2020~
ကျစ်....၇နာရီခွဲလောက်ကတည်းကမှေးခနဲအိပ်ပျော်သွားတာပဲ..ဘယ်နှစ်နာရီတောင်ရှိနေပီလဲမသိဘူး..
ကိုယ်ပေါ်မှာခြုံထားသောစောင်ကိုဖယ်လိုက်ရင်း..
စောင်??ဘယ်တုန်းကဒီစောင်ကကိုယ်ပေါ်ရောက်နေတာပါလိမ့်..ထားတော့ ..
အိပ်ယာပေါ်ကဆင်းလိုက်ကာ...စာကြည့်စားပွဲပေါ်မှာတင်ထားသောရေဗူးထဲကရေကိုမော့သောက်လိုက်သည်..
Phကဘယ်ရောက်သွားပါလိမ့်...အားသွင်းထားတာများလား..
အားသွင်းထားတဲ့နေရာမှာလည်းမရှိဘူး..အိမ်အောက်ထပ်မှာများလား..အာ..အိပ်ယာပေါ်မှာပဲ~
စာကြည့်မီးလေးဖွင့်လိုက်ကာ..အိပ်ယာပေါ်မှာပစ်တင်ထားမိသောphကိုကောက်ယူလိုက်သည်..
"ဟမ်..အခုမှ9နာရီပဲရှိသေးတာလား..
စောသေးတာပဲ..."
internetဖွင့်လိုက်ချင်း..တက်လာတဲ့notiသံတွေကတတောင်တောင်..
လျစ်လျူရှုလိုက်ပီး..active nowနေရာကိုအပြေးလေးသွားကြည့်လိုက်တော့ ထင်သည့်အတိုင်းပိုင်ကlineပေါ်မှာရှိမနေ..
"အာ..ဒီပိုင် အိပ်များနေပီလား"
တစ်ယောက်သောသူကlineပေါ်မှာရှိမနေမှတော့lineသုံးပီးဘာလုပ်ရဦးမှာလဲ...
ပိုင်များတက်လာဦးမလားလို့ ခဏစောင့်နေပေမယ့် active nowလေးကပေါ်မလာတာကြောင့်line outပီးသာထွက်ခဲ့လိုက်တော့သည်..
ပိုင်..တကယ်အိပ်ပျော်သွားပီလား....
ကျွန်တော်ပိုင့်ဆီကိုလာမယ်ဆိုပီးကတိမတည်လို့များပိုင်စိတ်ဆိုးသွားပီးစောစောအိပ်သွားတာများလား..
မဖြစ်နိုင်ပါဘူး..ပိုင်ကကျွန်တော့်ကိုဘယ်တုန်းကမှစိတ်ဆိုးတာမဟုတ်ဖူး..သီတင်းကျွတ်တုန်းကပြန်လာမယ်ပြောပီး မလာတုန်းကရော..သင်္ကြန်တုန်းကဘာမှမပြောပဲထွက်သွားတုန်းကရော..
တွေးကြည့်မှကျွန်တော်ကတကယ်ကိုဆိုးတာပဲ..
💌ပိုင်..အိပ်ပီလား💌
lineပေါ်မှာမရှိမှတော့ ရိုးရိုးsmsကနေပို့ရမှာပေါ့..
ပို့ပီးပီးချင်းပိုင့်ဆီကချက်ချင်းRpပြန်လာသည်💌အင်း💌
မအိပ်သေးလို့အင်းလို့ပြန်ပို့တာပေါ့ ဒီချီးထုပ်ပိုင်ကတော့..
📲📲📲msပြန်ပို့မလို့ရှိသေးတယ် ပိုင့်ဆီကph၀င်လာသည်.
