Ep 14 Unicode

64 6 0
                                    

"စစ်သွေး!"
"ပိုင်"
"EC"
တစ်ပြိုင်နက်တည်းကျွန်တော့်ဘက်ကိုလှည့်ကြည့်လာတဲ့နှစ်ယောက်..
"မင်းဘာလုပ်နေတာလဲ"
ကိုင်ထားတဲ့လက်ကိုကမန်းကတမ်းလွှတ်လိုက်ပီး...
"ugh ငါ..ငါသူချော်လဲသွားလို့ထိန်းကိုင်ပေးလိုက်တာ"
စစ်သွေးရဲ့လက်တစ်ဖက်ကိုဆွဲလိုက်ရင်း..
"လိုက်ခဲ့"
အတန်းထဲမှာလူတွေရှိနေတာရော..ကြောင်ပီး​ကြည့်နေတဲ့ချယ်ရီမေကိုရော ဂရုမစိုက်နိုင်တော့ စစ်သွေးရဲ့လက်ကိုဆွဲရင်းထွက်ခဲ့လိုက်တော့သည်...
****************************
"သွားပီ..သွားပီ..ဟိန်းသန့် ပိုင်ထက်တော့ ကျောင်းသားသစ်နဲ့ရန်ဖြစ်တော့မယ်ထင်တယ်"
"ရန်တော့မဖြစ်လောက်ပါဘူးကွာ. ပိုင်ထက်ကအဲ့လောက်ထိတော့မလုပ်လောက်ဖူးလားလို့"
"မင်းဘာသိလို့လဲ ယောက်ျားလေးတွေကသူတို့မိန်းကလေးတွေနဲ့ပတ်သတ်ပီးသ၀န်တိုလာရင်ဘယ်လောက်ကြောက်စရာကောင်းတယ်ဆိုတာ
အခုပဲကြည့်လိုက်ဒေါသတကြီးနဲ့ကျောင်းသားသစ်ရဲ့လက်ကိုဆွဲပီးထွက်သွားပီကွ
ဟိုကအခုမှကျောင်းပြောင်းလာတာကိုကွာ.....
ပိုင်ထက်ကိုကြောက်ပီးကျောင်းပြန်ပြောင်းသွားလိမ့်မယ်"
"ပီးတော့ ECဖြစ်ပီးကျောင်းသားသစ်နဲ့ရန်ဖြစ်ရင်သူ့အတွက်မကောင်းဘူးကွ
လာလာ..ငါတို့နောက်ကမြန်မြန်လိုက်ကြည့်ရအောင်"
"အေးအေးသွားမယ်"
"Good morning teacher"
"Good morning class"
"ကျစ်..ဆရာမကလည်းဒီအချိန်မှလာရတယ်လို့ခဏနေမှ Toiletဆိုပီးသွားကြည့်ကြတာပေါ့"
"အေး"
"ခြေလွန်လက်လွန်တွေတော့မဖြစ်ကြဖို့မျှော်လင့်ရတာပဲကွာ...."
***************************
"ပိုင်"
"ပိုင်..ငါတို့ အတန်းချိန်ရှိသေးတယ်လေ မင်းဘယ်သွားမလို့လဲ"
"ပိုင်..မင်းဘာဖြစ်နေတာလဲကွာ.."
"မင်းပဲပြောတော့ငါ့ကိုစိတ်မဆိုးတော့ဘူးဆိုပီး..."
ကျောင်းဆောင်အောက်ကဆီးပင်နားရောက်မှရပ်လိုက်တဲ့ပိုင်....ကိုင်ထားတဲ့ကျွန်တော့်ရဲ့လက်ကိုတော့အခုထိလွှတ်မပေးသေး..
စာသင်ချိန်မလို့..လူသွားလူလာကတော့ရှင်းလင်းနေသည်..
ပိုင်ရာ..မင်းငါ့ကိုဆူချင်တာဆိုရင်လည်း ညနေမှဆူတော့..ငါညနေမင်းတို့အိမ်ကိုလာခဲ့မယ်လေ ဟုတ်ပီလား..လာပါပိုင်ရာ သွားရအောင်"
"စစ်သွေး.."
