ဆရာမအတန်းချိန်ပီးလို့ အခန်းထဲပြန်၀င်လာတော့gameဆော့မလို့ပြင်နေတဲ့သုံးကောင်ကphကိုပစ်ချကာအနားတိုးလာပီး..
"သားကြီး..မင်းဒီနေ့ဘာဖြစ်နေတာလဲ..
ကျောင်းသားသစ်နဲ့လည်းရန်ဖြစ်လို့ဖြစ်ပီးတော့လည်းအတန်းအပြင်ဘက်မှာထွက်ရပ်ပီးအပြစ်ပေးခံရလို့ခံရနဲ့"
ဟိန်းသန့်ရဲ့အပြောကိုမြတ်မင်းကပါထောက်ခံပီး ...
"Ugh!!ဘယ်လောက်ပဲတည်ငြိမ်ရင့်ကျက်တဲ့ပိုင်ထက်မြက်ဖြစ်နေပါစေ အချစ်နဲ့တွေ့တဲ့အခါမှာအခုလိုမျိူးတွေလည်းကြုံလာရနိုင်ပါ့လား....
သြော် အချစ်အချစ်.."
သံဝေဂရသလိုလို..အချစ်ကိုပဲစိတ်ကုန်သလိုလိုပြောလာသည်...
သူတို့ပြောနေတဲ့သူကတခြားတစ်ယောက်ကိုဖြစ်ပေမယ့် သူတို့မသိတာကကျွန်တော့်ရဲ့အချစ်တွေကသျှားစစ်သွေးဆိုတဲ့ကောင်လေးတစ်ယောက်ထံမှာသာတည်ရှိနေမှန်း..
စစ်သွေးအကြောင်းတွေးမိတော့..တစ်ခါတည်းတွဲရက်ဖြစ်ပေါ်လာတဲ့..နှုတ်ခမ်းနှစ်လွှာထက်ကအပြုံးနု...
"Ugh!!ဟိန်းသန့် မင်းမြင်လိုက်လား..ပိုင်ထက်ပြုံးလိုက်တာ"
"မင်းကလည်းအလန့်တကြားနဲ့ ငါလည်းမျက်လုံးပါတယ်မြင်ပါတယ်ကွ...."
တည်တံ့ကပါ..
"ဒါဆိုပိုင်ထက်မင်းတကယ်ပဲ..ချယ်ရီမေကိုကြိုက်နေတာလား"
"မပြောတတ်ဖူး"
"Ugh!!ဟုတ်နေပါပီ..ပိုင်ထက်ရဲ့ဒီပုံကြီးကိုက အချစ်ရဲ့နွံမှာနစ်မြုပ်နေမှန်း..ကျောင်းသားသစ်အတွက်တော့စိတ်မကောင်းစရာပဲကွာ...သူ့ဘာသာသူဘယ်လောက်ပဲချောချောဘယ်လောက်ပဲတော်တော် ငါ့တို့ရဲ့ပိုင်ထက်နဲ့ယှဥ်ရင် ဘယ်လိုမှနိုင်မှာမဟုတ်ဖူး...."
ဟိန်းသန့်နဲ့တည်တံ့ကပါ..
"ဟုတ်တယ်သားကြီး မင်းဘာမှမပူနဲ့....ငါတို့မင်းရဲ့အချစ်ရေးကိုကူညီပေးမယ်"
"နေပါစေ"
"ဒါနဲ့ပိုင်ထက်မင်းသိလား"
"ဘာကိုလဲ"
မြတ်မင်းကဆက်ပီးပြောလာသည်
အဲ့ကျောင်းသားသစ်ကတကယ်ကြောင်တောင်တောင်ရယ်..
"ဘာလို့လဲ"
"မင်းအတန်းပြင်ထွက်ရတော့ တစ်တန်းလုံးတစ်ယောက်မှမလှုပ်ရဲကြတော့ဘူးလေ..
အဲ့တာကိုသူတစ်ယောက်တည်းဘာစိတ်ကူးတွေပေါက်တယ်မသိပါဘူးကွာ..
