Ep 11 Unicode

72 6 0
                                    

2017 April~
သင်္ကြန်အကြိုနေ့~
🎶သင်္ကြန်ရေ လောကကြီးအေးချမ်းကြပါစေ အားလုံးအတွက်နှစ်သစ်ဆုမွန်ကောင်း..တောင်းမယ်🎶
🎶နှစ်သစ်ကူးမှာပိတောက်၀ါလေးတွေပွင့်တော့မည်..ဥသြငှက်တွေတွန်သံကြား လွမ်းသံသရာရှည် တေးသံကြားရာလိုက်ရှာလည်းတို့မတွေ့ပီ..🎶
🎶ရေရေတွေရွှဲကုန်ပီ ရေရေတွေရွှဲကုန်ပီ..ဟော..ဟော..ဟောတော့ ချမ်းလိုက်တာအသဲကိုတုန်ရောရှင်....🎶
အိမ်တိုင်း အိမ်တိုင်းလိိုလို သင်္ကြန်သီချင်းများကိုအပြိုင်အဆိုင်ဖွင့်လို့နေသည်
ကျွန်တော်အိပ်ယာနိုးလို့ကြည့်လိုက်တော့ဘေးနားမှာပိုင်မရှိတော့...
မျက်နှာသစ် သွားတိုက်ပီးအောက်ထပ်ကိုဆင်းခဲ့လိုက်သည်...
ပိုင် ဘယ်သွားနေတာပါလိမ့်...
"စစ်သွေးနိုးပီလား"
အသံကြားလို့ကြည့်လိုက်တော့ မီးဖိုခန်းထဲကထွက်လာတဲ့ပိုင်..
apronကို၀တ်ထားပီး လက်တစ်ဖက်ကလည်းဇွန်းကိုကိုင်ထားသေးသည်~..
"ပိုင် မင်းဘာလုပ်နေတာလဲ"
"ဟင်းချက်နေတာ"
"ငါ မနက်စာစားဖို့တစ်ခုခုသွား၀ယ်လိုက်မယ်လေ မင်းချက်မနေနဲ့တော့ "
"ပိတ်ထားတယ်"
"ဘာပိတ်ထားတာလဲ ?ဆိုင်တွေလား!!!ဟုတ်သားပဲ ဒီနေ့ကအကြိုနေ့ဆိုတော့ဘယ်ဆိုင်မှဖွင့်ကြမှာမဟုတ်ဖူး"
"အဲ့တာဆိုလည်းငါမင်းကိုကူလုပ်ပေးမယ်"
ထိုင်နေ"
ရပါတယ်ပိုင်ရာ ငါကူလုပ်..
"ထိုင်"
"ဟုတ်ကဲ့"
"ဒါနဲ့ပိုင် ဒီနေ့ငါတို့သင်္ကြန်လည်ကြမှာမလား"
"မင်းလည်ချင်လို့လား"
"အေးလေ....ပိုင်..မဟုတ်မှလွဲရောမင်းတစ်နေ့လုံးအိမ်ထဲမှာပဲနေမယ်လို့တော့စိတ်ကူးထားတာမဟုတ်ဖူးမလား"
"အင်း"
"တကယ်ကြီးလား ပိုင်..မင်းမပျင်းဘူးလားကွာ
အပြင်မှာဆိုဘယ်လောက်ပျော်စရာကောင်းလဲ
ပီးတော့ ဗဟိုမဏ္ဍပ်မှာ အဆိုတော်တွေလာဖျော်ဖြေကြမှာ .."
"TVကနေကြည့်လို့ရတယ်"
(=_=))...
