📞Hello~
hello မေမေ~
သားစာမေးပွဲဖြေနိုင်လား~
ဖြေနိုင်ပါတယ်~
မေမေမနက်ဖြန်ကားလွှတ်လိုက်မယ်~
ကျွန်တော်..
ဘာဖြစ်လို့လဲ သူငယ်ချင်းတွေနဲ့လည်ချင်သေးလို့လား အဲ့တာဆိုတစ်ရက်လည်လေ သဘက်ခါမှလွှတ်လိုက်မယ်~
ကျွန်တော်..projectလုပ်စရာရှိတယ်~
project?
ဟုတ်..
အခုမှFirst yrပဲရှိသေးတာကို projectရှိတယ်ပေါ့~
တစ်ဖက်ကထွက်ပေါ်လာတဲ့အမေ့အသံအရကျွန်တော်ပြောတာကိုမယုံသည်မှာအထင်အရှား..
မြွေလိမ်မြွေကောက်များတဲ့စီးပွားရေးလောကကိုတောင်မှခြေဆန့်လာတဲ့အမေ့အတွက်တော့ ကျွန်တော့်ရဲ့မဖြစ်စလောက်အလိမ်အညာလေးကဟာကွက်တွေများနေမှာတော့အမှန်..
ဒါပေမယ့်လည်းမတတ်နိုင်..
နောက်တစ်ခါဆိုတာမသေချာ..
ဒီတစ်ခေါက်အခွင့်အရေးကိုအသေအချာဖမ်းဆုပ်ရမည်...
ကျွန်တော်ဒီမှာကျောင်းလာတက်နေတဲ့အချိန်လေးပဲလွတ်လပ်မှုကိုခံစားခွင့်ရှိသည်..
mdyမှာဆို အိမ်ထဲကအိမ်ပြင်ထွက်ရင်တောင် body guard 2ယောက်လောက်ကအမြဲတမ်းပါနေတာ စိတ်ရှုပ်စရာကောင်းလွန်းသည်..
ကျွန်တော်၁၀တန်းနှစ်မှာaccidentဖြစ်ပီးကတည်းကအမေတို့ကအရင်ကထက်ပိုပီးတင်းကျပ်လာကြသည်...
ကျွန်တော့်ကိုအရင်ကပစ်ထားသလိုဖြစ်သွားတဲ့အတွက်တောင်းပန်ပါတယ်တဲ့ အရင်ထက်ပိုပီးဂရုစိုက်ပေးပါ့မယ်တဲ့..
ကျွန်တော်လေ..အမေတို့အဲ့လိုကတိပေးတုန်းကဆိုရင် ယုံမိတော့မလိုတောင်ဖြစ်သွားတယ်..
Ahak!အမေတို့ပေးတဲ့ဂရုစိုက်မှုနွေးထွေးမှုဆိုတာ အိမ်ထဲကအိမ်ပြင်ဘယ်မှမထွက်ခိုင်းတာလား ..
ဘယ်သွားသွားBody guardတွေနဲ့သွားရတာကိုလား..
ကျွန်တော်လိုချင်တာက မိသားစုနဲ့အတူထမင်းလက်ဆုံစားချင်ယုံလေး ကျွန်တော့်မွေးနေ့ပွဲကိုအတူဆင်နွှဲခွင့်ရချင်ယုံလေးပါ..ဒီလောက်ပါပဲ..
ထားတော့ အရင်ကတည်းကမရခဲ့တဲ့နွေးထွေးမှုတွေကြင်နာမှုတွေကိုအခုချိန်ကျမှလည်းမက်မက်မောမောမလိုချင်တော့ပါဘူး..သူတို့ပေးတဲ့အချိန်ယူလိုက်မယ်..
မပေးရင်လည်း..မပေးတဲ့အတိုင်းပဲပေါ့....
okလေ မေမေသားကိုယုံပါတယ် ~
အမေကျွန်တော့်ကိုယုံသွားတာလား?
Projectကဘယ်နှစ်ရက်လုပ်ရမှာလဲ
တစ်ပတ်~
ကောင်းပီလေ ကျန်းမာရေးဂရုစိုက်သား
ဟုတ်~📞
"စစ်သွေး မင်း projectရှိတာလား"
ဘေးနားမှာထိုင်ပီး ဖုန်းကြည့်နေတဲ့လင်းမြတ်ကကျွန်တော့်ဘက်ကိုလှည့်ပီးမေးလာသည်~
"မရှိပါဘူး"
"မရှိဘူး??ဒါဆို.."
