Ep 4 Unicode

130 9 0
                                    

2016 December~
"ဟိတ် နင်ကန်တင်းမသွားဘူးလား"
ကျွန်တော်စာဖတ်နေရင်းကနေကြည့်လိုက်တော့ကောင်မလေးတစ်ယောက်
"အင်း"
"အဲ့တာဆိုတို့မှာမုန့်တွေရှိတယ် Uစားမလား သွားယူလိုက်မယ် "
ပြောပီးပီးချင်းသွားယူဖို့ပြင်နေတော့
"ကျေးဇူး ငါဗိုက်မဆာဘူး"
"အာ...ဒါနဲ့တို့နာမည် ခတ်လတ်စိမ်းယူ့နာမည်ကရော"
"ပိုင်ထက်မြက်"
"ပိုင်ထက်မြက်? အာ..ယူကroll 1ပဲ
အဲ့တာဆိုပိုင်လို့ခေါ်မယ်နော်"
"မခေါ်နဲ့.."
"Hmmm"
"Sry ငါစာဖတ်ချင်နေပီ ကိစ္စမရှိရင်.."
"အာ...okလေ အဲ့တာဆိုတို့သွားပီနော်"
"အဟမ်း ...အဟမ်း "ခုလေးတင်ကန်တင်းကပြန်ရောက်လာသောဟိုသုံးကောင်
"ပိုင်ထက်အဲ့တာဘယ်သူလဲ တော်တော်တော့ချောတယ်နော် ဟီး.. ငါတို့ကိုလည်းမိတ်ဆက်ပေးဦးလေ "
ဟိန်းသန့်ကအနားတိုးလာပီးမေးလေသည်
"မသိဘူး"
မြတ်မင်းကပါ..."ဟမ် ပိုင်ထက်အဲ့ကောင်မလေးကမင်းသူငယ်ချင်းမဟုတ်ဖူးလား "
"ဟိုကောင်ဟိန်းသန့်ဖယ်ဦး ကိုယ့်နေရာကိုယ်သွားထိုင်တော်တော်စပ်စုတဲ့ကောင် "
ပထမတစ်ခွန်းကကျွန်တော့်ကို​မေးတာဖြစ်ပီး ဒုတိယတစ်ခွန်းကကျွန်တော့်ဘေးနားထိုင်နေသောဟိန်းသန့်ကိုပြောလိုက်တာဖြစ်သည်
"အံမာ မင်းလည်းဘာထူးလို့တုန်းသိချင်နေတာပဲကို သွား သွား ငါ့နေရာခဏထိုင်ထား"
"မတူဘူးကွ ငါကမင်းလိုစပ်စုတာမဟုတ်ဖူး ဒီတိုင်းသိချင်ယုံပဲ "
"အေးပါကွာ ပီးရင်နေရာပြန်လဲပေးပါ့မယ်ဟုတ်ပီလား"
"ပီးတာပဲ  သားကြီးပိုင်ထက်ဆက်ပြောပါဦး"
"မစပ်စုလိုသာပဲ..."
"ဟိန်းသန့် သားလေး ဖေကြီးကိုတစ်ခုခုပြောလိုက်သလားလို့..."
"မပြောပါဘူး မပြောပါဘူး..."
"မဟုတ်ဖူး"
"ဟမ်?ဘာမဟုတ်တာလဲပိုင်ထက်"
"သူငယ်ချင်း မဟုတ်ဖူး ငါ့ရဲ့"
"ugh..ပိုင်ထက်တို့များမိုက်လိုက်တာကွာ ပထမနေ့ရှိသေးတယ် အတန်းရဲ့အချောဆုံးကောင်မလေးကစကားလာပြောတာ
ဒါနဲ့ပြောလို့ပြောတာမဟုတ်ဖူးကွ ပိုင်ထက်မင်းကရုပ်ကလည်းချောသေး အရပ်ကြီး....အရပ်ကြီးကလည်းအရှည်ကြီးပဲ..."
