Ep ~18 Unicode

152 8 0
                                    

"၀ါးး တနင်္လာနေ့မနက်တိုင်းကကျောင်းတက်ရတာပျင်းစရာကောင်းလွန်းတယ်ကွာ.."
"သိပီ...သားကြီးတို့အတန်းလစ်ပီးကျောက်လှေကားဘက်သွားရအောင် ဘယ်လိုလဲ.."
"sryသားကြီး..ငါကဒီနေ့ကစပီးလူလိမ္မာလေးလုပ်တော့မှာမို့ ကျောင်းပျက်စရာကိစ္စလုံး၀မရှိ.."
"ချီးပဲ..မင်းကများ လူလိမ္မာလေး... ဟာသတွေသိပ်မလုပ်ပါနဲ့ဟိန်းသန့်ရာ..မင်းမမကြောင့်မလား.."
ဒီဟိန်းသန်ဆိုတဲ့ချီးထုပ်ငရှုပ်ကောင်ဟာလေ ECခန်းကရှင်းသန့်ကြည်ဖြူနဲ့ပြတ်တာမှမကြာသေး ခုတော့ 4th BEကမမတစ်ယောက်နဲ့တွဲနေပီတဲ့လေ..
"Right!ငါ့မမကလေ..အဲ့လိုအကျင့်ဆိုးတွေကိုမကြိုက်ဖူးကွ..မမ မကြိုက်တာကိုငါကလည်းလုပ်စရာအကြောင်းကိုမရှိတာကွာ..သိတယ်မလား..အဲ့တာကြောင့်လည်းငါ့မမကငါ့ကိုဆိုသိပ်ချစ်တာ..အဟားမင်းတို့လိုFAတွေနားမလည်ပါဘူးကွာ.."
"ချီးပဲ..ဟိန်းသန့်ချီးပဲ..အချိန်တန်ပျက်မှာကိုများ သောက်ပိုတစ်သိန်းလုပ်မနေနဲ့ .."
Oh my darling I love u📞📞
"ခဏသားကြီးတို့ မမဆီကPhလာလို့"
"Hello morning မမ.."
"morning မမ blah blah blah ..."မျက်နှာတစ်ခုလုံးကိုမဲ့ရွဲ့နေအောင်လုပ်ပြပီးဟိန်းသန့်ပုံစံအတိုင်းအတုခိုးကာပြောင်ပြနေတဲ့မြတ်မင်းရယ်ပါ..
အဟား..ဒီကောင်လေးဟာလေ..
"ဘာရီတာလဲတည်တံ့"
ဟော..ကြည့်.သူ့ဘက်ကိုမျက်မှောင်လေးကြုတ်ပီးမေးလာတဲ့ကောင်လေးကြောင့်ရယ်ချင်ချင်ဖြစ်နေတဲ့သူ့မျက်နှာကိုတည်အောင်ပြန်လုပ်လိုက်ရင်း
"ဘာမှမဟုတ်ပါဘူး..ဒါနဲ့မင်းကျောက်လှေကားဘက်သွားချင်လို့လား"
"မင်းလိုက်မှာလား.."
"အင်း..မင်းသွားမယ်ဆိုငါလိုက်မယ်.."
မြတ်မင်းက ရင်ဘတ်ကိုလက်နှစ်ဖက်နဲ့အသာဖိကိုင်လိုက်ကာ..
"အူ၀ါး..ခိုခိုတည်တံ့..ငါheartထိသွားပီ..မရတော့ဘူး ငါမင်းကိုချစ်သွားပီ.."
"ငါ..အဟမ်း..ငါရောပဲ.."
ထို့နောက်လက်နှစ်ဖက်နဲ့တည်တံ့ကိုသိုင်းဖက်လိုက်ကာ...