ဟိုပစ္စည်းပြုတ်ကျလိုက် ဒီပစ္စည်းပြုတ်ကျလိုက်နဲ့တစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်၄ ၅ ခါလောက်အဲ့လိုဖြစ်တော့
ဆရာမက ငါ့ကိုဆန္ဒပြနေတာလား မသင်ချင်အခုချက်ချင်းထွက်သွားဆိုပီးလည်းပြောလိုက်ရော ဘယ်အချိန်ကတည်းကသွားချင်နေလည်းမသိပါဘူးကွာ အတန်းရှေ့ကိုလှစ်ခနဲထွက်သွားတော့တာပဲ"
"သြော်"
"သြော်?သြော်??ဒါပဲလား"
"အင်း"
=_=))တော်ပီ တော်ပီ သားကြီးတို့gameပဲဆက်ဆော့ကြစို့"
"မြတ်မင်းငါရော..ပါလို့ရလား"
တည်တံ့ရဲ့အမေးကိုမြတ်မင်းကလှည့်မကြည့်ပဲ..
"မရဘူး"
"Ugh..."
ထောင့်လေးကိုတိုးသွားပီးphလေးကိုကိုင်ထားရင်းခေါင်းလေးငုံ့သွားတဲ့တည်တံ့....
"ကျစ်!!မင်းပါချင်ပါပေါ့ gameဆော့တာပဲဘယ်သူကတားနေတာကျလို့"
"တကယ်..တကယ်လား မြတ်မင်း မင်းငါ့ကိုစိတ်မဆိုးတော့ဘူးမလား"
"Huh..မင်းကိုယ့်အပြစ်ကိုယ်သိပီလား"
"အင်း..သိပီ..နောက်ခါဆိုငါအဲ့လိုမလုပ်တော့ပါဘူး"
"တော်ပီ ဆော့မယ်"
"အင်း"
"ဟိန်းသန့်ဆော့ရ..Hmm!!!ခွေးကောင် ဟိန်းသန့် ဘာလို့ငါတို့ကိုမစောင့်တာလဲ"
"ugh sry ဒီဖေကြီးကချစ်ကြည်နူးတစ်တီတူးနေတာတွေကိုမခံစားနိုင်လို့တစ်ယောက်တည်းပဲဆော့လိုက်တော့တယ်"
"မြတ်မင်းငါနဲ့ပဲတူတူဆော့မယ်လေ"
"မဆော့ဘူး"
"Ugh..ဒါဆိုငါတို့skinတွေ၀ယ်ရအောင်လေ
ငါမင်းအတွက် selena new skin၀ယ်ပေးမယ်"
Selena new skinဆိုတဲ့အသံလည်းကြားရော
ချက်ချင်းလှည့်လာပီး
"တကယ်လား?"
"အင်း မင်းကြိုက်တဲ့Skinတွေအကုန်ငါ၀ယ်ပေးမယ်"
"Hee ..ဘေးဖယ် ဟိုချီးထုပ်ကောင် ငါ့နေရာသွားထိုင်နေ ငါတည်တံ့နားသွားမလို့"
"Aww..အေးအေး..အခုတော့လည်းဒီအဖေကြီးကိုတစ်ယောက်တည်းထားခဲ့ပီပေါ့"
"ချီးအဖေကြီးလား! သွားသွားမြန်မြန်သွား နောက်အချိန်မှနေရာပြန်လဲမယ်"
"ဟုတ်ကဲ့ပါဗျ..ဘ၀ကြီးကခါးလိုက်တာဗျာ..ရည်းစားနဲ့လည်းပျက်..အိမ်စာကလည်းမပီး..gameလေးဆော့တော့လည်းအနှောင့်အယှက်က၀င်လာပြန်ပီ"
"မင်းရည်းစားနဲ့ပျက်တာအခုမှမလို့လား..အဆန်းလုပ်လို့"
"ချီးပဲ!!ခွေးကောင်မြတ်မင်း ငါ့ဟာငါဘယ်နှစ်ခါပျက်ပျက်ပေါ့ ကိုယ့်ဟာကိုယ်skinပဲသွားရွေးနေစမ်းပါ"
"ပိုင်ထက်မင်းကပါငါ့ကိုရီနေတာလား.."
ဟိန်းသန့်ရဲ့ပခုံးကိုအသာပုတ်ပေးလိုက်ရင်း
"နေသားကျသွားမှာပါ"
"ချီး....."