"ဘာလဲ မင်းကအားကျလို့လား..မင်းကဒီပုံစံအတိုင်းလည်းချစ်စရာကောင်းပါတယ်ကွ.."
တည်တံ့ကကျွန်တော့်ကိုပြောနေသောမြတ်မင်းရဲ့စိမ်းနုရောင်ရှေ့ဆံပင်လေးကိုအသာဖွလိုက်ပီးပြုံးရင်းပြောလေသည်
!ဘာ..ဘာလို့ ငါကချစ်စရာကောင်းရမှာလဲ မင်းအဖေငါကချောတာကွ ချောတာ ဟွန်း"
"ဟုတ်ပါပီကွာ"
၁၇နှစ်အရွယ်မှာ၅ပေ၁၀ရှိတဲ့ကျွန်တော့်အရပ်ကသိပ်အရှည်ကြီးထဲတော့မပါပေမယ့် ပုပုသေးသေးလေးဖြစ်သောမြတ်မင်းနဲ့ယှဥ်ရင် ခေါင်းတစ်လုံးသာသာတော့ကွာသည်
ရှမ်းစော်ဘွားမျိုးဖြစ်ပေမယ့် အရမ်းကြီးအသားဖြူတဲ့အထဲမပါပါပဲ  ရှင်းသန့်ကြည်လင်နေသောအသားအရည် နက်မှောင်စူးရှတဲ့မျက်၀န်းအကြည့်တွေနဲ့ သေသပ်ပိရိတဲ့နှုတ်ခမ်းပါးတစ်စုံက အေးစက်မှုကိုပိုမိုပံ့ပိုးပေးနေသယောင်
ထိုသို့သောအေးစက်မှုအလွှာတွေနဲ့ကာရံထားလေ့ရှိတဲ့ပိုင်ထက်မြက်ဆိုသောကောင်လေးကတစ်စုံတစ်ယောက်ရှေ့မှာတော့သူ့ရဲ့အပြုံးတွေကိုတွန့်တိုခြင်းမရှိပြသလေ့ရှိသတဲ့လေ....
"အဲ့တာကြောင့်ဖေ့သားကြီးကို အစားများများစားပါလို့ပြောတာ.လာလာနို့လာသောက်"
lactosoyဗူးကိုပေးရင်းဟိန်းသန့်ကစတော့
"မင်းပဲသောက်..မင်းအဖေငါကအရပ်ပု အဟမ်း အရပ်လေးနည်းနည်းပဲပုပေမယ့် သောက်ချောကြီးဆိုတော့မလိုဘူးကွ"
"အေးပါအေးပါ သောက်ချောကြီးမြတ်မင်းရယ်"
"တော်တော့ ဟိုနှစ်ကောင်လျှောက်နောက်မနေကြနဲ့တော့ ပိုင်ထက်ကိုဗူးပေးလိုက်"
တည်တံ့ကပြောရင်း..