"ကျွန်တော်မှားတာပါဖွားဖွားပိုင်ကိုအပြင်ထွက်လည်ဖို့ပြောတဲ့ကျွန်တော်ပဲမှားတာ မင်းဘာလို့အမေတို့နဲ့တရားစခန်းတစ်ခါတည်းလိုက်မသွားတာလဲ"
"မင်းရှိနေလို့"
"ကျေးဇူးတင်လိုက်တာဗျာ:´)"
*****************
"စားလို့ရပီ"
ဟင်းပန်ကန်တွေကိုစားပွဲပေါ်တစ်ခုချင်းချရင်းကြည့်လိုက်တော့ ထမင်းစား စားပွဲနားကနေပျောက်သွားပီး TVရှေ့ဘယ်တုန်းကတည်းကရောက်သွားလည်းမသိတဲ့စစ်သွေး..
"စစ်သွေး ဘာလုပ်နေတာလဲ"
"မင်းပဲ သင်္ကြန်မလည်ဘူးဆို အဲ့တာကြောင့် TVထိုင်ကြည့်နေတာ"
"ထမင်းလာစား"
"ဗိုက်မဆာဘူး"
"စစ်သွေး"
"မင်းပဲစားတော့ ငါမစားသေးဘူး"
"အင်း"
ဘယ့်နှယ့်ဗျာ.. သင်္ကြန်ပါဆိုအပြင်ထွက်မလည်ပဲ အိမ်မှာပဲနေပီးTVပဲကြည့်နေရလို့ကတော့ ပျင်းသေလိမ့်မယ်
ပိုင်များထမင်းစားဖို့ထပ်ခေါ်မလားလို့ နားစွင့်နေပေမယ့် အသံထပ်မကြားရတော့..
လှည့်ကြည့်လိုက်တော့ တစ်ယောက်တည်းထမင်းထိုင်စားနေတဲ့ပိုင်!စားပီးတော့ အပေါ်ထပ်ကိုတက်သွားလေသည်..
အတန်ကြာသည်အထိ ထမင်းစားဖို့ထပ်မခေါ်တော့ ဗိုက်ဆာဆာနဲ့TVပဲထိုင်ကြည့်နေလိုက်တော့သည်...
ဒီပိုင်ကမတွေ့ရတဲ့အတောအတွင်းတော်တော်ကိုအကျင့်မ​ကောင်းလာတာပဲ!
ခဏနေတော့ အပေါ်ထပ်ကနေဆင်းလာတဲ့ပိုင်..
အဖြူနှင့်အနက်အစင်းကြောင်းရှပ်အင်္ကျီကိုဂျင်းဘောင်းဘီအနက်ထဲထည့်၀တ်ထားကာ ရေချိုးပီးကာစသိပ်ခြောက်ပုံမရသေးသောဆံပင်ကိုလည်း အနည်းငယ်ဖွထားသည်
ဘာမှမလိမ်းထားပါပဲ နဂိုကြည်လင်ရှင်းသန့်နေတဲ့အသားအရည် စူးရှတောက်ပတဲ့မျက်၀န်းနက်တွေနဲ့ ဖြောင့်တန်းသွယ်လျနေတဲ့နှာတံ အေးစက်စက်နှုတ်ခမ်းပါးတစ်စုံနဲ့ပိုင်ကအခုမှပင် first yrကျောင်းသားတစ်ယောက်ရဲ့နုပျိုလန်းဆန်းမှုကိုတွေ့ရတော့သည်~
"မင်း ဘယ်သွားမလို့လဲ"
"သင်္ကြန်လည်မလို့"
"သြော်သင်္ကြန်လည်...ဘာ သင်္ကြန်လည်မလို့ဟုတ်လား!!"
"အင်း"
သင်္ကြန်လည်မလို့ဆိုတဲ့စကားကြောင့် TVကြည့်နေတဲ့ဆိုဖာပေါ်ကနေအတင်းကျော်တက်လာပီး
ကျွန်တော့်နားကိုရောက်ချလာတဲ့စစ်သွေး
"ပိုင် မင်းပဲပြောတော့သင်္ကြန်မလည်ဘူးဆို"
"အခုလည်ချင်လာလို့"
"ပိုင် ငါလည်းလိုက်မယ်"
"အင်း"
"yeah!love u bae​ အင်္ကျီသွားလဲလိုက်ဦးမယ် ခဏစောင့်ဦး"
ပြောပီးပီးချင်းအပေါ်ထပ်ကိုအပြေးတက်သွားမလို့ပြင်နေတဲ့စစ်သွေး​ကိုအမြန်တားလိုက်ပီး
"ဒါပေမယ့်"
"ဒါပေမယ့်??ပိုင်မင်းပဲလည်လို့ရတယ်ဆို.."