ဟယ်လိုပိုင်~
မအိပ်သေးဘူးလား စစ်သွေး~
အစောကြီးပဲရှိသေးတာကိုကွာ..တကယ်တော့ ငါအခုမှနိုးလာတာ..မင်းနဲ့phပြောပီးတဲ့၇နာရီခွဲလောက်ကတည်းကအိပ်ပျော်သွားတာ~
အင်း..အိပ်ချိန်မမှန်ရင်ခေါင်းမူးလိမ့်မယ်..ဂရုစိုက်~
အင်း..ဒါနဲ့ပိုင် မင်းအစောကြီးအိပ်နေတာလား ~
မအိပ်သေးဘူး..အိပ်ယာပေါ်မှာခဏစာဖတ်နေတာ~
အော..ဒါနဲ့ပိုင် မင်းဘာလို့lineပေါ်တက်မလာတာလဲ..ငါကမင်းများစိတ်ဆိုးသွားတာလားလို့~
ငါတက်တယ်~
အာ..မင်းlineပေါ်တက်သေးတယ်လား..ဘယ်တုန်းကလဲ~
8နာရီလောက်က ..မင်းမရှိလို့ ပြန်ပီးဆင်းလာခဲ့တာ~
အာ...အဲ့အချိန်ငါကအိပ်ပျော်နေတာ~
အင်း~
မနက်ဖြန်လာမှာလား~
မနက်ဖြန်?မသေချာဘူး..
အင်း..မင်းမိဘတွေလာတုန်းသူတို့နဲ့နေလိုက်ပါ..အိမ်ကိုတော့နောက်မှလာခဲ့ပေါ့~
အင်းပိုင်~
ဒါဆိုဒါပဲပိုင်..good night~
Good night စစ်သွေး~
Phချပီးတဲ့နောက်မှာပိုင့်ဆီက၀င်လာတဲ့sms
💌Good night စစ်သွေး..ငါမင်းကိုချစ်တယ်💌
💌ငါရောပဲ💌
2နာရီလောက်အိပ်ထားတာဆိုတော့ဘယ်လိုမှအိပ်လို့မရတော့ပဲမျက်စိကြောင်နေသည်..
Laptopကိုဖွင့်လိုက်ကာဟိုနေ့ကထည့်ထားတဲ့animeကိုသာထိုင်ကြည့်နေလိုက်တော့သည်...
ငလူးTitanတွေ.သောက်ကျင့်ကတစ်စက်မှမကောင်းဘူး~
***********************
"Morningသား"
"Morningဖေဖေ...ဟမ်.ဖေဖေတို့ဘယ်သွားမလို့လဲ"
ဖေဖေက စာရွက်တမ်းတွေကိုအိတ်ထဲထည့်နေရင်းကျွန်တော့်ဘက်ကိုလှည့်ကြည့်လာကာ
"အရေးကြီးအလုပ်ကိစ္စပေါ်လာလို့ ဖေဖေတို့ပြန်တော့မယ်သား"
"အာ..ကျွန်တော်က ၃ ၄ ရက်လောက်နေမယ်ထင်ထားတာ"
"နောက်မှပေါ့ကွာ..သွား..သားမေမေကားထဲမှာရောက်နေပီ..မုန့်ဖိုးသွားတောင်းချည်"
"မတောင်းချင်ဘူး"
ဖေဖေကစာရွက်စာတမ်းထည့်ပီးသွားသောအိတ်ကိုပိတ်လိုက်ကာ..ထလာပီး.
"လာသား ဖေဖေ့နားလာဦး
သားမေမေ့ကိုစိတ်ဆိုးနေတာလား"
"ကျွန်တော်မဆိုးရဲပါဘူး"
ဦးမင်းကောင်းဓနအခုထိစိတ်ဆိုးပြေပုံမရသေးသောသားဖြစ်သူကိုကြည့်ကာသက်ပြင်းဖွဖွချလိုက်ရင်း..
"ဘာပဲဖြစ်ဖြစ်သားဖေဖေတို့လုပ်သမျှတွေကသားကောင်းဖို့အတွက်ပဲဆိုတာမှတ်ထားပါ"
"အဟက်..အမြဲတမ်း အလုပ်ရှုပ်နေပီး အိမ်မှာတောင်မနေနိုင်ပဲ..တစ်ဦးတည်းသောသားဖြစ်သူကိုတောင်ပစ်ထားရလောက်အောင်ဘာတွေကများကျွန်တော့်အတွက်ဖြစ်နေတာလဲ.."
"သား"
"ခုလည်းအလုပ်ကိစ္စရှိပြန်ပီမလား..သွားပါ..ကျွန်တော်အဆင်ပြေပါတယ်.."
