဘူးလား
အဲ့တာဆိုဘာလို့အခုထိLineပေါ်တက်မလာသေးတာလဲ..
မီးလည်းမစိမ်းဘူးဆိုတော့ သူစာလုပ်နေတာနေမှာ..
တီ..
Linn Myat tagged sxar sitt thway in a post
စစ်သွေးကို Tagထားတဲ့postတစ်ခု.
၀င်ကြည့်လိုက်တော့ စာကြည့်စားပွဲမှာအိပ်ပျော်နေတဲ့စစ်သွေးပုံနဲ့
captionက ချီးထုပ်လေးအိပ်ပျော်နေသည်..
အောက်မှာလည်းcmtတွေအများကြီးတက်လာသည်..
cmt1-yo!တို့ကောင်လေးပုံကိုတို့ခွင့်ပြုချက်မပါပဲဘာလို့ရိုက်တာလဲbro😒
cmt2-ခွေးကောင်စစ်သွေး စာတွေကြိုးစားနေတာ ဟားဟား😂
cmt3-ယူတို့နှစ်ယောက်ကဘာတွေလား အခန်းထဲကအစစ်မတွေရှကြစမ်း wkwkwk......
လင်းမြတ်ဆိုတာဘယ်သူလဲ စစ်သွေးနဲ့ရောဘယ်လိုပတ်သတ်နေတာလဲ ဘယ်လောက်ထိ..ဘယ်လောက်ထိတောင်ရင်းနှီးနေကြလို့
စစ်သွေးကသူနဲ့အတူတူနေတာလဲ သူကျွန်တော့်ကိုအဲ့အကြောင်းဘာလို့တစ်ခွန်းမှမပြောရတာလဲ
တီ..
စဥ်းစားနေတဲ့အချိန်အတွင်းမှာပင်ထပ်တက်လာပြန်တဲ့noti
ကြည့်လိုက်တော့..
sxar sitt thway commended on a post~
အိပ်နေတဲ့အချိန်တောင်ငါကသောက်ချောကြီး
Cmt1 reply -ဟုတ်တယ်တို့ကောင်လေးမှန်တယ်
Cmt2 reply-စီစီရေ နောက်မှာလင်းမြတ်ကြီး!
Cmt1 reply-အမလေး ကြောက်ပီ><
Linn Myat replied to sxar sitt thway- babyကအမြဲတမ်းချောနေတာ❤️
တောက်!!
***************
တီ~
ပိုင် မအိပ်သေးဘူးလား~
Messengerကနေ စစ်သွေးရဲ့message၀င်လာသည်
ပိုင် အိပ်ပီလား~
ဖွားဖွာပိုင် ကျွန်တော့်ကိုအဖက်လုပ်ပါဦး~
Ugh!အကျင့်မကောင်းတဲ့ပိုင်ကကျွန်တော့်msကိုreplyမပြန်ပါဘူးဗျို့
စစ်သွေး!!
အခုတော့ မင်းreplyပြန်ပီပေါ့လေ
ပြော ~
hmm..ဘာပြောရမှာလဲ..
ugh...ကျွန်တော်ဖွားဖွားပိုင်ကိုဘယ်လောက်လွမ်းတယ်ဆိုတဲ့အကြောင်းပြောရမှာလား
စစ်သွေး!!
ဖွားဖွားပိုင်ရာ ကျွန်တော်ကဘာပြောရမှာလဲ
ဟိုတစ်ယောက်~
ဘယ်တစ်ယောက်လဲ ရှင်းရှင်းပြောကွာ
မသိဘူး~
:') ပိုင်မင်းမပြောပဲငါကဘယ်လိုသိမှာလဲ
တီ..
Paing htet myat sent a photo..
ပိုင်ပို့လိုက်တဲ့screenshotကိုကြည့်လိုက်တော့ linn myat mentထားတဲ့cmt..
ugh ဘာများလဲလို့ပိုင်ရာ..ငါမင်းကိုပြောမလို့ပဲကွ သူက ငါ့ဘော်ဒါတုန်းကသူငယ်ချင်းလေ
ပီးတော့~
ပီးတော့.... ပီးတော့ ငါuniတက်တော့သူကလည်းအဲ့မှာတက်မှာဆိုတော့ အဆောင်တူတူငှားနေလိုက်ကြတာ~
ပီးတော့~
ပီးတော့?ဘာမှမရှိတော့ဘူးလေ
ဘာလို့သူကcmtကိုအဲ့လိုrpပြန်ရတာလဲ
cmt?အာ မင်း၀င်ကြည့်ထားတာလား
မကြည့်ဘူး သူ့ဟာသူငါ့မျက်စိရှေ့ပေါ်လာတာ
အာ..ဟုတ်ပါပီဗျ..
​အဲ့ကောင်ကအဲ့လိုပဲစ နေကြ ဘာမှမဟုတ်ဖူး ဒီတိုင်းလျှောက်နောက်နေတာမလို့ လွှတ်ထားလိုက်တော့တာ..
ဟိုကောင်မလေးကရော~
ဘယ်.. အော် စီစီလား
မသိဘူး~
စီစီကလည်း စတာပါ
အင်း~
အမ်....ပိုင် မင်းပဲ၀င်မကြည့်ဘူးဆို
မကြည့်ဘူး~
အေးပါကွာ ~
ဒါနဲ့...
အင်းပိုင်ပြော...