*******************************
ညနေကျောင်းဆင်းချိန်~
"ပိုင်ထက်ပြန်ရအောင်လေ ဘာလုပ်နေတာလဲ"
"ဆိုင်ကယ်ပါတယ်"
"Ughh ဟုတ်သားပဲ...ဒါနဲ့မင်းဘာလို့မပြန်သေးတာလဲ..အ့..ခွေးကောင်မြတ်မင်းမင်းဘာလို့ငါ့ကိုထုတာလဲ"
"ဟိန်းသန့်ငတုံးကောင်ဒီလောက်တုံးနေတာရည်းစားနဲ့ပျက်တော့မှာပေါ့"
"ဘာကွမင်း..ခွေးကောင်လေးနာချင်လို့လား"
"ဟားး ပိုင်ထက်ကတစ်ယောက်ယောက်ကိုစောင့်နေလို့မပြန်သေးတာပေါ့ကွ..ဖေ့သားလေးကဒါတောင်နားမလည်ဘူး"
"ugh..တစ်ယောက်ယောက်??"
"အော်..ချယ်..အဟမ်း ငါသိပီ..ပိုင်ထက်အဲ့တာဆိုငါတို့သွားပီနော် မနက်မှတွေ့မယ်"
"အင်း"
"ခွေးကောင်လေးအဲ့တာနဲ့ပဲမင်းငါ့ကိုထုစရာလားကွ"
"အဟီး သားလေးကလည်း နာတာလည်းမဟုတ်ပဲနဲ့ကို"
"မြတ်မင်း မဆိုးနဲ့တော့ ခေါင်းကမနာပေမယ့် ရင်ဘတ်ထဲကနာတာနေမှာပေါ့ မင်းသိပါတယ် ငါတို့ရဲ့ဟိန်းသန့်လေးကရည်းစားနဲ့ပျက်ထားတာဆိုတော့"
"ချီးပဲ မင်းတို့နှစ်ကောင် သေပီသာမှတ်တော့ မပြေးနဲ့ခွေးကောင်တွေ$#$&#&"
*******************
"hey..ပိုင်ထက် ထူးထူးဆန်းဆန်းပါ့ပဲ မပြန်သေးဘူးလား"
အခါတိုင်းကျောင်းဆင်းတာနဲ့အရိပ်အယောင်တောင်မမြင်ရအောင်လှစ်ခနဲထွက်သွားတတ်တာမို့ ဒီနေ့အခန်းရှေ့တံခါးကိုမှီရပ်ရင်းစစ်သွေးကိုစောင့်နေတဲ့ကျွန်တော့်ကိုမြင်တော့ ခတ်လတ်စိမ်းကပြုံးပီးမေးလာသည်.
"အင်း"
"ဒါနဲ့ ပိုင်ထက် Sundayကျရင် တို့မွေးနေ့လေ"
ခတ်လတ်စိမ်းက သူ့ရဲ့ပန်းရောင်လွယ်အိတ်လေးထဲကနေ Birthday cardကိုထုတ်ကာ လှမ်းပေးလာရင်း
"ပိုင်ထက်လာမယ်မလားဟင်"
"ငါမလာ.."
"တစ်ခန်းလုံးကိုဖိတ်ထားတာ..ECကတို့ကိုမခင်လို့လား..နည်းနည်းလေးတော့မျက်နှာသာလေးပေးပါဦးနော်"
"ငါအချိန်ရရင်လာခဲ့မယ်"
"ပိုင်"
အဖြူရောင်လွယ်အိတ်လေးကိုဘေးတစောင်းလွယ်ထားပီး...တစ်လှမ်းချင်းလှမ်းလာတဲ့ကောင်လေး..
ညနေနေကျချိန်မို့ အခန်းတံခါးကတဆင့်၀င်ရောက်လာတဲ့အလင်းဖျော့ဟာ ထိုကောင်လေးထံပါးသက်ဆင်းခစားနေသယောင်..
အပြုံးနုလေးကိုပန်ဆင်ထားပီးလှမ်းလာတဲ့ကောင်လေးကတကယ့်ကိုဒီကမ္ဘာလောကကြီးနဲ့မသက်ဆိုင်တဲ့အဖြူရောင်နတ်သားလေးအလား...
ugh..ဒါကျောင်းသားသစ်မလား..