"ပီးတော့ကျွန်တော်ဖယ်ရီနဲ့သွားမယ်"
"မရဘူး"
"ပိုင်ရောပါမှာ"
"ပိုင်ထက်မြက်?"
"အင်း"
ဖေဖေကအနည်းငယ်တွေဝေနေပီးမှ..
"ကောင်းပီ
သားကိုဖယ်ရီနဲ့သွားခွင့်ပြုမယ်"
Bgနှစ်ယောက်ကိုလည်းပြန်ခေါ်သွားပေးပါ..ကျွန်တော်အရွယ်ရောက်ပီ..ဘာကိစ္စရှိလာလာကိုယ့်ဟာကိုယ်ဖြေရှင်းနိုင်တယ်..သူတို့ရှိနေလည်းအပိုပဲဖြစ်နေမှာ"
"ဒါတော့လုံး၀မရဘူး"
"bgတွေကဒီမှာပဲနေရမယ်..တစ်ခုခုဆိုကြီးကြီးနဲ့အဘကဘာလုပ်နိုင်မှာမလို့လဲ"
"ကျွန်တော်နားမလည်တော့ဘူးကိုယ့်အိမ်မှာနေတာပဲဘယ်သူကဘာလာလုပ်မှာမလို့လဲ..ပြောလိုက်ပါ..ဖေဖေတို့ကျွန်တော့်ကိုချုပ်ချယ်ချင်ယုံသပ်သပ်ပဲဆိုတာ"
သျှားစစ်သွေး!!မိဘစေတနာကိုနားမလည်ချင်နေမစော်ကားနဲ့..လာကိုသွားမယ် ဒီကောင်လေးကိုပြောမနေနဲ့တော့"
တံခါး၀မှာဘယ်ကတည်းကရောက်နေလဲမသိတဲ့မေမေက ဖေဖေ့ကိုလက်ဆွဲပီးကားပေါ်တက်သွားလေသည်...
နောက်ဆုံးကျွန်တော်ပဲသားဆိုးသားမိုက်ဖြစ်ရပြန်ပီလားအဟား~
ထွက်သွားပီဖြစ်တဲ့ကားသံရယ်..အဘရဲ့တံခါးပိတ်လိုက်တဲ့အသံရယ်..ပီးတော့..အရာရာတိုင်းကတစ်ဖန်ပြန်လည်တိတ်ဆိတ်သွားပြန်တယ်....
ဆိုဖာပေါ်မှာလှဲချလိုက်ကာ မျက်၀န်းများကိုအသာပိတ်ရင်း..တိတ်ဆိတ်နေတဲ့ပတ်၀န်းကျင်ထံကနေ အသံတစ်စကြားရလိုကြားရငြားနားစွင့်နေမိသည်...
လှဲအိပ်နေမိတာဘယ်လောက်တောင်ကြာသွားသည်မသိကြီးကြီးကထမင်းစားဖို့လာနှိုးမှပဲ နာရီကိုကြည့်မိတော့ 10နာရီခွဲ..
ရေချိုးခန်းထဲ၀င်ကာ မျက်နှာသစ်ရင်းလန်းဆန်းသွားအောင်ရေပါတစ်ခါတည်းချိုးခဲ့လိုက်သည်..
လွယ်အိတ်ထဲကိုစာအုပ်၂အုပ်၃အုပ်လောက်ထည့်ကာအခန်းတံခါးပိတ်ပီးအောက်ဆင်းလာခဲ့လိုက်သည်...
"သားလေး..စစ်ငယ်.ဘယ်သွားမလို့လဲ"
"ကျွန်တော်သူငယ်ချင်းဆီသွားမလို့ကြီးကြီး"
"ထမင်းလေးတော့စားသွားဦးလေသားရယ်"
'ရတယ်ကြီးကြီး..ကျွန်တော်သွားပီ"
******************
"ဟူး..တော်သေးတာပေါ့ မင်းကအကောင်းအတိုင်းရှိသေးလို့.."
