မေမေ!
📲"သျှားစစ်သွေး သားအခုဘယ်ရောက်နေတာလဲ မေမေ့ကိုလိမ်မယ်တော့မကြံနဲ့နော်"
အမေ့ရဲ့လေသံအရတော့ ကျွန်တော်ဘယ်မှာလဲဆိုတာသိနှင့်ပီးသားဖြစ်ပုံပင်
"ကျွန်တော် ပိုင်တို့အိမ်မှာ"
"မေမေသားကိုအခွင့်အရေးတစ်ခုပေးမယ် အခုချက်ချင်း အိမ်ပြန်လာခဲ့"
"ကျွန်တော်မပြန်ဘူး"
"okလေ အဲ့တာဆိုသား ပိုင်ထက်မြက်နဲ့အတူတူကျောင်းတက်ရဖို့လည်းမမျှော်လင့်နဲ့တော့ သားဘယ်လောက်စာကြိုးစားကြိုးစား မိဘခွင့်ပြုချက်မရှိရင် ကျောင်းပြောင်းလို့မရဘူးဆိုတာသားသိပါတယ် "
"မေမေ! okကျွန်တော်ညနေပြန်ခဲ့မယ်"
"အခုချက်ချင်း"
"ကောင်းပီ"
"မေမေ သားစီကားလွှတ်ထားတယ် ခဏနေရင်ရောက်လိမ့်မယ်"
"ahak!အန်တီစိမ်းကအစကတည်းကျွန်တော်မငြင်းနိုင်အောင်အကုန်စီစဥ်ပီးသားပဲ ကျွန်တော်ဘာပြောနိုင်ဦးမှာလဲ"
"အမေလုပ်တာတွေအကုန်လုံးကသားအတွက်ပါ"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်အန်တီစိမ်း📲"
****************************
ဘယ်လောက်ပဲဒေါသထွက်နေနေပြောရင်ပြောတဲ့အတိုင်းလုပ်တတ်တဲ့အန်တီစိမ်းကြောင့် ပိုင်နဲ့အတူကျောင်းတက်ဖို့ကျွန်တော်ကြိုးစားထားခဲ့သမျှကိုတော့ သဲထဲရေသွန်ဖြစ်မသွားစေချင်
ထို့ကြောင့် လွယ်အိတ်ကိုကောက်လွယ်ရင်းအောက်ထပ်ကိုဆင်းခဲ့လိုက်တော့သည်~
"ပိုင်"
"ပိုင်"
"ပိုင် မင်းမီးဖိုခန်းထဲမှာလား!"
မီးဖိုခန်းထဲသွားကြည့်တော့လည်းပိုင့်ကိုမတွေ့....
ရေချိုးခန်းထဲမှာလည်းမရှိ..
ပိုင်ဘယ်များသွားနေလဲ..
တီ တီ တီ🚙
ပိုင့်ကိုရှာနေတုန်းအိမ်ရှေ့ကကားဟွန်းတီးသံကြားလိုက်ရသည်
"Ahak! အန်တီစိမ်းကအချိန်အရမ်းတိကျတာပဲ"
TVရှေ့ကစားပွဲခုံပေါ်မှာတင်ထားတဲ့ စာရွက်တစ်ရွက်ကိုယူလိုက်ရင်း ပိုင့်အတွက်စာချန်ခဲ့လိုက်သည်~
*******************
"စစ်သွေး"
"စစ်သွေး~"
အန်တီဆန်းတို့အိမ်ကဒီနေ့အုန်းနို့ခေါက်ဆွဲလုပ်မှာမလို့လာယူပါဆိုလို့သွားယူရင်း အန်တီဆန်းတို့အိမ်ရောက်နေတဲ့ငယ်လေးကကိုကြီးခွံ့ကျွေးမှစားမှာဆိုလို့ ကျွေးနေရင်းကြာသွားတာဖြစ်သည်
အိမ်ပြန်ရောက်တော့ စစ်သွေးနိုးနေပီထင်ထားပေမယ့် အခုထိအရိပ်အယောင်တောင်မမြင်ရတဲ့စစ်သွေးကြောင့် အပေါ်ထပ်ကိုတက်ခဲ့လိုက်တော့သည်..
"စစ်သွေး မထသေး.."
အိပ်ယာပေါ်မှာစစ်သွေးရဲ့အရိပ်အယောင်ဆိုလို့တစ်စတောင်မတွေ့ရ
ရေချိူးခန်းထဲ၀င်ကြည့်တော့လည်းမရှိ
ကုတင်ပေါ်မှာတင်ထားတဲ့စစ်သွေးလာတုန်းကပါလာတဲ့လွယ်အိတ်လေးလည်းမရှိတော့..
စစ်သွေး ဗိုက်ဆာလို့များမီးဖိုခန်းထဲရောက်နေတာလား..
