Ep 2(Zawgyi&Uni)

220 12 0
                                    

Unicode

2016 December~
"သားကြီးတို့ရောက်ပီ ဟိုကောင်ဟိန်းသန့်မင်းကလည်းကွာတစ်လမ်းလုံးgameပဲဆော့နေ့ မြန်မြန်ဆင်းခဲ့ ကျောင်းကိုလျှောက်ကြည့်ရအောင်"
မြတ်မင်းကကားပေါ်ကအရင်ဆင်းပီးပြောလေသည်
"အေးပါကွ ခဏလေး ခဏလေး"
ဖုန်းကတစ်ဖက်လွယ်အိတ်ကတစ်ဖက်နဲ့ gameဆော့ရင်းဆင်းလာသည်
"မရဘူး အခုလာကွာ တည်တံ့ဆွဲချအဲ့ကောင်ကို
နေ နေဦးဟေ့ကောင်တွေ .."
"Defeat" gameထဲကအသံထွက်လာတော့
"ခွီးဟားဟားရှုံးမှာကိုများတစ်လမ်းလုံးဆော့လာရတယ်လို့.."
"အေးကွာ ဟားဟား"
မြတ်မင်း၏စကားကိုတည်တံ့ကပါနောက်ကလိုက်ပြောပီးစတော့
"အေး ခွေးကောင်တွေအဲ့တာမင်းတို့ကြောင့်ကွ ငါ့ကိုဖယ်ရီပေါ်ကနေအတင်းဆွဲချကြလို့ သေစမ်းကွာချီးထုပ်တွေ "
ပြောလည်းပြောလွယ်အိတ်နဲ့လိုက်ရိုက်လေသည်
"ဟားဟား ရှုံးမဲမဲတာဟေ့ တည်တံ့သားကြီးပြေးပြေး ...."
သူတို့သုံးယောက်ကိုကြည့်ရင်း
စစ်သွေးခုချိန်မင်းရော ငါမရှိပဲအဲ့လိုပျော်နေမှာလား....
နည်းပညာတက္ကသိုလ်(PKU )ဆိုပီးရေးထားတဲ့ကျောင်းကြီး
ကျွန်တော်တက်ရမယ့်ကျောင်းပေါ့ ကျောင်းကသုံးထပ်ဆောက်ထားပီး ရှေ့မှာလည်းမြက်ခင်းစိမ်းစိမ်းလေးတွေကိုplat formအ၀ိုင်းလေးထဲမှာစီစီရီရီစိုက်ထားသည် ကျောင်းထဲကိုလာတဲ့လမ်းတစ်လျှောက်လည်းဘေးမှာသစ်ပင်မျိုးစုံကိုစိုက်ပျိုးထားသည်
အရောင်စုံစက္ကူပန်းလေးတွေနဲ့ဆီးသီးပင်တွေရော ခုံတန်းလျားလေးတွေရော စီနီယာတွေကိုယ်တိုင်ဆောက်ထားတဲ့ရေကန်လေးတွေကိုလည်းနာမည်တွေမေဂျာတွေနဲ့အတူမှတ်တမ်းတင်ထားသည်
စစ်သွေးမင်းသိလား ဒီကျောင်းကမင်းအကြိုက်နဲ့ကွက်တိပဲ မျောက်နဲ့စပ်ထားတဲ့မင်းကသစ်ပင်တွေပေါ်တက်ရင်း ပိုင်ငါနဲ့အတူတက်ခဲ့လေကွာ လို့ပြောနေမှာ..
ကျွန်တော်ကျောင်းကိုကြည့်ရင်းဖြည်းဖြည်းချင်းလျှောက်လာတော့ တည်တံ့ကပြေးနေရာကနေဘေးနားရောက်လာပီး
" sryပိုင်ထက် ငါတို့သုံးကောင်ကိုမျက်စိနောက်နေပီလား"
"ရပါတယ်.."
"အေးကွာ ဒါနဲ့မင်းထမင်းချိုင့်ပါတာမတွေ့ဘူးလားလို့"
"အင်း"
"ငါတို့လည်းမပါဘူး အတန်းဆင်းရင်ကန်တင်းအတူသွားကြတာပေါ့"
"ငါမလိုက်.."
"လာသားကြီး ဟိုကောင်တွေဆီသွားကြစို့"
"ဟာကွာ ဟေ့ကောင်ဒီဘက်နည်းနည်းတိုးကွ မင်းကလည်းလက်နှစ်ချောင်းပိုစ့်ပဲ ဆီးပင်နားနည်းနည်းတိုး အေးဟုတ်ပီ ခေါင်းလေးနည်းနည်းမော့ထားဟ"
မြတ်မင်းကိုဟိန်းသန့်ကဓာတ်ပုံရိုက်ပေးရင်းပြောနေခြင်း
"ချီး ဟေ့ကောင်မင်းအဖေကိုဆူးတယ်ဟ"
မြတ်မင်းကအဆူးဆူးမိတဲ့လက်မောင်းကိုပွတ်ရင်းပြောလာသည်
"အနာခံမှအသာစံရမယ် သားကြီးအသာနေ ချောအောင်မနည်းရိုက်ပေးနေရတယ် ကျေးဇူးသိတတ်စမ််းပါ ငါ့သားရာ"
"ချီးကိုချောအောင်လား မင်းအဖေငါကချောပီးသားကွ ဟုတ်ပီလား"
"အေးပါ အေးပါ လာသားကြီးလာကြည့်တော့"
"မဆိုးဘူး ငါ့သားတော်တယ် ဒီအဖေကလည်းချောပီးသားဆိုတော့ ဘယ်လိုနေနေချောနေမှာပဲဟဲဟဲ"
"အေးပါကွာ တော်ပါတော့ဟ ဟိုကောင်တွေမလာသေးဘူးလား"
"ဟိုမှာလာနေပီ သားကြီးတို့မြန်မြန်လာကြ groupလိုက်ရိုက်ရအောင်"
"ငါမရိုက်တော့ဘူး"
"ပိုင်ထက်ကလည်းလာပါကွ first day of uniဆိုပီးတင်ရအောင်လို့ကို "
မြတ်မင်းကပြောတော့ တည်တံ့ကပါ
"လာပါပိုင်ထက်ရာ ဒီကောင်မြတ်မင်းကတကယ့်ကလေးဆိုးကြီးကွ မရိုက်ရင်ငိုနေလိမ့်မယ် "
"ဘယ်သူကကလေးဆိုးကြီးလဲ ဟေ့ကောင်ငါကြားတယ်နော်"
"စတာ စတာပိုင်ထက်လာပါကွ ရိုက်ရအောင်"
"ငါမရိုက်ချင်ဘူး sry ငါအရင်သွားနှင့်ပီ"
သူတို့ကျွန်တော့်ကိုစိတ်ဆိုးသွားလည်းမတတ်နိုင်
စစ်သွေးကလွဲပီးကျွန်တော့်ဘေးမှာဘယ်သူမှဓာတ်ပုံမရိုက်ဖူးဘူး မဟုတ်ဖူး ကျွန်တော်ကိုယ်တိုင်ကလည်း စစ်သွေးကလွဲရင်ဘယ်သူ့ကိုမှလက်ခံမှာမဟုတ်ဖူး...

Seriously?I'm in love with my BFF!!Where stories live. Discover now