Ep 16 Unicode

68 7 0
                                    

💌ငါလည်းမင်းကိုချစ်တယ်စစ်သွေး💌
Ughh..ကျွန်တော့်ရဲ့ပိုင်ကတော့လေ..အမြဲတမ်းရုပ်တည်ကြီးနဲ့နေတတ်ပေမယ့် သူပြောလိုက်တဲ့စကားတိုင်းသူပြုမူလိုက်တဲ့အပြုအမူတစ်ခုချင်းစီတိုင်းက ဒီလူကိုပိုပီးပိုပီးရင်ခုန်နှုန်းတွေမြန်အောင်လုပ်နေသလိုပဲ
ပိုင်ပို့လိုက်တဲ့msလေးကတောင်မှကျွန်တော့်ကိုရူးသွပ်သွားအောင်လုပ်နိုင်ဖို့လုံလောက်တယ်...
phလေးကိုဖွင့်ပီးပိုင်ပို့တဲ့Msကိုဖတ်လိုက်
တစ်ဖန်ph screenကိုပြန်ပိတ်ပီးမျက်နှာတစ်ခုလုံးပါးချိုင့်အသစ်တွေတောင်ထပ်တိုးတော့မယောင် ပြုံးဖြီးနေလိုက်နဲ့ ..
ကျွန်တော်သျှားစစ်သွေးတော့ဖွားဖွားပိုင်ကြောင့်ဆေးမမှီအောင်ရူးနေပီ...
တီ..တီ..တီ📲
ပိုင်ပို့ထားတဲ့ 8လုံးတည်းသောmsကိုတတိယမ္ပိပြန်ဖတ်နေတုန်း..မြည်လာတဲ့ph ringtone
📞Hello သား~
ဟုတ် ဖေဖေ~
သား အဆင်ပြေရဲ့လား~
ပြေပါတယ်~
Pkuဘက်ကိုအလုပ်ကိစ္စလေးလာစရာရှိတာမို့ 6နာရီလောက်အဖေတို့ရောက်မယ်...သားမေမေပါပါတယ်~
အော...
သားကျောင်းတက်ရတာအဆင်ပြေတယ်မလား~
ဟုတ်~
အေးအေးအဲ့ဒါဆိုဒါပဲသား Phချလိုက်တော့မယ်
ဟုတ်📞
ဖေဖေတို့ကpkuကိုလာမှာတဲ့လား...
Phကျသွားပီဖြစ်တဲ့အတွက်ပြန်လည်ပေါ်လာတဲ့ ဖတ်လက်စ ပိုင်ပို့ထားတဲmsလေး...
ပိုင်..ငါဘယ်လိုလုပ်ရမလဲ..ညနေတော့ကတိမတည်နိုင်တော့ဘူးထင်ပါရဲ...
***********************
7နာရီ~
နာရီကိုကြည့်လိုက်တော့ ည7နာရီတောင်ထိုးနေပီ..
ပိုင်ကျွန်တော့်ကိုများစောင့်နေမလား...
"သား..ထမင်းစားနေတုန်းကိုဘာတွေအာရုံများနေတာလဲ"
"ဘာမှမဟုတ်ပါဘူး"
5နာရီခွဲလောက်ကတည်းကဖေဖေတို့ကအိမ်ကိုရောက်နေကြတာဖြစ်ပီး..အခုမိသားစုလက်စုံထမင်းစားနေကြခြင်းပင်..
"ဘယ်လိုလဲသား ကျောင်းမှာအဆင်ပြေတယ်မလား"
"အော"
မေမေရဲ့အမေးကိုနာရီကြည့်ရင်းသာစိတ်မပါလက်မပါပြန်ဖြေလိုက်သည်..
ပိုင်တော့ ကျွန်တော့်ကိုစိတ်ဆိုးနေတော့မှာပဲ..အမြဲတမ်းကတိမတည်သလိုဖြစ်နေတဲ့ကိုယ့်ကိုကိုယ်တောင်စိတ်ကုန်လာပီ...
"ပိုင်ထက်မြက်နဲ့ရောတွေ့ပီးပီလား"
"အော..ဒါနဲ့မေမေတို့ဘယ်နေ့ပြန်မှာလဲ"
"စစ်သွေး..သားဘယ်လိုဖြစ်နေတာလဲ အခုမှလာတဲ့မိဘတွေကိုနှင်ထုတ်နေတာလား"
"ကျွန်တော်အဲ့လိုပြောတာမဟုတ်ပါဘူး...ဒီအိမ်ကအမေတို့အိမ်ပဲအမေတို့လာချင်တဲ့အချိန်လာပြန်ချင်တဲ့အချိန်ပြန်လို့ရပါတယ်"
"ကျွန်တော်ဗိုက်ပြည့်ပီ"
"စစ်သွေး ပြန်ထိုင်စမ်း!!သျှားစစ်သွေး!