"မင်း..တာ ၀န် ယူ"
"hmmm??"
"မင်း...ငါ့ကိုတာ၀န်ယူရမယ်"
"ပိုင်..မင်းဘာတွေပြောနေတာလဲကွာ
အခုမှမသွားရင်ငါတို့ အတန်းချိန်နောက်ကျလိမ့်မယ်"
ပိုင်ဟာလေ မထုံတတ်တေးနဲ့မတ်တပ်ရပ်နေတုန်း..
"ပိုင်ရာ..မြန်မြန်လာတော့.သွားရ.."
"ငါမင်းကိုသဘောကျတယ်"
"ဟမ်..အမ်း.ငါသိတယ်လေ..ငါလည်းမင်းကိုသဘောကျတာပဲကို..အဲ့တာကြောင့်လည်း မင်းကငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်နေတာလေ"
"မဟုတ်ဖူး"
"ဘာမဟုတ်တာလဲပိုင်ရာ...ငါတို့နောက်ကျနေပီ."
"သူငယ်ချင်းလို..မဟုတ်ဖူး."
"ဟမ်???"
"ငါမင်းကိုချစ်တယ်စစ်သွေး..သူငယ်ချင်းလိုမဟုတ်ဖူး..မင်းသိပါတယ်..ဟိုလို"
"ဟမ်??ဘာကိုဟိုလိုတုန်း...​"
ပြောပီးတော့ဟိုဘက်လှည့်သွားတဲ့ပိုင်ဟာ..မျက်နှာမမြင်ရပေမယ့်..လည်ပင်းတစ်၀ိုက်နဲ့နားရွက်ဖျားလေးတွေအထိပါနီရဲနေကာဘယ်လောက်ထိရှက်နေမှန်းသိသာစေသည်...
ဘာတွေလဲ??ကျွန်တော့်အချစ်ဆုံးသူငယ်ချင်းကကျွန်တော့်ကိုချစ်သည်တဲ့...ပီးတော့.သူငယ်ချင်းလိုမဟုတ်ဖူးတဲ့..ဘာတွေဖြစ်ပျက်သွားလည်းကိုမသိတော့လို့မနည်းအာရုံစုစည်းနေတုန်း..
တစ်ဖန်ဒီဘက်ပြန်လှည့်လာကာပိုင်ပြောလိုက်တဲ့စကားက..
"ပီးတော့သင်္ကြန်တုန်းကမင်းငါ့ကိုနမ်းခဲ့တာအတွက်တာ၀န်ယူရမယ်"
"hmmmm.."
"အဲ့တာကငါ့ရဲ့ပထမဆုံး..အနမ်းပဲမင်းငါ့ကိုတာ၀န်ယူရမယ် စစ်သွေး.."
Hmmmmm...
Hmmmmm...
အနမ်း??ပထမဆုံးအနမ်း?ဘာတွေလဲ ဘယ်တုန်းက....သင်္ကြန်တုန်းကလား? alcoholလေးလက်တစ်ဆစ်လောက်၀င်သွားရင်ကိုဘာတွေဖြစ်ခဲ့မိမှန်းတစ်စက်တောင်မမှတ်မိတော့တဲ့ အကျင့်ကြီးကတော်တော်ကြောက်စရာကောင်းနေပီ...
ပထမဆုံးအနမ်းတဲ့လား...ပီးတော့ကျွန်တော်နဲ့ပိုင်နဲ့တဲ့လေ...
ughhh!!
ပြောချင်ရာပြောပီးတဲ့ချီးထုပ်ကောင်ပိုင်ကတော့သူ့ရဲ့မူပိုင်ရေခဲမျက်နှာထားနဲ့.
"စာသင်ချိန်နောက်ကျနေပီ..သွားမယ်စစ်သွေး"
"နေ..နေပါဦး..ပိုင်..မင်းစောစောကပြောတာတွေကနောက်နေတာမလား"
ကျွန်တော့်ကိုပြန်ကြည့်လာတဲ့ပိုင့်ရဲ့အကြည့်တွေကငါမင်းကိုဘယ်တုန်းကနောက်ဖူးလို့လဲလိို့ပြောနေသယောင်...
