Ep 8 Unicode

105 9 0
                                    

"ပီးပီ အားးးနောက်ဆုံးတော့ဖြေပီးပီကွ သားကြီးတို့ ဟဲဟဲ ဒီနေ့ညနေ သီချင်းသွားဆိုကြစို့"
"sryမြတ်မင်းငါတကယ်ဒီနေ့ညနေတော့မဖြစ်လို့ မနက်ဖြန်မှသွားကြတာပေါ့ "
"ဟုတ်တယ်သားကြီး ငါရောပဲ ငါ့ကောင်မလေးကစိတ်ကောက်နေလို့ ငါ့ကောင်မလေးကလေ...အာဆောတီးမင်းကတော့သိမှာမဟုတ်ပါဘူးကွာ ဒါမျိူးဆိုတာ ကောင်မလေးရှိတဲ့သူမှသိတာ.."
"တော်ပီ သိတယ် သိတယ် မင်းအဖေကမထားချင်လို့မထားတာဟ ဒါပဲလာလာနှိမ်နေလိုက်"
"ဟဲဟဲ သိပီးတာပဲ"
"နေကွာ မင်းတို့အဲ့လိုကြီးပဲ ပိုင်ထက်ပဲသွားခေါ်တော့မယ် ပိုင်ထက်. အမ် ဘယ်ရောက်သွားတာလဲ"
"ရှာမနေနဲ့တော့ ဟိုမှာပိုင်ထက်က"
ဟိန်းသန့်ပြတဲ့နေရာကိုကြည့်လိုက်တော့သစ်ပင်အောက်မှာphပြောနေတဲ့ပိုင်ထက်
"အာ..ပိုင်ထက်ကစာမေးပွဲဖြေပီးတိုင်းphသွားသွားပြောနေတာထူးတော့ထူးဆန်းနေပီ ငါတို့ရဲ့ရေခဲတုံးကြီးစာမေးပွဲတွင်းကောင်မလေးတွေဘာတွေများရသွားတာလားဟ"
"ငါလည်းမသိဘူး "
"အင်း.အဲ့တာဆိုဒါပဲစစ်သွေး ညကျမှငါဆက်လိုက်မယ် "
စစ်သွေးနဲ့phပြောပီးထွက်လာတော့ ကျွန်တော့်ကိုတရားခံကြည့်သလိုကြည့်နေကြတဲ့ဟိုသုံးကောင်..
"ကဲကဲ လာပါဦး လာပါဦး ဘာတွေများအရေးတကြီးရှိလို့ စာမေးပွဲ​တစ်ဘာသာပီးတိုင်း သံတော်ဦးတင်တင်နေရတာလဲ"
"ဘာလဲ ငါတို့ရဲ့ရေခဲတုန်းကြီး ကောင်မလေးရသွားပီလား"
"အာ..အဲ့တာဆိုဒုက္ခပါပဲကွာ ငါတစ်ယောက်တည်းကောင်မလေးမရှိသေးတာလား.."
မြတ်မင်းကညည်းညည်းညူညူပြောလာတော့
တည်တံ့ကပါ
"မြတ်မင်းငါလည်းရှိသေးတယ်လေ"
"ဟိုကောင်တွေတော်တော့ ပိုင်ထက်ကဘာမှမပြောရသေးဘူး "
ကဲပိုင်ထက်ပြောပါဦး"
ကျွန်တော့်အဖြေကိုစောင့်နေတဲ့သုံးကောင်ကိုတစ်ချက်ကြည့်လိုက်ပီး
"မဟုတ်ဘူး"
"ဘာမဟုတ်တာလဲ"
"ကောင်မလေးမဟုတ်ဖူး ငါငယ်ငယ်ကတည်းကသူငယ်ချင်း"
"သူငယ်ချင်း?×3"
"အင်း"
မြတ်မင်းကပြုံးစိစိနဲ့အနားတိုးလာပီး
"မိန်းကလေးမဟုတ်လား ပိုင်ထက်"
ဟိန်းသန့်ကပါ...