မေကြီးစိတ်လျှော့ပါကွာ"
"ကိုမမြင်ဖူးလား..ဒီကလေး..ဟမ်း..ဒီကလေးဘာလို့အဲ့လောက်ထိဆိုးလာရတာလဲ"
"သားလေးအမှားမဟုတ်ပါဘူး..ကိုယ်တို့အမှားပါ..ကလေးကိုအချိန်မပေးနိုင်ခဲ့တဲ့သေချာဂရုမစိုက်နိုင်ခဲ့တဲ့မိဘတွေဖြစ်တဲ့ကိုယ်တို့အမှားပါကွာ"
"ဒါပေမယ့်..စိမ်းတို့အလုပ်လုပ်နေတယ်ဆိုတာကလည်းနောင်တစ်ချိန်သားလေးအဆင်ပြေပြေနေနိုင်ဖို့ပဲလေ"
"ထားပါ..သားလေးကလိမ္မာပါတယ်..သူနောက်တော့နားလည်သွားမှာပါကွာ"
"ဒါနဲ့ ကို..အဲ့ဒီလူရဲ့သတင်းဘာကြားသေးလဲ"
"ကိုယ်လည်းစုံစမ်းနေတုန်းပဲ"
"စိမ်းတော့ အဲ့ဒီလူကိုမမိမချင်းဘယ်လိုမှစိတ်အေးအေးမထားနိုင်ဘူး..ပီးတော့ သားလေးကဒီမှာတစ်ယောက်တည်း.."
တီတီ📲
"မေခဏ..ကိုယ်phကိုင်လိုက်ဦးမယ်"
"ဟယ်လို မင်းခပြော"
"ဘာ.."
*************************
စားချင်စိတ်လည်းမရှိတော့တာမို့ အိပ်ခန်းထဲသာ၀င်ခဲ့လိုက်တော့သည်...
အခန်းထဲ၀င်၀င်ချင်းအချိန်ကိုက်ပင် ပိုင့်ဆီကPh၀င်လာသည်...
📱Hello~
Hello စစ်သွေး..မင်းမလာသေးဘူးလား~
ughhh..ပိုင် ငါတောင်းပန်ပါတယ် ဒီနေ့တော့ငါလာလို့ရမှာမဟုတ်တော့ဘူး~
အင်း~
ပိုင် မင်းငါ့ကိုစိတ်မဆိုးဘူးမလား~
စားပီးပီလား~
hmm အာ .အင်း စားပီးပီ ငါ့အမေတို့ရောက်နေတယ်~
အင်း~
good night စစ်သွေး~
good night ပိုင်~📱
phကိုခေါင်းအုံးပေါ်ပစ်တင်လိုက်ကာ လူတစ်ကိုယ်လုံးကိုလည်းစိတ်လွတ်ကိုယ်လွတ်အိပ်ယာပေါ်လှဲချလိုက်သည်..
မျက်နှာကြက်ပေါ်မှာကပ်ကာအလှဆင်ထားတဲ့ အဏုမြူကြယ်လေးတွေ..
စာကြည့်စားပွဲပေါ်ကမီးအိမ်လေးကိုပိတ်လိုက်မှ တဖြည်းဖြည်းနဲ့တလက်လက်အရောင်လေးတွေထွက်လာကြသည်....
မျက်၀န်းအိမ်ကိုအသာပိတ်လိုက်ရင်း......
***********************
2012ခုနှစ်~
"ကလေးတို့ရေညနေကာယချိန်မှာဆရာမတို့ကစားနည်းလေးတစ်ခုကစားရအောင်"
နေ့လည်ထမင်းစားနားချိန်မဆင်းမီ အတန်းပိုင်ဆရာမက ကျောက်သင်ပုန်းရှေ့ရပ်ရင်းပြောလာသည်....
"ဟုတ်×all"
"ဆရာမဘာကစားနည်းလဲ"
"ထုပ်စည်းတိုးတာလား"
"ဟာ..ငပိန်း အဲ့အချိန်ကြီးထုပ်စည်းတိုးတာကစားမလား လူအများကြီးဆိုတော့တူတူပုန်းကြေး ကစားမှာနေမှာပေါ့ ဟုတ်တယ်မလားဆရာမ"
"မဟုတ်ပါဘူး..နင်တို့ကလည်းအာလူးကောက်ကြေးနေမှာပါ"
"ထုပ်စည်းတိုးတာသေချာတယ်"
"မဟုတ်ဖူး တူတူပုန်းကြေး"
"ဟာ..အာလူးကောက်ပါဆို"
တစ်ယောက်တစ်ပေါက်ဆူညံပွက်လောရိုက်နေသော ကလေးတွေကိုကြည့်လိုက်ကာ ကျောက်သင်ပုန်းကို တုတ်နဲ့ပုတ်လိုက်ရင်း
"တော်ပီ ကလေးတွေမဆူနဲ့တော့ ဆရာမတို့ဆော့မှာက *ရှေ့သို့လှမ်းချီပန်းတိုင်ဆီ*ဆိုတဲ့ကစားနည်းပဲ.."