ပိုင်စာရိုက်နေတဲ့အစက်လေးသုံးစက်ကလှုပ်လှုပ်လှုပ်လှုပ်နဲ့....
ဘာတွေကိုမျှော်လင့်နေမိမှန်းကိုယ့်ကိုကိုယ်မသိတော့ ပိုင်စာရိုက်နေတဲ့အစက်လေးသုံးစက်ထံသာ အာရုံတွေကိုအပြည့်အ၀စူးစိုက်ထားမိရင်းမသိစိတ်တစ်နေရာကနေစိတ်လှုပ်ရှားနေမိသည်..
အိပ်တော့~
(=_=))!!ဘာကြီး...အိပ်တော့လေးနှစ်လုံးရိုက်ဖို့ကိုအဲ့လောက်အချိန်ယူရိုက်နေရသလားသောက်ကျင့်မကောင်းတဲ့ဖွားဖွားပိုင်!
အန်အို နိုး~
စစ်သွေး!
ဟွန်း..
ဟုတ်ပါပီဗျာ .ဖွားဖွားပိုင်ပြောတဲ့အတိုင်းလိုက်နာပါ့မယ်ဗျ
good night စစ်သွေး~
good night ပိုင်~
စစ်သွေးဆီကmsရောက်ပီးမှ phကိုပိတ်လိုက်သည်..
နောက်ဆယ်မိနစ်လောက်နေတော့internetပြန်ဖွင့်ပီးစစ်သွေးကိုသွားကြည့်လိုက်တော့..
5min agoဆိုပီးlineပေါ်မှာမရှိတော့..
စစ်သွေးနဲ့ပို့ထားတဲ့Msတွေကိုပြန်ဖတ်နေရင်း..အမြဲတမ်းတင်းနေအောင်စေ့ထားလေ့ရှိတဲ့ ရေခဲလွှာသဖွယ်နှုတ်ခမ်းပါးတစ်စုံဟာ..အပြုံးနုလေးတွေကိုစိတ်လိုလက်ရဖော်ပြနေသည်..
အဲ့လိုပါပဲ ..ပိုင်ထက်မြက်ဆိုတဲ့ကောင်လေးအတွက်တော့လူကိုယ်တိုင်တောင်မဟုတ်သေးပါပဲနဲ့..သျှားစစ်သွေးဆိုတဲ့ကောင်လေးပို့ထားတဲ့msလေးတွေကတောင် အေးခဲနေတဲ့နှုတ်ခမ်းလွှာကိုဖွင့်ထုတ်ပီးအပြုံးနုလေးတွေကဖော်ပြလာအောင်လုပ်နိုင်စွမ်းရှိသည်...
3နှစ်အတွင်းမှာပထမဆုံးအနေနဲ့စစ်သွေးဆိုတဲ့နာမ်စားလေးကိုပြန်လည်ခေါ်ခွင့်ရခဲ့တာဟာ.ကျွန်တော့်အတွက်တော့သိပ်ကို....
*****************************
ဒီရက်ပိုင်းစာမေးပွဲဖြေတော့မှာမို့phလည်းမသုံးဖြစ်
မနက်ဖြန်ဆိုမြန်မာစာစဖြေရတော့မှာမို့ဒီနေ့ညတော့စောစောအနားယူတော့မည်
📲Anata no koto wo omou
Sore dake de namida ga
Ima afure dashite kuru yo
Hakanai omoi zutto
Donna toki demo negau yo
Anata ni todoku you ni to📲
တစ်ယောက်သောသူအတွက်သီးသန့်ထားထားတဲ့Ph ringtoneသံလေးထွက်လာသည်..
မြည်နေတဲ့Phကိုအသာကိုင်လိုက်ရင်း..
"အင်း စစ်သွေး"
"ပိုင် ငါကြောက်နေတယ်"
"ဘာလို့လဲ မင်းစာတွေသေချာကျက်ထားတယ်မလား"
"အင်း ဒါပေမယ့်စိတ်ပူနေသေးတယ်"
"ဘာမှမဖြစ်ဘူး စိတ်အေးအေးထား မင်းရပီးသားပဲကို"
"အင်း"
"စာမေးပွဲခန်းထဲ၀င်ခါနီး စိတ်လျှော့ထား အရမ်းစိတ်မလှုပ်ရှားနဲ့ မင်းဖြေနိုင်တယ် ​"
"အင်း"
"အေးအေးဆေးဆေးဖြေ ဖြေပီးရင် ငါမင်းဆီphဆက်လိုက်မယ်"
"ကျေးဇူးပိုင် မင်းအိပ်တော့မလို့လား"
"အင်း"
"အဲ့တာဆိုအိပ်တော့လေ"
"အင်းgood night"
"Good nightပိုင်"

[Anata no koto wo omou
Sore dake de namida ga
Ima afuredashite kuru yo
Hakanai omoi zutto
Donna toki demo negau yo
Anata ni todoku you ni to...]
[မင်းအကြောင်းကိုတမ်းတမိနေတယ်
အဲ့ဒါလေးနဲ့တင်မျက်ရည်တွေက
အခုအများကြီးစီးကျနေပီ
ခဏတာအတွေးတွေကိုအမြဲတမ်း
ဘယ်အချိန်မဆိုဆုတောင်းနေပါ့မယ်
မင်းဆီရောက်ရှိပါစေဆိုပီး...]
From~Inuyasha anime





Seriously?I'm in love with my BFF!!Where stories live. Discover now