"သားကြီး မင်းကငါ့အပေါ်အကောင်းဆုံးပဲ ဟိုစော်ရှိသွားတာနဲ့သူငယ်ချင်းကိုပစ်ထားတဲ့ကောင်နဲ့မတူဘူး..ဟွန်း"
ဟိန်းသန့်ကphပြောနေရင်းမှPhကိုနားနားကနေအနည်းငယ်ခွာလိုက်ကာ...အသံခပ်တိုးတိုးနဲ့
"ဟုတ်တယ်.အဲ့တာကြောင့် ကောင်မလေးမရမယ့်အတူတူမင်းတို့FAနှစ်ကောင်ပဲအတူတူနေလိုက်ကြတော့ခွီး"
"အေး..မှတ်ထား..မင်းမှတ်ထား..မင်းမမနဲ့ပျက်တဲ့နေ့ရှယ်နှိမ်ပီပဲ..ဟွန်း"
"အဲ့ခါမှမြတ်မင်းကူပါ တည်တံ့ကူပါလာမလုပ်နဲ့ အန်ကယ်ကတော့Noပဲ.."
"ဟေး..သားကြီးပိုင်ထက်...ဟမ်?..ပိုင်ထက်ဘာသွားလုပ်တာပါလိမ့်"
ဖယ်ရီကပိုင်ထက်တို့အိမ်ရှေ့ရပ်တဲ့အချိန် ပိုင်ထက်ကကားပေါ်မတက်သေးပဲ ကားဆရာဦးလေးကြီးဆီအရင်သွားပီးတစ်ခုခုပြောနေလေသည် ပီးမှ..ကျွန်တော်တို့ထိုင်နေတဲ့ကားနောက်ဘက်ကိုလျှောက်လာသည်
"သားကြီးမင်းဘာသွားလုပ်တာလဲ"
မြတ်မင်းရဲ့အမေးကိုမဖြေသေးပဲ ကားပေါ်အရင်တက်လိုက်ပီးမှ..
"လူသစ်တစ်ယောက်လိုက်လို့ရမလားလို့သွားမေးတာ"
"သြော်..အဟဲ ပိုင်ထက် ဘယ်သူလဲ ချယ်ရီမေလား အဟီး"
"ဖယ်ရီအတူတူဆိုတော့ ပိုပီး နီးစပ်ဖို့အခွင့်အရေးရတာပေါ့ကွာ..အဟမ်းဟမ်း"
မြတ်မင်းကိုတစ်ချက်စိုက်ကြည့်ပေးလိုက်မှမျက်နှာပိုးသတ်ပီး
"အဟမ်း..ပိုင်ထက်ကလဲကွာ ဒါဆိုဘယ်သူလဲ"
"စစ်သွေး"
"စစ်သွေး??ဘေးနားကတည်တံ့ကိုကြည့်လိုက်ပီး"တည်တံ့အဲ့တာဘယ်သူတုန်း မင်းသိလား"
"မသိဘူး"
"အေး ငါလည်းမသိပါဘူး ငါတို့အခန်းထဲမှာအဲ့လိုနာမည်နဲ့လူရှိလို့လား..ပိုင်ထက် မင်းအမှတ်မှားတာများလား"
"ကျောင်းသားသစ်"
"သြော်..ကျောင်းသားသစ်နာမည်ကစစ်သွေးလား..ဟမ်..ကျောင်းသားသစ်!!!ပိုင်ထက်..မင်းနဲ့ကျောင်းသားသစ်ကမတည့်ဘူးမလား..ဘယ်လိုလုပ်ဖယ်ရီအတူတူစီးရလောက်အောင်ရင်းနှီးသွားတာလဲ?"
"ငါတို့ဘယ်တုန်းကမတည့်လို့လဲ"
"မဟုတ်ဖူးလေ..မင်း..ဟာကွာ..ဟိုမင်းနဲ့သူ..ဟိုတစ်ခါ..ချယ်ရီမေကိစ္စ..ဟို..မင်း..ဟာ..ကျစ်"
"မဟုတ်ဖူး.."
"ငါဘာမှတောင်မပြောရသေးဘူးလေကွာ.."
"ဘာပဲဖြစ်ဖြစ်မဟုတ်ဖူး.."
"...................."
"ဒါဆိုမင်းချယ်ရီမေကိုကြိုက်တာလားမကြိုက်ဖူးလား.."