"ဟမ်..အဲ့တာဘာကစားနည်းကြီးလဲ "
"ဆရာမသားတို့မှအဲ့တာကြီးမသိတာဘယ်လိုကစားရမှာလဲ"
"ဆရာမပြောပြမှာပေါ့"
ဆရာမကနံရံကပ်နာရီကိုတစ်ချက်ကြည့်လိုက်ပီး
"ခဏနေနေ့လည်ထမင်းစားချိန်နားတော့မှာဆိုတော့ အခုလောလောဆယ် အတန်းခေါင်းဆောင်က လူစာရင်းကောက်ပီးအဖွဲ့လေးတွေဖွဲ့ရအောင်"
"ကဲမြန်မြန်လေးလုပ်လိုက်ကြစို့ တစ်ဖွဲ့ကိုခြောက်ယောက်နဲ့ ၅ဖွဲ့ဖွဲ့မယ်နော်"
................................
"ရပီဆရာမ"
အတန်းခေါင်းဆောင်ပေးလာသောစာရင်းစာရွက်ကိုဆရာမကယူလိုက်ရင်း..
"ဟုတ်ပီ ကဲကလေးတို့ ကစားနည်းအသေးစိတ်ကိုညနေမှဆရာမပြောပြတော့မယ်..ထမင်းစားချိန်နားရအောင်"
"မင်္ဂလာပါဆရာမ..ကျေးဇူးတင်ပါတယ်ဆရာမ×all"
"ပိုင်..ငါတို့ဘာကစားနည်းကစားရမလဲမသိဘူး"
စာအုပ်တွေသိမ်းနေတဲ့ကျွန်တော့်နားကိုကပ်လာပီးပြောလာတဲ့စစ်သွေး..
"အင်း"
"ပိုင် မင်းရောဘယ်လိုကစားရမယ်လို့ထင်လဲ"
"လက်ဖယ်ဦး"
"အော"
စာအုပ်တွေရှင်းပီးသွားတော့ စားပွဲပေါ်မှာလက်သုတ်ပ၀ါကိုဖြန့်ခင်းလိုက်ပီး ထမင်းချိုင့်နှစ်ခုကိုဖွင့်လိုက်ကာ..နေရာချလိုက်သည်
"ပိုင်..ငါထင်တာတော့.."
"နောက်မှထင်..ထမင်းအရင်စား"
"အော"
နှမ်းဖက်ချဥ်နဲ့၀က်အူချက်ထည့်ထားသောချိုင့်ကိုစစ်သွေးဘက်တိုးပေးလိုက်ရင်း...
"မင်းကြိုက်တယ်မလား.များများစား"
"အင်း..ပိုင်မင်းရောစားလေ"
"ငါမကြိုက်ဖူး"
"အော..ဒါဆိုပိုင်မင်းဘာဟင်းကြိုက်တာလဲ"
"ဘာပဲဖြစ်ဖြစ်"
"ပိုင်..မင်းကြက်သွန်နီစားလား"
"အင်း"
"ကြက်သွန်မြိတ်ရော"
"အင်း"
"နံနံပင်"
"အင်း..ပီးရင်ငါး"
"ဟမ်?"
"ပီးရင်ငါးရောလို့မင်းမေးဦးမှာမလား..အဲ့တာတွေအားလုံးကမင်းမကြိုက်တဲ့ဟာတွေချည်းပဲလေ"
"hee..ဟုတ်တယ်..ပိုင်မင်းကကျတော့ငါကြိုက်တာတွေရော ငါမကြိုက်တာတွေရောအကုန်သိပီး ငါကျတော့မင်းကြိုက်တာတွေမကြိုက်တာတွေဘာမှလည်းမသိရဘူး"
စားလက်စထမင်းကိုလက်စသတ်လိုက်ကာ..ပါးစပ်ကိုတစ်သျှူးနဲ့အသာသုတ်လိုက်ပီး...ပါးစပ်ထဲအပြည့်အသိပ်ထည့်ထားတာကြောင့် ဖောင်းနေသောပါးလုံးလုံးလေးနဲ့စစ်သွေးကိုကြည့်လိုက်ပီး..