"ပိုင်ထက်မင်းဘာမှမစားရသေးဘူးမလား ဒါလေးတော့သောက်လိုက်ကွာ"
ဗိုက်မဆာပေမယ့် တကူးတကယူလာပေးတာကိုငြင်းလိုက်ရင်မကောင်းတာမို့
"အင်း.ကျေးဇူး"
××××××××××××××××××
ညနေကျောင်းဆင်းချိန်🚌🚌🚌
ဖယ်ရီအိမ်ရှေ့ရောက်တော့
"ငါဆင်းနှင့်ပီ"
"ok သားကြီး မနက်ဖြန်ကြမှတွေ့မယ်"
အိမ်ထဲရောက်တော့ မေမေက
"ပြန်လာပီလားသား ခဏနားလိုက်ဦး ပီးမှရေချိုးပီးအောက်ဆင်းခဲ့"
"ဟုတ်"
🚿🚿🚿
ကျွန်တော်ရေချိုးပီး အောက်ဆင်းလာတော့
ငယ်လေးကဖေဖေ့ပေါ်မှာထိုင်ပီး TVကြည့်နေသည်
မေမေကတော့ ထမင်းစားဖို့ပြင်နေပီး
"ဟိုသားအဖတွေ ထမင်းအရင်လာစား TVနောက်မှကြည့်"
"လာပီမေကြီးရေ သားငယ်ထ မေမေခေါ်နေပီထမင်းအရင်သွားစားအောင်"
"သားကြီးဆင်းလာပီလား လာလာထမင်းစားရအောင်"
"ဟုတ်"
ထမင်းစားရင်း မေမေက
"သား ဘယ်လိုလဲ အဆင်ပြေရဲ့လားကျောင်းတက်ရတာ "
"ဟုတ်"
သူငယ်ချင်းတွေရောရပီလား
"ဟုတ်"
"အေးပါ အေးပါ သူငယ်ချင်းဆိုမှ စစ်သွေးလေးရောအခုဘယ်ရောက်နေ"
"ကျွန်တော်ဗိုက်၀ပီ "
"သားကြီးကလည်းအစားနည်းလိုက်တာကွ မင်းညီလေးဆိုစားသလားမမေးနဲ့ "
ဖေဖေကလှမ်းပြောရင်း ပလုတ်ပလောင်းစားနေသောငယ်လေးပါးစပ်ကိုသုတ်ပေးနေလေသည်
"ဟုတ် အဖေတို့စားပီးရင်ပန်းကန်တွေချထားလိုက် ကျွန်တော်ပီးရင်ဆေးလိုက်မယ်"
"အေးအေးသား"
ကျွန်တော်ပြောပီးအပေါ်တက်လာခဲ့လိုက်သည် ဒီနေ့ကျမှ စစ်သွေးကိုသတိရစရာအကြောင်းအရင်းတွေတော်တော်များနေသည်
သားပိုင်သည် တခြားကလေးများကိုထမင်းပန်းကန်နဲ့လိုက်ခွံ့နေရသည့်အချိန်တွင် ကိုယ့်ပန်းကန်နဲ့ကိုယ်သာစားသည် မေမေခွံ့ဆိုတဲ့စကားလည်းတခွန်းမဆိုခဲ့ နည်းနည်းလေးအရွယ်ရောက်လာသည့်အချိန်မှာလည်း မိဘပန်းကန်များကိုပါဆေးပေးလေ့ရှိသည်
အေးတိအေးစက်နေတတ်သည်မှလွဲ မိဘအပေါ်လည်းသိတတ်သလို ညီအကိုအပေါ်လည်းအနစ်နာခံတတ်သည်
လိုနေသည်ကပျောက်ဆုံးနေသည့်အပြုံးလေးတစ်ခုသာ...
အပေါ်ရောက်တော့ ဒီနေ့ကျောင်းကပါလာသည့်စာအနည်းငယ်ကိုပြန်ကြည့်နေလိုက်သည်
စစ်သွေး.. အမြဲတမ်းဘေးနားမှာရှိနေပေးမယ်ဆိုတဲ့စစ်သွေး ၃နှစ်လုံးလုံးအရိပ်အယောင်တောင်ပေါ်မလာခဲ့ဘူး ဘယ်ကိုရောက်နေတာလည်းဆိုတာလည်းမသိသလို ဘာသတင်းမှတောင်မင်းဆီကမကြားခဲ့ရဘူး
"အဟက် !မင်းသာငါ့ကိုတစ်ချက်လောက်လေးဖြစ်ဖြစ် သတိရသေးရင် ငါမင်းကိုပေးထားတဲ့ph noလေးကိုတော့ဆက်သင့်တယ် "
ကျစ် စာထဲလည်းစိတ်မပါတော့ဘူး
Fbခဏဖွင့်လိုက်တော့ msသံတတောင်တောင်
ကျွန်တော်လည်း ဘယ်သူနဲ့မှစကားမပြောဖူးသလိုFbဆိုတာလည်းဒီတိုင်း သတင်းတွေသိရုံသပ်သပ်ဖွင့်ထားတာမို့ ဘယ်လိုလုပ်များmsတွေ၀င်လာပါလိမ့်
တောင် တောင် တောင်~
သားကြီးတို့ ဒီမှာကြည့်~
ဟျောင့်မိုက်တယ်ဟ~
အဲ့ skinငါလည်းလိုချင်နေတာ....