"ထမင်းအရင်ဆုံးစား"
"ugh!!ok ok  ကောင်းကောင်းစားပါ့မယ်ဗျ"
သင်္ကြန်ကိုဘယ်လောက်တောင်လည်ချင်နေလဲမသိတဲ့စစ်သွေးက အခုတော့၂ခါမပြောရဘဲ ထမင်းကိုထိုင်စားနေတော့သည်
"စားပီးပီ အင်္ကျီသွားလဲတော့မယ် ပိုင်ငါ့ကိုစောင့်ဦးနော် တစ်ယောက်တည်းမသွားနဲ့  တော်ကြာလူဆွဲခံရနေမယ်"
"မလိုက်ချင်တော့ဘူးလား"
"လိုက်မှာ လိုက်မှာ မင်းကလည်းစိတ်ကြီးပဲ ခဏစောင့်"
********************
"ပိုင်"
အဖြူရောင်ရှပ်အင်္ကျီ​ပေါ်မှာ အနက်ရောင်လက်တိုအင်္ကျီကိုထပ်၀တ်ထားပီး အနက်ရောင်ဘောင်းဘီတိုနှင့်တွဲဖက်၀တ်ဆင်ထားသည်..ဖြူဥနေတဲ့အသားအရည်ဖွေးနုနုက အနက်ရောင်၀တ်စုံကြောင့်ပိုပီးထင်းလင်းနေသည်
ရေစိုခံဖုန်းထည့်သည့်အိတ်ကိုလည်းလည်ပင်း၌ချိတ်ဆွဲကာထားသေးသည်
မက်မွန်သီးသဖွယ်မျက်၀န်းအိမ်လေးအပေါ်အနည်းငယ်ဖုံးနေသောခဲနုရောင်ဆံပင်လေးကိုလက်နဲ့အသာသပ်တင်ရင်း 
"ပိုင်သွားကြစို့"
အင်း"
'ဒါနဲ့ ပိုင် နှစ်ဆန်း၁ရက်နေ့ကြရင် သီဟိုဠ်ရှင်ဘုရားသွားပီးရေသပ္ပာယ်ရအောင်"
"အင်း"
************************
🎶လောင်းလိုက်တော့ချမ်းချမ်းချမ်း ရင်တွေတုန်တုန်တုန် တီးပါဗုံဗုံဗုံ..ရေစိုစိုတန်ခူးလမှာ...🎶
မြို့တစ်ပတ်ရေပတ်ခံပီး အခုဗဟိုမဏ္ဍပ်အရှေ့ရောက်နေတာဖြစ်သည်...
စင်ပေါ်ကအဆိုတော်ကလည်းအားကြိုးမာန်တက်ဖျော်ဖြေနေသလို မဏ္ဍပ်ရှေ့ကလူအုပ်ကြီးကလည်းအခုအချိန်ထိ မမောနိုင်မပန်းနိုင် တက်ကြွနေကာ "နောက်တစ်ပုဒ်"ဟုအော်ဟစ်နေကြသည်
ဘယ်နေရာကြည့်ကြည့်ရှုပ်ရှတ်ခတ်နေတဲ့လူအုပ်ကြီးနဲ့ ဆူညံနေတဲ့သီချင်းတွေကြောင့်ခေါင်းတွေတောင်မူးချင်လာသလိုပဲ
နဂိုကတည်းကတစ်ယောက်တည်းသာသီးသန့်နေတတ်သူမို့ အခုလိုလည်ဖို့နေနေသာသာ..အိမ်ထဲကအိမ်ပြင်တောင်မထွက်....