"မင်းသိချင်လို့လား"
"အင်းပေါ့..သူငယ်ချင်းတွေဆိုတာတစ်ယောက်အကြောင်းတစ်ယောက်သေချာသိထားရမှာပေါ့ကွ"
"အရိုးကိုနူးနေအောင်ပေါင်းထားတဲ့ငါးသလောက်ပေါင်း"
"ပုန်းရည်ကြီးနဲ့၀က်သားနှပ်"
"၀က်သားလုံးချိုချဥ်နဲ့မုန်လာဥချဥ်ရည်ဟင်း"
"ပိုင်မင်းကအစားကောင်းတော်တော်ကြိုက်တာပဲ
မင်းနဲ့ရမယ့်ကောင်မလေးကတော့ မင်းရဲ့အစားကောင်းကြိုက်ပုံနဲ့ချက်ဖို့ပြုတ်ဖို့တော်တော်တာ၀န်ယူရမှာပဲ...ဟူး"
"မလိုဘူး..ငါပိုင်ထက်မြက်သူများချက်တာမစားဘူး"
"ugh...အဲ့တာဆိုမင်းကအသက်ကြီးလာရင်တောင်အမေကိုပဲချက်ခိုင်းမလို့လား ပိုင် မင်းကတော်တော်ဆိုးတဲ့ကလေးပဲ"
"ငါ ကိုယ့်ဟာကိုယ်ချက်မှာ"
"အဟား..မင်းချက်တတ်လို့လား"
"ငါသင်ထားတယ်"
"woah!ငါကတော့ကိုယ့်ဟာကိုယ်ချက်မစားချင်ဘူး ပျင်းတယ်..ပိုင်..ပိုင် အဲ့ခါကျရင် ငါမင်းဆီလာစားမယ်လေ"
"ရတယ်မလား"
"အင်း"
"ဒါပေမယ့် ငါကအမြဲတမ်းနီးပါး အပျင်းကြီးနေတာဆိုတော့ မင်းဆီကိုပဲလာကပ်စားနေတော့မှာ အဲ့လိုဆိုရင်ရော ရလား"
"အင်း"
"အမြဲတမ်းနော်..ငါကြိုက်တာတွေချက်ကျွေးရမှာနော်"
"အင်း...စကားမများနဲ့ ထမင်းကုန်အောင်စား"
"အော...."
****************************
"ကလေးတွေ...ခုံတွေထပ်ခဲ့ကြတော့..ညနေကစားပီးတာနဲ့အတန်းဆင်းရမှာဆိုတော့ လွယ်အိတ်တွေပါတစ်ခါတည်းယူခဲ့ကြ ပီးရင်ကုက္ကိုလ်ပင်အောက်မှာလူစုကြမယ်နော်"
"အတန်းခေါင်းဆောင် လူတွေသေချာစစ်မယ်နော်..
ကဲကဲမြန်မြန်သွက်သွက်လုပ်ကြမယ်"
******************
"အားလုံးလူစုံပီနော်
၁.၂.၃......၂၆.၂၇.၂၈.၂၉.၃၀..ဟုတ်ပီ လူစုံပီဆိုတော့ ဆရာမကကစားနည်းလေးကိုရှင်းပြမယ်"
"တစ်ဖွဲ့ကိုလူ၆ယောက်စီနဲ့အဖွဲ့၅ဖွဲ့ရှိမယ်
ပန်းတိုင်သုံးခုရှိပီး ၂ယောက်တွဲစီပြိုင်ရမှာဖြစ်တယ်..
ပထမဆုံးတာထွက်မှာ အသင်းသားနှစ်ယောက်ကဘေးချင်းကပ်ပီး ခြေထောက်ကိုကြိုးနဲ့ချည်ထားမယ်..ပီးတော့ ဆရာမကဘေးနားမှာထားထားသောဗူဗောင်းအနီလေးတွေကိုယူလိုက်ပီး
ဒီဗူဗောင်းလေးတွေကိုလည်းဘေးချင်းကပ်ထားတဲ့လက်မောင်းနှစ်ဖက်ကြားမှာညှပ်ထားပီးသွားရမယ်..
ဒုတိယမြောက်ပန်းတိုင်ရောက်ရင် အသင့်စောင့်နေတဲ့အသင်းသားနှစ်ယောက်ကဗူဗောင်းလေးကိုယူလိုက်ပီး ကျောချင်းကပ်ပီးပေါက်အောင်ဖောက်ရမယ်...
ဗူဗောင်းလေးတွေထဲမှာဆရာမကTestလေးတွေပေးထားမယ်...အဲ့ဒီtestလေးတွေကိုfinal ပန်းတိုင်မှာရှိတဲ့အသင်းသားနှစ်ယောက်ကလုပ်ဆောင်ပြရမယ်..
အရင်ပီးတဲ့အဖွဲ့ကနိုင်မယ်~
ဒီကစားနည်းလေးမှာအသင်းအဖွဲ့တစ်ခုရဲ့စုပေါင်းလုပ်ဆောင်ခြင်းနဲ့စည်းလုံးညီညွတ်ခြင်းတွေပါတယ်..
တစ်ယောက်နဲ့တစ်ယောက်စည်းစည်းလုံးလုံးနဲ့အပေးအယူမျှမျှလုပ်နိုင်မယ်ဆိုရင်တော့ အင်မတန်ကိုမှလွယ်လွယ်ကူကူနဲ့အောင်မြင်သွားမှာပဲ..အဲ့လိုမှမဟုတ်ဖူးဆိုရင်တော့ အောင်မြင်နိုင်မှာမဟုတ်ဖူး..