ကျောင်းသားသစ်ကိုငေးနေမိတဲ့မျက်လုံးကိုအသာလွှဲဖယ်လိုက်ရင်း သူမတိတ်တိတ်လေးတွေးလိုက်မိသည်..ဒီတစ်ယောက်ကတော်တော်ချောတာပဲ
"hello"
ထိုကောင်လေးကသူမကိုပြုံးပြကာနှုတ်ဆက်လာပီး ECဘက်ကိုလှည့်သွားကာ
"ပိုင် ပြန်ရအောင်"
"အင်း"
"Sry ခတ်လတ်စိမ်း မွေးနေ့ကိုလာနိုင်မှာမဟုတ်လို့ cardကိုမင်းပဲပြန်ယူသွားလိုက်ပါ"
hmm...ကျောင်းသားသစ်ကိုငေးနေမိရာမှECပြောလာတဲ့စကားကြောင့်
"ပိုင်ထက်.."
သူမလှမ်းခေါ်လိုက်ပေမယ့် မမှီတော့ပဲ ကျောင်းသားသစ်နဲ့အတူဘေးချင်းယှဥ်သွားနေတဲ့ နောက်ကျောနှစ်စုံကိုသာမြင်လိုက်ရတော့သည်...
UghစောစောကပဲECကမွေးနေ့ပွဲလာဖို့စဥ်းစားပေးမယ်ဆိုပီး အခုကျတော့ချက်ချင်းကြီးမလာနိုင်တော့ဘူးတဲ့လား..
ဘာဖြစ်သွားတာပါလိမ့်..ဒါနဲ့ကျောင်းသားသစ်ကECကိုပိုင်လို့ခေါ်လိုက်တာလား...
ဒါဆိုနဂိုကတည်းကသိနေကြတာလား..
1st yrစစချင်းပိုင်ထက်နဲ့တွေ့တုန်းကအချိန်ကိုတောင် အမှတ်ရမိသွားသည်..
အဲ့တုန်းကပိုင်လို့ခေါ်လို့ရမလားလို့မေးလိုက်တုန်းက လူကိုအေးတိအေးစက်ကြည့်လာပီး မရဘူးလို့ပြောခဲ့တာ...ဒီကောင်လေးကျတော့ ဘာလို့များ...
တဖြည်းဖြည်းဝေးကွာသွားတဲ့နောက်ကျောနှစ်စုံဟာ တစ်မျိုးတစ်ဖုံတော့လိုက်ဖက်နေသ
ယောင်...
"Ugh..ဘာတွေလျှောက်တွေးမိနေတာလဲ
တော်ပီ... မစဥ်းစားတော့ဘူး..."
*************************
"ပိုင်"
"ပိုင်"
"ရော်..ပိုင်မင်းဘာဖြစ်နေတာလဲ"
"ဘာမှမဖြစ်ဖူး"
"အော..ဒါနဲ့အဲ့တစ်ယောက်ကဘယ်သူလဲ"
"ဘာလို့လဲ"
"hmmဘာကိုလဲပိုင်"
"ဘာလို့လဲ ဘာလို့သူ့အကြောင်းမေးတာလဲ"
"ugh..မဟုတ်ဖူးလေပိုင်ရာ ငါကဒီတိုင်း.."
!မင်းသူ့ကိုပြုံးပြတယ်"
"ughhမဟုတ်ဖူးလေ..ဟမ့်..နေပါဦး ဖွားဖွားပိုင်ကျွန်တော့်ကိုသ၀န်တိုနေတာလား"
"huh!"
"ဖွားဖွားပိုင်ရာ.."
ထို့နောက်နွေးထွေးနူးညံ့မှုလေးတစ်ခုကကျွန်တော့်ရဲ့လက်ဖ၀ါးကတစ်ဆင့်၀င်ရောက်လာသည်..
စစ်သွေးရဲ့လက်လေးတစ်ဖက်ကကျွန်တော့်ရဲ့လက်ဖ၀ါးထဲကို၀င်ရောက်လာခြင်း...
ကျောင်းဆင်းချိန်မို့ အားလုံးအာရုံကိုယ်စီနဲ့သုတ်သုတ်သုတ်သုတ်သွားနေကြပေမယ့် အခုထိကျွန်တော်တို့နှစ်ယောက်လုံးကျောင်း၀န်းထဲမှာရှိနေတုန်းပင်...
အံ့အားသင့်စွာနဲ့ထိုကောင်လေးကိုကြည့်လိုက်တော့ အလားတူပင်ကျွန်တော့်ကိုပြန်ကြည့်နေတဲ့စစ်သွေး..
"စစ်သွေး"
"ပိုင်.မင်းမကြိုက်လို့လား"
ကောင်ငယ်လေးရဲ့လက်ကိုပို၍တင်းကြပ်စွာဆုပ်ကိုင်လိုက်ရင်း...အလုံးစုံသောနွေးထွေးနူးညံ့မှုတို့ကိုပိုမိုနက်ရှိုင်းစွာထိတွေ့ထားရင်း..