"အင်း ငါလိမ်လိုက်တာ"
"Ugh..ဒါနဲ့မင်း..ဘာလုပ်စရာရှိလို့လဲ ငါမင်းနဲ့အတူတူဒီမှာနေပေးရမလား..အဲ့တာဆိုခဏနေဦး ငါလက်မှတ်ဖြတ်ထားတာcancelလိုက်ဦးမယ်"
"အာ..ချီးထုပ်ကောင်လင်းမြတ် မင်းကလည်းဇွတ်ကွာ. ငါကဒီမှာမနေဘူး တခြားသွားမှာ"
"တခြား?"
"အင်း.."
"မင်းဘယ်ကို.."
"ငါ ပိုင့်ဆီသွားမလို့"
အပြုံးလေးတစ်ပွင့်နဲ့ပြောလာတဲ့စစ်သွေး..
*ပိုင်ထက်မြက်* အမြဲတမ်း စစ်သွေးနှုတ်ကထွက်လာသမျှစကားလုံးတိုင်းကပိုင်ထက်မြက်တဲ့လေ
ahak!မထူးဆန်းတော့ပါဘူး..စစ်သွေးအိမ်ကိုတောင်လိမ်တဲ့အထိလုပ်နိုင်တာပိုင်ထက်မြက်ကြောင့်ဆိုရင်ဘာမှမထူးဆန်းတော့ပါဘူး...
"Aww ငါအပြင်သွားမလို့ မင်းဘာမှာဦးမလဲ"
"ငါမမှာတော့ဘူး..ဒါနဲ့...မင်းးး"
ကျွန်တော့်ပခုံးပေါ်လက်တစ်ဖက်တင်လာပီး ပြုံးစစနဲ့ပြောလာတဲ့စစ်သွေး..
"ငါ?ဘာဖြစ်လို့လဲ"
"ထူးထူးဆန်းဆန်း အပြင်တွေဘာတွေထွက်မလို့ဆိုတော့ အိမ်မပြန်ခင်ကောင်မလေးနဲ့သွားတွေ့မလို့မလား..ဟုတ်တယ်မလား"
"ငါတို့လင်းမြတ်ကဒီလောက်ချောတာ အရပ်လည်းရှည်တယ် bodyလည်းတောင့်တယ်..စိတ်သဘောထားကလည်းကောင်းပီးကြင်နာတတ်တယ်
ငါတို့ရဲ့ ဆေးကျောင်းသားကောင်ချောလေးလင်းမြတ်ကိုဘယ်လိုမိန်းကလေးကများပိုင်ဆိုင်သွားတာလဲတကယ်သိချင်လာပီ..နောက်ခါ သေချာပေါက်ငါနဲ့မိတ်ဆက်ပေးနော်.. "
စစ်သွေးကသိပ်နောက်တတ်တယ် ကျွန်တော့်ရဲ့မျက်၀န်းတွေဟာအမြဲတမ်းသူ့ဆီမှာသာတည်ရှိနေမှန်းကျွန်တော့်ရဲ့နှလုံးသားငယ်ဟာသူနဲ့မှခုန်တတ်မှန်းတော့မသိပါပဲ..ကျွန်တော်သဘောကျတဲ့သူဟာဘယ်သူမှန်းသိချင်နေတယ်..
"တော်ပီ..စစ်သွေးမနောက်နဲ့တော့ ငါ့မှာဘယ်ကောင်မလေးမှမရှိဘူး အခုကသူငယ်ချင်းတွေနဲ့မပြန်ခင်သွားတွေ့မလို့..မင်း တစ်ခုခုစားချင်တာရှိရင် ငါ့ကိုphဆက်လိုက်"
"ok ok "
"ဒါနဲ့ မင်းစောစောပြန်လာမလား.ငါတို့ညစျေးပတ်ရအောင် ..."