"ငါချယ်ရီမေကိုကြိုက်တယ်လို့မပြောမိဘူး"
မြတ်မင်းကအားမလိုအားမရဟန်နဲ့
"ကျစ်..ပိုင်ထက်မင်းဝေ့လည်ကြောင်ပတ်လုပ်မနေပါနဲ့တော့ကွာ..ဒီမှာသိချင်လွန်းလို့ရူးတော့မယ်"
တည်တံ့ကကျွန်တော့်ဘေးနားအတင်းတိုးကပ်နေသော မြတ်မင်းကိုသူ့ဘေးနားအသာပြန်ဆွဲထားရင်းခေါင်းထိပ်လေးကိုခပ်ဖွဖွထုလိုက်ကာ"စပ်စုစိန်လေး.."
"ကျစ်..အသာနေစမ်းငတည်"
"ပိုင်ထက်ပြောလို့..ပိုင်ထက်..."
"ဘယ်အချက်တွေကများ ငါချယ်ရီမေကိုကြိုက်နေတယ်လို့မင်းတို့ကိုထင်စေလဲမသိပေမယ့် ငါချယ်ရီမေကိုလုံး၀မကြိုက်ဖူး..."
"ကျောင်းရောက်ပီ..ငါအရင်ဆင်းနှင့်ပီ"
ဟမ်???
ပိုင်ထက်ကတော့ပြောပီးပီးချင်းဆင်းသွားလေပီ..အံ့သြတကြီးကျန်ခဲ့ကြသည်မှာကျွန်တော်တို့သုံးကောင်သာ..
"အာ..အဲ့တာဆိုငါတို့အမှတ်မှားသွားတာများလား...ဟို..ဟိုဘက်ကိုကြည့်လိုက်စမ်းသားကြီးတို့.."
မြတ်မင်းပြတဲ့နေရာကိုကြည့်လိုက်တော့..ပိုင်ထက်ကသစ်ပင်နားမှာရပ်စောင့်နေတဲ့တစ်ယောက်ယောက်ဆီသွားနေလေသည်..
"အဟက် မိပီပေါ့ကွာ..မှန်းစမ်း ဘယ်အတန်းကကောင်မလေးများလဲ"
အဲ့တစ်ယောက်က......ဟမ် ကျောင်းသားသစ်!!!!"
***************************
"စစ်သွေး..ရောက်တာကြာပီလား"
"အခုလေးမှရောက်တာပိုင်..ဒါနဲ့ဘယ်လိုလဲဖယ်ရီကအဆင်ပြေလား..ငါလိုက်လို့ရပါ့မလား"
"အင်း..ပြေတယ်"
"အာ..တော်သေးတာပေါ့ကွာ"
ထို့နောက်နာရီကိုတစ်ချက်ကြည့်လိုက်ပီး...
"စောသေးတာပဲ..ပိုင်..ငါတို့ကန်တင်းဘက်သွားကြစို့"
"အင်း"
.......................................
"Yo!ဒါကဘယ်သူလေးလဲလို့ကြည့်ပါဦးကွာ...civilခန်းက ရောင်စဥ်လေးပဲ..."
"မင်းတို့..မင်းတို့ဘေး..ဖယ်..ငါကန်တင်းသွားပါရစေ.."
"အိုး...ကန်တင်းသွားချင်တာရောဟုတ်လို့လားကွာ...ခွန်ရှိုင်းကိုရှာချင်လို့မဟုတ်ဖူးလား..."
"ငါ..ငါ့ကိုသွားခွင့်ပေးပါ.."
"မပေးနိုင်ဘူးကွာ..မင်းဘာလုပ်ချင်လဲ.."
ကျွန်တော်နဲ့ပိုင်နဲ့ကန်တင်းသွားတဲ့လမ်းမှာကြားရတဲ့ဆူဆူညံညံအသံတွေကြောင့်ကြည့်မိတော့..
ဆီးပင်အောက်မှာရန်ဖြစ်နေတဲ့ကောင်လေးငါးယောက်..
ရန်ဖြစ်တယ်လို့ပြောရမလား..တကယ်တော့မျက်မှန်အ၀ိုင်းလေးနဲ့ခေါင်းငုံ့နေတဲ့ကောင်လေးကတစ်ဖက်သတ်အနိုင်ကျင့်ခံရမှန်းသိသာနေသည်...
ကျွန်တော်ကြည့်နေတဲ့ဘက်ကိုပိုင်ကလိုက်ကြည့်လာပီး မျက်မှောင်တစ်ချက်ကြုတ်သွားကာ..