"သွားကြစို့"
သိပ်ကိုကျယ်၀န်းတဲ့ TUကျောင်းကြီးထဲမှာ..ပျားပန်းခတ်မျှလှုပ်ရှားသွားလာနေကြတဲ့လူတွေကြားထဲမှာ..လက်ချင်းယှဥ်တွဲထားရင်း..ရှက်ပြုံးလေးကိုယ်စီကိုပန်ဆင်ထားတဲ့ကောင်လေးနှစ်ယောက်ရှိနေလေရဲ့....
***********************
ကျစ်!!ငါတကယ်ကိုမေ့သွားတာပဲ
ဒီနေ့တစ်နေ့တည်းနဲ့တင်အဖြစ်အပျက်တွေတော်တော်များများဖြစ်သွားတာမို့..ကားကိုရပ်ထားရင်းစောင့်နေတဲ့BGနှစ်ယောက်ကိုမြင်မှပဲသူတို့သူ့ကိုလာကြိုတယ်ဆိုတာကိုသတိရတော့သည်...
ထိုနှစ်ယောက်ထဲကတစ်ယောက်ကကားတံခါးကိုဖွင့်ပေးရင်း..
"သခင်လေး"
"Ugh.."
ဘေးနားမှာရပ်နေသောပိုင်ရဲ့မျက်နှာကိုကြည့်လိုက်တော့မှုန်ကုပ်ကုပ်လေးနဲ့မျက်မှောင်လေးကြုတ်သွားသလိုလေးကြောင့်နည်းနည်းတော့ရီချင်မိသွားပေမယ့် ချောင်းသာအသာဟမ့်ရင်း..
"အဟမ်း..sryပိုင် ငါအိမ်ကလာကြိုမှာမေ့သွားတယ်"
ပိုင်ကအခုထိစကားပြောမလာသေးတာကြောင့်...BGတွေရှေ့မှာပင် ပိုင့်နားအသာတိုးလိုက်ရင်း နားနားလေးကပ်ကာ
"ပိုင်..ငါညနေလာခဲ့မယ်လေ..နော်..."
ထို့နောက်နားရွက်ဖျားလေးကိုအသာထိယုံမျှဖွဖွနမ်းလိုက်ကာ..
"ငါမင်းကိုချစ်တယ်ပိုင်"
နားရွက်ဖျားလေးတွေနီရဲတက်လာပီးတောင့်တောင့်ကြီးဖြစ်သွားတဲ့ပိုင်ဟာလေ ခေါင်းလည်းမငြိမ့်ခေါင်းလည်းမခါပဲဒီတိုင်းရပ်လျက်အတိုင်းသာ..
"အဟမ်း..ပိုင်ငါသွားပီနော်"
ကားပေါ်တက်ကာထွက်သွားပီဖြစ်တဲ့စစ်သွေးကိုကြောင်ကြည့်နေရင်း..
"စစ်သွေး..ဒီ..ချီးထုပ်ကောင်လေးဟာလေ"
တိုးဖွဖွရေရွတ်ရင်းသာ ဆိုင်ကယ်ထားတဲ့နေရာကိုသွားလိုက်တော့သည်..
ညနေစစ်သွေးလာမှာမလို့ သူကြိုက်တဲ့ဟင်းချက်ထားဖို့အိမ်ကိုပြောထားရမယ်...
****************
ကျောင်းအပြန်လမ်းတစ်လျှောက်လုံးရှက်နေတဲ့ပိုင့်ရဲ့မျက်နှာကိုပဲမြင်ယောင်နေမိသည်...
ကျွန်တော့်ရဲ့ပိုင်ဟာလေ ဒါလေးစလိုက်တာကိုအဲ့လောက်ထိရှက်သွားရတယ်လို့ တကယ့်ကလေးကြီးပါဗျာ...
တီ.💌
*ငါလည်းမင်းကိုချစ်တယ် စစ်သွေး.*
"အဟွတ်...အဟား ဒီ...ဒီပိုင်ကတော့လေ..."