"ကောင်းပီလေ..ငါစောစောပြန်လာခဲ့မယ် "
"အင်း"
**************************
Test 1အပီး aprilတစ်လပိတ်တာမို့ အိမ်ကိုမပြန်ခင် သူငယ်ချင်းတွေကတွေ့ကြရအောင်ဆိုလို့ ထွက်လာခဲ့တာ ဖြစ်သည်
"လင်းမြတ် မင်းကလည်းစကားလေးဘာလေးပြောပါဦးကွ "
"အေးလေကွာ တစ်လကြီးတောင်ခွဲရမှာကို မင်း ငါတို့ကိုမလွမ်းဘူးလား ဟမ် ဟမ်"
"ရုပ်ကြမ်းကြီးနဲ့နွဲ့နေပြန်ပါပီကွာ"
"ဒါနဲ့ လင်းမြတ်"
"ပြောလေ သော်ဇင်"
"မင်းကောင်မလေးမရှိသေးဘူးမလား"
"ကောင်မလေးလား?မရှိဘူး ဘာလို့လဲ"
"ငါ့သူငယ်ချင်းတစ်ယောက်ကမေးခိုင်းလို့ပါကွာ တကယ်လို့မင်းကောင်မလေးမရှိသေးရင် တွေ့ကြည့်ပါလား သူ့accငါမင်းကိုပေးမယ်"
"တော်ပါပီကွာ"
"ဘာလို့လဲကွ သူကချောပါတယ်ဟ"
"နေပါစေကွာ ငါပြန်တော့မယ်သားကြီးတို့"
"ဟျောင့် အစောကြီးပဲရှိသေးတာကိုပြန်တော့မလို့လား ပြောတော့ကောင်မလေးမရှိဘူးဆိုပီး ခွေးကောင်"
လက်ထဲကဖုန်းကိုအသာလှုပ်ရမ်းပြလိုက်ရင်း
"သားကြီးတို့နောက်မှphဆက်လိုက်မယ် သွားပီ" ဘေးနားကဟိုကောင်တွေရဲ့ဆဲမှုရေးရာအဖြာဖြာတွေကိုလစ်လျူရှုပီးထားခဲ့လိုက်တော့သည်...
အဆောင်ပြန်ရောက်တော့ ခုမှရေချိူးပီးပုံရတဲ့စစ်သွေးက ခဲရောင်တီရှပ်လေးနဲ့ ဘောင်းဘီတိုလေးကို၀တ်ထားပီး ခေါင်းသုတ်နေရင်းထွက်လာသည်
"လင်းမြတ် ပြန်လာပီလား ငါက7နာရီလောက်မှပြန်လာမယ်ထင်လို့ ငါရေချိုးပီးလို့တော်သေးတာပေါ့ကွာ..သွားကြမယ်လင်းမြတ်"
ဆံပင်ရေစိုကြီးနဲ့အပြင်ထွက်မလို့ပြင်နေတဲ့စစ်သွေး..
နေ့ခင်းဘက်အချိန်တွေဆိုအကြောင်းမဟုတ်ပေမယ့်..ညဘက်တွေမှာတော့ လေအေးတွေတိုက်တတ်တာမို့ အအေးပတ်မှာစိုးရသည်..
"နေဦးလေကွာ ဆံပင်လေးတော့ခြောက်အောင်သုတ်ပါဦး"
"ရပါပီကွ မလိုပါဘူး သွားမယ်"
"ဟာကွာ မင်းကတော့တကယ့်ငဂျစ် လာဒီနား"
"မလာပါဘူး"
"ရော် လာပါဆို ...ညဘက်ဆိုတော့ လေနည်းနည်းအေးတယ် မင်းဖျားလိမ့်မယ်နော်"
"မလာဘူး"
ပြောလည်းပြောအပြင်ထွက်ဖို့ပြင်နေတဲ့စစ်သွေးကြောင့်
"မင်းဖျားရင်..မင်းရဲ့ပိုင်ဆီသွားလို့မရပဲနေလိမ့်မယ်...ဒါကြောင့်....ဒါကြောင့်အနွေးထည်လေးတော့ထပ်၀တ်ခဲ့လိုက်ပါကွာ...."
ပိုင်ထက်မြက်ဆိုတဲ့နာမည်ကြားလိုက်ယုံနဲ့ တံခါးဝနားရောက်ခါနီးစစ်သွေးကချက်ချင်းရပ်တန့်သွားပီး..နောက်ကိုပြန်လှည့်လာကာ အနွေးထည်တစ်ထည်ကိုကောက်၀တ်လိုက်လေသည်
"ပီးပီ သွားမယ် လင်းမြတ်"
ughh ရင်တွေနာလိုက်တာ...
ရင်ဘက်တစ်ခုလုံးစုတ်ပြတ်သပ်သွားသလိုပဲ...
မပြိုင်ရခင်တောင်ရှုံးနိမ့်မှုရဲ့ဒဏ်ကိုအလူးအလဲခံစားနေရပီ..