ဘေးနားကစစ်သွေးကိုကြည့်လိုက်တော့...
ရေစို၍အချောင်းလိုက်ကျနေသောခဲနုရောင်ဆံပင်တို့ကြားဖြူဥနေတဲ့မျက်နှာလေးကားအထင်းသားပေါ်နေသည်
နှာတံချွန်ချွန်လေးနဲ့နှာထိပ်လုံးလုံးလေးကားအနည်းငယ်နီရဲနေပီး နှုတ်ခမ်းပါးတစ်စုံကအအေးဒဏ်ကြောင့်အနည်းငယ်တုန်နေသည်..
မျက်နှာပေါ်တင်နေသောရေစက်တို့ကိုလက်နဲ့သပ်တင်ရင်းစင်ပေါ်က​ဖျော်ဖြေနေသောသီချင်းကိုလိုက်ဆိုကာပျော်ရွှင်နေပုံရသည့်စစ်သွေးကြောင့်  အခုလိုသင်္ကြန်လည်ရတာလည်းအဲ့လောက်ကြီးအခြေအနေမဆိုးတော့သလိုပင်..
Ti Ti Ti📱📱📱
Ti Ti Ti📱📱📱
ဖုန်းမြည်သံလိုလိုကြားလို့လိုက်ရှာကြည့်တော့ စစ်သွေးရဲ့လည်ပင်းမှာဆွဲထားတဲ့အိတ်ထဲကနေအသံကုန်မြည်နေတဲ့ဖုန်း..
"စစ်သွေး ဖုန်းလာတယ်"
🎶Woww...!Fantastic baby...DaNcE ...🎶
"ဟမ်.."
စင်ပေါ်ကသီချင်းသံကလည်း အရှိန်ကောင်းစွာဖြင့် ပို၍ကျယ်လောင်လာသည်..
🎶I wanna dance dance dance dance dance..🎶
"စစ်သွေး...ဖုန်း"
"ugh!!ok ok"
Hello!📞
Hello!📞
ဟုတ်ပါတယ် ဘယ်သူလဲမသိဘူးဗျ~📞
ugh!ပန်?📞
ဟုတ်လား ဘယ်နားမှာလဲ📞
ခဏ...📞
ughတွေ့ပီ ok ok ကိုယ်လာခဲ့မယ်📞
"ပိုင်"
"အင်း"
"ဟိုနားသွားရအောင်"
နဂိုကတည်းကလူရှုပ်တဲ့နေရာကိုသိပ်မကြိုက်တာမို့ စစ်သွေးကခုလိုပြောလာတော့ကွက်တိပဲဖြစ်သွားသည်
"အင်း"
စစ်သွေးခေါ်လာတဲ့မဏ္ဍပ်ရဲ့ဘေးနားမှာရှိတဲ့ ကော်ပြန့်လိပ်ဆိုင်ကိုရောက်တော့
ရွှေအိုရောင်ဆံနွယ်လေးတွေကိုချထားကာ အ၀ါနဲ့အစိမ်းစပ်ထားတဲ့ မြန်မာအင်္ကျီလေးကို၀တ်ဆင်ထားသည့် မိန်းကလေးကကျွန်တော်တို့ရှိရာသို့လျှောက်လာသည်..
"စစ်"
သြော် ဟိုနေ့ကဘုရားမှာတွေ့တဲ့တစ်
ယောက်ပဲ..
"ပန်...တစ်ယောက်တည်းလား"
မဟုတ်ဖူး စစ် သူငယ်ချင်းတွေပါတယ်
လာလေ စစ်.."