ကဲ ကလေးတို့ဘာမေးစရာရှိသေးလဲ"
"ဆရာမ"
"အတန်းခေါင်းဆောင်ပြော"
"အသင်းဖွဲ့ထားတာကမျှတအောင်လို့တစ်ဖွဲ့ကိုကျား၃မ၃ဖွဲ့ထားတာ..
ကျွန်တော်တို့အဖွဲ့မှာကျကျား၄ မ၂ဖြစ်နေတယ်
ပီးတော့၂ယောက်တစ်တွဲပြိုင်တာမှာ ယောက်ျားလေးနဲ့မိန်းကလေးတွဲပေးထားတာ..အဲ့တာဆိုကျွန်တော်တို့အဖွဲ့ကြတော့ ယောက်ျားလေး၂ယောက်အတွဲတစ်တွဲပါနေမှာပေါ့"
"မိန်းကလေး၂ယောက်ကိုသူတို့၂ယောက်တွဲဆော့ချင်တဲ့သူရွေးခိုင်းလိုက်လေ..ကျန်တဲ့နှစ်ယောက်ကတော့ တွဲဆော့ရမှာပေါ့ "
"ဟုတ်ဆရာမ"
"အေးအေး မေးစရာမရှိရင်ခဏနေစကြရအောင်
အဆင်သင့်လုပ်ထားကြနော်"
"ဟုတ်×all"
*************************
"ကဲ ငါတို့အသင်းကမိန်းကလေးက၂ယောက်တည်းဆိုတော့ နှင်းသက်ထားနဲ့ မာလာဇင် နင်တို့တွဲဆော့ချင်တဲ့သူနှစ်ယောက်ကိုရွေးလိုက်"
အတန်းခေါင်းဆောင်ကပြောလာတော့ထိုကောင်မလေးနှစ်ယောက်ကကျွန်တော်တို့ဘက်ကိုကြည့်လာသည်..
ထိုကောင်မလေးနှစ်ယောက်ထဲက တစ်ယောက်ကအတန်းခေါင်းဆောင်ပြောနေကတည်းကကျွန်တော့်ဘေးမှာရပ်နေတဲ့စစ်သွေးကိုလှည့်လှည့်ကြည့်နေတာဖြစ်သည်...
အော..ထိုကောင်မလေးကစစ်သွေးကူညီဖူးတဲ့တစ်ယောက်ပဲ.
"ဟိုလေ..အဲ့တာဆို..ငါစစ်ကိုပဲရွေး.."
"ငါနဲ့စစ်သွေးတစ်ဖွဲ့နေမယ်
စစ်သွေး ငါနဲ့တွဲဆော့မှာမလား"
"အင်းပိုင်..ငါမင်းနဲ့တစ်တွဲနေမယ်လေ"
"အတန်းခေါင်းဆောင်အဆင်ပြေပီမလား"
"အင်း..အဲ့လိုဆိုလည်းအဆင်ပြေသားပဲ..မင်းတို့နှစ်ယောက်တစ်တွဲဆော့မယ်မှန်းသိရင် ငါဆရာမကိုပြောမနေပါဘူးကွာ"
"မင်းကလျှာရှည်တာကိုး"
"အဟီး..အေးဟ.အဲ့တာဆိုအဆင်ပြေသွားပီနော်..ဆော့ဖို့ပြင်လိုက်ရအောင်..
ပိုင်ထက်နဲ့စစ်သွေးက ပထမပန်းတိုင်မှာနေရာယူမယ် ပီးရင်ရဲရင့် မင်းနဲ့နှင်းသက်ထားကတစ်တွဲ
နောက်ဆုံးပန်းတိုင်က ငါနဲ့မာလာဇင်
အဲ့တာဆိုအဆင်ပြေပီမလား"
"အေး."
"ဒီကစားနည်းကငါတို့ရဲ့အောင်ပွဲပဲဖြစ်ရမယ်"
*****************************
"ကဲအားလုံးအသင့်ဖြစ်ရင်စလိုက်ရအောင်"
Ready 1,2,3..go!!
သျှားစစ်သွေး..သျှားစစ်သွေး!!
"စစ်သွေး..အား..ငါ့ရဲ့မင်းသားလေး..ကြိုးစားထား"
တခြားအတန်းကသူတွေပါလာကြည့်ကြတာမို့ အားပေးသံတွေနဲ့ဆူညံပွက်လောရိုက်နေသည်..
အင်း..​ပြောရမယ်ဆိုရင်တော့ ကျွန်တော့်ဘေးကနာမည်ကြီးလှတဲ့ပြိုင်ပွဲ၀င်ကောင်စုတ်လေးကိုလာအားပေးကြတဲ့ကျောင်းသူတွေရဲ့အသံတွေပေါ့..
