Ep 6 Zawgyi

88 4 0
                                    

2014 oct~
သီတင်းကျွတ်ကျောင်းပိတ်ရက် ၇ရက်ရတာမို့ ပြန်ကြဖို့အတွက် ပစ္စည်းသိမ်းသူကသိမ်းနဲ့ဆူဆူတွေညံနေကြသည်
"ဟျောင့် စားပွဲတွေသေချာသိမ်းခဲ့ဉီးကွ "
"အေးပါအိမ်ကထည့်ပေးထားတဲ့ဟင်းဗူးတွေလည်းသွားဆေးရဉီးမယ် "
"အိမ်စာလုပ်ဖို့စာအုပ်တွေမေ့ခဲ့ဉီးမယ် $#$#%&$"
ကျွန်တော်လည်းခေါက်စားပွဲကိုသိမ်းရင်း အိမ်စာလုပ်ဖို့စာအုပ်တွေထည့်နေလိုက်သည်
ဆေးစရာဟင်းဗူးတွေတော့မရှိ...ဒါပေါ့ ဘယ်သူမှကျွန်တော့်အတွက်မထည့်ပေးခဲ့ကြတာ
ကျောင်းမှာလိုအပ်တာဝယ်ဖို့ မုန့်စားဖို့ပိုက်ဆံတွေတော့ အများကြီးပဲစာရင်းသွင်းပေးထားတာရှိပေမယ့်
ကျွန်တော့်အတွက်တော့လိုမှမလိုအပ်တာ
ကျွန်တော်မျှော်လင့်မိတာကအိမ်ကကိုယ်တိုင်လုပ်ပေးလိုက်တဲ့ ငရုတ်သီးကြော်ဗူးလေးလိုမျိုးဒါမှမဟုတ်ချဉ်ပေါင်ကြော်ဗူးလေးလိုမျိုး........
"စစ်သွေး မမေ့နဲ့နော်.."
စာအုပ်တွေထည့်နေတဲ့ကျွန်တော့်နားကိုရောက်လာတဲ့လင်းမြတ်ကိုလှည့်ကြည့်လိုက်ပီး..
"ဘာကြီးလဲလင်းမြတ်"
"ကြည့် သွားတောင်မသွားရသေးဘူး မင်းကလည်းမေ့နေပီ cupcakeလေကွာ မင်းပဲငါ့အတွက်အပြန်ယူခဲ့မယ်ဆို.."
"ugh!ဟုတ်သားပဲ..စိတ်ချငါမင်းအတွက်လုပ်ခဲ့မယ် .."
၇ရက် ဒီသီတင်းကျွတ်ပိတ်ရက်၇ရက်အတွင်းမှာ ပိုင်နဲ့လျှောက်လည်မယ် ပြောစရာတွေလည်းအများကြီးပဲ မုန့်တွေလည်းလျှောက်စားကြမယ် ပိုင်က ကျွန်တော်ပြန်လာတာကိုသိမှာမဟုတ်ဖူး တိတ်တိတ်လေးသွားပီးတော့စရမယ် haaa တွေးရင်းနဲ့တောင်ပျော်လာပီ
စာအုပ်တွေသိမ်းရင်းနဲ့ရုတ်တရက်ပြုံးနေတဲ့ကောင်လေးကြောင့်...
"စစ်သွေး ဘာတွေတွေးပီး ပြုံးနေတာလဲ
"ငါ့သူငယ်ချင်းကိုစမလို့တွေးနေတာ ငါပြန်လာတာသူသိမှာမဟုတ်ဖူး တိတ်တိတ်လေးသွားပီးစရမယ် ဒီကောင်ပိုင်ကလေ ရုပ်တည်ကြီးနဲ့စလို့အရမ်းကောင်းတာ..."
"အင်း မင်းနဲ့သူနဲ့ကတော်တော်ခင်တာပဲနော် ငါသာမင်းနဲ့စောစောကသိခဲ့ရင်ကောင်းမှာ.."
"ဟမ် ဘာကြီးလဲလင်းမြတ်"
"ဘာမှမဟုတ်ပါဘူး မမေ့နဲ့နော်စစ်သွေး
"စိတ်ချပါခင်ဗျ "
*********************
ညအိပ်တော့ကျွန်တော်ပိုင့်ကိုအိပ်မက်မက်တယ်
အခါတိုင်းလည်းပိုင့်ကိုအိပ်မက်မက်နေကြဖြစ်ပေမယ့်  အခုကအပြင်မှာပိုင်နဲ့ပြန်တွေ့ရတော့မှာဆိုတော့ ကျွန်တော့်အိပ်မက်ကတကယ့်လက်တွေ့လိုပဲခံစားရတယ်
လွမ်းတယ် ပိုင်... ငါမင်းနဲ့မြန်မြန်ပြန်တွေ့ချင်နေပီ...