ကျွန်တော်သာ..ကျွန်တော်သာ စစ်သွေးကိုအရင်တွေ့ခဲ့မိရင်သိပ်ကောင်းမှာပဲဗျာ...
*******************************
ညစျေးကသိပ်တော့ထွေထွေထူးထူးမရှိပါဘူး ဒီကောင်လေးဒီလောက်အပျင်းကြီးတာ ဒီနေ့မှဘာစိတ်ကူးပေါက်ပီး သွားချင်ရတာလဲမသိ
"လင်းမြတ်"
"အင်း"
"ငါ မင်းကိုပြောစရာရှိတယ်"
ဘေးနားကကောင်လေးကိုကြည့်လိုက်တော့ အတည်ပေါက်ကြီးပြောနေတဲ့ပုံစံကြောင့်
"အင်း စစ်သွေး.ငါနားထောင်နေတယ်"
"မင်းသိလား..တကယ်တော့ ငါengineerကို၀ါသနာမပါဘူး..aha ပြောရမယ်ဆိုရင် ငါဘာ၀ါသနာပါမှန်းတောင်ကိုယ့်ကိုကိုယ်မသိပါဘူး"
"ဒါဆိုမင်းဘာလို့တက်တာလဲ"
"ဘာလို့လဲဆိုတော့ ပိုင်ကကြီးလာရင်engineerဖြစ်ချင်တာတဲ့..ငါ.ပိုင်နဲ့အတူတူကျောင်းတက်ချင်တယ်"
ကျွန်တော်ဘာမှမတုံ့ပြန်မိ...နာကျင်လွန်းလို့ ပါးစပ်ဟဖို့တောင်မလုပ်နိုင်တော့ဘူး..
စစ်သွေးကတော့ ကျွန်တော်ဖြေဖြေမဖြေဖြေဆက်ပြောလာလေသည်.
"ငါ..ငယ်ငယ်ကတည်းကမိဘတွေကပေးတဲ့နွေးထွေးမှုတွေ ဆွေမျိုးသားချင်းညီအကိုတွေဆီကနွေးထွေးမှုတွေတစ်ခုမှမရခဲ့ဖူးဘူး..
ဒါပေမယ့်လေ...ပိုင်ကငါ့အတွက်ပထမဆုံးသူငယ်ချင်းဖြစ်လာပေးခဲ့တယ်
အပြင်ပန်းမှာရေခဲတုန်းလိုအေးစက်လွန်းတဲ့ပိုင်ကငါ့အတွက်စိုးရိမ်ပေးခဲ့တယ်..
မိဘတွေကတောင်မပေးခဲ့တဲ့နွေးထွေးကြင်နာမှုတွေပေးခဲ့တယ်
ငါပိုင့်ကိုတကယ်ကိုကျေးဇူးတင်မိတယ်
ပိုင်ကငါ့အတွက်တော့တန်ဖိုးမဖြတ်နိုင်တဲ့..ဘယ်တော့မှလည်း တန်ဖိုးဖြတ်မိမှာမဟုတ်တဲ့တစ်ယောက်တည်းသောသူပဲ.."
"အင်း"
"အဲဒါကြောင့်..."
စစ်သွေးကဆက်မပြောသေးပဲ ကျွန်တော့်ဘက်တစ်ချက်လှည့်ကြည့်လာပီးမှ..
"အဲဒါကြောင့်..ငါ...first yrဖြေပီးရင် ကျောင်းပြောင်းတော့မယ်...ကျောင်းပြောင်းခွင့်ရအောင်လည်း ငါ1 to 3၀င်အောင်စာကိုသေချာကြိုးစားမယ်...