ဒီတစ်ပတ်စနေပိတ်ရက်ဘောလုံးကွင်းလာခဲ့ကြ
အေး ~
ငါမအားဘူး
မရဘူးကွာ လာခဲ့.....
You have 45 unread messages
မြတ်မင်းတို့တွေ mesenger gpဖွဲ့ပီးကျွန်တော့်ကိုgpထဲထည့်ထားတာကိုး
ms noti offပီး သတင်းတွေသာဖတ်နေလိုက်သည်
တီ
Fri requestတစ်ခုnoti တက်လာသည်
Khat Latt Seinဆိုတဲ့acc name
ဘယ်သူလဲ ?ကျွန်တော်နဲ့သိတဲ့မိန်းကလေးဆိုလို့ ငယ်ငယ်ကသိခဲ့တဲ့၂ယောက်၃ယောက်လောက်နဲ့ အမျိုးထဲကအမတွေလောက်သာရှိသည်
မသိတဲ့သူမို့neglectသာလုပ်ထားပီး သတင်းဆက်ဖတ်နေလိုက်သည်(profileလေးတော့၀င်ကြည့်သွားပါဦး:´)
***************************************
2013~
"ပိုင် ငါမနက်ဖြန်ကျောင်းပြောင်းလက်မှတ်သွားယူမလို့ ကျောင်းအုပ်ကြီးရုံးခန်းလိုက်ခဲ့ဦး"
"အင်း "
စစ်သွေးရဲ့မိဘနှစ်ယောက်စလုံးကစီးပွားရေးလုပ်ငန်းရှင်တွေမလို့ မအားကြ တစ်ခုခုဆိုမေမေ့ကိုသာအပ်ထားကြသည်
တစ်ဦးတည်းသောသားဖြစ်လို့ လိုအပ်တာမှန်သမျှဖြည့်ဆည်းပေးထားကြပေမယ့် အမြဲတမ်းအလုပ်ရှုပ်နေကြတာကများတာမို့ ဂရုစိုက်မှူသိပ်မပေးနိုင်ကြ ထမင်းချက်အဒေါ်ကြီးနှင့်ခြံစောင့်အဘတို့ကသာ စစ်သွေးကိုစောင့်ရှောက်ပေးကြသည်
တစ်ခါတစ်လေ ခရီးထွက်သည့်အချိန်များတွင်လည်းဆွေမျိုးတွေထံပို့ထားတတ်သည်
စစ်သွေးကဘာမှမပြောသလို လူတိုင်းနှင့်တည့်အောင်ပေါင်းတတ်သည် ဒါကိုပဲကျွန်တော်ကဒီလောက်မျက်နှာချိုနေတာ မုန်းစရာကောင်းလိုက်တာလို့ထင်ခဲ့ဖူးသည် အမြဲတမ်းပြုံးနေသည့်သူ့မျက်နှာနောက်မှာ ဘယ်လောက်တောင်ခံစားနေရမလဲဆိုတာကျွန်တော်မသိခဲ့..
ဒါပေမယ့် ခုလိုကျောင်းပြောင်းလက်မှတ်ယူဖို့တောင်လိုက်မလာနိုင်လောက်အောင် ဘာတွေကများအရေးကြီးနေလို့လဲ
ကျွန်တော်ထင်ပါသည် သူတို့ခုလိုစစ်သွေးကိုအဆောင်ပို့တာကလည်းသူတို့အလုပ်ရှုပ်နေလို့ အိမ်မှာထားဖို့အဆင်မပြေလို့ပဲဆိုတာ
ကျွန်တော်ကလူကြီးမဖြစ်သေးလို့သူတို့အလုပ်ကိစ္စတွေဘယ်လောက်အရေးကြီးလဲဆိုတာမသိပေမယ့် ကျွန်တော်ကြီးလာရင်သူတို့လိုတော့စစ်သွေးကိုပစ်ထားမည်မဟုတ် စစ်သွေးလိုအပ်တဲ့အချိန်တိုင်းရှိနေပေးမည် ကျွန်တော်အမြဲတမ်းစစ်သွေးကိုကာကွယ်ပေးမည်...