"ရောင်စဥ်လင်းလက်.."
"ပိုင် မင်းနဲ့သိနေတာလား.."
"ငါတို့အခန်းထဲကပဲလေ.."
"အာ..အဲ့လိုလား အဲ့ဒါကြောင့်မြင်ဖူးနေပါတယ်လို့....လာပိုင်..သွားမယ်.."
ထို့နောက်ကျွန်တော့်ကိုတောင်မစောင့်တော့ပဲ ထိုရန်ုဖြစ်နေတဲ့နေရာကိုထွက်သွားလေတော့သည်..
"အဟက်!မင်းလိုကောင်ကများ ငါတို့သူငယ်ချင်းခွန်ရှိုင်းကိုကြိုက်ရတယ်လို့..ရွံစရာကောင်းလိုက်တာကွာ.."
ထို့နောက်မျက်မှန်၀ိုင်းလေးနဲ့ကောင်လေးကိုတွန်းလိုက်ပီး..
"မင်း..နောက်ခါခွန်ရှိုင်းရဲ့နောက်ကိုထပ်လိုက်လို့ကတော့..."
"ကိုယ့်လူတို့အေးဆေးပေါ့ကွာ..၄ယောက်၁ယောက်အနိုင်ကျင့်နေတာနည်းနည်းတော့မမိုက်ဖူးကွာ.."
ထိုကျောင်းသားကစစ်သွေးကိုကြည့်လာပီး
"မင်းဘယ်သူလဲ..ကိုယ့်လမ်းကိုယ်သွား မဆိုင်တာ၀င်မရှုပ်နဲ့.."
"သြော်..အင်း.."
"အဟက်...ဒီလိုမျိုးလိမ်လိမ်မာမာနားထောင်တော့အသားမနာ.."
"ခွပ်.."
ပြောလို့တောင်မဆုံးသေးထိုကောင်လေးရဲ့မျက်နှာထက်သို့ကျသွားတဲ့လက်သီးချက်..
"မင်း.."
"ခွပ်.."
ဒုတိယမ္ပိလက်သီးချက်ကိုစားရပီးတဲ့နောက်မှာထိုကျောင်းသားကအထိုးခံထားရတဲ့ပါးကိုလက်တစ်ဖက်နဲ့ကိုင်ထားရင်းစစ်သွေးကိုမယုံနိုင်ဟန်ကြည့်လာပီး...
"မင်း....မင်းပြောတော့ ကိုယ့်လမ်းကိုယ်သွား.."
"အင်းလေ..."
စစ်သွေးကလက်ဆစ်ကိုအသာချိုးရင်းထိုကျောင်းသားကိုပါးချိုင့်လေးတွေပေါ်တဲ့အထိပြုံးပြလိုက်ကာ...
"ငါကိုယ့်လမ်းကိုယ်သွားတာပဲလေ.."
"မင်း...မင်း.."
ထ်ိုကောင်လေးကဒေါသတကြီးနဲ့ပြန်လုပ်မလို့ပြင်ပီးမှနောက်မှာရပ်နေတဲ့ပိုင်ထက်မြက်ကိုမြင်သွားတော့အံ့သြသွားပီးရပ်သွားကာဘာမှမလုပ်တော့ပေမယ့် ဒေါသထွက်နေတဲ့မျက်လုံးတွေနဲ့စစ်သွေးကိုကြည့်နေဆဲ..
ပီးမှဘေးကမျက်မှန်၀ိုင်းနဲ့ကောင်လေးကိုမကြည်ကြည့်တစ်ချက်ကြည့်ပီး
"ဟက်..ဒီတစ်ခေါက်တော့မင်းကိုအလွတ်ပေးလိုက်မယ်"
ထို့နောက် သူ့ကိုအေးစက်စက်စိုက်ကြည့်လာတဲ့ civil ECပိုင်ထက်မြက်ကြောင့် ဆက်မနေရဲတော့ပဲမြန်မြန်ထွက်သွားလေတော့သည်..
သောက်ကျိုးနည်းအဲ့ဒီကောင်ကဘာလို့အဲ့နေရာမှာရှိနေရတာလဲ...