မင်းကငါတစ်ယောက်တည်းဖြစ်မှာစိုးတာကြောင့် ဒီမြို့မှာငါနဲ့အတူကျောင်းလာတက်တာသိပါတယ်...ငါတကယ်တောင်းပန်ပါတယ်လင်းမြတ်"
"မင်းအစကတည်းကအကုန်စီစဥ်ထားတာပဲစစ်သွေး..မင်းဘာလို့မပြောခဲ့တာလဲ မင်းရဲ့ပိုင်နဲ့အတူတက်ချင်တဲ့အကြောင်း...ငါကသာမင်းအတွက်စဥ်းစားပေးခဲ့တာ မင်းကတော့ငါ့ကိုတစ်ခါမှအလေးအနက်မထားခဲ့ဖူးပဲ"
"မဟုတ်ဖူးလင်းမြတ် မင်းရယ်ပိုင်ရယ်ကငါ့အတွက်တော့ တကယ့်ကိုကျေးဇူးအတင်ရဆုံးနဲ့အချစ်ရဆုံးလူသားတွေပါ တကယ်ပါ.အဲ့ဒါကြောင့်လည်း .အဟွတ်..အဲ့ဒါကြောင့်လည်းငါမင်းကိုအလေးအနက်ထားပီးပြောပြတာပါ
မင်းငါ့ကိုစိတ်ဆိုးချင်ဆိုးလိုက်ပါ"
အဲ့တာကြောင့်မင်းကိုငါခေါင်းသေချာသုတ်ဖို့ပြောတာ မင်းချောင်းတွေဆိုးနေပီစစ်သွေး
"မင်းငါ့ကိုစိတ်မဆိုးဘူးလား"
ငါမင်းကိုစိတ်မဆိုးပါဘူး..ပြန်ရအောင်စစ်သွေး ဒီနေ့ညထင်ထားတာထက်အေးတယ် မင်းအအေးပတ်သွားလိမ့်မယ်.."
"မင်းငါ့ကိုတကယ်စိတ်မဆိုးဘူးမလား"
"အင်း မင်းမနက်ဖြန်ဘယ်အချိန်သွားမှာလဲ"
"မနက်စောစောထသွားမှာ မင်းရော"
"နေ့လည်လောက်မှ "
"အင်း တကယ်တော့ ငါသူ့ဆီကိုလာမယ့်အကြောင်းပိုင့်ကိုဘာမှမပြောထားဘူး surpriseတိုက်မလို့
ပိုင်ဘယ်လောက်တောင်အံ့သြသွားမလဲဆိုတာငါသိချင်နေပီ"
"အင်း"
"ပိုင့်အတွက်ငါဘာ၀ယ်သွားရင်ကောင်းမလဲ..တော်ပါပီ ဟိုရောက်မှ ပိုင့်အတွက်cupcakeလုပ်ပေးလိုက်တော့မယ်...ဖွားဖွားပိုင်ကလေအပြင်ပန်းကသာငါလုပ်တဲ့မုန့်ကိုမကောင်းဘူးပြောတာ ဒါပေမယ့်ငါကျွေးတိုင်းအမြဲတမ်းကုန်အောင်စားတာချည်းပဲ...
ပီးတော့...ပိုင်ကလေ....."
စစ်သွေးပြောသမျှကိုအားတင်းနားထောင်ရင်းသွေးစိမ်းရှင်ရှင်ထွက်နေတဲ့နှလုံးသားငယ်ကိုအသာဖိထားလိုက်တော့ အလဲလဲအပြိုပြိုနဲ့တစ်စစီကြေမွနေတဲ့ နှလုံးသားအပိုင်းအစတွေက ပြန်ကောက်လို့မရလောက်အောင် ကွဲကြေပီးသားဖြစ်နေခဲ့ပီ ...
သျှားစစ်သွေးဆိုတဲ့ကောင်လေးကပိုင်ထက်မြတ်ကလွဲရင် ဘာမှမသိတဲ့ကောင်လေး
အဟက် ဒါဆိုရင်ကျွန်တော်ကရော..
သျှားစစ်သွေးဆိုတဲ့ကောင်လေးကလွဲဘာမှမသိတဲ့ကောင်ပေါ့ဗျာ...
****************************
မနက် ၅နာရီ~
အသံကုန်မြည်နေတဲ့ph alarmကိုတစ်ချက်ပိတ်လိုက်ပီး ထထိုင်လိုက်သည်
ခန်းဆီးလိုက်ကာကိုမပီးကြည့်လိုက်တော့ ပြတင်းပေါက်အပြင်ဘက်ကနေမြင်နေရတဲ့ ရောင်ခြည်မလာသေးတဲ့ကောင်းကင်ကြီးကမှောင်တိမှောင်၀ါး~~
ဒီနေ့ကကျွန်တော် ပိုင့်ဆီသွားမယ့်နေ့ ..
မျက်နှာသစ် ရေမိုးချိုးအ၀တ်အစားလဲပီး ခရီးဆောင်အိတ်ယူပီးအောက်ထပ်ဆင်းလာခဲ့လိုက်သည်...
စောသေးသည်မို့ လင်းမြတ်မနိုးလောက်သေးဘူးထင်..
အိပ်နေလောက်မယ့်လင်းမြတ်ကိုအနှောင့်အယှက်ပေးမိမှာစိုးလို့ ခြေသံဖွဖွနင်းပီးဆင်းလာခဲ့လိုက်သည်..