ပစ်ထားခဲ့တာကြာပီဖြစ်တဲ့ပြိုင်ဘီးစက်ဘီးအနီရောင်လေးကိုဖုန်သုတ်လိုက်ပီး ဂိုထောင်ထဲကနေတွန်းပီးထုတ်လိုက်သည်..
🎶ဒီအချိန်ငါတို့ဝေး..ရင်နာတယ်ဇာတ်လမ်းလေး..အိုး...
ငါတို့မသိစိတ်ထဲကနေချစ်မိခဲ့ကြတယ်..အခုဘယ်လိုလုပ်မလဲတွေး...ဘာကြောင့်ပေါင်းစပ်လို့မရတဲ့..အချစ်ကိုဖန်ဆင်းပေး..ဘုရားသခင်အလိုတော်ကျ ငါနေနိုင်အောင်.ဆုတောင်းနေ..
ရင်မှာဒဏ်ရာတွေ..အိုး..သူမမြင်အောင်ဟန်ဆောင်နေ..အိုး..I wanna be your love🎶
ရောက်တတ်ရာရာခေါင်းထဲ၀င်လာတဲ့သံစဥ်တချို့ကိုအသံထွက်ညည်းရင်း..ပြိင်ဘီးလေးကိုနင်းကာ..တိုက်ခတ်နေတဲ့လေပြေညှင်းလေးကိုခံစားရင်း...လမ်းကြားတစ်ချိူ့ကိုဖြတ်လာပီးတဲ့နောက်မှာ..အပြာနုရောင်သုတ်ထားတဲ့ နှစ်ထပ်တိုက်ငယ်လေးရှေ့စက်ဘီးလေးကိုဒေါက်ထောက်ပီးရပ်လိုက်သည်...
စက်ဘီးကိုလက်ကိုင်ကနေတစ်ဖက်ကိုင်ထားရင်း..ကျန်လက်တစ်ဖက်နဲ့ဘဲလ်ကိုနှိပ်လိုက်သည်..
*******************
"အပြင်ကဘဲလ်နှိပ်သံကြားတယ် ဘယ်သူလဲမသိ"
"ကျွန်တော်သွားကြည့်လိုက်မယ်"
"စစ်သွေး..မင်းဘယ်လိုလုပ်.."
အ၀ါရောင်အပွင့်ပါတဲ့တီရှပ်လက်တိုအင်္ကျီလေးကိုဘောင်းဘီအနက်ရောင်အတိုလေးနဲ့တွဲဖက်၀တ်ဆင်ထားပီး..ကျောပိုးအိတ်ကိုလွယ်ထားကာ..စက်ဘီးလေးကိုကိုင်ရင်းတံခါးရှေ့ရပ်နေတဲ့စစ်သွေး..
"ပိုင်..တံခါးဖွင့်ဦး"
"အင်း"
တံခါးကိုအသာတွန်းဖွင့်ပေးလိုက်ပီး..စစ်သွေးလက်ထဲကစက်ဘီးကိုလက်လွှဲယူလိုက်ကာ..
"မင်းမိဘတွေနဲ့အတူရှိနေမယ်ထင်တာ"
"ပြန်သွားပီ"
"အင်း..မင်းအရင်၀င်နှင့်လိုက်..ငါစက်ဘီးသွားထားလိုက်ဦးမယ်"
"okပိုင်"
***************
"သားပိုင်ဘယ်သူလဲ"
"အမေ..ကျွန်တော်ပါ"
"ဟယ်...စစ်သွေးလေး..ကောင်စုတ်လေး ဟိုတစ်ခါကမပြောမဆိုနဲ့ပြန်သွားတာ..ဒီနားလာဦး ရိုက်ကိုပစ်ဦးမယ်"
"ဟီး..ဒီတစ်ခါတော့မပြောမဆိုမလုပ်တော့ပါဘူး"
"ဒါနဲ့သား အလည်လာတာလား"
"စစ်သွေးကဒီမှာကျောင်းလာတက်တာ"
ကျွန်တော်ပြန်မဖြေခင် စက်ဘီးထားပီး၀င်လာတဲ့ပိုင်ကဖြေလာသည်...