အခုမှတော့ဘာမှမထူးတော့..စာသင်ချိန်လည်းစနေလောက်ပီဆိုတော့ ပိုင့်နောက်ကပဲလိုက်ခဲ့လိုက်တော့သည်~
Teachel pls~
ok come in~
"ပိုင်ထက်.. သားကြီးပိုင်ထက်..မင်း..မင်းခြေလွန်လက်လွန်ဖြစ်အောင်တော့မလုပ်လိုက်ဖူးမလား.."
ကျွန်တော့်ကိုတစ်လှည့် နောက်မှာထိုင်နေတဲ့စစ်သွေးကိုတစ်လှည့်ကြည့်ရင်းမေးလာတဲ့မြတ်မင်း
"ဘာကိုလဲ"
"တော်ပါသေးတယ်ကွာ ကျောင်းသားသစ်ဘာမှမဖြစ်လို့..ပိုင်ထက် မင်းနောက်ခါအဲ့လိုမလုပ်ပါနဲ့ကွာ အခုမှကျောင်းပြောင်းလာတဲ့သူကို..မင်းဘယ်လောက်ပဲချယ်ရီမေကိုကြိုက်ကြိုက်..အချစ်ဆိုတာလုပ်ယူလို့ရတာမဟုတ်ဖူးကွ"
"ဘာ.."
"မင်းချယ်ရီမေကိုကြိုက်နေတာမလား..အဲ့တာကြောင့်ကျောင်းသားသစ်ကိုသွားဆုံးမတာမလား.."
=_=))
"ပြန်ဖြေဦးလေပိုင်ထက် ပိုင်ထက်"
"အခုကစာသင်ချိန်နော်..အတန်းထဲကိုနောက်ကျမှလည်းလာသေး စကားများနေလို့ကတော့ နောက်တစ်ခါဆိုအတန်းအပြင်မှာမတ်တပ်ရပ်ရမယ်မှတ်"
ဆရာမကကျွန်တော်တို့ဘက်ကိုကြည့်ပီးပြောလာမှ အသံတိတ်သွားတဲ့မြတ်မင်း..
ဒီလောက်စပ်စုတတ်ပီးစကားများတဲ့မြတ်မင်းကိုတည်တံ့ဘယ်လိုများသည်းခံနိုင်လဲဆိုတာစဥ်းစားလို့မရနိုင်ဘူး..
ပြောမှ သူတို့နှစ်ယောက်အခုတလောစကားတောင်မပြောကြသလိုပဲ..ထားတော့ကိုယ့်ကိစ္စလည်းမဟုတ်..
ဒါနဲ့..စစ်သွေးကျွန်တော့်ကိုတော့ မုန်းမသွားလောက်ဖူးမလား....
စစ်သွေးနှုတ်ခမ်းပါးနဲ့ထိကပ်ခဲ့ဖူးတဲ့ကိုယ့်နှုတ်ခမ်းကိုယ်လက်နဲ့အသာတို့ထိကြည့်ရင်း...
1နှစ်နီးပါးကြာသွားတာတောင် အနမ်းဖျော့ဖျော့ကြောင့် ခုထိရင်ခုန်သံတွေဟာချုပ်ထိန်းမရအောင်ခုန်လှုပ်နေဆဲ...
ကျွန်တော်သိပ်ကိုတုံးခဲ့တာပဲ စစ်သွေးကိုချစ်မိနေခဲ့တဲ့ကိုယ့်နှလုံးသားကိုကိုယ်နားမလည်လောက်အောင်ထိတုံးအခဲ့မိတယ်...မဟုတ်ဘူး...ကိုယ့်ကိုကိုယ်လိမ်ညာနေခဲ့မိတာဆိုပိုမှန်မယ်အမြဲတမ်း..အမြဲတမ်း စစ်သွေးကသူငယ်ချင်းပါဆိုပီးတော့ပေါ့...