*********************************
နေ့လည်ထမင်းစားဆင်းချိန်~~~
"ပိုင် သွားကြစို့"
"အင်း"
ကျောင်းအုပ်ဆရာမကြီးကိုကြိုပြောထားတာမို့ ဆရာမကြီးကရုံးခန်းထဲမှာရှိနေသည်
"ဆရာမကြီး ၀င်ခွင့်ပြုပါ"
"အော် အေး သားတို့လာကြ..."
×××××××××××××××××××××
ဆရာမကြီးက မှာစရာရှိတာများမှာကြားပီး ကျောင်းပြောင်းလက်မှတ်ကိုပေး၍
"ကဲရော့သား ထမင်းမစားရသေးဘူးမလား သွားစားကြတော့"
"ဟုတ် သွားတော့မယ်ဗျ"
"အေးအေးသွားကြ"
"စစ်သွေး"
"အင်း ပိုင်ပြော"
"မင်းမိဘတွေက ကျောင်းပြောင်းတာလေးတော့လာသင့်တယ်"
"အင်း ...ငါ့မိဘတွေကအလုပ်ကိစ္စတွေအပီးသတ်စရာရှိလို့ ဒီနေ့ခရီးထွက်သွားတာ"
"မင်းအမျိုးတွေဆီသွားအိပ်မှာလား"
"မအိပ်ဘူး ပိုင် ငါအိမ်မှာပဲနေမှာ အဆောင်မသွားခင်လေး အိမ်မှာအ၀နေပါရစေဦးကွာ အဟက်"
ရယ်ဟဟပြောလာသောထိုကောင်လေးရဲ့ပုံရိပ်သည်ကျွန်တော့်ကိုရင်နာစေသည်..
"ငါလာခဲ့မယ်"
"ဟမ်"
"ငါမင်းနဲ့လာအိပ်မယ်"
"ဟား ရပါတယ်ပိုင်ရ ငါအဆင်ပြေပါတယ် အခါတိုင်းလည်း ဒီလိုနေနေကြပဲကို အေးဆေးပါ"
"ညနေငါလာခဲ့မယ် "
"အေးကွာ ပြောမရလည်းပီးတာပဲ"
"ငါမလာခင်ထိတံခါးတွေကိုသေချာပိတ်ထား ဘယ်သူလာလာဖွင့်မပေးနဲ့  တုတ်ဖြစ်ဖြစ်ဘာဖြစ်ဖြစ်တစ်ခုခုဆောင်ထား ပီးတော့.."
"ပိုင်ရာ..ငါကလေးမဟုတ်တော့ပါဘူး
ကျောင်းရဲ့ရေခဲမင်းသားလေးပိုင်ထက်မြက်ကဒီလိုအဖွားကြီးပေါက်စလိုစကားတွေများတတ်မယ်လို့ဘယ်သူမှထင်မှာမဟုတ်ဖူး"
"စစ်သွေး!"
"ဟုတ်ပါပီ  သေချာပိတ်ထားပါ့မယ်ခင်ဗျ.."