အောက်ထပ်ကိုအပြေးဆင်းပီးမီးဖိုခန်းထဲသွားကြည့်တော့လည်းမရှိ..
"စစ်သွေး ပုန်းမနေနဲ့တော့"
TVနားကစားပွဲခုံအောက်မှာပုန်းနေသလားလို့သွားကြည့်တော့လည်းမတွေ့
စားပွဲပေါ်မှာဖန်ခွက်လေးနဲ့ဖိထားတဲ့စာရွက်လေးတစ်ရွက်သာရှိနေသည်~
"Sry ပိုင် နောက်မှတွေ့ကြတာပေါ့"
"ဒါပဲလား..."
အကြောင်းမကြားဘာမကြားနဲ့ပျောက်သွားပီး ချန်ထားခဲ့တာက ဒီလောက်ပဲလား..
Ti Ti Ti📱
မိတ်ဆွေခေါ်ဆိုနေသောPh noမှာစက်ပိတ်ထားပါသဖြင့်..
Ti Ti Ti 📱
မိတ်ဆွေခေါ်ဆိုနေသော..
"စစ်သွေး..မင်းအရမ်းရက်စက်တယ်..."
***********************
ပူသည်...သိပ်ကိုပူလွန်းသည်....မနက်၈နာရီခန့်သာရှိသေးပေမယ့်pkuမြို့ရဲ့အပူချိန်ဟာသိပ်ကိုပူလွန်းသည်
ပိုင်နဲ့အတူတူရှိတုန်းကသတိတောင်မထားမိခဲ့တဲ့အပူချိန်က ပိုင်နဲ့ခွဲရတဲ့အချိန်မှာပိုပီးပူလောင်ပြင်းရှနေသလိုပင်..
ကားပြတင်းပေါက်မှန်ကနေတဆင့်မြင်နေရတဲ့ထန်းပင်ရှည်ရှည်ကြီးတွေကလည်းသိပ်ပီးလွမ်းမောစရာကောင်းနေသလို...
ပိုင် ငါမင်းဆီကိုသေချာပေါက်ပြန်လာမယ်..
"သခင်လေး bossဆီကဖုန်း"
ပိုင့်ကိုရင်ဆိုင်ရမှာကြောက်လို့ ကျွန်တော့်phကိုပိတ်ထားခဲ့တာဖြစ်သည်..
📞ဟယ်လို aunty sein~
📞သား မေမေ့ကိုစိတ်ဆိုးနေတုန်းပဲလား
📞ကျွန်တော်?ahak!စိတ်မဆိုးရဲပါဘူး
📞အခုအချိန်မှာတော့သားမေမေ့ကိုမကောင်းမြင်ချင်မြင်နေမှာပဲ တကယ်တော့မေမေလုပ်သမျှကသားကောင်းဖို့အတွက်ပဲဆိုတာသိလာမှာပါ~
📞may be~
ပြောစရာမရှိရင်ကျွန်တော်ချတော့မယ်
📞Ok ကားပေါ်မှာဆိုတော့မေမေချလိုက်တော့မယ်...မေမေသားကိုချစ်တယ်နော်.."
**************************
2018 jan2~
2nd yr 1st sem~
"morning သားကြီးတို့ ဆရာမပေးတဲ့အိမ်စာပီးခဲ့ကြလား"
စားပွဲခုံပေါ်လွယ်အိတ်ချချခြင်းဟိန်းထက်ရဲ့အမေးကို မြတ်မင်းက
"အိမ်စာ??ဘာအိမ်စာ..ဟုတ်သားပဲ ချီးပဲကွာ ငါညကမေ့နေတာ အာာ တကယ်ပါပဲကွာ ဆရာမကလည်းနှစ်စပဲရှိသေးတယ်အိမ်စာတွေပေးနေပီ"
"ဟိန်းသန့်မင်းစာအုပ်ပေး"
"ဘာလုပ်မလို့တုန်း"
"မင်းအဖေကအလှကြည့်မလို့တဲ့ဟေ့ ကဲပေးစမ်းပါကွာ"
"မင်းကလည်းဇွတ် ရော့ရော့"
"ကျေးဇူးဖေ့သားလေး "
ဟိန်းသန့်ပေးတဲ့စာအုပ်ကိုယူရင်းအိမ်စာကူးရန်လှန်လှောရှာဖွေကြည့်လိုက်သည်..
"Hmm..ဟိန်းသန့်ဘယ်မှာတုန်းဟ"
"ဘာကိုတုန်း"
"အိမ်စာလေကွာ ကူးမလို့ပါဆို "
"aww အိမ်စာလား"
"အေးလေ ပေးစမ်းပါကွာ နောက်မနေနဲ့တော့ဆရာမလာတော့မယ်"
"အိမ်စာ?"