အခုတော့...ကျွန်တော့်ရဲ့နှလုံးသားလေးကိုလိမ်ညာနေခဲ့မိတဲ့ကိုယ့်ကိုကိုယ်အပြစ်ပေးရမယ်အပြစ်ဒဏ်ကတော့...အမြဲတမ်းမြတ်နိုးခဲ့ရပါသောထိုတစ်ဦးတည်းသောလူသားလေးအတွက်ထားရှိတဲ့ချစ်ခြင်းမေတ္တာတွေကိုဘယ်သောအခါမှနှလုံးအိမ်ထဲကထုတ်ပယ်မပစ်ရ..
ဒေါက်...
ဘေးနားကိုလာထိမှန်တဲ့duster..
မော့ကြည့်လိုက်တော့ကျွန်တော့်ကိုမျက်ထောက်နီကြီးနဲ့ကြည့်နေတဲ့Teachel
"ပိုင်ထက်မြက်!!အခုချက်ချင်းအတန်းရှေ့ထွက်ရပ်နေ!!"
"ကျန်တဲ့သူတွေရောသေချာနားထောင်နောက်ခါစာသင်ချိန်ကိုစိတ်မ၀င်စားရင် အတန်းထဲကို၀င်မလာနဲ့!!"
တစ်ခန်းလုံးရဲ့မျက်လုံးအစုံဟာ ပိုင်ထက်မြက်ဆိုသောနာမည်ခေါ်သံကြောင့် ကျွန်တော့်ဆီသို့စုပြုံရောက်လာလေသည်
အမြဲတမ်းအနေတည်တံ့ပီး စာမှစာပဲလုပ်နေတတ်သလို စကားဆိုတာလည်းလိုတာထက်ပိုပီးမပြောတတ်တဲ့အတန်းခေါင်းဆောင်ပိုင်ထက်မြက်ကကျောင်းစည်းကမ်းကိုဖောက်ဖျက်ဖို့ဝေးလေစွ..အခုလိုအတန်းရှေ့ကိုထုတ်ခံရဖို့ဆိုတာ...ဘယ်လိုမှမဖြစ်နိုင်..teachelများလူမှားပြောတာလားလို့ကြည့်လိုက်တော့လည်း..ဒေါသထွက်နေတဲ့teachelရဲ့မျက်၀န်းတွေကECပိုင်ထက်မြက်ဆီမှာသာ...
ECကတော့ဆရာမပြောပီးပီးချင်း စာအုပ်တစ်အုပ်ကိုကောက်ယူပီး သူ့ရဲ့မူပိုင်အေးစက်စက်မျက်နှာနဲ့အတန်းရှေ့ကိုတည်တည်ငြိမ်ငြိမ်ထွက်သွားလေသည်...
အတန်းထဲကလူတိုင်းရဲ့အတွေးထဲမှာတော့..
"Ughhh..ငါတို့ရဲ့ရေခဲမင်းသားလေးမှာလည်းဒီလိုနေ့မျိုးရှိလာသေးပါ့လား......."
***************************
အမြဲတမ်း.ကျောင်းရောက်ရင်စာသင်ခန်းထဲတန်း၀င်..ပေးထားတဲ့စာတွေပြန်ကြည့်..နေ့လည်ဆင်းရင်လည်း..canteenကိုသွက်သွက်သွားပီးနေရာဦး...ဆိုတော့ ကျောင်းကော်ရစ်တာကိုဖြတ်သွားဖြတ်လာလုပ်နေရပေမယ့်...တစ်ခါမှကော်ရစ်တာကနေပီးအပေါ်စီးကနေမြင်နေရတဲ့ကျောင်းပတ်၀န်းကျင်ကိုမကြည့်ဖြစ်ခဲ့ဘူး....
အခုတော့ အတန်းရှေ့ထွက်ရပ်ရင်းမြင်နေရတဲ့ ကျောင်းရဲ့အပေါ်စီးမြင်ကွင်းက..