**************************
"စစ်သွေးငါသွားပီနော် "
"ok ok"
မေမေတို့ကလည်းမလာသေးဘူးလား အိမ်မြန်မြန်​ပြန်ရောက်ချင်နေပီ
"စစ်သွေး"
"မေ..ughအန်တီနီလာ"
"သားအန်တီတို့အိမ်မှာနေလို့ဖြစ်တယ်မလား သားမေမေတို့ကအလုပ်ကိစ္စ.. "
"ဟုတ် ကျွန်တော်နားလည်ပါတယ်အန်တီ ပီးတော့ ကျေးဇူးတင်ပါတယ်"
"အေးအေး သားအဲ့တာဆိုနားတော့လေ လိုတာရှိပြောပေါ့"
"ဟုတ်"
*************************
မေမေတို့ကတော့နေ့တိုင်းနီးပါးphဆက်ကြပါတယ်
phဆက်တော့လည်းပြောလိုက်တယ်လေ
ဒီလောက်ပါပဲ တခြားဘာအကြောင်းမှလည်းမမေးချင်တော့ဘူးဘာမှလည်းမသိချင်တော့ဘူး ...
pkuပြန်ရောက်ရင်ပိုင့်ကိုသွားစမယ်ဆိုတဲ့အိပ်မက်ကလေးကလည်းလေထဲမှာတင်ပျောက်ကွယ်သွားခဲ့ပီ..
မျှော်လင့်ချက်တွေအပြည့်နဲ့လူတစ်ယောက်အတွက်တော့ မျှော်လင့်ချက်တွေကိုတစ်စစီရိုက်ချိုးခံလိုက်ရတာလောက်ဝမ်းနည်းစရာကိစ္စမရှိတော့ဘူး..
တောင်းပန်ပါတယ်ပိုင်...
************************
မနက်ဖြန်ဆိုကျောင်းပြန်ဖွင့်ပီ ဒီနေ့ညနေတော့ အိမ်နားကMarketကိုသွားပီးcupcakeလုပ်ဖို့လိုအပ်တာလေးတွေသွားဝယ်ရမယ်
ညမလို့ သိပ်တော့ဆူဆူညံညံလုပ်လို့မကောင်းဘူးလေ အန်တီနီလာတို့လည်းအိပ်နေကြပီ...
ငယ်ငယ်ကတည်းက ဖေဖေတို့ကအလုပ်ကိစ္စနဲ့အပြင်သွားပီဆို ဆွေမျိုးတွေဆီပို့ထားတတ်သည်
ဆွေမျိုးတွေရဲ့အိမ်ဆိုပေမယ့် အစ်ကိုဝမ်းကွဲတွေကလည်းကျွန်တော့်ကိုဆိုရှိတယ်လို့တောင်သဘောထားကြတာမဟုတ်ဖူးလေ..
ထားပါ..မိဘတွေကတောင်ဂရုမစိုက်တဲ့ကလေးတစ်ယောက်ကိုဘယ်သူကရောအဖက်လုပ်မှာမလို့လဲလေ..
တစ်ယောက်တည်းဆော့ရင်းနဲ့မှကြီးကြီးခိုင်တို့ရဲ့အိမ်ဘေးမှာမုန့်လုပ်တဲ့သင်တန်းရှိတာသိပီး..သွားသွားကြည့်ရင်းနဲ့မှနောက် cupcakeလုပ်တာကိုသင်ဖြစ်သွားခဲ့သည်
"ပီးပီ"
လင်းမြတ်နဲ့တခြားသူငယ်ချင်းတွေအတွက်ထုပ်ပိုးနေရင်းနဲ့မှ ပိုင်နဲ့အတူညဘက်မုန့်လုပ်စားတာကိုတောင်သတိရမိသွားသည်
အဲ့တုန်းက ညဘက်စာလုပ်ပီး ဗိုက်ဆာလို့ မုန့်ထလုပ်စားကြတာပိုင့်မေမေတို့နိုးသွားမှာစိုးလို့တိတ်တိတ်လေးလုပ်ခါမှ ဂျုံမှုန့်တွေထည့်ထားတဲ့ စတီးပန်းကန်ကြီးမှောက်ကျပီး ခလုံခလွမ်းနဲ့ဆူဆူတွေကိုညံလို့
အလန့်တကြားနဲ့လူကြီးတွေအောက်ဆင်းလာတော့ ပိုင်ကရုပ်တည်ကြီးနဲ့ ကြောင်လုပ်သွားတာလို့ဖြေလိုက်တာ တကယ်ပါပဲ ပိုင်ရာ အိမ်မှာကြောင်မှမရှိတာ...
ပိုင် ငါလေတကယ်မင်းကိုတော်တော်လွမ်းနေပီ.. အချိန်တွေကျော်လို့ရရင်သိပ်ကောင်းမှာပဲ စာမေးပွဲတြွေမန်မြန်ဖြေပီး ကျောင်းတြွေမန်မြန်ပိတ်ချင်နေပီ....
ဒီလိုနဲ့ကျောင်းပြန်ဖွင့်ရက်ရောက်လာသည်
ပုံမှန်အတိုင်းပါပဲ စာတွေနဲ့လုံးချာပတ်လည်ရိုက်နေရတာ ပျင်းချိန်တောင်မရှိပါဘူးဗျာ ဒါပေမယ့်ခဏအားတဲ့အချိန်လေးတောင်ပိုင့်ကိုလွမ်းနေမိတာတော့အခက်သား..