"ရော်..ဟုတ်ပါတယ်ဆို "
"မပီးသေးဘူး"
"hmm F!မင်းဘာလို့စောစောကမပြောတာလဲ
မင်းပဲငါ့စာအုပ်ကိုဇွတ်ယူသွားပီးမှ"
"အာ..ကျစ်ဘယ်လိုလုပ်ရမလဲကွာ ပိုင်ထက်ကလဲမလာသေးဘူး"
"ဟုတ်တယ် သူညကပြောတာတော့ဒီနေ့ညနေစောပြန်ချင်လို့ မနက်ကိုဆိုင်ကယ်နဲ့လာမယ်တဲ့"
"ငါ့ဆီကကူးလေ မြတ်မင်း "
တည်တံ့ကလွယ်အိတ်ထဲကစာအုပ်ကိုထုတ်ပီးမြတ်မင်းရှေ့ပေးလာသည်..
"ဟုတ်သားပဲ တည်တံ့ရှိသားပဲ ငါတို့ငတည့်ဆီကကူးလို့ရတယ် ပေးပေးသားကြီး "
မြတ်မင်းကတည်တံ့ပေးတဲ့စာအုပ်ကိုမျက်နှာလွှဲလိုက်ပီး
"မလိုဘူး"
ဟိန်းသန့်ကတည်တံ့ဆီကစာအုပ်ကိုယူလိုက်ရင်း.
"မြတ်မင်း မင်းပဲစောစောကတော့စာမကူးရရင်သေတော့မယ့်အတိုင်းဖြစ်နေပီးတော့ အခုတည်တံ့ကကူးဆိုတော့ဘာလို့မကူးတာလဲ"
"မင်းကူးချင်ကူး..ငါပိုင်ထက်ဆီကပဲကူးမယ်"
"ပီးရော..ဒါနဲ့နေပါဦး မင်းတို့နှစ်ကောင်ရန်ဖြစ်ထားတာလဲ"
"မဟုတ်ဖူး×2"
"သေချာပါတယ်မင်းတို့နှစ်ကောင်ရန်ဖြစ်ထားပြန်ပီနေမှာ
မြတ်မင်း မင်းကလည်းကွာတည်တံ့ကိုဆိုတော်တော်အနိုင်ကျင့်ချင်တယ် အခုလည်းမင်းဘာတွေစိတ်ကောက်ပြန်တာလဲ"
"ငါက?အနိုင်ကျင့်တာ ဒီကောင်ကသာငါ့ကို..huh တော်ပီထားလိုက်တော့"
ပြောပီးတစ်ဖက်ပြန်လှည့်သွားတဲ့မြတ်မင်း
ဒီနှစ်ကောင်နဲ့တော့ခက်ပါတယ်..အသည်းကလည်းကွဲ ဘေးကငနာနှစ်ကောင်ကလည်းဘာဖြစ်လို့ဖြစ်မှန်းမသိ..ငပိုင်ကလည်းမနှစ်ကsec semဖွင့်ကတည်းကအရင်ကထက်ပိုပီးအေးတိအေးစက်ဖြစ်လာတာကြောက်စရာတောင်ကောင်းတယ်..ဒီကြားထဲအိမ်စာကလည်းမပီးသေး...အော်...ငါ့ဘ၀ ငါ့ဘ၀ စာပဲဆက်ကူးနေလိုက်တော့မယ်...
"မြတ်မင်း...ငါ."
"Huh"
"ငါ.."
"Fxxx ငါတွေမင်းတွေနဲ့အချစ်စမ်းမနေကြနဲ့တော့ ကြားထဲကစာကူးနေတဲ့ငါ့ကိုလည်းအားနာဦးဟ...
မင်းတို့စကားပြောချင်ငါဖယ်ပေးမယ် စာလေးတော့အေးဆေးကူးခွင့်ပေးပါကွာ ဟုတ်ပီလား..
ဘ၀ကြီးကခါးလိုက်တာကွာ..."
****************************
"အာ ..နောက်ဆုံးတော့ပိုင်ထက်လာပီ သားကြီးငါ့ကိုအိမ်စာပေးလိုက်တဲ့စာအုပ်ငှား "
အင်း~
******************
ughhh..သွားပါပီ Chelသက် အချိန်မှနောက်ကျရတယ်လို့ ဒီနေ့ကျမှဖယ်ရီက ဘီးပေါက်နေရသလား..ချယ်ရီမေ ချယ်ရီမေ ဖြစ်လိုက်ရင်အရာရာနဲ့အကြောင်းကြောင်းပဲ...မြန်မြန်သွားမှဖြစ်မယ်..
အတန်းချိန်နောက်ကျမှာစိုးလို့ လှေကားပေါ်ပြေးအတက် ရုတ်တရက်လှေကားထောင့်ချိုးကနေထွက်လာတဲ့ကောင်လေးနဲ့တိုက်မိသွားပီးနောက်ကိုဖင်ထိုင်ရက်ကျသွားလေသည်
"အ...ကျစ် ဘယ်သူတုန်းရှေ့မကြည့် နောက်...."