သိပ်ကို.....သိပ်ကို​ပျင်းရိခြောက်သွေ့ဖွယ်ကောင်းသည်..
အရှိန်ပြင်းပြင်းတောက်လောင်နေတဲ့ဆောင်းနေပူပူရယ်..သစ်ပင်ကျိူးတို့ကျဲတဲသာပေါက်နေတဲ့တောင်ကတုံးရယ်...ဆံနွယ်ရှေ့ဖြတ်သန်းတိုက်ခတ်သွားတဲ့လေပူပူရယ်......🍂🍂
"ဟိုဘက်တိုး"
အတွေးစတွေကိုလွင့်ပျယ်သွားစေတဲ့အသံပိုင်ရှင်ကိုကြည့်လိုက်တော့...ဘေးနားရောက်လာတဲ့စစ်သွေး..
"စစ်သွေး..မင်းဘယ်လို"
"မင်းသိပါတယ်..ပိုင်ထက်မြက်ရှိတဲ့နေရာတိုင်းမှာအမြဲတမ်းသျှားစစ်သွေးရှိတယ်"
"အင်း"
"စစ်သွေး"
"ပိုင်"
"မင်းအရင်ပြောစစ်သွေး"
"ပိုင်..မင်း..ကျစ်အဲ့တာတကယ်လား"
"အင်း"
"ငါတို့နှစ်ယောက်လုံးကယောက်ျားလေးလေ"
"ငါဂရုမစိုက်ဖူး"
"ကောင်းပီ ပိုင်ထက်မြက် ငါမင်းကိုအဖြေပြန်ပေးမယ်"
"အခု?"
"မင်းကမလိုချင်ဘူးလား"
!​မင်းပြော"
ဒီပိုင်ထက်မြက်ဆိုတဲ့ကျွန်တော့်ရဲ့ဖွားဖွားပိုင်ဆိုသည်မှာလေ..ကျွန်တော့်ကိုသဘောကျပါတယ်လို့သူကိုယ်တိုင်ပြောခဲ့ပီးတာတောင် ခုတော့ဖြင့်မတုန်မလှုပ်အေးစက်စက်..သူကျွန်တော့်ကိုတကယ်သဘောကျတာရောဟုတ်ရဲ့လား...
"ငါမင်းကိုမကြိုက်ဖူးပိုင်ထက်မြက်"
"စစ်သွေး"
"ငါမင်းကိုလုံး၀မကြိုက်ဖူးပိုင်ထက်မြက်...
ပိုပီးလေးနက်တဲ့ချစ်ခြင်းတရားနဲ့ပဲ...ငါမင်းကိုချစ်တယ်"
"စစ်သွေး..."
ဒီချီးထုပ်ပိုင်ကတော့ကျွန်တော့်နာမည်ကိုသာတိုးဖွဖွခေါ်ရင်း ကြောင်အအနှင့်ကျွန်တော့်ဘက်ကိုငေးကြည့်လာသည်..
"ငါမင်းကိုချစ်တယ်ပိုင်...
ဘယ်အချိန်ကတည်းကလည်းဆိုတာမသိပေမယ့် မင်းသာငါ့အနားမှာရှိနေရင် ကျန်တာမလိုအပ်တော့သလိုခံစားရတယ်..ငါငယ်ငယ်လေးကတည်းကခုချိန်ထိ မင်းကသာငါ့အပေါ်နားလည်ပေးနိုင်ဆုံးသူ...
မင်းသိပါတယ်..ငါကအမြဲတမ်းမျက်နှာဖုံးတွေနဲ့နေသားကျနေတဲ့သူ...ဘယ်သူကမှလည်းငါ့ကိုအဆင်ပြေလားမမေးခဲ့ဖူးသလို...ငါကိုယ်တိုင်ကလည်းဘယ်သူ့ကိုမှငါ့ရဲ့ဟန်ဆောင်မျက်နှာဖုံးကိုချွတ်မပြခဲ့ဖူးဘူး....ငါလည်းလူထဲကလူပါပဲ..ဒါပေမယ့်လေ ...ငါကသာအဆင်မပြေဘူးလို့ညည်းညူပြလိုက်ရင်..ဒါမှမဟုတ်သည်းမခံနိုင်ပဲဒေါသထွက်ပြလိုက်ရင်..ဘယ်သူမှငါ့ကိုမလိုချင်တော့ပဲမုန်းသွားမှာကိုကြောက်တယ်....