၉တန်းစာမေးပွဲဖြေပီးလို့ ကျောင်းတွေပိတ်တော့ မေမေတို့လာခေါ်ကြတယ် ဒါပေမယ့် အိမ်တော့မပြန်ဖြစ်ခဲ့ကြပါဘူး သူတို့နဲ့အတူတူတခြားမြို့ကိုလိုက်သွားခဲ့ရတယ် ဘာတွေအလုပ်ရှုပ်နေတာလဲဆိုတာမမေးတော့ပါဘူးဗျာ ကျွန်တော်နားမလည်တဲ့ကိစ္စတွေမို့...
နည်းနည်းတော့ အင်း..မဟုတ်ဖူး အများကြီးကိုစိတ်ထဲမှာအဆင်မပြေဘူးဗျာ ပိုင်နဲ့တွေ့ရမယ်ထင်ထားတာ ခုတော့..
ဒီလိုပါပဲ ဆယ်တန်းနှစ်ရောက်တော့လည်း စာတွေပဲနင်းကန်လုပ်နေမိတော့တယ် သီတင်းကျွတ်ပိတ်ရက်က၅ရက်ပဲရတော့တာမို့ အိမ်မပြန်ဖြစ်တော့ အန်တီနီလာတို့အိမ်မှာပဲသွားနေဖြစ်တော့သည်..
"သား သီတင်းကျွတ်ပိတ်ရက်ကိုအိမ်မပြန်ဘူးလား မနေစေချင်လို့ပြောတာမဟုတ်ဖူးနော်သား မနှစ်ကတည်းကအိမ်မပြန်တာဆိုတော့ အိမ်ကိုမလွမ်းဘူးလား"
"ဟုတ် ကျွန်တော်သိပါတယ် အန်တီ ပီးတော့တကယ်လည်းကျေးဇူးတင်ပါတယ် "
"ရပါတယ်သားရယ် လုပ်စရာရှိတာသွားလုပ်တော့လေ"
"ဟုတ်"
ကျွန်တော်ဒီနှစ်ကိုစာပိုပီးကြိုးစားရမည် ဆယ်တန်းဆိုတာဘ၀ကိုအဆုံးအဖြတ်ပေးတဲ့နှစ်တဲ့
ကျွန်တော့်အတွက်အများကြီးမလိုအပ်ပါဘူး အဓိကက ပိုင်နဲ့အတူတူuniတက်ဖို့အမှတ်မှီရင်ရပီ ...
ဒီနေ့ညနေတော့marketလေးတစ်ချက်သွားပီး စာရေးကိရိယာတွေနဲ့ မုန့်လေးဘာလေးသွားဝယ်ရမယ်
စာကိုညဥ့်နက်သည်အထိလုပ်ဖြစ်တာမို့ကော်ဖီကတော့မရှိမဖြစ်
"အား တစ်နေကုန်အိမ်ထဲမှာပဲနေနေရတာ ညောင်းကိုက်နေတာပဲကွာ ခုလိုလမ်းလေးဘာလေးလျှောက်လိုက်ရတော့ နည်းနည်းတော့လန်းသွားသလိုပဲ ကြိုးစားစစ်သွေး ဒါမှပိုင်နဲ့အတူတူuniတက်နိုင်မှာကွ  ဘယ်လောက်မှမလိုတော့ဘူး အိမ်ပြန်ရတော့မယ်..."
ရုတ်တရက် မျက်လုံးထဲကိုစူးလာတဲ့အလင်းရောင်ကြောင့်လက်နဲ့ကာလိုက်တဲ့တစ်ခဏ..
"တီ.....ကျွီ ဝုန်း"
"လာကြပါဉီး ဒီနားမှာကောင်လေးကိုဆိုင်ကယ်တိုက်သွားလို့.."
"ဟယ်သွေးတွေလည်းအများကြီးပဲ ဆေးရုံကားခေါ်ပီးပီလား "
"ပီးပီ ပီးပီ ဆိုင်ကယ်သမားကတိုက်ပီးပြေးသွားတာ ကောင်လေးသနားပါတယ်အေ..."
ဘာတွေလဲ ခေါင်းတွေမူးလိုက်တာကျွန်တော့်ဘေးနားမှာဆူညံနေတာပဲ ဘာမှလည်းမသိတော့ဘူး ကျွန်တော်အိပ်ချင်လာပီ....