"ဟင် ..လင်းမြတ် မင်းဘာလို့အစောကြီးနိုးနေတာလဲ..နေ့လည်မှပြန်မှာဆို"
"အင်း ဘာလဲမင်းကငါ့ကိုနှုတ်မဆက်ပဲထွက်သွားမလို့လား"
"အာ..မဟုတ်ပါဘူးကွာ ငါကမင်းအိပ်နေတာကိုအနှောင့်အယှက်ပေးမိမှာစိုးလို့"
"ဟုတ်ပါပီဗျာ လာထိုင်တော့ ငါပဲပြုတ်ထမင်းဆီစမ်းနဲ့ ကြက်ဥချောင်းကြော်ထားတယ်
မင်းအစောကြီးခရီးထွက်မှာဆိုတော့ ဘာမှမစားပဲသွားရင် လမ်းကျခေါင်းမူးနေဦးမယ်
"ကျေးဇူးပဲလင်းမြတ် ငါလမ်းကျမှတွေ့တဲ့ဆိုင်၀င်စားလည်းရပါတယ်ကွာ မင်းကိုဒုက္ခပေးမိပီ"
"စစ်သွေးမင်းဘာတွေပြောနေတာလည်း လာစားတော့ လမ်းကျတွေ့ကရာတွေလျှောက်မစားနဲ့ ဗိုက်အောင့်ဗိုက်နာဖြစ်မယ် "
"အင်း "
"အင်း ထိုင်တော့ ငါကော်ဖီဖျော်လိုက်ဦးမယ်"
"ကျေးဇူးပဲလင်းမြတ်"
မင်း ထပ်ပီးကျေးဇူးတင်နေရင် ငါမင်းကိုပေးမသွားတော့ပဲနေမှာနော်"
"aha ဟုတ်ပါပီကွာ "
**********************
"လင်းမြတ် မင်းထမင်းကြော်ကတကယ်စားကောင်းတာပဲ ပဲစေ့လုံးလေးတွေနဲ့ ထမင်းပူပူမွှေးမွှေးလေးကိုရောကြော်ထားတာကဒီလောက်ကောင်းလိမ့်မယ်လို့ထင်မထားဘူးကွာ"
"စစ်သွေးချီးထုပ်ကောင်လေး သိပ်မမြှောက်နဲ့ ယူလာတဲ့ကော်ဖီခွက်ကိုစစ်သွေးရှေ့ချလိုက်ရင်း
"ရော့ကော်ဖီသောက်ဦး"
"ahaမမြှောက်ပါဘူး တကယ်ပြောတာ"
"ဟုတ်ပါပီ ပူမယ်နော် ဂရုစိုက်သောက်"
"အင်း"
"ဒါနဲ့ကားကဘယ်အချိန်ထွက်မှာလဲ"
"၆နာရီ "
"၆နာရီ?အခုတောင်၅နာရီခွဲနေပီ မင်းစားနှင့် ငါအင်္ကျီသွားလဲလိုက်ဦးမယ်"
"hmm ဘာလို့လဲ လင်းမြတ်"
"ဘာလို့ရမှာလည်း ငါမင်းကိုကားဂိတ်လိုက်ပို့မလို့ပေါ့"
"ugh.နေ နေ ရတယ်လင်းမြတ် ငါ
တစ်ယောက်တည်းသွားလိုက်ပါ့မယ်ကွာ မင်းလည်းညနေပြန်မယ့်ဟာကို ပြင်ဆင်စရာရှိတာတွေပြင်ဆင်ရဦးမယ်လေ ငါ့ကိုစိတ်မပူပါနဲ့ကွာ ကားဂိတ်လောက်ကတော့ တစ်ယောက်တည်းသွားလို့ရပါတယ်ကွ အိတ်လည်းတစ်အိတ်တည်းပါတာ မပူနဲ့ "
"တကယ်ရလို့လား"
"အင်း"
"တကယ်နော်"
"တကယ်ပါဆို မင်းကလည်းကွာ ငါ့ကိုကလေးကျလို့"
"ဟုတ်ပါပီ အဲ့တာဆိုငါမလိုက်တော့ဘူး ဖြည်းဖြည်းစားဦး နင်မယ်"
"အင်း ...."