ဒါပေမယ့်ငါ့အိမ်ကိုသူခိုး၀င်တဲ့နေ့မှာမင်းပြောခဲ့တဲ့စကားကဒီကမ္ဘာပေါ်မှာငါ့ကိုလက်ခံနိုင်တဲ့သူ..ငါ့ကိုနားလည်ပေးနိုင်တဲ့သူရှိသေးပါလားဆိုတာကိုသိလာစေတယ်...
ယောက်ျားမိန်းမဆိုတဲ့လောကနိယာမတွေ..ပညတ်ချက်တွေကိုငါဂရုမစိုက်ဖူး...မင်းသာရှိနေရင်..ပိုင်ထက်မြက်ဆိုတဲ့မင်းသာငါ့နားမှာရှိနေရင်ပေါ့~
ကြောင်နေဆဲပိုင်ဘက်ကိုမျက်နှာချင်းဆိုင်လှည့်လိုက်ကာ..
ပိုင်ငါမင်းကိုချစ်တယ်"
"ဖွားဖွားပိုင်ရဲ့ပထမဆုံးအနမ်းအတွက်ကျွန်တော်သျှားစစ်သွေးအပြည့်အ၀တာ၀န်ယူပါတယ်"
"ဒါပေမယ့်..တစ်ခုတော့ရှိတယ်
နောက်ဆုံးအနမ်းကိုလည်းကျွန်တော်တစ်ယောက်တည်းကိုပဲတာ၀န်ယူခွင့်ပြုရမယ်..ဘယ်လိုလဲပိုင်..မင်းသဘောတူရဲ့လား"
​ဖြည်းညှင်းစွာဖြတ်သန်းတိုက်ခတ်နေတဲ့လေအဝှေ့မှာနီညိုရောင်ဆံနွယ်ဖျော့ဖျော့ကလွင့်ခနဲ..
ထင်းခနဲပေါ်လာသောကြည်လင်ရှင်းသန့်နေပါတဲ့မျက်နှာလေးကဘယ်လိုအကြောင်းကြောင့်နှင့်မျှမျက်နှာတစ်ချက်လွှဲဖယ်နိုင်စရာမရှိ...
ရင့်ကျက်တည်ငြိမ်မှုရဲ့နောက်မှာကပ်ပါလာတဲ့ ခပ်နောက်နောက်အပြုံးတချို့..
သို့ပေသိ..​နှုတ်ခမ်းဖျားမှထွက်သမျှစကားလုံးတိုင်းက အမှန်တရားပါဆိုတာကိုသံသယ၀င်စရာမလိုလောက်အောင် ရှင်းလင်းစွာတွေ့နေရပါသည့် မျက်၀န်းအိမ်...
မျက်ခုံးတစ်ဖက်ကိုအသာပင့်ပီးတည့်တည့်ကြည့်ကာမေးလာတဲ့ထိုလူသားလေးဟာဆေးမမှီတော့သည့်ကျွန်တော့်ကိုဒီ့ထပ်ပိုပီးရူးအောင်များကြံစည်နေလေရော့သလား....
ညဥ့်ကောင်းကင်ယံလိုနက်မှောင်တောက်ပနေပီး..အစဥ်အမြဲရေခဲငွေ့တွေရစ်သိုင်းနေသယောင်အေးစက်စက်မျက်၀န်းနက်တွေကအခုတော့ဖြင့် နွေးထွေးနူးညံ့မှုအပြည့်..
ချစ်ခြင်းတရားရဲ့အရိပ်အယောင်တွေနဲ့ဖုံးလွှမ်းနေတဲ့မျက်၀န်းအိမ်နက်နက်တွေကိုကျွန်တော့်ကိုစနောက်နေပါတဲ့ထိုကောင်လေးထံပါးတည့်တည့်ကြည့်ရင်း...