"ပိုင် ဘာလို့ငါ့ကိုလာကြည့်နေတာလဲ ရှေ့ကိုကြည့်
စိုးစံတို့အသင်းကငါတို့ထက်သာနေပီ"
"အင်း"
"ပိုင် ခြေလှမ်းကိုသေချာညှိ..1/2..1/2"
"ငါသိတယ်"
"အော.."
"ကောင်မလေးတွေကမင်းကိုတော်တော်သဘောကျတာပဲ"
"ဟမ်..ပိုင်မင်းဘာတွေပြောနေတာလဲ ငါတို့နောက်ကျနေပီ..ကျစ်..သူတို့တော်တော်မြန်တာပဲ"
"သူတို့ထဲကတစ်ယောက်ယောက်ကမင်းကိုဖွင့်ပြောလာရင် မင်းပြန်ကြိုက်မှာလား"
"ပိုင်..မင်းဘာဖြစ်နေတာလဲကွာ..အာရုံစိုက်စမ်းပါ"
"sry..."
*******************
"စစ်သွေး..စစ်သွေး..အား စစ်သွေးတို့အရင်ရောက်သွားပီ..သူအရမ်းတော်တာပဲ!!"
ဒုတိယမြောက်ပန်းတိုင်မှာအသင့်စောင့်နေတဲ့ရဲရင့်တို့အတွဲကိုဗူဗောင်းပေးခဲ့လိုက်ပီး..ကျွန်တော်တို့တာ၀န်ပီးသွားတဲ့အတွက်..ရေဗူးတစ်ဗူးယူကာကုက္ကိုလ်ပင်အောက်ကခုံတန်းလျားမှာထိုင်ရင်းကစားပွဲကိုကြည့်နေလိုက်သည်...
ရေဗူးကိုတစ်ငုံမော့သောက်လိုက်ရင်း..ဘေးနားမှာရပ်နေသောပိုင့်ဘက်ကိုလှည့်လိုက်ကာ..
"ပိုင်..ရေ"
"ပိုင်..ရေသောက်ဦးလေ...ပိုင်..မင်းဘယ်သွားမလို့လဲ"
ကျွန်တော့်ပြောတာကိုလည်းပြန်မဖြေပဲ..ထွက်သွားတဲ့ပိုင်ကြောင့်..
"ပိုင်..အ့"
"ဘာဖြစ်တာလဲ"
ဘာမှမဟုတ်ပါဘူး..ငါတို့ခြေထောက်ကိုစည်းထားခဲ့တဲ့ကြိုးကနည်းနည်းတင်းသွားလို့ထင်တယ်..နည်းနည်းနာသွားတာပါ ဘာမှမဖြစ်ဖူးx
"ထိုင်နေ"
"ဘာမှမဖြစ်ပါဘူးပိုင်ရ..ဒီလောက်ကတော့အေးဆေး"
"ထိုင်"
"အင်း"
စစ်သွေးကိုခုံပေါ်ထိုင်ခိုင်းပီးကျောင်းစိမ်းပုဆိုးကိုအသာမလိုက်တော့..ပေါ်လာတဲ့ခြေထောက်ဖြူဖြူလေးမှာ..သနားချင့်စဖွယ်ကောင်းစွာ..အနီရောင်အစင်းကြောင်းလေးကအထင်းသား...
ခံစားရတာကိုယ်မဟုတ်ပါပဲ..ရင်ဘတ်ထဲမှာဆစ်ခနဲ..
မသိလိုက်ခင်မှာပဲ..လက်ကထိုအနီရောင်အစင်းကြောင်းလေးထံရောက်နှင့်နေပီ..
"ပိုင်..ရတယ် ငါအဆင်ပြေတယ် "
"ကျစ်..မင်းကိုယ့်ကိုကိုယ်မသိဘူးလား..နာနေရင် ကြိုးကိုလျှော့ရမယ်လေကွာ..စစ်သွေးမင်းဟာလေ..
ဒီမှာခဏထိုင်နေ..ငါလွယ်အိတ်တွေသွားယူပီး..ဆရာမကို​ပြောခဲ့မယ်"
"ဟမ်..ပိုင်..ငါရတယ်လို့..ရော်..ငါဘာမှမဖြစ်ပါဘူးဆိုကွာ..ပွဲပီးမှပြန်မယ်လေ..နော်လို့..ချီးထုပ်ပိုင်..ဖွားဖွားပိုင်"
ကျွန်တော်သာအော်နေပီးကျန်ခဲ့တာ..ပိုင်ကတော့ ဆရာမနားတောင်ရောက်သွားပီ..
ဒီဖွားဖွားပိုင်နဲ့တော့ တော်တော်ခက်ပါတယ်ဗျာ...
"စစ်သွေး"
ပိုင့်ဘက်ကိုကြည့်နေတုန်းခေါ်သံကြားလို့ကြည့်လိုက်တော့ ဘယ်ကတည်းကရောက်နေလည်းမသိတဲ့ကောင်မလေး၄ယောက်..