"ဟမ်??ဟုတ်လားကောင်ဆိုးလေး"
"ဟီး..ဟုတ်တယ်..ကျွန်တော်ဒီကိုပြောင်းလာပီးပိုင်နဲ့အတူတူကျောင်းတက်မလို့"
"ကောင်းတာပေါ့...ကောင်းတာပေါ့ သားတို့ညီအစ်ကိုတစ်တွေအခုလိုကျောင်းအတူတူပြန်တက်ရတာသိပ်ကိုကောင်းတယ်
အခုမှသေချာကြည့်မိတယ်..လွယ်အိတ်ပါပါလာတာပါ့ရော..စာအတူတူလုပ်ကြမလို့လား"
"ဟုတ်"
"ကောင်းတယ် ကောင်းတယ် သွားသွားအပေါ်တက်ကြတော့ အဆာပြေစားဖို့မုန့်လေးတစ်ခုခုပြင်လိုက်ဦးမယ်"
"ဟုတ်..လာစစ်သွေး"
**********************
လွယ်အိတ်ကို စာကြည့်စားပွဲပေါ်တင်လိုက်ကာ.ဘေးနားကအိပ်ယာပေါ်တစ်ကိုယ်လုံးပစ်လှဲလိုက်ပီး.
"အားးး ပျင်းလိုက်တာကွာ"
"ထတော့..စာလုပ်မယ်"
"ဟင်း..ပျင်းတယ် မလုပ်ချင်ဘူး
1st yrတုန်းကလုံလုံလောက်လောက်စာလုပ်ပီးသွားပီ...မလုပ်ချင်တော့ဘူး အောင်မှတ်လောက်ရရင်တော်ပီ"
"မင်းပဲအမေ့ကိုစာလုပ်ဖို့လာတယ်ပြောထားပီး"
"အင်းလေ"
"ခဏနေ အမေမုန့်လာပို့တဲ့အချိန်အိပ်ယာပေါ်လှိမ့်နေတာမြင်လို့ကတော့"
ထိုအခါမှာ အိပ်ယာပေါ်မှငေါက်ခနဲထလာကာ စာကြည့်စားပွဲဘေးနားရောက်လာတော့သည်
"ဘယ်ဘာသာမရတာလဲ"
"မသိဘူး"
"စစ်သွေး"
"တကယ်ပြောတာပိုင်ရ..ငါဘယ်ဘာသာတွေရှိမှန်းတောင်သေချာမသိသေးဘူး
အခုမှနှစ်စပဲရှိသေးတာ အေးဆေးပေါ့ပိုင်ရာ"
"အင်း..EPကစကြည့်ရအောင်"
"ughh အေးပါကွာ"
Charge of an electronက -1.602×10power -19C
Charge of a proton က+1.602×10power-19C
combined chargeအတွက်ဆိုရင်..-1C=6.241×10power18electrons...နောက်ပီး..
"ပိုင်..မင်းရဲ့မျက်တောင်တွေကအရှည်ကြီးပဲ"
"woah!!အနီးကပ်မြင်နေရတဲ့ပါးပေါ်မှာရှိတဲ့မွေးညင်းနုနုလေးတွေကလည်းချစ်စရာလေး"
စာကိုအာရုံမစိုက်ပါပဲ စားပွဲပေါ်လက်ထောက်ကာ..လက်ပေါ်မေးတင်ထားရင်း..သူ့ဘက်ကိုခေါင်းစောင်းကာ တတွတ်တွတ်ပြောနေတဲ့စစ်သွေး...
"စစ်သွေး စာကိုအာရုံစိုက်"
"ပိုင်မင်းကတကယ်ချောတာပဲ"
"စစ်သွေး"
"အော"
+1Cဆိုရင်....
ဘေးတိုက်မြင်နေရတဲ့ စာကိုရှင်းပြနေတဲ့ပိုင့်ရဲ့ပုံစံလေးကသိပ်ကိုကြည့်လို့ကောင်းလွန်းသည်..
စုသွားလိုက်၀ိုင်းသွားလိုက်..ပုံစံမျိူးစုံပြောင်းနေတဲ့ လှုပ်ရှားနေတဲ့နှုတ်ခမ်းပါးလေးရယ်...