"ကောင်းပီစစ်သွေး..မင်းငါ့ကိုတစ်သက်လုံးတာ၀န်ယူရမယ်"
"ငါ့ရဲ့ပထမဆုံးကိုယူထားတဲ့အတွက်မင်းကတိတည်ဖို့မျှော်လင့်ပါတယ်"
"aha..ပိုင်ရာ..မသိရင်ပဲငါကအပျိူဖြန်းလေးရဲ့ပထမဆုံးကိုယူမိတဲ့လူယုတ်မာကြီးကျလို့ကွာ
မင်းကတကယ့်ကလေးကြီးကျနေတာပဲ"
"ဘယ်ကလေးကများတစ်ယောက်ယောက်နဲ့နမ်းတာမြင်ဖူးလို့လဲ"
"အဟွတ်...ပိုင်မင်းဘယ်တုန်းကအဲ့လောက်ထိရစ်တတ်သွားတာလဲ"
"စစ်သွေး"
"ပိုင်ပြော"
"မင်းနောင်တရလား"
"ဘာကိုလဲ"
"ငါ့ကိုနမ်းခဲ့မိတဲ့အတွက်"
"ပိုင် မင်းရောနောင်တရလား"
"မရဘူး"
"ဒါဆိုငါကရောဘာလို့နောင်တရရမှာလဲ"
"ဘာလို့လဲ"
"ဘာလို့လဲ??မေးနေစရာလိုသေးလို့လားပိုင်..မင်းဖြစ်နေလို့ပေါ့..ပိုင်ထက်မြက်ဆိုတဲ့ငါချစ်ရတဲ့မင်းဖြစ်နေလို့ပေါ့"
စစ်သွေး...ဒီချီးထုပ်ကောင်လေးဟာလေ ကျွန်တော့်ကိုဘယ်လောက်ထိများပြုစားချင်နေတာပါလိမ့်.....
"aham..ပိုင်.မင်းအဲ့လိုစိုက်ကြည့်မနေနဲ့တော့ ငါနေရခက်လာပီ"
"စစ်သွေး..ငါမင်းကိုချစ်တယ်"
"အင်း..ငါရောပဲ"
**************************
"ဒါနဲ့ပိုင် မင်းငါ့ကိုအစကဘာပြောမလို့လဲ"
"မလိုတော့ဘူး"
"မလိုတော့ဘူး?"
"အင်း"
"အင်းပီးတာပဲ"
စစ်သွေးကျွန်တော့်ကိုအဖြေပြန်ပေးမယ်လို့ပြောတုန်းက..ကျွန်တော်တကယ်ကိုကြောက်နေမိခဲ့တယ်....ဒါပေမယ့်စစ်သွေးကျွန်တော့်ကိုသဘောမကျဘူးလို့ပြောရင်တောင် ကျွန်တော်ကတော့မရရအောင်အတင်းတွယ်ကပ်နေဦးမှာပဲ......
...................................................
"စစ်သွေး..ညနေအိမ်လာမှာမလား"
"အင်း"
"ကျောင်းဆင်းရင်အတူပြန်မယ်"
"အင်း"
*****************************
🎶May be we're perfect strangers
May be it's not forever
May be the night will change us
May be we'll stay together
May be we'll walk away
May be we'll realize
We're only human
May be we don't need no reason 🎶

ချစ်ခြင်းအစမုန်းခြင်းက....
ချစ်ခြင်းအစမြတ်နိုးခြင်းက...
ချစ်ခြင်းအစတွယ်တာခြင်းက...
ဘယ်လိုပဲအဓိပ္ပာယ်တွေသတ်မှတ်သတ်မှတ်
ကျွန်တော့်အတွက်တော့...
ချစ်ခြင်းအစ စစ်သွေးက........
#ပိုင်ထက်မြက်











Seriously?I'm in love with my BFF!!Where stories live. Discover now