**********************
အဖြူရောင်မျက်နှာကျက်နဲ့ဆေးနံ့တွေ လက်ကိုလှုပ်လိုက်တော့ ဆေးပုလင်းထဲကနေတတောက်တောက်ကျနေတဲ့ ဆေးစက်တွေကအပ်ဖျားကနေတစ်ဆင့်လက်ထဲဖောက်ဝင်နေသည်
"အား ကျွတ်ကျွတ်"
"စစ်သွေး စစ်သွေး ငါလင်းမြတ်လေ မှတ်မိလား
အန်တီ အန်ကယ် စစ်သွေးနိုးလာပီ"
"သား သားနိုးလာပီလား မေမေတို့ကိုရောမှတ်မိတယ်မလား"
"ဟုတ် ကျွန်တော်ဘာတြွေဖစ်သွားတာလဲ"
လင်းမြတ်က "မင်းဆိုင်ကယ်တိုက်ပီး ဆေးရုံမှာမေ့နေတာ ဒီနေ့ကတစ်ပတ်ပြည့်ပီ"
"တစ်ပတ်?? စာ စာတွေကရော ဟမ် ငါစာလုပ်ရဉီးမယ် ငါစာတွေမေ့ကုန်ရင်ဘယ်လိုလုပ်မလဲ စာမေးပွဲကဖြေတော့မှာကို လင်းမြတ် ငါ့ကိုတစ်ချက်ထူ အာ့ "
"ဖြည်းဖြည်းစစ်သွေး မင်းကဒဏ်ရာတွေနဲ့သက်သာသေးတာလည်းမဟုတ်ဖူးအလျင်စလိုမလုပ်နဲ့"
"ဟုတ်တယ်သား သားကျန်းမာရေးကသာအဓိက ကျန်တာအရေးမကြီးဘူး ဒီနှစ်မဖြေရလည်းနောက်နှစ်မှဖြေကိစ္စမရှိဘူးသား"
"ဘာလို့နောက်နှစ်မှလည်း ကျွန်တော်ဖြေမှာ မေမေ ကျွန်တော်ရအောင်ဖြေမှာ"
"ဟုတ်ပီ သားစိတ်အေးအေးထားနော် အချိန်တွေကျန်ပါသေးတယ် သားသာမြန်မြန်ကောင်းလာအောင်နေနော် လင်းမြတ်သား ဆရာဝန်ခေါ်ပီးသားလား"
"ဟုတ်အန်တီ ကျွန်တော်ခေါ်ထားတယ်"
"အေးပါ ကျေးဇူးပါသားရယ် သားလည်းသွားချင်သွားတော့လေ ဒီကိုလာဖို့ကျောင်းကိုခွင့်တိုင်ခဲ့ရတာမလား "
"ဟုတ် စစ်သွေးနိုးလာပီဆိုတော့ကျွန်တော်လည်းစိတ်ချပါပီ "
"ဒါဆို စစ်သွေး ငါသွားပီနော် မြန်မြန်ကောင်းလာအောင်လုပ်ကြားလား"
"အင်း"
ဆရာဝန်ကစမ်းသပ်ပီးသွားတော့ ခေါင်းကတော့သိပ်မထိခိုက်သွားပေမယ့် ခြေထောက်ကတော့အရိုးနည်းနည်းအက်သွားတာမို့ အနည်းဆုံးသုံးပတ်လောက်တော့ ဆေးရုံမှာနေရဉီးမည်ဟုပြောသည်~
********************
မေမေကကျွန်တော့်ဘေးနားထိုင်ပီးပန်းသီးကိုအခွံနွှာနေရင်းမှပန်းသီးတစ်စိတ်ကိုကျွန်တော့်ကိုခွံ့ကျွေးလာသည်
"ရတယ် ကျွန်တော်ကိုယ့်ဟာကိုယ်စားမယ်"
"သားလက်ကဆေးပိုက်ကြီးနဲ့ကိုသားရယ်"
"ရတယ်"
မေမေရောဖေဖေရော ကျွန်တော့်သတင်းကြားတော့ချက်ချင်းရောက်လာခဲ့ကြသည်
"အင်းပါ.. .သားဖေဖေကတော့ တိုက်ပြေးသွားတဲ့ဆိုင်ကယ်သမားအကြောင်းစုံစမ်းနေတယ် မေမေတို့အမှားပါ နောက်ဆိုသားလေးကိုတစ်ယောက်တည်းဘယ်တော့မှမထားတော့ဘူး"
"ရပါတယ် ကျွန်တော်အဆင်ပြေပါတယ် "
ပစ်ထားတာကြာသွားတော့လည်း သိပ်တော့မခံစားနေတော့ နွေးထွေးမှုပေးတဲ့အချိန်ယူလိုက်မယ် မပေးရင်မယူတော့ဘူး ဘာကိုမှထူးပီးခံစားမနေတော့ဘူး..
"သား စာမေးပွဲကဖြေမှာလား"
"ကျွန်တော်အများကြီးကြိုးစားထားတာမို့ ဖြေနိုင်မှာပါ ၄လလောက်အတွင်းမှာစာလုပ်ချိန်အများကြီးရပါသေးတယ်.."
"ဟုတ်ပီလေ သားကတကယ်ကိုဖြေဖို့စိတ်အားထက်သန်နေတော့လည်းမေမေဘာမှမပြောတော့ပါဘူး...."