ပိုင်ထက်မြက်...အဲ့တစ်ယောက်ကsec yrမှာဆိုမသိတဲ့သူမရှိ ဆရာမတိုင်းရဲ့အားကိုးအားထားရာ..ပီးတော့အားကစားမှာဆိုရင်လည်း မနှစ်ကပွဲမှာပိုင်ထက်မြက်ပါတဲ့အသင်းကပထမဆုကိုရယူထားသည်.ပိုင်ထက်မြက်ကိုဆိုရင်ဆရာမတိုင်းကအလိုလိုနေရင်းကိုယုံကြည်နေကြသည်..
ပီးတော့ကျောင်းသားအချင်းချင်းကလည်းသူ့ကိုဆိုလေးစားပီးအားကျကျသည်...
ဆရာဆရာမတွေကိုတောင်မခန့်လေးစားလုပ်တတ်တဲ့သူကပိုင်ထက်မြက်ရဲ့အေးစက်စက်အကြည့်တွေကြောင့်ကြက်သီးထသွားရတာကတော့၀န်မခံချင်ပေမယ့်လည်းအမှန်တရားပင်...
ထို့ကြောင့်ပိုင်ထက်မြက်နဲ့ဘယ်တော့မှထိပ်တိုက်တွေ့အောင်မနေ..တော်သေးသည်က..သူကEPကမလို့ပေါ့..
ဒီခွေးကောင်လေးကြောင့်သာမဟုတ်ရင်ပိုင်ထက်မြက်ကိုရန်သွားစစရာအကြောင်းကိုမရှိဘူး..ရောင်စဥ်လင်းလက်..မင်းမှတ်ထား..မင်းကိုငါအလွတ်ပေးမှာမဟုတ်ဖူး...
စစ်သွေးကထွက်သွားပီဖြစ်တဲ့ထိုကောင်လေးတွေကိုကြည့်နေရင်းမှသူ့ဘက်လှည့်လာကာ
"ပိုင်..သူတို့ကိုကြည့်ရတာမင်းကိုကြောက်နေသလိုပဲ.."
"ဟုတ်လား.."
"မင်းဘာတွေများသူတို့ကိုလုပ်ထားသေးလဲ.."
"ကိုယ်ဘာမှမလုပ်ပါဘူး.."
ထို့နောက်လဲနေတဲ့ကောင်လေးကိုထူပေးလိုက်သည်..
ထိုကောင်လေးကခေါင်းကိုငုံ့ထားရင်းအသံတိုးတိုးလေးနဲ့ပြောလာသည်..
"ကျေးဇူးပါ EC...ပီးတော့.."
"ငါ့နာမည်သျှားစစ်သွေး.."
"အင်း..ကျေးဇူးပါသျှားစစ်သွေး.."
"စစ်သွေးသွားရအောင် နောက်ကျနေပီ.."
စစ်သွေးကနာရီကိုကြည့်လိုက်ရင်း..
"Ughh ဟုတ်သားပဲ.."
ထို့နောက်ရောင်စဥ်လင်းလက်ဘက်ကိုလှည့်ပီးပြုံးပြလိုက်ကာ..
"မင်းအဆင်ပြေတယ်မလား..ငါတို့သွားတော့မယ်နော်.."
"အင်း.."
******************
"ပိုင်..ငါတို့ဘာစားကြမလဲ.."
"ပိုင်..ထမင်းဆီစမ်း.."
ပြောနေရင်းတစ်ခုခုမူမမှန်သလိုခံစားရလို့ကြည့်လိုက်တော့ ရှေ့ကိုသာစိုက်ကြည့်နေကာမျက်မှောင်ကြီးကြုံ့ပီးသူ့ကိုတခွန်းမှတောင်ပြန်မပြောတဲ့ပိုင်..
"ဟေး..ပိုင်...ဘာဖြစ်ပြန်ပီလဲကွာ.."
"ပိုင်လို့...မင်းဘာဖြစ်တာလဲငါ့ကိုပြောမှငါကသိမှာပေါ့.."
ပိုင်ကသူနဲ့မျက်နှာချင်းဆိုင်လှည့်လာပီး..
"နောက်ခါရန်မဖြစ်နဲ့.."