အနမ်းဖွဖွပေးယုံနဲ့ရှက်နေတဲ့ပိုင်ထက်မြက်ကိုကလေးကြီးရယ်လို့စနေတဲ့သျှားစစ်သွေးလေးဟာ "မင်းကိုချစ်တယ်"လို့msလေးပို့လိုက်ယုံနဲ့နားရွက်ဖျားတွေပါနီရဲသွားပီး ရှက်ရယ်ရယ်နေမိတဲ့သူ့ကိုယ်သူတော့သတိမထားမိဘူးထင်ပါရဲ့...
********************
"သားကြီးပြန်လာပီလား"
"ဟုတ် အမေရော"
"သားအမေကမနက်ဖြန်အန်တီမာလာတို့အိမ်ကအလှူလုပ်မှာမလို့သွားပီးကူလုပ်ပေးနေလေရဲ့..
ဘာဖြစ်လို့လဲသား"
"ဘာမှမဟုတ်ပါဘူး..ကျွန်တော်အပေါ်တက်တော့မယ်"
"အေးအေးသား"
"ဒါနဲ့.."
လှေကားပေါ်တက်နေရင်းမှနောက်ပြန်လှည့်လာကာမေးလာတဲ့သားဖြစ်သူကြောင့်
"ပြောလေသားကြီး"
"အမေကဘာဟင်းချက်ထားလဲ"
ဟမ်...နေပါဦး နားကြားများလွဲနေရော့လား အခါတိုင်း အိမ်မှာဘာဟင်းပဲချက်ထားထားသိပ်စိတ်၀င်စားလေ့မရှိပဲ ရှိတာနဲ့သာစားတတ်သောသားဖြစ်သူကဒီနေ့မှထူးထူးခြားခြားဟင်းအကြောင်းတွေဘာတွေမေးနေပါ့လား..
"မနက်ကသားကိုထည့်ပေးလိုက်တဲ့ဟင်းတွေပဲလေ..ဘာဖြစ်လို့လဲ ငါ့သားကြီးကဘာစားချင်လို့လဲအဖေသွား၀ယ်ပေးမယ်လေ"
"ရတယ်.ကျွန်တော်အပေါ်တက်ပီ"
"အေးအေး"
***********************
လွယ်အိတ်ကိုချပီး..ရေချိုးမလို့ပြင်ပီးမှ
ကျစ်..ဒီကောင်လေးသူ့အိမ်မှာချက်ကျွေးမယ့်သူရှိပါ့မလား..မနက်ကရောဘာစားခဲ့တာလဲ...ဗိုက်တွေများဆာနေရော့မလား...အမေကလည်းဒီနေ့မှအလှူအိမ်အတွက်ကူလုပ်ပေးနေတာဆိုတော့ စစ်သွေးအတွက်ဟင်းကိုချက်ကျွေးနိုင်မှာမဟုတ်ဖူး..
တော်ပီ..ရေနောက်မှချိုးတော့မယ်..အိမ်နေရင်းအ၀တ်ကိုသာလဲလိုက်ရင်း တစ်ခုခုချက်ဖို့အောက်ထပ်ကိုဆင်းခဲ့လိုက်တော့သည်..
ရေခဲသေတ္တာကိုဖွင့်ကြည့်လိုက်တော့ မနက်ကအမေ၀ယ်ထားပုံရတဲ့ နှမ်းဖက်ချဥ်ထုပ်နဲ့အရွက်တချို့..
ကွက်တိပဲ စစ်သွေးကနှမ်းဖက်ချဥ်နဲ့၀က်အူနဲ့ဆိုသိပ်ကြိုက်တာ..နှမ်းဖက်ချဥ်ထုပ်ကိုသာယူလိုက်ပီး အရွက်တွေကိုတော့ဒီအတိုင်းထားလိုက်သည်..စစ်သွေး ဒီကောင်လေးဟာလေ အရွက်တွေဆိုရင်ပါးစပ်ရှုပ်လို့မစားဖူးတဲ့..
နှမ်းဖက်ချဥ်ချက်ပီးတော့..ငံပြာရည်ဖျော်ဖျော်လိုက်သည်..အုပ်ဆောင်းအောက်မှာတော့ကြက်သားကြော်တွေရှိသေးတယ်...ဒီလောက်ဆိုရလောက်ပါပီ...
နာရီကိုတစ်ချက်ကြည့်လိုက်တော့ 6နာရီထိုးဖို့ဆယ်မိနစ်ပဲလိုတော့သည်
"စစ်သွေးဘာလို့မလာသေးတာလဲ..."
ရေအရင်ချိူးလိုက်တော့မယ်....