***************************
ကျန်တဲ့၎လအတွင်းမှာအသေအလဲကြိုးစားခဲ့ပေမယ့် Resultကိုတော့သိပ်မျှော်လင့်မထား
finalဘာသာဖြေပီးတဲ့နေ့~
လူတိုင်းအထုပ်အပိုးတွေသိမ်းပီး ပြန်ဖို့ပြင်ဆင်နေကြသည် ခွဲခွာခါနီးငိုသံတွေ နှုတ်ဆက်သံတွေ ထုတ်မပြောပေမယ့် ဆရာဆရာမတွေရဲ့မျက်ဝန်းအိမ်မှာလည်းမျက်ရည်ကြည်တွေရစ်သိုင်းနေသည်
ဖိုးသားတို့ ဂရုစိုက်ကြနော် ဆိုတဲ့ဆရာကြီးရဲ့စကားကငိုချင်ရက်လက်တို့ဖြစ်နေတဲ့ကျောင်းသားတွေအတွက်တော့ မျက်ရည်ရိုဗုံးအလား
"ဆရာကြီး ကျွန်တော်တို့ပြန်လာလည်မှာနော်"
"ဟုတ်တယ် ဟုတ်တယ် ကျွန်တော်တို့ ကျွန်တော်..တို့ကိုမမေ့ဖူးမလား "
ကျောင်းသားတွေရဲ့အမေးစကားကို ဆရာကြီးက ဝဲတက်လာတဲ့မျက်ရည်တွေကိုခပ်ကြမ်းကြမ်းဖိသုတ်ရင်း
"ဆရာကြီးက ဖိုးသားတို့ကိုဘယ်တော့မှမမေ့ပါဘူးကွာ ဟိုကောင်ကျွဲကြီး အိမ်ရောက်ရင်လည်းဒီမှာလိုထမင်း၂ပန်းကန်စားကွ ဒီကိုပြန်လာလည်လို့ပိန်နေရင် မမှတ်မိပဲနေလိမ့်မယ် "
ကျွဲကြီးကမျက်ရည်တွေသုတ်ရင်း
"ဟုတ် ကဲ့ ဆရာကြီး"
"အေး မှုံကြီး မင်းရေချိုးရင်မြန်မြန်ချိုး အအေးမပတ်စေနဲ့"
"ဟုတ်ဆရာကြီး "
"အသေးလေး မင်းကတော့အစားများများစားကွာ...
တော်ပီ တော်ပီ များများမပြောတော့ဘူး အထုပ်တွေသိမ်းပီး ပြန်ကြတော့ "
ပြောပီး တစ်ဖက်လှည့်သွားတဲ့ဆရာကြီး
ချော့တစ်ခါ ခြောက်တစ်လှည့် ကျွန်တော်တို့အပေါ်မေတ္တာစေတနာအပြည့်နဲ့သင်ကြားပေးခဲ့ကြတဲ့ဆရာဆရာမတွေ
ထိုင်ထလုပ်ခဲ့ကြတာတွေ ဆရာတွေကွယ်ရာမှာနာမည်ပြောင်တွေပေးပီး ရီခဲ့ကြတာတွေ တစ်ခါတစ်လေ သူငယ်ချင်းအချင်းချင်းအခန့်မသင့်လို့မတည့်ခဲ့တာတွေရှိပေမယ့် ထမင်းစားဆောင်ရောက်ရင် အိမ်ကပါလာတဲ့ ငရုတ်သီးကြော်လေးလဲစားရင်းလည်း ပြန်ပီးအဆင်ပြေသွားခဲ့ကြတာတွေ ရေချိုးဆောင်သွားရင်း ဆူညံနေတဲ့အခါဆို ဆရာကြီးက ဖိုးသားတို့ "တုတ်"ဆိုရင်ကုပ်သွားကြပေမယ့် တိုးတိုးတိုးတိုး လုပ်ခဲ့ကြတာတွေ အမှတ်တရတွေအများကြီးနဲ့ဒီကျောင်းကြီးကကျွန်တော်တို့နဲ့အတူတူ ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်းတွေအကုန် မျှဝေခံစားပေးခဲ့သည်
သစ်ရွက်ခြောက်တွေကြွေကြနေပီး လေနုအေးလေးကတိုက်ခတ်နေသည်
စာမေးပွဲကြီးပီးသွားလို့ ပေါ့ပါးသွားပေမယ့် ရင်ထဲမှာတော့အလွမ်းတွေတပွေ့တပိုက်နဲ့ အိမ်ပြန်သွားကြရတော့မည်
တွေ့ဆုံကြုံကွဲဆိုတဲ့လောကကြီးမှာ ဒီလူဒီလူတွေနဲ့ပြန်တွေ့ချင်ပါသေးတယ်
ပြန်ခါနီးကန်တော့ကြတော့ဆရာ ဆရာမတွေရဲ့ဆုပေးသံတွေကလည်း တစ်ဖန်ငိုချင်လာပြန်သည်
သူငယ်ချင်းအချင်းချင်းပွေ့ဖက်ရင်း ph noတွေအပြန်အလှန်ပေးကြသည် ဘယ်တော့မှမမေ့ဖူးဆိုတဲ့ကတိတွေပေးကြရင်း ကိုယ်နဲ့သက်ဆိုင်ရာနေရာအသီးသီးသို့.....