ရှင်းပြနေရင်းမှ တစ်နေရာအရောက် မြင့်တက်သွားတဲ့မျက်ခုံးတစ်စုံရယ်..နောက်မှအဖြေရသွားဟန်...တောက်ပသွားတဲ့မျက်၀န်းတစ်စုံရယ်..ဘေးတိုက်မြင်နေရတာကြောင့် ရှင်းရှင်းလင်းလင်းမြင်နေရတဲ့ လည်ပင်းကမှဲ့နက်လေးရယ်...
"ပိုင်"
"စစ်သွေး..ငါရှင်းပြတာမင်းနားလည်လား"
"ပိုင်..ငါမင်းရဲ့မှဲ့လေးကိုကိုင်ကြည့်ချင်တယ်"
"Hmm"
ထို့နောက် စစ်သွေးရဲ့လက်ချောင်းထိပ်လေးက ကျွန်တော့်ရဲ့ လည်ပင်းကမှဲ့နက်လေးထံသို့...
လက်ချောင်းထိပ်လေးနဲ့ထိတွေ့လိုက်သည့်ခဏ လျှပ်စစ်နဲ့တို့လိုက်သလို ကျဥ်တတ်သွားပီး..တစ်ကိုယ်လုံးမှာရှိတဲ့အပူချိန်တွေက မျက်နှာထက်သို့စုပြုံရောက်လာသကဲ့သို့ ပူရှိန်းရှိန်း...
စစ်သွေးကလက်ကိုပြန်ရုတ်လိုက်ပီး
"အဟမ်း.တော်ပီ..စာဆက်လုပ်ကြစို့
ပိုင်combined chargeအတွက်ဆိုဘာ"
ရှင်းပြလက်စစာအုပ်ကိုပိတ်လိုက်ကာ စနောက်နေတဲ့ကောင်ဆိုးလေးဘက်လှည့်လိုက်ပီး
"မင်းကစာဆက်လုပ်ချင်သေးတာလား"
"အမ်..ပိုင်..မင်းဘာကိုပြော"
"ပိုင်ဘာတုန်း..ဘာလို့ငါ့နားတိုးလာတာလဲ..အမေမြင်သွားလိမ့်မ.."
"မြင်မြင်"
"အာ.."
ကုတင်နဲ့ စာကြည့်စားပွဲကြားညပ်နေသောစစ်သွေးနားကို ပိုပီး နီးကပ်စွာတိုးလိုက်ရင်း..
အနီးကပ်မြင်နေရတဲ့စစ်သွေးရဲ့မျက်နှာလေးကို အသာဖွဖွကိုင်လိုက်ကာ...
"စစ်သွေး..မင်းရဲ့မျက်တောင်တွေကလည်းတကယ်ကိုရှည်တာပဲ"
မျက်တောင်ရှည်လေးတွေကိုလက်လေးနဲ့အသာတို့ထိလိုက်ပီး..
နှာခေါင်းထိပ်လုံးလုံးကိုအသာဖွဖွဆွဲလိုက်ကာ..
"ခွေးနှာခေါင်းလေး"
ပိုင်..မင်း~
ထို့နောက်...နှုတ်ခမ်းပါးလေးကိုလက်မနဲ့အသာဖွဖွပွတ်လိုက်တော့..တစ်ကြိမ်တစ်ခါထိကပ်ခဲ့ဖူးတဲ့အိစက်စက်နှုတ်ခမ်းပါးလေးရဲ့အထိအတွေ့ကအသည်းယားဖွယ်အတိ...
"ပိုင်..မင်း..မင်းငါ့ကိုပြန်စနေတာပဲ
တော်ပီ..ဖယ်တော့..ငါစာသေချာလုပ်တော့မယ် မင်းကိုထပ်မစတော့ဘူးကွာ..ဟုတ်ပီလား"
"စစ်သွေး"
"ဖယ်တော့ပိုင်ရာ"
"ငါမင်းကိုနမ်းချင်တယ်"
"Hmmm ပိုင်..ပိုင်"
ပြောပီးပီးချင်း ထိကပ်လာတဲ့ပိုင့်ရဲ့နှုတ်ခမ်းပါးနွေးနွေးလေး...