"ငယ်သူငယ်ချင်းရေ..အဟမ်း..ခုတော့ငယ်ကျွမ်းဆွေ...."
"မိန်းကလေး..မဟုတ်ဖူး"
"တော်ပါတော့ကွာ...မင်းအသံဆိုးကြီးနဲ့.."
"ချီးအသံဆိုး..ဒီအသံကိုမိန်းကလေးတွေဘယ်လောက်ကြွေလည်းမင်းမသိပါဘူးကွာ"
အေးပါကွာ..ဒီအဖေကပဲသားလေးကိုအရှုံးပေးလိုက်ပါတယ်...."
သူတို့နှစ်ယောက်တည်းပြောပီးရန်ဖြစ်နေကြတာမို့ ကျွန်တော်ဖြေလိုက်တဲ့အဖြေကိုကြားလိုက်ဟန်မတူ..
ထို့နောက်ကျွန်တော့်ဘက်ပြန်လှည့်လာကာ..
"သားကြီး နောက်ခါမင်းသူငယ်ချင်းနဲ့ငါတို့ကိုမိတ်ဆက်ပေးဦးနော်"
"အင်း"
"ဒါနဲ့..မင်းသူငယ်ချင်းကချောလားhee"
"အင်း"
ပါးချိုင့်နက်နက်အပြုံးချိုချိုလေးတွေနဲ့စစ်သွေးကတကယ်ကိုချောသည်...
စစ်သွေးအကြောင်းတွေးမိတော့ အပြုံးနုလေးတစ်စကနှုတ်ခမ်းပါးထက်မှာတွဲခိုလာသည်..
တည်တံ့ကမြတ်မင်းခေါင်းကိုတစ်ချက်ပုတ်လိုက်ပီး..
"ချောတော့မင်းကဘာလုပ်မလို့လဲ"
"ရော်..မင်းကလည်းဘာဖြစ်နေတာလဲ..ကောင်မလေးချောချောလေးနဲ့သူငယ်ချင်းဖြစ်တာမကောင်းလို့လား..
ပီးတော့ သူကSingleဆိုပိုတောင်ကောင်းသေး hee.."
ထို့နောက်မျက်မှန်၀ိုင်းလေးကိုအသာပင့်တင်ရင်း..
"ပိုင်ထက် သူကsingleလား"
"single??"
ကျွန်တော်လည်းသေချာမသိဘူး ကျွန်တော်နဲ့မတွေ့ရတဲ့3နှစ်အတွင်းမှာစစ်သွေးမှာကောင်မလေးရနေပီလား...
တွေးကြည့်လိုက်ရုံနဲ့တင်အမည်မသိတဲ့နာကျင်မှုတစ်ချို့ကရင်ထဲဆစ်ခနဲ
"မသိဘူး"
"မသိဘူးလား?Ughဘာပဲဖြစ်ဖြစ် နောက်ခါငါနဲ့မိတ်ဆက်ပေးနော်"
ဟိန်းသန့်ကမြတ်မင်းကိုမကြည်ကြည့်တစ်ချက်ကြည့်လိုက်ပီး
"မင်းကလည်းဇွတ်"
ကျွန်တော်တောင်ပြန်မဖြေရသေးခင်တည်တံ့က
"Ughh မြတ်မင်း..မင်းက..မင်းက.."
"ငါကဘာလဲ"
တည်တံ့ကခေါင်းအသာယမ်းကာ..
"မင်းက ကောင်လေးတွေကိုအဲ့လောက်ထိစိတ်၀င်စားမယ်လို့ငါမထင်ခဲ့ဘူးကွာ"
"တည်တံ့ မင်းဘာစကားပြောလိုက်တာလဲ မင်းအဖေငါကယောက်ျားစစ်စစ်ကွ..ဘာကိစ္စကောင်လေးတွေကိုစိတ်၀င်စားရမှာလဲ"
"ugh.ငါလည်းမသိဘူးလေကွာ..မင်းပဲပိုင်ထက်သူငယ်ချင်းကိုဒီလောက်စိတ်၀င်စားနေပီး..."