"စစ်သွေး ချီးထုပ်ကောင် ငါ့ဆီPh ဆက်ဖို့မမေ့နဲ့"
"အေးပါကွ မင်းလည်း လာလည်မယ်ဆိုပီး မေ့မနေနဲ့ ငါမင်းအတွက် special cupcakeလုပ်ကျွေးမယ် ပီးတော့ ပိုင်နဲ့လည်းမိတ်ဆက်ပေးမယ် လာဖြစ်အောင်သာလာခဲ့"
"အင်းစစ်သွေး ငါသွားပီနော် "
"အင်း အာ..ခဏ ခဏ လင်းမြတ်"
"ဘာကြီးလဲ စစ်သ.."
"ကျေးဇူးပါ လင်းမြတ် ငါ့ကိုကူညီပေးခဲ့တာတွေ ပျော်အောင်လုပ်ပေးခဲ့တာတွေ စာတြွေပပေးခဲ့တာတွေအတွက် "
လင်းမြတ်ကိုဖက်လိုက်ရင်း
"တကယ်ကိုကျေးဇူးတင်ပါတယ် လင်းမြတ်"
"သွားတော့ လင်းမြတ် အိမ်ကစောင့်နေပီ"
"သွားပီ ချီးထုပ်ကောင်လေး Phဆက်ဖို့မမေ့နဲ့နော်"
သွားရင်းနဲ့နောက်လှည့်ပီးပြောလာတဲ့လင်းမြတ်
သွား သွား ဆိုပီးပါးစပ်လှုပ်ရုံပြောပီး လက်ပြလိုက်သည်
စာမေးပွဲကြီးလည်းပီးသွားပီ ၂နှစ် အသေအလဲကြိုးစားခဲ့ရတဲ့၂နှစ် ပိုင်နဲ့လည်းမတွေ့ခဲ့သလို အိမ်ကိုလည်းတစ်ခေါက်တောင်မပြန်ခဲ့ဘူး ဒီတစ်ခေါက်တော့ပိုင့်ကိုတွေ့ရတော့မည်...
မေမေရောဖေဖေရောလာကြိုကြသည်
အထုပ်အပိုးတွေကားပေါ်တင်ရင်း တစ်ခေါက်လောက်တော့ကျောင်းတော်ကြီးဆီသေချာပေါက်ပြန်လာမည်...
ပိုင် ငါပြန်လာပီ~
ပိုင်နဲ့မတွေ့ခဲ့ရတဲ့ဒီ၂နှစ်စာအတွက်ပြန်ရောက်ရင် ပိုင်နဲ့အတူအားရပါးရလျှောက်လည်မယ် ချောင်းဖက်ကိုသွားပီးရေကူးမယ် ရေကူးတာကြာရင်လည်းဖွားဖွားပိုင်ကပွစိပွစိပြောတတ်သေးတာ.ပီးရင်cupcakeလုပ်စားကြမယ် ညရောက်ရင်အရင်ကလိုကြယ်တွေထိုင်ရေကြမယ်..
ကားလေးကတရွေ့ရွေ့ လမ်းတစ်လျှောက်လုံးလည်းပိုင်နဲ့တွေ့ဖို့စိတ်တွေလောနေမိသည်
ဒါနဲ့ နေပါဉီး လမ်းက?
ကျွန်တော်မပြန်ဖြစ်တဲ့၂နှစ်အတွင်းမှာအိမ်ကိုပြန်တဲ့လမ်းကပြောင်းသွားတာလား
မဟုတ်သေးပါဘူး ဘယ်ကိုသွားနေတာလဲ
နောက်ဆုံးဘေးမှာထိုင်နေတဲ့မေမေ့ကိုပဲ မေးလိုက်တော့သည်
"ကျွန်တော်တို့အိမ်မပြန်ဖူးလား"
"ခုပြန်နေတာလေသားရဲ့"
"အာ တစ်ခြားလမ်းကနေသွားနေတာလား အခါတိုင်းလမ်းမဟုတ်လို့"
"ဒီလမ်းပါပဲသားရဲ့ ..sry မေမေသားကိုမပြောရသေးဘူးပဲ မေမေတို့သားကျောင်းတက်နေတဲ့အတောအတွင်း MDYကိုပြောင်းလိုက်တာ"
"MDY?အဟား မေမေနောက်နေတာလား ကျွန်တော်တို့အိမ်က MDYမှာမဟုတ်ဖူးလေ"
ပီးတော့ ပီးတော့ကျွန်တော်ပိုင့်ကိုတစ်ခေါက် တစ်ခေါက်လေးတောင်မတွေ့ရသေးဘူးလေ "ပြန်.. ပြန်လှည့်ပေးပါဗျာ ဘာလို့ကျွန်တော့်ကိုတစ်ချက်လေးတောင်မပြောပဲနဲ့ ခုလိုပြောင်းရတာလဲ"
"ကျွန်တော်ကမေမေတို့ရဲ့သားပါ မေမေတို့ကဒီဆိုကျွန်တော်ဘယ်တုန်းကမှဟိုကိုမရွေးချယ်ခဲ့ဖူးဘူးလေ ဒီတစ်ခေါက်လေး.. ဒီတစ်ခေါက်လေးတော့ ကျွန်တော့်ကိုနားလည်ပေးပီး ပြန်လှည့်ပေးလို့ရမလား ခဏလေးပါ ခဏလေးပါမေမေရယ် ကျွန်တော်အဲ့မှာမနေပါဘူး ပိုင်တို့နဲ့တွေ့ပီးတာနဲ့ မေမေတို့နဲ့ပြန်လိုက်ခဲ့မယ်လေ နော် နော်မေမေ"
"တော်တော့! စစ်သွေး မဆိုးနဲ့တော့ သားအဖေရှေ့မှာကားမောင်းနေတာ အနှောင့်အယှက်ဖြစ်အောင်မလုပ်နဲ့ "
"အနှောင့်အယှက်?ကျွန်တော်က.."