"ကိုကြီးရေ..ကိုကြီးစစ်သွေးရောက်နေတယ်ဆို..ဆို"
အခန်းတံခါးကို၀ုန်းခနဲဖွင့်ပီး၀င်လာတဲ့ ပိုင့်ရဲ့ညီလေးဇွဲထက်မြက်..
အလျှင်အမြန် ပိုင့်ကိုတွန်းဖယ်လိုက်ပီးထရပ်လိုက်ကာ..
"အဟမ်း..အဟား..ဇွဲ.ဇွဲလေး"
"ကိုကြီးတို့ ဘာတွေလုပ်နေကြတာလဲ"
"အာ..အဲ့တာက"
"ငယ်လေးဘာလို့တံခါးမခေါက်တာလဲ"
"အာ..ကျွန်တော်..ကိုကြီးစစ်သွေးရောက်နေတယ်ဆိုလို့၀မ်းသာသွားတာနဲ့မေ့ပီးပြေး၀င်လာလိုက်တာ..တောင်းပန်ပါတယ်ကိုကြီး
ဒါ..ဒါကမေမေကကိုကြီးတို့အတွက်မုန့်တဲ့"
"ကျစ်..ပိုင်..မင်းကလည်း ကလေးကိုဘာလို့ဆူနေတာလဲ"
"လာ..ကောင်ငယ်လေး ကိုကြီးနားလာခဲ့"
"ဟုတ်..ကိုကြီးစစ်သွေး"
ကောင်ငယ်လေးကမုန့်ကိုပစ်ချကာအနားကိုပြေးလာပီး..
"ကိုကြီး စစ်သွေး ဘယ်တုန်းကရောက်တာလဲ မေမေပြောတော့ ကိုကြီးဒီမှာကျောင်းတက်မှာဆိုဟုတ်လား"
"အင်း"
"အဲ့တာဆို ကိုကြီးအရင်တုန်းကလိုပဲ ဒီမှာလာအိပ်မှာလား..ပီးရင် ကျွန်တော်ရယ်ကိုကြီးစစ်သွေးရယ်..ကိုကြီးရယ်..အပြင်လျှောက်လည်မှာလား"
ဒါပေါ့ကွ..ထို့နောက်လွယ်အိတ်ထဲမှာထည့်ထားတဲ့ Transformerအရုပ်ကိုကောင်ငယ်လေးကိုပေးလိုက်တော့...
"Arr..ဒါကျွန်တော်လိုချင်နေတဲ့ဟာ..အဲ့ဒါကြောင့်ကိုကြီးစစ်သွေးကိုချစ်တာ"
"ငယ်လေး အဲ့တာဘာလုပ်တာလဲ!"
"ဟမ်..ကိုကြီး ကျွန်တော်ဘာလုပ်လို့လဲ"
ကျွန်တော့်ကိုဖက်ထားပီး နမ်းမလို့ပြင်နေတဲ့ ကောင်ငယ်လေးကို ချိုင်းကနေကောက်မလိုက်တဲ့ပိုင်
"ညစ်ပတ်နေတယ် ရေသွားချိုး"
"အာ?"
ကောင်ငယ်လေးကကိုယ့်ကိုကိုယ်တရှုံ့ရှုံ့အနံ့ခံရင်း
"ကိုကြီးကလည်း မနံပါဘူးဗျ"
"ပီးတော့ ကျွန်တော်ကျူရှင်မသွားခင်ကရေချိူးပီးသား"
"ထပ်ချိုး"
"အာ..မချိူးပါဘူး "
ထို့နောက်ကျွန်တော့်ဘက်ကိုလှည့်လာကာ..