××××××××××××××××××××××
"ကျွန်တော်စစ်သွေးအိမ်သွားအိပ်မလို့"
"အင်း သွားလေသား စစ်သွေးလေးကိုဂရုစိုက်ပေးလိုက်ပါဦး သူ့ခမျာ တစ်ယောက်တည်း မိဘတွေကလည်းသိပ်ဂရုမစိုက်ကြသလိုပဲ"
"ဟုတ်"
"သား အဲ့တာဆိုဟင်းတွေယူသွားလိုက် ဟိုရောက်ရင်စစ်သွေးလေးနဲ့တူတူစားကြပေါ့
ဒါမှမဟုတ်စစ်သွေးလေးကိုအိမ်လာအိပ်ခိုင်းပါ့လား"
"ကျွန်တော်အိပ်ခိုင်းမလို့ပဲ သူကဒီနေ့သူ့အိမ်မှာအိပ်ချင်လို့ဆိုလို့"
"အဲ့တာဆိုလည်းခဏတော့စောင့်ဦးမေမေစစ်သွေးလေးကြိုက်တဲ့ဟင်းလေးထည့်ပေးလိုက်ချင်လို့"
"ဟုတ်"
ဟင်းတွေထည့်ပီးစစ်သွေးတို့အိမ်ဘက်ထွက်လာတော့နည်းနည်းတောင်မှောင်နေပီ
စစ်သွေးစားပီးပီလားမသိဘူး~
တံခါးကြီးကဘာလို့ဖွင့်နေတာလဲ..
"စစ်သွေး ငါမင်းအတွက်ဟင်းတွေယူ...."
"ခလွမ်း.."
"စစ်သွေး မင်းဘာဖြစ်တာလဲ ဘယ်သူလုပ်တာလဲ အဘတို့ရော တစ်ယောက်မှမရှိဘူးလား.."
နှဖူးမှာသွေးစအနည်းငယ်ထွက်နေသည့်စစ်သွေးကိုမြင်လိုက်ရသည့်နောက်ပူထူပီးဘာမှလည်းမမြင်နိုင်တော့
!ဘာမှထွေထွေထူးထူးမဟုတ်ပါဘူးကွာ ဒီအတိုင်းအိမ်ကိုသူခိုးကပ်တာ အဘကဒီနေ့သူ့မြေးလေးနေမကောင်းလို့တဲ့ခွင့်ယူထားတယ်"
"ဟမ် သူခိုး! ဘာကိုထွေထွေထူးထူးမဟုတ်ရမှာလဲ အဲ့နှဖူးကဒဏ်ရာကရောသူခိုးလုပ်သွားတာပဲလား ဖြေလေစစ်သွေး ဟမ် မင်းကိုငါအကြိမ်ကြိမ်မပြောခဲ့ဘူးလား!! တစ်ယောက်တည်းရှိတဲ့အချိန်တိုင်း တံခါးကိုသေချာပိတ်ထားပါလို့ ပြောလေစစ်သွေး ပြော !"
!ပိုင်ထက်မြက် ငါဘာမှမဖြစ်ဖူးလို့ပြောပီးပီလေ အိမ်နားကအိမ်နီးချင်းတွေလာလို့ သူခိုးကငါ့ကိုတွန်းပီးထွက်သွားတယ် ဒါပဲ ဘာမှထွေထွေထူးထူးမဟုတ်ဖူး ငါ့မိဘတွေတောင်ငါ့ကိုစောက်ဂရုမစိုက်တာ မင်းကငါ့ကိုဘာလာပြောနေတာလဲ!!"
အမြဲတမ်းပြုံးနေတတ်တဲ့စစ်သွေး အရာရာကိုသည်းခံခွင့်လွှတ်တတ်တဲ့စစ်သွေး
သိပ်ကိုကြင်နာနွေးထွေးတတ်တဲ့စစ်သွေး...
သူ...သူဘယ်လောက်တောင်ခံစားနေခဲ့ရတာလဲ
ကျွန်တော်သိချင်မိတယ် ကျွန်တော်မြင်ချင်မိတယ် သူ့ရဲ့ဖုံးကွယ်ထားတဲ့ဘက်ခြမ်းကို...ပီးတော့...ပီးတော့ ကျွန်တော်ကာကွယ်ပေးချင်မိတယ် ကျွန်တော်..ကျွန်တော်ကတကယ်ပဲအသုံးမကျလိုက်တာ....