"အဟက် !ဟုတ်ပါတယ် ကျွန်တော်တောင်းပန်ပါတယ်မေမေ ထပ်မပြောတော့ပါဘူး ဒါပေမယ့် ကျွန်တော်uniကိုတော့ပိုင်နဲ့အတူတူတက်မယ်
ခွင့်တောင်းတာမဟုတ်ဖူး ကျွန်တော်ဆုံးဖြတ်ပီးသားကိစ္စကို အသိပေးတာပါ"
"စစ်သွေး မေမေပြောမယ်.."
"ထားလိုက်တော့မေကြီး သားတက်ချင်တဲ့ကျောင်းတက်ပါစေတော့"
"ဒါပေမယ့် ကိုလည်းသိတဲ့အတိုင်း..."
"အင်း ကိုယ်သိတာမို့ စိတ်မပူပါနဲ့"
ဖေဖေနဲ့မေမေတို့ပြောနေတာတွေကျွန်တော်နားမလည် နားလည်မထောင်ချင် ပိုင်နဲ့မတွေ့ရဘူးဆိုကတည်းကကျွန်တော့်ရဲ့စိတ်အစဉ်က မကြည်လင်တော့
MDYရောက်တော့လည်း ကျွန်တော့်အတွက်စီစဉ်ပေးထားတဲ့အခန်းထဲပဲနေတော့သည်
စားသည့်အချိန်မှလွဲ၍အပြင်လည်းမထွက်ဖြစ်တော့
အိပ်လိုက်စားလိုက်နဲ့နေ့တွေကတဖြည်းဖြည်းကုန်ဆုံးလာသည်
လင်းမြတ်နဲ့ကတော့အဆက်အသွယ်မပြတ်ခဲ့
ပိုင့်ဆီကိုတော့ကျွန်တော်Ph မဆက်ဖြစ် မဆက်ရဲတာဆိုပိုမှန်မည် ကျွန်တော်ကြောက်နေသည်
ကတိမတည်တဲ့ကျွန်တော့်ကိုပိုင်မုန်းသွားမှာကြောက်နေသည်
ဆယ်တန်းresultထွက်တော့ ၃ဘာသာပါသည်
အင်ဂျင်နီယာကိုပဲလျှောက်ထားလိုက်သည်
ပိုင်နဲ့အတူတက်မည့်ကျောင်းကိုတော့မမှီခဲ့ ထို့ကြောင့်ကျွန်တော့်အမှတ်နဲ့မှီတဲ့ တခြားအင်ဂျင်နီယာကျောင်းကိုပဲကျွန်တော်လျှောက်ခဲ့သည် first yrတစ်နှစ်တော့အဲ့ကျောင်းမှာတက်ပီး 1 to 3၀င်ရင် ကျောင်းပြောင်းလို့ရသည်လေ
ကျွန်တော်ပိုင်နဲ့အတူတူတက်လို့ရအောင်ကြိုးစားရမည်...
"ဟယ်လို လင်းမြတ်📱📱📱"
"အေး စစ်သွေး မင်းကျောင်းတွေလျှောက်ပီးပီလား"
"အင်း ငါလည်းမင်းကိုအဲ့ကိစ္စပြောမလို့ဆက်လိုက်တာ"
"ငါ ...မြို့ကကျောင်းကိုလျှောက်ထားတယ် မင်းရောလျှောက်ပီးပီလား"
"ငါမလျှောက်ရသေးဘူး.."
လင်းမြတ်က၅ဘာသာပါပီးဆေးကျောင်းမှီခဲ့သည်
"အဲ့တာဆို ငါလည်းအဲ့မြို့မှာပဲလျှောက်လိုက်မယ်လေ ငါနဲ့အတူတူတက်ကြတာပေါ့"
"မဟုတ်ဖူး ငါက.."