"အဲ့တော့ဘာဖြစ်..ဘာ ပိုင်ထက်သူငယ်ချင်းကယောက်ျားလေးလား!!"
ဟိန်းသန့်ကပါ
"ဟမ်...ပိုင်ထက်ဟုတ်လား​.."
"ငတည်မင်းကဘယ်လိုလုပ်သိတာလဲ ပိုင်ထက်ကတောင်ဘာမှမပြောရသေးတာကို"
"အေးလေ..တည်တံ့မင်းငါတို့ကိုလာနောက်မနေနဲ့"
"ရော် မင်းတို့နှစ်ကောင်နဲ့တော့ခက်ပီကွာ..စောစောကမင်းတို့နှစ်ကောင်စကားများနေတာနဲ့ပိုင်ထက်ဖြေတာမကြားလိုက်ဖူးမလား မယုံရင်ပိုင်ထက်မေးကြည့်ကွာ"
"ပိုင်ထက် ဟုတ်လား..."
"အင်း"
"Ugh...."
တည်တံ့ကမြတ်မင်းရဲ့ရှေ့ဆံပင်စိမ်းနုရောင်လိမ်ကောက်ကောက်လေးပေါ်လက်နဲ့အသာဖွလိုက်ရင်း
"စိတ်မပျက်ပါနဲ့မြတ်မင်းရာ..မင်းဒီလောက်ရည်းစားထားချင်နေရင်..."
တည်တံ့ကရယ်ချင်စိတ်ကိုထိန်းထားရတဲ့ပုံနဲ့ချောင်းအသာဟမ့်လိုက်ပီး..
"အဟမ်း..ငါမင်းရဲ့ကောင်လေးလုပ်ပေးမယ်လေ..နော်"
"ချီးပဲ....ငတည်ကောင်မင်းသေပီသာမှတ်"
ပြောပီးခေါင်းပေါ်မှာတင်ထားတဲ့တည်တံ့ရဲ့လက်ကိုဆွဲယူလိုက်ပီး အသားကုန်ကိုက်ထည့်လိုက်တော့သည်..
တည်တံ့ကတစ်ချက်သာမျက်နှာရှုံ့သွားပီး သူ့လက်ကိုကိုက်နေတဲ့မြတ်မင်းကိုငုံ့ကြည့်လိုက်ကာ..အလိုလိုက်ထားသလိုအပြုံးကိုပြုံးလိုက်ပီး....
"ချီးထုပ်ကောင်လေး ကျေနပ်ပီလား"
"ဟွန်း တော်ပီမင်းတို့ကောင်တွေနဲ့မပြောတော့ဘူး
ပိုင်ထက် ငါမင်းကိုမေးမလို့ ဒီနေ့ညနေမင်းအားလား..ငါတို့သီချင်းသွားဆိုရအောင်"
"သိပ်တော့မသေချာဘူး "
"မင်းတို့ကောင်တွေကလည်း ဘာမှန်းကိုမသိဘူးကွာ စာမေးပွဲပီးတဲ့ရက်လေးကို အပြင်ထွက်လည်ရအောင်ပါဆို"
တည်တံ့က
"ငါတို့မနက်ဖြန်သွားမယ်လေ
မနက်ဖြန် သေချာပေါက်အားအောင်လုပ်ထားမှာမို့"
ထို့နောက်ကျွန်တော်တို့ဘက်လှည့်ပီး
"ဟိန်းသန့်မနက်ဖြန်ရတယ်မလား ပိုင်ထက်ရော မနက်ဖြန်အဆင်ပြေလောက်လား"
"အင်း မနက်ဖြန်တော့ရတယ်"
"ငါလည်းမနက်ဖြန်တော့okတယ်"
"ဟုတ်ပီ အဲ့တာဆိုမနက်ဖြန်သွားကြမယ် ကဲအဆင်ပြေပီလား အဆိုးလေး"
"ချီးပဲ အဆိုးလေး!မင်းငါ့ကိုလာမခေါ်နဲ့"
ပြောပီးရှေ့ကနေ ထွက်သွားတဲ့ မြတ်မင်း
"မြတ်မင်းငါ့ကိုစောင့်ဦးလေ မနက်ဖြန်သွားမယ်နော် စိတ်မဆိုးနဲ့တော့ "
မြတ်မင်းနောက်ကနေအော်ရင်း လိုက်သွားတဲ့တည်တံ့..