"အင်း ပိုင်လာ"
စားပွဲခုံနားရောက်တော့ ထိုကောင်မလေးကသူ့သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးလေသည်
"စစ် ဒါပန့်သူငယ်ချင်းတွေလေ သော်တာ သွန်း သီဟနဲ့ ခန့်ဇင် "
"အားလုံးပဲတွေ့ရတာ၀မ်းသာပါတယ် ကိုယ်ကသျှားစစ်သွေးပါ"
"တွေ့ရတာ၀မ်းသာပါတယ် မိပန်ကလေ စစ်သွေးအကြောင်းပဲတောက်လျှောက်ပြောနေတော့ လူမမြင်ရသေးခင်တောင် တော်တော်ရင်းနှီးနေပီ "
"အဟုတ်ပဲ..အစကတော့မိပန်မကအပိုတွေပြောနေတယ်လို့ထင်နေတာ အခုမှပဲ အပိုတွေမဟုတ်မှန်းသိတော့တယ် စစ်သွေးကလေ ပန်ပြောတာထက်ကိုပိုချောနေတယ်"
"အဟား..မဟုတ်ရပါဘူးဗျာ အဲ့လောက်ထိမမြှောက်ကြပါနဲ့ ဒီ၀ိုင်းကိုလည်းကျွန်တော်ရှင်းပါ့မယ်"
"မဟုတ်ပါဘူးရှင် တကယ်ပြောတာပါ"
ကျွန်တော့်ဘေးနားမှာထိုင်နေသောပိုင်ကတော့အခုထိစကားတစ်လုံးတောင်၀င်မပြောပဲ အခါတိုင်းလိုပဲအေးစက်စက်ရေခဲရိုက်မျက်နှာထားနှင့်ပင်...
သူစိမ်းတွေနဲ့မပတ်သတ်ချင်တဲ့ပိုင့်အကြောင်းကိုသိတာမို့ ဒီအတိုင်းသာထားလိုက်တော့သည်
ပန့်သူငယ်ချင်းကောင်မလေးတွေကတော့ရင်းရင်းနှီးနှီးပြောဆိုကြပေမယ့် ခန့်ဇင်ဆိုတဲ့တစ်ယောက်ကတော့ကျွန်တော့်ကိုသိပ်ကြည်ပုံမရ....
ခဏနေတော့ ထိုတစ်ယောက်ကထသွားပီး ဘယ်နားကယူချလာလည်းမသိသော Alcohol 3ပုလင်းသယ်ချလာသည်
"ခန့်ဇင် နင်ဒါဘာလုပ်တာလဲ
"ဘာမှမဟုတ်ပါဘူး ပန်ရာ ငါတို့ယောက်ျားလေးအချင်းချင်းမိတ်ဖြစ်ဆွေဖြစ်သောက်မလို့ပါ"
ထို့နောက်ကျွန်တော့်ဘက်ကိုလှည့်လာပီး
"မင်းသောက်နိုင်တယ်မလား"
"ခန့်ဇင် တော်တော့!"
"ပန် အသာနေစမ်းပါဟာ.."
"ဘာလဲ မင်းမသောက်နိုင်ဘူးလို့တော့မပြောနဲ့နော်"
ခနဲ့သလိုရွဲ့သလို​ပြောလာသောထိုသကောင့်သားကိုကြည့်မရတော့၍
"ok လေသောက်ကြတာပေါ့"
စစ် "
"စစ်သွေး!