"ဟုတ်..ဘာလိုလို့လည်းမသိဘူးဗျ"
ဟို..ဟိုလေ..ဟဲ့ နင်ပြောလေ.."
"အာ..ငါပြောရမှာလား..."
"အေးလေ.."
"ဟာ..မသိတော့ဘူး..စစ်ဒီမှာနင့်အတွက်.ငါ..ငါတို့သွားပီနော်"
ဟမ်..ဒီမိန်းကလေးတွေတော်တော်ထူးဆန်းတာပဲ..
စာ?ထားတော့ ပြန်ပေးလိုက်ရင်လည်းသူရှက်သွားလိမ့်မယ်..ဒီတိုင်းပဲအိတ်ထဲပဲထည့်ထားလိုက်တော့မယ်..
ဟုတ်သားပဲ..လွယ်အိတ်က..ပိုင်သွားယူနေတာ.
"စစ်သွေး..မင်းဘာတွေရှာနေတာလဲ"
"အာ..ပိုင်မင်းပြန်ရောက်ပီလား..ငါ့ကိုလွယ်အိတ်လေး.."
"ဟမ့်..ငါအပိုတွေလုပ်မိသွားပီပဲ"
"ဒီမှာ မင်းလွယ်အိတ် ကိုယ့်ဟာကိုယ်သယ်ခဲ့"
"အာ..ပိုင်.မင်းရက်စက်တော့မှာလား ငါခြေထောက်နာနေတာလေ"
"ပိုင်..ပိုင်လို့..ဖွားဖွားပိုင်ကအကျင့်ကိုမကောင်းဘူးဗျာ..
ခြေထောက်နာနေတဲ့လူကိုလွယ်အိတ်အလေးကြီးကိုသယ်ခိုင်းတယ်တဲ့"
"ပေး"
"အဟဲ..ပိုင်ရာ.မင်းနေနိုင်တာလည်းမဟုတ်ပဲနဲ့"
"မင်းတော်တော်ဆိုးနေပီ"
"ငါ?ငါဆိုးလည်းမင်းကပစ်မသွားဘူးမလား"
"အင်း.."
"ဟို..စောစောကလေ...မင်းလည်းသိတဲ့အတိုင်းပဲလေ ဟမ်း ..ငါကတော်တော်ကိုနာမည်ကြီးတာဆိုတော့ စာလာပေးတာပေါ့ကွာ"
"စာ?"
"အင်း"
"မင်းဘာလို့ယူလိုက်တာလဲ"
"ငါက.."
"မင်းသူ့ကိုကြိုက်နေတာလား"
"အာ..မဟုတ်ပါဘူးပိုင်ရာ..သူကပေးပီးတာနဲ့ချက်ချင်းပြေးသွားတာဆိုတော့ ငါကငြင်းချိန်တောင်မရလိုက်ပါဘူးကွာ..
နောက်မှပြန်ပေးမယ်ဆိုရင်လည်း..မိန်းကလေးဘက်ကိုအားနာလို့..ဒီတိုင်းပဲအိတ်ထဲပဲထည့်လိုက်တော့မယ်ဆိုပီး လွယ်အိတ်လိုက်ရှာနေတုန်း မင်းရောက်လာတာ"
"အင်း"
"ဒါနဲ့ပိုင်..မင်းရောသဘောကျတဲ့ကောင်မလေးရှိနေပီလား"
"မရှိဘူး"
"အင်း..."
တိတ်ဆိတ်သွားတဲ့အခြေအနေမှာပဲတိုးဖွဖွလေးရေရွတ်ပြောလာတဲ့စစ်သွေး..
"ပိုင်..ငါတို့တွေအသက်ကြီးမလာရင်ကောင်းမယ်..အဲ့တာဆိုအမြဲတမ်းဒီအတိုင်းလေးပဲ..မင်းနဲ့အတူတူကျောင်းတက်မယ်..ကျောင်းဆင်းရင်လည်းမင်းနဲ့အတူတူပြန်မယ်...ကျောင်းပိတ်ရက်တွေမှာလည်းငါတို့အတူတူလျှောက်သွားကြမယ်..ဒါမှမဟုတ်လည်း..မင်းအိမ်မှာလိုက်နေပီးမင်းကိုစာရှင်းပြခိုင်းပီးရင်gameအတူတူဆော့ကြမယ်...
ဒါပေမယ့်..ငါတို့အသက်တွေကြီးလာရင်..မင်းကလည်းမင်းသဘောကျတဲ့တစ်စုံတစ်ယောက်နဲ့မိသားစုဘ၀ကိုတည်ဆောက်ပီး.ငါတို့တစ်ယောက်နဲ့တစ်ယောက်တကွဲတပြားစီဖြစ်သွားကြမယ်..ဒီလိုနဲ့တဖြည်းဖြည်း သူစိမ်းဆန်ဆန်ဖြစ်သွားကြရင်.."