"Sryပိုင် ငါမင်းကိုမအော်ခဲ့သင့်ဘူး"
"ဟေး ပိုင် ပိုင်မင်းဘာလို့ငါ့ကိုလာဖက်နေတာလဲ"
"တောင်းပန်ပါတယ်စစ်သွေး ငါမင်းကိုမကာကွယ်ပေးနိုင်ခဲ့ဘူး တောင်းပန်ပါတယ် တောင်းပန်ပါတယ်..."
**************************
"အ့ ..နာတယ်ပိုင်ရ ဖြည်းဖြည်းလုပ်ကွ"
"အခုတော့နာရမှန်းသိပီလား"
"မင်းက အတင်းဆေးထည့်နေတာကိုးပိုင်ရ"
"အခုလိုပုံမျိုးနဲ့ငါမင်းကိုဘယ်လိုစိတ်ချရမှာလဲစစ်သွေး"
"ဟမ်"
"ဘာမှမဟုတ်ဖူး မင်းဗိုက်ဆာနေပီလား"
"မဆာပါဘူး"
"စစ်သွေး  နောက်ခါဘာကိစ္စပဲဖြစ်ဖြစ်ငါ့ကိုမ၀ှက်ထားနဲ့ ဘယ်တော့မှမင်းတစ်ယောက်တည်းမခံစားနဲ့ စိတ်ထဲမပါပဲလည်းအမြဲတမ်းပြုံးမနေနဲ့ အရာရာတိုင်းကိုလည်းအဆင်ပြေနေသလိုဟန်ဆောင်မနေနဲ့ ငါ.. မင်းဘေးမှာရှိနေမှာမလို့ မင်းစိတ်ထဲရှိတဲ့အတိုင်းသာလုပ်ပါ..."
မျက်လုံးလေးတွေ၀ိုင်းစက်သွားပီးကျွန်တော့်ကိုကြည့်လာတဲ့စစ်သွေး..ပီးတော့မှသာ ပါးချိုင့်လေးတွေပေါ်လာတဲ့အထိပြုံးလိုက်ကာ..
"အင်း..."
"အင်း ဗိုက်ဆာပီလား​ မညာနဲ့သေချာဖြေ"
"အင်း ဆာပီ ဆာလွန်းလို့သေတော့မယ်ပိုင်ရ"
"ခဏစောင့် အဲ့တာဆို မေမေထည့်ပေးလိုက်တာတွေကအကုန်မှောက်ကုန်လို့ ငါမီးဖိုချောင်ထဲသွားကြည့်လိုက်ဦးမယ် မထနဲ့နော် စစ်သွေး ထိုင်နေအဲ့မှာပဲ"
"အင်းပါ မြန်မြန်လုပ် ဗိုက်ဆာနေပီ"
မီးဖိုချောင်ထဲ၀င်သွားတဲ့ပိုင့်ရဲ့နောက်ကျောကိုငေးကြည့်နေရင်း
"မခွဲရခင်တောင် ငါမင်းကိုလွမ်းနေမိပီပိုင်"
"ရပီ စစ်သွေး လာတော့ နေနေ ငါပဲလာခဲ့တော့မယ်"
"ပိုင် မင်းကလည်းငါကနှဖူးလေးပဲနည်းနည်းထိတာပါကွ ခြေတွေလက်တွေအကောင်းကြီး"
"ထိုင်"
"အင်း"
ကျွန်တော်စာကျက်နေကြခေါက်စားပွဲလေးကိုရှေ့ချရင်း ဟင်းတွေနဲ့ထမင်းတွေကို တစ်ခုပီးတစ်ခုသယ်လာလေသည်
"ပိုင် အများကြီးပဲ"
"မများပါဘူး စားတော့"
"ကောင်းကောင်းစားပါ့မယ်ဗျ"
"ပိုင် မင်းရောစားလေ ဘာမှမစားရသေးဘူးမလား"
"ငါမဆာဘူး"
"ပိုင် မင်းကလည်း စားအဟွတ် အဟွတ်"
"တကယ်ပါပဲကွာ"