**********************
"လင်းမြတ် ငါသွားပီ ဘိုင့်ဘိုင် "
Ok ok ပါးချိုင့်နက်နက်လေးတွေပေါ်အောင်ပြုံးပီး လက်ပြနှုတ်ဆက်နေတဲ့ ကောင်လေးကိုကြည့်ပီး ရင်ဘတ်ထဲမှာတော့ တဆစ်ဆစ်နာလာသည်
ကားဂိတ်ကိုလိုက်မပို့ဖြစ်တာပဲကောင်းပါသည် မဟုတ်ရင် စစ်သွေးကိုမသွားဖြစ်အောင်ဆွဲထားမိမည်ထင်...
~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~
ကားစထွက်တာနဲ့ ကျွန်တော်လည်း Earphoneတပ်ပီး ခဏမှေးနေလိုက်သည်
မကြာခင်အချိန်အတွင်းကျွန်တော်ပိုင်နဲ့တွေ့ရတော့မည် .....
ကားသည်တရွေ့ရွေ့နဲ့PKUမြို့ထဲ၀င်လာနေပီဖြစ်သည်
Ti Ti Ti📱📱📱
ဟယ်လို ပိုင်
ဟယ်လိုစစ်သွေး
ပိုင် ငါမင်းအတွက်ပါဆယ်ပို့လိုက်တယ်
ပါဆယ်?
အင်း အဲ့တာမင်းကားဂိတ်မှာသွားယူလိုက်ဦး
အခုလား စစ်သွေး
အင်း (....)ဂိတ်မှာခဏနေဆိုရောက်တော့မှာ မင်းသွားစောင့်နေလိုက် အဲ့တာဆိုဒါပဲနော် သွားစောင့်နေတော့ပိုင်
ခဏ ..ဟယ်လို ဟယ်လိုစစ်သွေး
တကယ်ပါပဲဒီကောင်လေးကတော့ အရင်အတိုင်းမပြောင်းလဲသေး ပြောချင်ရာပြောပီးချသွားပြန်ပီ
"သားပိုင် ဘာတွေသဘောကျနေတာလဲ သွားရအောင်လေ"
"အာ..sryမေမေ ကျွန်တော် အပြင်သွားစရာရှိလို့ ခဏစောင့်ပေးလို့ရမလား"
ဒေါ်မီမီခိုင်နာရီကိုတစ်ချက်ကြည့်လိုက်ပီး
"ဟုတ်ပီလေနာရီ၀က်လောက်တော့ရပါသေးတယ် သားသွားချင်သွားလေ"
"ဟုတ် ကျေးဇူးပဲမေမေ ကျွန်တော်မြန်မြန်ပြန်လာခဲ့မယ်"
"သား ဟဲ့သား သြော် ဆိုင်ကယ်သော့ယူဦးလေ"
"အာ..ဟုတ် ကျွန်တော်သွားပီမေမေ"
ကမန်းကတမ်းထွက်သွားတဲ့သားဖြစ်သူရဲ့နောက်ကျောကိုကြည့်ရင်း အသာပြုံးမိတော့သည်
သားရဲ့ဒီလိုတက်ကြွတဲ့ပုံလေးတောင်မမြင်ရတာကြာပီပဲ...
စစ်သွေး ပြောတဲ့ဂိတ်ကိုရောက်တော့ ကားမဆိုက်သေး ပါဆယ်ကဒီနေ့မှရောက်မှာဆိုတော့ ညနေလောက်မှလာယူလည်းဖြစ်ပေမယ့် စစ်သွေးကခုချက်ချင်းလာဆိုတော့လည်း ဒီလူသားကငြင်းဆန်ဖို့ရာမစွမ်းဆောင်နိုင်သာ..
စစ်သွေး ...ဒီကောင်လေးဟာလေ တစ်ခြားသူတွေရှေ့မှာဆို သိပ်ပီးရင့်ကျက်တည်ငြိမ်တတ်ပီး ဘာကိစ္စရှိရှိရှေ့ကနေဦးဆောင်ကာကူညီဆောင်ရွက်ပေးတတ်သည်...
ဒါပေမယ့်ကျွန်တော့်ရှေ့မှာဆိုရင်တော့ ထိုကောင်စုတ်လေးက သူ့ရဲ့ကလေးဆန်တဲ့ဘက်ခြမ်းကိုပြသတတ်ပီးတစ်ခါတစ်လေမှာလည်း သိပ်ပီးနိုင်စားလွန်းပြန်သည်...