"ဒီနှစ်ကောင်ကတော့ တကယ်ပါပဲကွာ မြတ်မင်းကလည်းတကယ့်ကလေးစိတ် တည်တံ့ကလည်းအလိုကိုလိုက်လွန်းတယ် သူငယ်ချင်းအချင်းချင်းငါ့ကျအလိုမလိုက်ဖူး ငါလည်းတစ်ခါလောက်စိတ်ဆိုးကြည့်ရမလား.."
"အင်း ချော့မှာပါ တုတ်နဲ့"
"ပိုင်ထက် ..ပိုင်ထက် မင်းတောင်ငါ့ကိုဖဲ့တတ်နေပီကွာ ထားပါတော့ ဒါနဲ့ပိုင်ထက်တကယ်ပဲကောင်မလေးမဟုတ်ဖူးလား"
"အင်း"
"မင်းကစာမေးပွဲဖြေပီးတိုင်းphသွားသွားပြောနေတော့ ကောင်မလေးထင်သွားတာ "
"သူငယ်ချင်းအချင်းချင်းphပြောတာပုံမှန်ပဲမဟုတ်ဖူးလား"
"အမ်...အဲ့လိုမဟုတ်ဖူးလေပိုင်ထက်ရဒီလိုလေငါ့ကောင်မလေးနဲ့ငါနဲ့ဆိုတစ်ကျောင်းတည်းတောင် စာမေးပွဲဖြေပီးတိုင်းမတွေ့ဘူး ဟီး အဲ့တာကြောင့်လည်းသူစိတ်ကောက်နေတာ
ဘယ်သူမြင်မြင်မင်းကိုကောင်မလေးနဲ့phပြောနေတယ်ပဲထင်မှာ"
"မင်းတို့ကရော phမပြောကြဘူးလား"
"ငါတို့??ဟိုနှစ်ကောင်နဲ့လား"
"အင်း"
"ပေါက်ပေါက်ရှာရှာကွာ ဒီကောင်တွေနဲ့တော့ph billကုန်ခံပီးမပြောပါဘူး ပြောစရာရှိရင်messengerထဲမှာgpဖွဲ့ထားတယ်လေ မင်းရောပါသားပဲ "
"အင်း"
"မင်းသူငယ်ချင်းနဲ့မင်းနဲ့ကတစ်မြို့စီဖြစ်နေလို့လည်းနေမှာပါ ငါကဟိုကောင်တွေနဲ့ငယ်ငယ်ကတည်းကတစ်မြို့တည်းပဲဆိုတော့ အေးပေါ့ ငါတို့လည်းမြို့တွေမတူရင် Phပြောချင်ပြောဖြစ်ကြမှာပေ့ါ"
"အင်း "
"အေးပါ သွားကြစို့ ဒါနဲ့မနက်ဖြန်နော်ပိုင်ထက် "
"အင်း"
*****************************
အိမ်ပြန်ရောက်တော့ မေမေက
"သား...ဖြေနိုင်တယ်မလား"
"ဟုတ်"
"အေးအေးသား ခဏနေရေမိုးချိုးပီး နားလိုက်တော့နော်"
"ဟုတ်"
🚿🚿🚿
ရေချိုးပီးတာနဲ့ စာမေးပွဲပီးသွားပီဆိုတော့ First semစာအုပ်လေးတွေကိုစားပွဲပေါ်မှာရှင်းလိုက်ပီး သပ်သပ်ခွဲထားလိုက်သည်
ထမင်းစားပီးတော့မေမေက
"သားဒီနေ့စောစောနားချင်နားတော့လေ"
"ဟုတ် ကျွန်တော်မနက်ဖြန်သူငယ်ချင်းတွေနဲ့အပြင်သွားမလို့.."