"ကိုကြီးစစ်သွေး ကူပါဦး..ကျွန်တော့်ကိုကြီးဘာဖြစ်နေလဲမသိဘူး"
"အဟားးဟုတ်ပါပီကွာ..ပိုင်မင်းကလည်းကလေးကိုစမနေနဲ့တော့"
"7တန်းက ကလေးလား"
"ပိုင်ရာ..ဒါနဲ့ဟုတ်သားပဲရော..ပိုင်ပြောမှကြည့်မိတယ်..ကောင်ငယ်လေးကတကယ်ကိုထွားလာတာပဲ
ကောင်ငယ်လေး..ဘယ်လိုလဲ ကျောင်းမှာစိတ်၀င်စားတဲ့မိန်းကလေးရောရှိနေပီလား"
"အာ..ကိုကြီးစစ်သွေးကလည်း"
"ရှက်မနေပါနဲ့ကွာ..မင်းကိုကြီးစစ်သွေးတုန်းကဆိုရင် ၅တန်းလောက်ကတည်းကစာလိုက်ပေးခံရတာကွ"
"ဟမ်..တကယ်ကြီးလား"
"ဒါပေါ့ကွ..မယုံရင်ပိုင့်ကိုမေးကြည့်လိုက်"
"ဟုတ်လားကိုကြီး..ဟမ်..ဟမ်လို့"
"ပိုင်..မင်းသိတယ်မလား..အသားဖြူဖြူလေးနဲ့တစ်ယောက်လေ..ကျစ်..နာမည်ကဘာ..မသိတော့ပါဘူးကွာ..ဒါနဲ့သူရောခုချိန်ဘယ်ရောက်နေလဲမသိဘူး..ငယ်သူငယ်ချင်းတွေကိုတော့လွမ်းမိသားကွာ"
"Huh!ငယ်လေးအပြင်ထွက်တော့"
"အာ..ကျွန်တော် ဒီမှာနေချင်ချင်.."
ကောင်ငယ်လေးကိုကောက်ပွေ့လိုက်ကာ အပြင်ပို့လိုက်ပီးအခန်းထဲပြန်၀င်လာတဲ့ပိုင်..
"အဟား..ပိုင်ရာ..မင်းဘာလို့ ကလေးကိုအနိုင်ကျင့်နေတာလဲ..တကယ်ပါပဲကွာ"
"အင်း..ကလေးကိုအနိုင်မကျင့်တော့ဘူး"
အခန်းတံခါးကိုလော့ခ်ချလိုက်ပီး
"မင်းကိုပဲအနိုင်ကျင့်တော့မယ်"
"အာ??ပိုင်..no no အဟား ပိုင်"
***************************
"ပိုင် မင်းငါ့ကိုအနိုင်ကျင့်လို့ရမယ်များထင်နေလား"
၀ုန်းဒိုင်းကြဲနေတဲ့အခန်းထဲမှာ..ခေါင်းအုံးတွေကလေထဲမှာလွင့်မျောနေသည်...
စောင်တွေကလည်းအောက်မှာတို့လို့တွဲလောင်း...
ဖက်အုံးကိုလက်ထဲမှာကိုင်ထားရင်း ပိုင်ရှိရာကိုလွှဲရိုက်လိုက်သည်..
"Ughh ပိုင် မင်းရှောင်နိုင်တယ်"
မျက်ခုံးတစ်ဖက်ကိုပင့်မြှောက်လိုက်ရင်း
"ဒါပေါ့ "
ထို့နောက်လက်ထဲကအရုပ်ကိုစစ်သွေးရှိရာသို့ပစ်လိုက်သည်~
"ဘုတ်"
"ughh ပိုင် မင်း..မင်းအလစ်အငိုက်၀င်တိုက်တယ်"
"ကြိုက်ပီ..ကြိုက်ပီ ပိုင်မင်းနဲ့ငါနဲ့တွေ့ကြသေးတာပေါ့ကွာ"
yarrr!!!
*******************
"ကောင်ဆိုးလေးတွေ စာလုပ်နေတာဆိုပီး ဘာလို့ဒီလောက်တောင်ဆူညံနေရတာလဲ"
ထမင်းစားပွဲပြင်နေရင်းမှ အပေါ်ထပ်ကဆူညံဆူညံအသံတွေကြောင့် ပြုံးရင်းခေါင်းသာအသာယမ်းမိတော့သည်...
"ဒီကောင်ငယ်လေးတွေဟာလေ...ငယ်ငယ်ကအတိုင်းတစ်စက်မှမပြောင်းလဲသေးဘူး"
YOU ARE READING
Seriously?I'm in love with my BFF!!
Teen FictionJust a beautiful love between two guys❤️ Ongoing✨