"အာ.."
ထို့နောက်သူ့လက်ကိုသူ့ရဲ့လက်ဖ၀ါးထဲဆွဲယူလိုက်ကာ
"မင်းသာတစ်ခုခုဖြစ်သွားရင်..ငါအကုန်လုံးကိုသတ်ပစ်မှာ.."
"ပိုင်ရာ..."
သူ့ရဲ့ရှေ့မှာရပ်နေတဲ့ပိုင်ထက်မြက်ဆိုတဲ့လူသား..
သူ့တစ်ယောက်တည်းအတွက်သီးသန့်ဖြစ်တည်မှု...
သူ့ရဲ့ချစ်ခြင်းမေတ္တာတွေအားလုံးထိုလူသားထံပါးပေးအပ်ထားပီးသားဖြစ်လင့်ကစား..တစ်နေ့ထက်တစ်နေ့...တစ်နေ့ထက်တစ်နေ့..တစ်နေ့ထက်တစ်နေ့...ထိုလူသားကိုပိုပိုပီးမြတ်နိုးလာရတယ်...
"ပိုင်..ငါမင်းကိုချစ်တယ်.."
ရုတ်တရက်ကြီးသူ့ကိုချစ်ကြောင်းပြောလာတဲ့စစ်သွေးကြောင့်သူနည်းနည်းမှင်သက်မိသွားသည်...
ကြောင်အနေဆဲမှာပဲ နှုတ်ခမ်းပါးထက်ဖြတ်ခနဲသက်ဆင်းလာတဲ့အနမ်းစက်ငယ်...
"စစ်သွေး.."
ထိုကောင်လေးကသူ့ကိုပြုံးကြည့်လာပီး..
"ရှူး..သွားရအောင်ပိုင်..ငါဗိုက်ဆာပီ.."
ထွက်ပြေးမလို့ကြံစည်နေတဲ့ကောင်စုတ်လေးကို ပခုံးကနေအသာဆွဲယူရင်း ဆီးပင်ထောင့်နားလေးကပ်လိုက်ကာ..
"ငါမင်းကိုနမ်းချင်သေးတယ်.."
"အာ..ပိုင်..လူတွေမြင်.."
စကားလေးတောင်ပီးဆုံးအောင်ပြောခွင့်မရလိုက်ရှာသောနှုတ်ခမ်းပါးလေးမှာ သူနဲ့မျိုးတူနှုတ်ခမ်းပါးလေးရဲ့ထိကပ်နမ်းရှိုက်ခြင်းခံလိုက်ရလေတော့သည်..
*******************************
"အိုက်ယား...အချိန်တွေကလည်းကုန်တာမြန်တာကွာ..အခုမှကိုယ့်ကိုကိုယ်1st yrတက်နေတုန်းပဲလို့ထင်နေတာ..အခုတော့ sec yrတောင် sec semဖြေတော့မယ်..."
"အားးပျင်းလို့သေတော့မယ်..ငါဘာစာမှလည်းမရသေးဘူး..Sec sem Dထိလို့ကတော့အိမ်ကငါလိုချင်တာ၀ယ်မပေးဘူးတဲ့.."
"မပူနဲ့ အိမ်ကမ၀ယ်ပေးရင် ငါ၀ယ်ပေးမယ်"
"UwU တည်တံ့မင်းငါ့ကိုအကျင့်ဖျက်နေတာပဲ.."
"ဟားဟား...မဟုတ်ပါဘူးကွာ..မင်းလိုချင်တယ်ဆိုလို့လေ..ဘာလို့လဲ မယူချင်ဘူးလား.."
"ughh ယူမှာလို့..ပီးတော့ငါစာလည်းသေချာလုပ်မှာ မင်းကိုစိတ်မပျက်စေရဘူးရယ်..ဟီး.."
"ဟုတ်ပါပီဗျာ..လိမ္မာတဲ့ကောင်ငယ်လေး.."
"တည်တံ့ ငါ့ကိုရော..ငါလည်းလိုချင်တာရှိတယ်လေကွာ..၀ယ်ပေးမှာမလားဟင်..ဟင်လို့.."
"တော်စမ်းပါ..သွား..ဟိုဘက်.."