"အေးအေး သွားလေသား သိပ်တော့နောက်မကျစေနဲ့နော်"
"ဟုတ်"
"အေးအေး သားသွားနားတော့"
အပေါ်ထပ်ရောက်တော့ မအိပ်ခင်လေးPhလေးခဏဖွင့်ကြည့်လိုက်သည်
phဖွင့်ဖွင့်ချင်းတက်လာတဲ့noti....
Sxar Sitt Thway added new photos
ကြည့်လိုက်တော့ စစ်သွေးတင်ထားတဲ့ပုံလေး
ဖြူဥနေတဲ့အသားအရည်နဲ့လိုက်ဖက်ညီစွာ အ၀ါရောင်T shirtအင်္ကျီကိုမှ black short pantထဲတည့်၀တ်ထားသည်
သူ့ရဲ့မူပိုင်ပါးချိုင့်နက်နက်လေးတွေပေါ်အောင်ပြုံးနေတဲ့ကောင်လေးက အရင်အတိုင်းမပြောင်းလဲသေး
နေ့လည်ကမြတ်မင်းတို့မေးတဲ့အကြောင်းကိုတွေးမိတော့ စစ်သွေးဒီကောင်လေး ကောင်မလေးများရနေပီလား...
​ငယ်ငယ်ကတည်းကအတန်းထဲမှာတင်စစ်သွေးကိုကြိုက်တဲ့မိန်းကလေးတွေ၄ ၅ ယောက်လောက်ရှိသည်...နွေးထွေးတဲ့အပြုံးနုလေးတွေနဲ့ကြင်နာတတ်တဲ့စစ်သွေးကမိန်းကလေးတိုင်းရဲ့အဖြူရောင်အိပ်မက်နတ်သားလေး..
နောက်မှစစ်သွေးကိုမေးကြည့်လိုက်မယ်...
တကယ်ပဲ..ကောင်မလေးရှိနေရင်ဘယ်လိုလုပ်မလဲ..
ဘယ်လိုလုပ်မလဲ??စစ်သွေးမှာကောင်မလေးရှိတာကျွန်တော်ကဘယ်လိုလုပ်ရမှာလဲ...
စစ်သွေးကိုကောင်မလေးကိုဖြတ်လိုက်ဖို့ပြောရမှာလား..
ကျွန်တော်ဘာတွေတွေးနေတာလဲ..စစ်သွေးနဲ့ကျွန်တော်ကသူငယ်ချင်းလေ သူ့မှာကောင်မလေး...ကောင်မလေး ရှိလာရင်တောင်မှကျွန်တော်တို့ကြားမှာဘာတွေပြောင်းလဲသွားမှာမလို့လဲ....
ဒါနဲ့ရင်ထဲကဘာလို့တဆစ်ဆစ်နဲ့နာလာရတာလဲ....
ထားတော့ စစ်သွေးတင်ထားတဲ့ပုံတွေပဲဆက်ကြည့်နေလိုက်တော့သည်..
ပုံတွေကိုကြည့်နေရင်းမှတစ်နေရာအရောက်
စစ်သွေး ဒီကောင်လေးalcoholတွေသောက်နေတာလား
alcoholပုလင်းကိုကိုင်ပီး ဘေးကသူငယ်ချင်းကိုဖက်ထားပီး ရီနေတဲ့ပုံကြောင့်..ဘာမှမတွေးနိုင်တော့ဘဲ
ချက်ချင်းစစ်သွေးဆီphဆက်လိုက်သည်
ph က၀င်သော်လည်းတော်တော်နဲ့မကိုင်
ကျစ်!ဒီကောင်လေးကတော့လေ အရွယ်ရောက်ပီးသားယောက်ျားလေးတစ်ယောက်ကalcoholသောက်တာပုံမှန်ဆိုပေမယ့် စစ်သွေးက၁၈နှစ်မှမပြည့်သေးတာ..
တီ တီ..
"ဟယ် လို"
"ဟယ်လို စစ်သွေး"
"ugh..ပိုင်?"