"ရတယ်ပိုင် ငါအဆင်ပြေတယ်"
ထို့နောက် ကျွန်တော်ကပဲအရင် ခွက်ထဲထည့်လိုက်ပီး မော့သောက်လိုက်သည်
************************
"bro..မင်းသောက်နိုင်သားပဲ"
"မင်းရောပါပဲ bro"
"ငါတို့ နောက်နေ့ထပ်ချိန်ပီးသောက်ကြမယ် Bro"
"Ok..Bro"
စောစောကတင် အခြေအနေမကောင်းသောလေထုကခုတော့ဖြင့် Broချည်းထပ်နေတော့သည်
သီဟကမူးနေသောခန့်ဇင်ကိုတွဲရင်း
"ခန့်ဇင်သွားရအောင် ထတော့"
"စစ်..အဲ့တာဆိုပန်တို့သွားတော့မယ် ထွက်လာတာလည်းနည်းနည်းကြာနေပီဆိုတော့ အိမ်ကစိတ်ပူနေမှာစိုးလို့ နောက်မှဖုန်းဆက်လိုက်မယ်"
"ok ပန် bye"
ပန်ဆု၀တီတို့ထွက်သွားတော့မှကျွန်တော့်ပေါ်မှီကျလာတဲ့စစ်သွေး
"စစ်သွေး သတိထားဦး မသောက်နိုင်ပဲနဲ့ဘာလို့သွားပြိုင်သောက်တာလဲ"
"မိန်းကလေးတစ်ယောက်ရှေ့မှာတော့မျက်နှာ အပျက်ခံလို့မဖြစ်ဖူးလေပိုင်ရာ
"Ugh! sh*tဟိုတစ်ယောက်ကတော်တော်သောက်နိုင်တာပဲကွာ"
"စစ်သွေး လာဒီနား"
လူရှင်းတဲ့ထောင့်ဖက်တစ်နေရာဘက်ကိုစစ်သွေးကိုတွဲခေါ်လာခဲ့လိုက်သည်
"ခေါင်းတွေမူးနေလား အန်ချင်နေလား
အဆင်ပြေရဲ့လား စစ်သွေး"
"ခဏအမူးပြေအောင်နားပီးအိမ်ပြန်ရအောင် နောက်ခါဆိုမင်းကိုလုံး၀မသောက်ခိုင်းတော့ဘူး"
"ပိုင်ရာ...ငါ အဆ င် ပြေ.."
"sry..broတို့  . .အေ့ .ဒီမှာ.တင်း တယ် တင်း တယ် တင်းတယ် တင်းတယ် ဟေ့"
လမ်းကြားထဲကနေထွက်လာတဲ့မူးနေတဲ့ကောင်လေးတစ်ယောက်က စစ်သွေးကိုတွဲရင်းရပ်နေတဲ့ကျွန်တော့်ကို၀င်တိုက်သွားလေရာ လူကဟန်ချက်ပျက်သွားပီး..
မထင်မှတ်ထားပါပဲကျွန်တော့်ရဲ့နှုတ်ခမ်းနဲ့စစ်သွေးရဲ့နှုတ်ခမ်းပါးတစ်စုံကထိကပ်သွားတော့သည်..
ဒုတ်..ဒုတ်..ဒုတ်...
ထိုအခိုက်အတန့် ဘေးနားမှာကြားနေရတဲ့သီချင်းသံတွေရော ဆူညံနေတဲ့လူသံတွေရော အကုန်ရပ်တန့်သွားပီး
ကျွန်တော့်ရဲ့မျက်နှာနားမှာနီးကပ်နေတဲ့စစ်သွေးရဲ့အသက်ရှူသံတိုးတိုးလေးသာကြားနေရတော့သည်
ဒုတ်..ဒုတ်..ဒုတ်..
ထွက်ပေါ်လာတဲ့နှလုံးခုန်သံတွေကလည်းစည်းချက်မမှန်ချင်တော့...
ထိကပ်နေတဲ့နှုတ်ခမ်းပါးလေးကိုအသာဖယ်ခွာလိုက်ရင်း
"ဆော..ဆောရီး စစ်သွေး..ဟိုလူကတိုက်.."
ထို့နောက် ကျွန်တော့်ရဲ့မျက်နှာထက်ကိုလှမ်းလာတဲ့စစ်သွေးရဲ့လက်ဖ၀ါးလေး...
ပီးတော့...တစ်ဖန်ပြန်ထိကပ်သွားပါသော နှုတ်ခမ်းပါးနှစ်စုံ....