ရေဘူးကစားပွဲပေါ်မှာအဆင်သင့်ချထားပီးသားမို့ ရေထည့်ပေးလိုက်ရင်း
"ထမင်းစားရင်းစကားမပြောနဲ့"
"အွန်း  ..ပိုင် မင်းကလည်းစားပါကွ မလောက်လို့လား"
"ဗိုက်မဆာလို့"
"အဲ့တာဆိုလည်းပီးတာပဲကွာ ပီးမှဗိုက်ဆာပီးမအိပ်နိုင်ဖြစ်နေမယ်နော်"
"အင်း"
တကယ်ကစစ်သွေးကိုစိတ်ပူသွားတာမို့ ဘာမှကိုစားမ၀င်တော့တာ~
"ကျစ် ပေပွနေတာပဲစားနေတာကလည်း"
"ပိုင် ပိုင် မင်းဘာလုပ်တာလဲ"
"မင်းပါးစပ်မှာထမင်းစိတွေပေနေလို့ဖယ်ပေးတာလေ တကယ်ပါပဲကလေးလည်း မဟုတ်တော့ပဲနဲ့ ဒီလိုပုံစံနဲ့ဆို မင်းအဆောင်မှာဘယ်လိုနေမှာလဲ"
"ဟမ် အမ်း ငါအဆင်ပြေ အဟမ်း ပီးရင်တဖြည်းဖြည်းအဆင်ပြေသွားမှာပါကွ"
"ပေးပန်းကန် စားပီးပီမလား "
"ငါဆေးပါ့မယ်ပိုင် ရပါတယ်ကွ"
"သွားသွားတိုက် ပီးရင်စောစောအိပ်တော့"
"အစောကြီးပဲရှိသေးတာကို"
"ဒီနေ့ပင်ပန်းထားတယ်စောစောအနားယူ"
"မအိပ်မှမအိပ်ချင်သေးတာကိုကွာ"
"စစ်သွေး"
"Ughhဟုတ်ကဲ့ပါဖွားဖွားပိုင်ခင်ဗျ"
စစ်သွေးပန်းကန်ကိုယူပီးဘေလ်စင်ကိုထွက်လာခဲ့လိုက်သည်
ကျစ် တကယ်ပါပဲ ဘာလို့ရင်တွေကခုန်လာရတာလဲ ဗိုက်ဆာလာလို့လား ထမင်းစားလိုက်ရမလား
သွားတိုက်မလို့ရေချိုးခန်းထဲ၀င်လာပီးမှ အခုန်မြန်နေတဲ့ရင်ဘက်ကိုဖိကိုင်ထားလိုက်ရသည်~
ဘာလို့များ ထမင်းစိကပါးစပ်မှာကပ်နေရပါလိမ့်ကွာ ...
ထိုနေ့က အခုန်မြန်နေတဲ့ရင်ဘက်ကိုဖိကိုင်ရင်းနေနေကြတဲ့ ကောင်လေးနှစ်ယောက်ဟာ တံခါးတဖက်တချက်စီမှာရှိလေရဲ့...
********************************************
လွမ်းတယ်...မခွဲရခင်တောင်လွမ်းနေမိတာသိပ်ခက်တယ်..
ချစ်ခြင်းအစက လွမ်းခြင်းတဲ့လား.........
#သျှားစစ်သွေး

တစ်စုံတစ်ယောက်ကိုသဘောကျမိပီဆိုရင်စောင့်ဆိုင်းခြင်းနဲ့နေသားကျနေဖို့တော့လိုမယ်တဲ့...
ဟုတ်ပါတယ်လေ..
စောင့်ဆိုင်းခြင်းကလွဲ
ကျွန်တော်တတ်နိုင်တာဘာများရှိနိုင်ဦးမှာမလို့လဲလေ....
#ပိုင်ထက်မြက်

Seriously?I'm in love with my BFF!!Where stories live. Discover now