"ဖြစ်လာမှာမဟုတ်ဖူး"
"ဟမ်?"
"မင်းGameဆော့ချင်တာလား.ငါလိုက်ဆော့ပေးမယ်..မင်းလျှောက်လည်ချင်လား..ငါလိုက်ပေးမယ်..
အသက်တွေကြီးလာရင်တောင်ပြောင်းလဲသွားမှာမဟုတ်ဖူး..
ပီးတော့တကွဲတပြားစီ?အဟက်..ငါမင်းနားကဘယ်တော့မှထွက်သွားမှာမဟုတ်ဖူး..အတွေးလွန်မနေနဲ့တော့"
"အဟား..လေလုံးထွားတဲ့ပိုင်"
"မင်းမယုံဘူးလား"
"ငါယုံတယ်
ပိုင်..မင်းကငါ့အတွက်အကောင်းဆုံး..အကောင်းဆုံး..အကောင်းဆုံးသူငယ်ချင်းပဲ..ငါသျှားစစ်သွေးလည်းမင်းနားကဘယ်တော့မှထွက်သွားမှာမဟုတ်ဘူး ကတိပေးတယ်ကတိ"
"အင်း"
"မင်းအိမ်မပြန်နဲ့ငါ့အိမ်ပဲလိုက်ခဲ့"
"အာ..ဘာလို့လဲ"
"မင်းအိမ်မှာဘယ်သူမှမရှိဘူး"
"အင်း..ဘာမှမဖြစ်ပါဘူးငါအဆင်ပြေပါတယ်အိမ်ရောက်ရင် ဆေးလိမ်းပီးအိပ်လိုက်မယ်လေ မနက်ထလာရင်ပျောက်သွားမှာပါ"
"စစ်သွေး"
"အဟား..တကယ်ပြောတာပိုင်ရ..ဒီလောက်ကတော့ဘာမှမဖြစ်ဖူး..သျှားစစ်သွေးအတွက်ဒီလောက်ကတော့အပျော့ပါကွာ..တကယ်ပြောတာ မင်းမယုံရင်ဒီမှာကြည့်."
ပြောပီး ခြေထောက်ကိုကြွကာ ဆတ်ခနဲရှေ့ထုတ်လိုက်လေသည်...
"အ့..."
"စစ်သွေးတော်တော့"
"ပိုင်..တကယ်တော့ငါမင်းကိုဒုက္ခမပေးချင်လို့ပါ..တစ်ခုခုဆိုမင်းကိုပဲအားကိုးနေရတာငါတကယ်အားနာနေပီ.."
"မင်းကငါ့ကိုတစ်သက်လုံးဒုက္ခပေးနေမှာဆိုတော့..ဒီလောက်နဲ့တော့ကိစ္စမရှိပါဘူး"
"အာ?ပိုင် မင်းငါ့ကိုဒုက္ခအိုးလို့ပြောလိုက်တာလား"
"မပြောပါဘူး"
"ဘာပဲဖြစ်ဖြစ်..မင်းအဲ့လိုဆိုလိုချင်နေတာပဲဟုတ်တယ်မလား"
......
"ပိုင်..ပြန်ဖြေဦး..ချီးထုပ်ပိုင်..အကျင့်မကောင်းတဲ့ပိုင်..မင်းကသာဒုက္ခအိုး.."
"တော်ပီငြိမ်ငြိမ်နေတော့..ခြေထောက်နာသွားလိမ့်မယ်"
"မနေဘူးကွာ.."
"ငါပွေ့ချီသွားရမလား"
မျက်နှာကိုရှေ့တိုးလာကာလက်တစ်ဖက်ကခါးတစ်၀ိုက်ရောက်လာပီးပြုံးစစနဲ့မေးလာတဲ့ပိုင်..
"(=_=))အဟမ်း..တော်ပီတော်ပီသွားမယ်ပိုင်"
"ပိုင်ဘာရပ်လုပ်နေတာလဲ..မလာသေးဘူးလား..ငါကအိမ်ရောက်တော့မယ်နော်"
ခြေထောက်ထော့နဲ့ထော့နဲ့နဲ့ ရှေ့ကိုအမြန်လျှောက်သွားပီးမှနောက်ပြန်လှည့်ကာကျွန်တော့်ကိုအော်​ပြောနေတဲ့စစ်သွေး..
နှုတ်ခမ်းထောင့်စွန်းလေးတွေကော့တက်သွားသည်အထိပြုံးလိုက်ကာ..ခေါင်းကိုသာအသာယမ်းလိုက်ပီး..တကယ်ကိုကျောင်းတံခါး၀ထိရောက်လုနီးပါးဖြစ်နေတဲ့စစ်သွေးဆီကိုပြေးသွားလိုက်ပီး...
"စစ်သွေးစောင့်ဦး"

































Seriously?I'm in love with my BFF!!Where stories live. Discover now