"အင်း စစ်သွေးမင်းအခုဘယ်မှာလဲ"
"ငါ? အု ဟိုဟာလေ ဒီနေ့က အု ..စာမေးပွဲပီးတဲ့နေ့ဆိုတော့ သူငယ်ချင်းတွေနဲ့အပြင်ရောက်နေတာ"
"မင်းသောက်နေတာလား"
"အင်း နည်းနည်းလေးပါကွာ အု."
"စစ်သွေး မင်း.."
တီ တီ တီ......
Phချသွားလို့ထပ်ခေါ်မလို့ပြင်နေတုန်း
video chatting From messenger ဆိုပီး စစ်သွေးဆီက၀င်လာသည်
ချက်ချင်းကိုင်လိုက်တော့
စစ်သွေးရဲ့မျက်နှာလေးကပေါ်လာသည်
"ပိုင်..ဟယ်  လို."
အခါတိုင်းဖြူဥနေတဲ့မျက်နှာလေးကခုတော့ အနည်းငယ်အနီရောင်သန်းနေသည် ..
မက်မွန်သီးသဖွယ်မျက်၀န်းအိမ်လေးထဲမှာလည်း Alcoholကြောင့်ထင် ပုံမှန်မဟုတ်တဲ့ ရီဝေဝေအငွေ့အသက်တစ်ချို့ရစ်သိုင်းနေသည်...
အင်္ကျီအပေါ်ကြယ်သီးနှစ်လုံးကိုဖြုတ်ထားတာကြောင့် ဖြူလွလွအသားအရည်နဲ့ သိသာထင်ရှားစွာ မြင်နေရတဲ့collarboneကလူကို ရေငတ်လာစေသလိုလိုခံစားလိုက်ရတာကြောင့်
ဘေးနားကစာကြည့်စားပွဲပေါ်မှာတင်ထားတဲ့ရေဗူးထဲကရေကိုမော့သောက်လိုက်ရသည်
ချီးထုပ်ကောင်စစ်သွေးကတော့ နဖူးထက်မှာကပ်ငြိနေတဲ့အပြာနုရောင်ဆံစတစ်ချို့ကိုလက်နဲ့ခပ်ကြမ်းကြမ်းဖွလိုက်ကာသပ်တင်လိုက်ပီး.
alcoholပုလင်းကိုကိုင်ကာcameraရှေ့တိုးပြပီး
"ဒီမှာကြည့် ငါ ..ငါ..အများကြီး .မသောက်..အု မသောက်ပါဘူး...နည်းနည်းလေး..နည်းနည်းလေးပဲ..အု ..ဒီတစ်ပုလင်းကုန်ရင်..ငါ..မသောက်တော့ပါဘူးကွာ..နော်.."
အမူးသမားလေးကတော့ Cameraရှေ့ကိုမျက်နှာတိုးလာပီး ပါးချိုင့်နက်လေးတွေကိုဖွင့်ထုတ်ကာ..အစွမ်းကုန်မျက်နှာချိုလာသွေးနေလေသည်..
အနားကပ်လာတဲ့စစ်သွေးမျက်နှာကြောင့် အာတွေခြောက်ပီးရေတွေငတ်လာသလိုဖြစ်ရုံသာမက မျက်နှာတစ်ခုလုံးအပူတွေရှိန်းခနဲတက်လာသလိုခံစားလိုက်ရသည်..
Cameraကိုအမြန်အကြည့်လွှဲလိုက်ပီး..
"တော်ပီ..မင်းထပ်မသောက်နဲ့တော့"
"အာ.. ပိုင် မင်း ငါ့ ကို စိတ်..အု စိတ် ဆိုး သွားတာလား..
အဲ့ဒါဆို..အု..အဲ့ဒါဆို..ငါဆက် မသောက်တော့ဘူး...ရော့..လင်း မြတ် မင်း ယူ ထားလိုက်တော့"
ထိုအခါမှ စစ်သွေးဘေးမှာထိုင်နေတဲ့တစ်ယောက်ကိုသတိထားမိတော့သည်
"ပိုင် ဒါ ငါ့..သူ ငယ် ချင်း..လင်းမြတ်တဲ့
လင်းမြတ်ဒါ ပိုင်..အု..ငါ့အချစ်ဆုံး ..အချစ် ဆုံးသူငယ်ချင်းပိုင်.."