"ဟုတ်မေမေ လာပီ စစ်သွေးအဲ့တာဆိုဒါပဲနော် ငါအဲ့မြို့မှာပဲလျှောက်လိုက်တော့မယ်"
"ဟယ်လို လင်းမြတ် ဟယ်လို ကျစ် ဒီကောင်ကတော့ဆုံးအောင်နားမထောင်ပဲချသွားပြန်ပီ"
နောက်နေ့phဆက်တော့ ချီးထုပ်ကောင်ကလျှောက်ပီးသွားပီတဲ့လေ ထားလိုက်တော့ မပြောတော့ဘူး နောက်လည်းသိမှာပဲမလား
1st yrကိုထိုကျောင်းမှာပဲတက်ဖြစ်ခဲ့သည်
အပြင်အဆောင်ငှားပီး ကျွန်တော်နဲ့လင်းမြတ်အတူတူနေကြသည်
ဘော်ဒါမှာတုန်းကလည်းအတူတူနေခဲ့ကြတာဆိုတော့ အရင်တုန်းကအတိုင်းပါပဲ
အစားအသောက်ကတော့ နှစ်ယောက်လုံးကျောင်းနဲ့မို့ချက်မစားဖြစ်ကြ အပြင်ပဲထွက်စားကြသည်
တစ်ခါတစ်လေကျောင်းပိတ်ရက်များတွင်တော့ ဈေးသွားပီး အိမ်မှာချက်စားဖြစ်ကြသည်
First semနီးလာပီဆိုတော့စာကိုအသေအနင်းကြိုးစားရသည် ပုံမှန်လောက်အားစိုက်ယုံနဲ့မရ ကျွန်တော် 1 to 3၀င်ချင်သည် ဒါမှကျွန်တော်ပိုင်နဲ့အတူကျောင်းတက်လို့ရမှာ
"စစ်သွေး ထမင်းသွားစားရအောင်"
"ငါမလိုက်တော့ဘူးလင်းမြတ် မင်းသွားစားချင်သွားလေ "
"စစ်သွေး မင်းဘာလို့အဲ့လောက်စာတွေလုပ်နေတာလဲ 1st yrပဲရှိသေးတယ်အဲ့လောက်မလိုပါဘူးကွ"
"အင်း အဟွတ် အဟွတ် သွား အဟွတ် သွားစားတော့လေ လင်းမြတ် သွားသွား"
"ကျစ်! တကယ်ပါပဲကွာ လူလည်းကြည့်ဉီး ပိန်ချုံးနေပီ မင်းစာလုပ်တာကလည်းလုပ်ပါကွာ ဒါပေမယ့်ကျန်းမာရေးတော့ဂရုစိုက်ဉီးကွ"
"အင်းပါ သွားသွား မင်းဗိုက်ဆာနေမယ်"
"မသွားတော့ဘူး marketက၀ယ်ထားတဲ့ ခေါက်ဆွဲထုပ်တွေရှိသေးတယ်မလား"
"အင်း"
"အဲ့တာဆိုငါအဲ့တာပဲပြုတ်လိုက်တော့မယ် မင်းအတွက်ပါပြုတ်လိုက်မယ်"
"နေပါစေကွာ ငါဗိုက်မဆာဘူး"
"မဆာလည်း စားရမယ် ကိုယ်တော်လေး မဟုတ်ရင် အားအင်ချိနဲ့ပီးစာလုပ်နိုင်မှာမဟုတ်ဖူး"
"အင်း အဲ့တာဆိုမင်းကိုပဲဒုက္ခပေးရတော့မယ်"
အခုတလော အစားမမှန်အအိပ်မမှန်တော့နည်းနည်းတော့ပင်ပန်းနေသည်
ခုချိန် ပိုင်ရော စာတွေလုပ်နေမလား
ကျွန်တော်ph ဆက်လိုက်ရင်ကောင်းမလား
ပိုင် ကျွန်တော့်phကိုမကိုင်ရင်ဘယ်လိုလုပ်မလဲ
ကိုင်ပီးမှကျွန်တော်မှန်းသိပီး ချသွားရင်ရော..
ထားတော့..ဘာမှမစဉ်းစားချင်တော့...
အနည်းဆုံးတော့....အနည်းဆုံးတော့ ပိုင့်ရဲ့
ဟယ်လိုထူးသံလေးကြားရရင်ကို ကျွန်တော်စာဆက်လုပ်ဖို့အတွက်အားတွေရပါပီ....
တီ တီ တီ 📱📱📱
"ပိုင်phမကိုင်ဘူးလား"
တီ တီ တီ📱📱📱
နောက်တစ်ခါထပ်ခေါ်လိုက်ပီးတဲ့နောက်မှာ ထွက်ပေါ်လာတဲ့ပိုင့်အသံ
"ဟယ်လို"
လွမ်းတယ်ပိုင် ငါမင်းကိုအရမ်းလွမ်းတယ်...
"ဟယ်လို"
"ကျစ် အဲ့တာကြောင့်phစိမ်းတွေဆိုမကိုင်ချင်တာ"
phကိုချမလိုလုပ်နေတဲ့ပိုင်ကြောင့်
"ဟယ်လို ပိုင် အရင်လိုအေးတိအေးစက်နေတုန်းပဲလား"













Seriously?I'm in love with my BFF!!Where stories live. Discover now