"ချီးထုပ်ကောင်တွေ..သူငယ်ချင်းအချင်းချင်းကိုခွဲခြားခွဲခြားနဲ့...ဟွန်း ဒီအဖေကြီးကလည်းကိုယ့်ဟာကိုယ်၀ယ်နိုင်တယ်ကွ..သိလား.."
ချစ်ကြည်နူးတစ်တီတူးနေတဲ့နှစ်ကောင်ကိုဘေးကနေမနာလိုမရှုစိမ့်နေသောအမောင်ဟိန်းသန့်လေးခမျာ..မျက်စောင်းကြီးသာလှိမ့်ထိုးနေတော့သည်...
သူဘေးနားကဆူညံပွက်လောရိုက်နေသောသုံးကောင်ကိုလစ်လျူရှုရင်းနောက်ခုံမှာထိုင်နေတဲ့စစ်သွေးကိုကြည့်လိုက်တော့ Phကြည့်နေတဲ့စစ်သွေးကတစ်ခုခုကိုအာရုံခံမိတဲ့အလားခေါင်းမော့ကြည့်လာသည်..
ထို့နောက်ခေါင်းပြန်ငုံ့သွားပီး Ph မှာတစ်ခုခုကိုရိုက်လိုက်သည်..
တီ💌
"ပိုင်..မနက်ဖြန် ဆိုင်ကယ်နဲ့ကျောင်းလာရအောင်.."
သူ၀င်လာတဲ့msကိုဖတ်လိုက်ကာစစ်သွေးကိုကြည့်လိုက်ပီးခေါင်းငြိတ်ပြလိုက်သည်..
စစ်သွေးကပြုံးပြလာပီး တစ်စုံတစ်ခုကိုပါးစပ်လှုပ်ပြောလာသည်..
သေချာနားထောင်ကြည့်ပေမယ့် ဆူညံနေတဲ့အသံတွေကြောင့်ဘာဆိုဘာမှမကြားရပေ..
တီ💌
"ဖွားဖွားပိုင်ကိုကျွန်တော်ချစ်တယ်.."
အရှေ့ဘက်ကိုပြန်လှည့်သွားပီဖြစ်တဲ့ပိုင့်ဆီကဘာmsမှပြန်မရောက်လာပေမယ့် နောက်ကနေပိုင့်ရဲ့နားရွက်ဖျားနီနီလေးတွေကိုတော့ရှင်းရှင်းလင်းလင်းမြင်နေရသည်..
သူအသာပြုံးလိုက်ရင်း...
"ပိုင်ဟာလေ...."
"ပိုင်ထက်..သဘက်ခါကျငါ့အိမ်မှာစာစုလုပ်မှာမင်းလာမှာလား.."
"ဟမ်..sry မင်းဘာပြောလိုက်တာလဲ.."
ph screenထံကနေမျက်နှာမလွှဲသေးပဲသူ့ကိုပြန်မေးလာတဲ့ပိုင်ထက်..
"သဘက်ခါစာစုလုပ်မှာမင်းလာမှာလားလို့မေးတာ.."
"မလာဘူး..ငါစစ်သွေးနဲ့အတူတူလုပ်မှာ.."
"အေးပါ..ပီးတာပဲ.."
"အင်း.."
"ဒါနဲ့နေပါဦး ပိုင်ထက် မင်းph ထဲမှာဘာတွေများအဲ့လောက်စိတ်၀င်စားစရာတွေပါနေလို့ ဒီလောက်ကြည့်နေရတာလဲ.."
ထို့နောက်ဟိန်းသန့်ကသူ့ကိုတစ်ချက်ကြည့်လာပီးမျက်မှောင်ကြုံ့လိုက်ကာ
"မင်းနားရွက်ထိပ်တွေကအမြဲတမ်းအဲ့လိုနီနေတာလား..မသိရင် ရည်းစားစကားအပြောခံရတဲ့အပျိုဖြန်းလေးကျလို့.."
"အဟွတ်.."
ရည်းစားစကားအပြောခံလိုက်ရတဲ့အပျိုဖြန်းလေးပိုင်ထက်"..."








Seriously?I'm in love with my BFF!!Where stories live. Discover now