🚿🚿🚿
7နာရီ~
ငယ်လေးတောင်ကျူရှင်ဆင်းလို့ပြန်ရောက်နေပီ.
အပြင်ဘက်ကိုကြည့်လိုက်တော့ ကောင်းကင်ကြီးကကြယ်ရောင်စုံနဲ့အလှဆင်နေလေပီ...
ဒီချီးထုပ်လေးမေ့နေတာများလား...
စာကြည့်စားပွဲပေါ်မှာအားသွင်းရင်းတင်ထားတဲ့Phကိုယူလိုက်ရင်းစစ်သွေးဆီခေါ်လိုက်သည်...
တီ..တီ...တီ📲📲📲
Phက၀င်နေသော်လည်းကိုင်သူမရှိ...
တီ..တီ...တီ📲📲📲
ရုတ်တရက်ခေါင်းထဲဒိန်းကနဲရောက်လာသည်က..ဟိုးအရင်ကစစ်သွေးအိမ်ကိုသူခိုး၀င်သည့်အဖြစ်အပျက်..
တကယ်လို့များ..စစ်သွေးတစ်ခုခုဖြစ်နေလို့phမကိုင်နိုင်တာဆိုရင်...
တစ်ကိုယ်လုံးပူထူသွားပီးဘာဆိုဘာမှမစဥ်းစားနိုင်တော့ Phကိုလက်တစ်ဖက်ကကိုင်ပီးခေါ်နေရင်း ဆိုင်ကယ်သော့ယူကာအောက်ထပ်ကို
ကမန်းကတမ်းပြေးဆင်းခဲ့လိုက်သည်...
သား..ပိုင်ထက်ဘယ်သွားမလို့လဲ..7နာရီတောင်ကျော်နေပီ ဒီအချိန်ကြီးဘယ်သွားမလို့လဲ~
အခုမှအန်တီမာလာတို့အိမ်ကပြန်လာတဲ့အမေကတံခါး၀မှာတွေ့ပီးလှမ်းမေးလာသည်..
အမေမေးတာကိုလည်းမဖြေနိုင်တော့ အိမ်ရှေ့ကိုသာအမြန်ပြေးထွက်လာခဲ့လိုက်သည်...
ဆိုင်ကယ်သော့ကိုတပ်လိုက်ကာသွားမလို့ပြင်လိုက်တုန်းမှာပဲ..
Hello~
တစ်ဖက်ကထွက်ပေါ်လာတဲ့စစ်သွေးရဲ့အသံကြောင့် အခုမှပဲစိတ်အေးသွားရတော့သည်
"Hello စစ်သွေး..မင်းမလာသေးဘူးလား"
"ughhh..ပိုင် ငါတောင်းပန်ပါတယ် ဒီနေ့တော့ငါလာလို့ရမှာမဟုတ်တော့ဘူး"
"အင်း"
"ပိုင် မင်းငါ့ကိုစိတ်မဆိုးဘူးမလား"
"စားပီးပီလား"
"hmm အာ .အင်း စားပီးပီ ငါ့အမေတို့ရောက်နေတယ်"
"အင်း"
"good night စစ်သွေး"
"good night ပိုင်"📱
ဖွင့်ထားရက်သားဆိုင်ကယ်သော့ကိုပိတ်ကာဖြုတ်လိုက်ပီး အိမ်ထဲ၀င်ခဲ့လိုက်သည်.
တော်ပါသေးတယ်..ဒီကောင်လေးဘာမှမဖြစ်လို့..
"သား..အပြင်သွားမလို့ဆိုမသွားတော့ဘူးလား"
သူခေါင်းသာငြိမ့်ပြလိုက်သည်..
"ဒါနဲ့သားဖေကြီးပြောတယ် သားဟင်းတွေဘာတွေချက်လို့ဆို..ဟုတ်လားသား"
"ကျွန်တော်အိပ်တော့မယ်"
"အစောကြီးပဲ..ကဲပါသားနားချင်နားတော့လေ ထမင်းမစားတော့ဘူးလား"
..........
အပေါ်ထပ်တက်သွားပီဖြစ်တဲ့သားဖြစ်သူထံမှပြန်ဖြေသံမကြားရတော့ ..
"ဒီကလေးဘာများဖြစ်လို့ပါလိမ့်"
YOU ARE READING
Seriously?I'm in love with my BFF!!
Teen FictionJust a beautiful love between two guys❤️ Ongoing✨