"Aha..မင်း ..သိလား..ပိုင်..အု..ပိုင် ကလေ သိပ်ကို..အု သိပ်ကိုပွစိ..ပွစိပြောတတ်တာ..အဲ့တာကြောင့် ..သူ့ကို ငါက.အု..ဖွားဖွားပိုင်..လို့ခေါ်တာ
အင်း "
လင်းမြတ်ကခေါင်းငြိတ်ရုံသာငြိတ်ပြပီး
"စစ်သွေးပြန်ရအောင် မင်းတော်တော်မူးနေပီ"
"မပြန်သေးပါဘူး ဒီမှာနေဦးမှာ"
"ဟား တကယ့်ချီးထုပ်ကောင်လေးကွာ မနက်ကျရင်စောစောထရဦးမှာကို"
"မနက်"
"အင်းလေ မင်းပဲငါ့ကိုမုန့်လုပ်ကျွေးမှာမို့ မနက်စျေးစောစောသွားရအောင်ဆို"
"အာ ဟုတ်တယ်..ဟုတ်တယ် ..သွားစို့"
Vcခေါ်ထားပီးသူတို့ချင်းပဲပြောနေပီး ကျွန်တော်ရှိတာကို မေ့နေသောစစ်သွေးကြောင့်
"စစ်သွေး အဲ့တာဆို ဒါ.."
"အာ Sry စစ်သွေးသူငယ်ချင်း စစ်သွေးနည်းနည်းမူးနေလို့ ကျွန်တော်ချလိုက်တော့မယ်နော်.."
တီ..
မှောင်သွားတဲ့ph screenကိုကြည့်ရင်း
"တောက်! ဒီလင်းမြတ် ဆိုတဲ့တစ်ယောက်ကပိုင်စိုးပိုင်နင်းနဲ့ ပီးတော့ ဘာစစ်သွေးကသူ့ကိုမုန့်လုပ်ကျွေးမလို့တဲ့ ကျွန်တော်တစ်ယောက်ပဲစားဖူးတဲ့မုန့်ကိုလေ ခုတော့.."
မကြိုက်ဖူး စစ်သွေးလုပ်ပေးတဲ့မုန့်ကအစ ကျွန်တော်ကလွဲဘယ်သူ့ကိုမှမကျွေးစေချင်
အတ္တကြီးသည်လို့ဆိုလည်းမတတ်နိုင်
ကျစ်!!ကျွန်တော်ဘယ်လိုတွေဖြစ်နေတာလဲ သူငယ်ချင်းနဲ့ပတ်သတ်တာတောင်ကျွန်တော်..ကျွန်တော်အခုလိုဖြစ်နေမိတာ..
စစ်သွေးမှာသာ...ကောင်မလေးရှိနေရင်...
ကျွန်တော် ...ကျွန်တော်မသိတော့ဘူး
စစ်သွေးနဲ့ပတ်သတ်ပီးကျွန်တော်ဘယ်လိုတွေခံစားနေရတာလဲဆိုတာ...
ထားတော့..ဆက်မစဥ်းစားချင်တော့ဘူး..
သူငယ်ချင်း..သူငယ်ချင်းအချင်းချင်းကြားမှာဒီလိုအတ္တလေးတွေရှိတာပုံမှန်ပါပဲ..
ဟုတ်တယ်..ပုံမှန်ပါပဲ.........
စစ်သွေးကlineပေါ်လည်းတက်မလာတော့ ဒီအမူးသမားလေးအိပ်ပျော်သွားပီထင်တယ်
တကယ်ပါပဲကွာ ဒီကောင်လေးကိုကျွန်တော့်အနားမှာရှိစေချင်နေပီ ကျောင်းတွေမြန်မြန်ပီးမှပဲတော်တော့မည်...


Seriously?I'm in love with my BFF!!Where stories live. Discover now