စစ်သွေးအကြောင်းတွေးနေတုန်းရှိသေး ကားကတဖြည်းဖြည်းနဲ့ ကားဂိတ်ထဲ၀င်လာလေသည်
ပါဆယ်ဆိုတော့ passengerတွေကုန်မှစောင့်ယူလည်းရပါတယ်လေ..
ကားရပ်ပီးတဲ့နောက်မှတဖွဲဖွဲဆင်းလာတဲ့လူတွေ.. ဘာရယ်မဟုတ် ဒီအတိုင်းကားတံခါး၀ကိုကြည့်မိတော့ မျက်စိထဲ၀င်လာတဲ့ ခရမ်းရောင်ကောင်လေး..
တီရှပ်အဖြူပေါ်မှာ ခရမ်းရောင်အပါးတစ်ထည်ထပ်၀တ်ထားပီး ဘောင်းဘီအတိုလေး၀တ်ထားသည် ဖြူနုနေတဲ့အသားအရည်နဲ့လိုက်ဖက်ညီစွာ ဆံပင်ခဲနုရောင်လေးဆိုးထားတဲ့ကောင်လေးက ကျွန်တော်ကိုလက်ပြနေလေသည်
လက်ပြနေသည်??စစ်သွေး??
ထိုကောင်လေးကတော့တဖြည်းဖြည်းကျွန်တော့်နားကိုရောက်လာလေပြီ
"ပိုင် ...surprise!!!"
"တကယ်ကြီး စစ်သွေးပင်!!"
"ဟယ်လို ပိုင် "
"heyy!!"
မျက်နှာရှေ့မှာလက်လေးရမ်းပြနေတဲ့ကောင်လေး..
ထိုလက်လေးကိုဖမ်းကိုင်လိုက်တော့ တကယ်ကြီး ...တကယ်ကြီးစစ်သွေးအစစ်ပဲ
မပြောမဆိုနှင့်ရုတ်တရက်ရောက်ချလာသည့်စစ်သွေးကြောင့် အံ့သြသွားမိသည်ကတော့အမှန်
သို့ပေသိemotionတွေကိုဖော်ပြရာမှာအားနည်းသည့်ပိုင်ထက်မြက်အတွက်တော့ခံစားမှုတစ်စုံတစ်လေမှမျက်နှာမှာထွက်မလာခဲ့
ပုံမှန်အတိုင်းအေးစက်စက်မျက်နှာနှင့်သာ
"စစ်သွေး မင်းဘယ်လိုရောက်လာတာလဲ"
"ငါမင်းကိုsurpriseလာလုပ်တာလေ ဘယ်လိုလဲပိုင် မင်းအံ့သြသွားတယ်မလား"
3နှစ်...3နှစ်တောင်ရှိသွားပီ ကျွန်တော် နေ့နေ့ညညလွမ်းဆွတ်ခဲ့ရတဲ့ကောင်လေးကအခုတော့ကျွန်တော့်ရှေ့မှာရောက်နေလေပီ...
"ပိုင် မင်းငါ့ကိုအိမ်မခေါ်တော့ဘူးလား"
"sryစစ်သွေး အိမ်သွားရအောင် "
ပြောရင်းလက်တစ်ဖက်ကလည်း အိတ်ကိုလှမ်းယူလိုက်သည်
"ရပါတယ်ပိုင်ရ ငါသယ်နိုင်ပါတယ်"
"ရတယ်"
=_=))
"ပိုင်"
"ရတယ် ငါကိုင်ခဲ့မယ်"
"မဟုတ်ဖူး ပိုင် လက်"
"လက်??"
ထိုအခါမှ ကိုင်ထားတဲ့စစ်သွေးလက်ကိုမလွှတ်ရသေးမှန်းသတိရတော့သည်
"sry"
"အမေရောနေကောင်းလား"
"အင်း"
"သွားရအောင်စစ်သွေး"
ကျွန်တော့်ရဲ့အိတ်ကိုယူသွားပီး ဆိုင်ကယ်ရှိရာသို့သွားနေတဲ့ပိုင်..
PKUမြို့ကြီးကတော့ အရင်အတိုင်းမပြောင်းလဲသေး ထို့အတူ...ကျွန်တော့်ရှေ့ကထိုလူသားကလည်းအရင်အတိုင်းမပြောင်းလဲသေး
ပိုင်..မင်းကိုငါတကယ်လွမ်းနေခဲ့တာ........
YOU ARE READING
Seriously?I'm in love with my BFF!!
Teen FictionJust a beautiful love between two guys❤️ Ongoing✨