ဒုတ် ~ဒုတ် ~ဒုတ်~
ဒုတ်~ဒုတ်~ဒုတ်~
ဖယ်ခွာသွားပီဖြစ်သည့်တိုင် ယခုထိမှင်သက်အံ့သြမိနေဆဲ မီးရထားတစ်စင်းဖြတ်မောင်းနေသလို အဆက်မပြတ်ခုန်လှုပ်နေသောနှလုံးခုန်သံကလည်းကျယ်လောင်စွာမြည်ဟီးနေဆဲ.....
မသိလိုက်ပါပဲကိုယ့်နှုတ်ခမ်းကိုအသာထိတို့ကြည့်မိတော့ ဖယ်ခွာသွားပီဖြစ်သောနှုတ်ခမ်းပါးလေးရဲ့အထိအတွေ့အနမ်းငွေ့ငွေ့ကယခုထိကျန်ရှိနေဆဲ...
အမူးသမားလေးကတော့ ဘာမှမဖြစ်သွားသယောင်ပုံမှန်အတိုင်းစကားတွေဆက်ပြောနေလေသည်..
ကျယ်လောင်နေသောရင်ခုန်သံတွေကြားမှင်သက်မိနေတော့ စစ်သွေးပြောတဲ့စကားတွေကနားထဲကြားတစ်ချက်မကြားတစ်ချက်..
"ပိုင် မင်းသိလား...ငါလေ အမြဲတမ်းအဆင်ပြေတယ်လို့ဟန်ဆောင်နေရတာပင်ပန်းနေပီ
ငါ့ကိုလူတွေကသဘောမကျကြမှာ မုန်းကြမှာကိုငါအရမ်းကြောက်တယ် အဲ့တာကြောင့် ဘာပဲဖြစ်ဖြစ်ငါသည်းခံပီးနေနေတာ
ဒါပေမယ့် မင်းရှေ့မှာဆိုရင်လေ ငါဟန်ဆောင်စရာမလိုဘူး
အမြဲတမ်းအေးစက်စက်နေတတ်တဲ့ပိုင်ကဘယ်လောက်နွေးထွေးတတ်တဲ့လူသားလည်းဆိုတာငါသိတယ်"
"ပီးတော့ပထမဆုံးအကြိမ်အဖြစ် ချစ်ခြင်းတရားနဲ့နွေးထွေးမှုကိုမင်းနဲ့မှခံစားမိခဲ့တယ်
ပိုင် ...မင်းကိုငါ..."
ပြောလို့မပီးခင်ကျွန်တော့်အပေါ်သို့မှောက်ကျသွားပြန်တဲ့စစ်သွေး
"စစ်သွေး"
"စစ်သွေး"
ဒီအမူးသမားလေးကတော့လေ...
ပခုံးထက်မှီကျသွားသောကောင်ငယ်လေးကိုကြည့်ပီးခေါင်းအသာယမ်းကာပြောနေပေမယ့် အေးစက်စက်နှုတ်ခမ်းပါးထက်မှာတော့ အပြုနုလေးတချို့ကတွဲခိုလျက်သား....
************************
Ti Ti Ti📲
Ti Ti Ti📲
Ugh! ကျစ် ခေါင်းတွေမူးလိုက်တာ
အမြဲတမ်းAlcoholသောက်ပီးတိုင်းဘာတွေဖြစ်ခဲ့လဲဆိုတာမေ့သွားတတ်သည့်အကျင့်ကတော်တော်ဆိုးသည် .
အိပ်ယာဘေးနားကိုကြည့်လိုက်တော့ပိုင်မရှိတော့
အောက်ထပ်မှာတစ်ခုခုချက်နေပုံရသည်~
နားထင်ကိုလက်တစ်ဖက်နဲ့အသာဖိရင်း မြည်နေတဲ့Ph ကိုကောက်ကိုင်လိုက်သည်
Hello📞
သျှားစစ်သွေး!!📞
မေမေ!📞




































Seriously?I'm in love with my BFF!!Where stories live. Discover now