မကြည့်နဲ့လို့တောင်ပီးအောင်မပြောလိုက်ရဘူး ကျွန်မရှေ့ကကောင်လေးကချောလိုက်တာများပါးချိုင့်လေးနှစ်ဖက်ကလည်းထင်းလို့ သွားတန်းညီညီလေးတွေကလည်းပုလဲလုံးလေးတွေစီထားတဲ့အတိုင်းပဲ...ပီးတော့..တစ်လှမ်းချင်းတိုးလာပီး ကျွန်မရှေ့ကိုသူ့ရဲ့လက်လေးတစ်ဖက်လှမ်းပေးနေလေရဲ့...
အိုက်ယိုး..လက်လေးကလည်းဖြူဖွေးပီးသွေးကြောစိမ်းလေးတွေတန်းနေတာပဲ...
အာ...မာမီရေ ..သမီးတော့ ဖူးစာရှင်တွေ့ပီ...
"Sryကိုယ်နည်းနည်းလောနေလို့ မင်းအဆင်ပြေရဲ့လား"
"ချောလိုက်တာ.."
"Hmm"
"အဟမ်း..ပြေ ..အဟမ်း အဆင်ပြေပါတယ်
လောနေတာဆိုတော့ သွားစရာရှိတာသွားလေ.."
"အင်း သွားပီနော်"
"အင်း Bye bye"
အဖြူရောင်လွယ်အိတ်လေးကိုဘေးတစောင်းလွယ်ထားပီး..တဖြည်းဖြည်းကျောခိုင်းသွားတဲ့ရှည်လျားကျယ်ပြန့်တဲ့နောက်ကျောပြင်တစ်စုံ...
အရပ်ကြီးကလည်းအရှည်ကြီးပဲ....အဖြူနဲ့အပြာ၀တ်ထားတာချင်းအတူတူတောင်အတန်းထဲကကောင်တွေနဲ့တခြားစီပဲ....အာ အတန်းချိန်...အတန်းချိန်....
*******************************
"အမယ်လေး..တော်သေးလို့ teachelမရောက်သေးဘူး"
"မချယ်ရီ ဒီနေ့ဘာကိစ္စနောက်ကျနေရသတုန်း"
ထိုင်ခုံမှာထိုင်ရုံရှိသေး ဘေးနားတိုးပီးမေးလာတဲ့ ချစ်လှစွာသောငတိမနှစ်ကောင်
"မပြောချင်ပါဘူးဟာ"
"မပြောချင်ဘူးတဲ့ လာလာ မေယျာ ဇာတ်ကားလေးဆက်ကူးရအောင်"
"yarrr ချီးထုပ်မတွေ "
စတာ စတာပြောပါဦး ဘာလို့နောက်ကျနေတာလဲ ဘယ်ကောင်ချောလေးတွေ့ခဲ့လို့လဲ"
Wow!!ဒီထက်သန်မက ပြောလိုက်တိုင်းပေါက်ကရဆိုပေမယ့် တစ်ခါတစ်လေတော့ကွက်တိကိုထိတာ..
"အဟမ်း..နင်တို့ကလည်းဟာ ကားဘီးပေါက်နေလို့ပါဟ...ငါ့ဆိုနှာဗူးမကြီးကျလို့ပြောလိုက်ရင်"
"ကားဘီးပေါက်တာပဲဟုတ်လို့လား"
"ahee~တစ်ခုတော့ရှိတယ်"
"သိနေတယ်လေ....ပြောစမ်းချယ်ရီမ.."
"အဲ့တစ်ယောက်ကတော်တော်တော့ချောတယ်ဟာ လုံး၀ငါ့typeပဲ"
"ဘယ်လိုလဲ အရပ်ရောရှည်လား~ အသားကရောဖြူလား"
အဲ့တာကြောင့်ဒီနှစ်ကောင်နဲ့တွဲမိနေတာ....အချောအလှလေးတွေအကြောင်းများပြောပီဆို မျက်လုံးလေးတွေကဘလင်းဘလင်းကိုထလို့..
တစ်ကျောင်းလုံးရဲ့အချောလေးတွေအကြောင်းဆိုလည်း ကြိုက်တာမေး မသိတာမရှိ
အဟမ်း...နှာဗူးကျတာမဟုတ်ရပါဘူး ဒီအမကြီးတို့squadကအလှအပကိုခံစားတတ်တဲ့အမြင်ကသိပ်ပီးစူးရှလွန်းယုံလေးပါ..
"အင်း..အရပ်ကြီးကလည်းအရှည်ကြီးပဲ....အသားလေးကလည်း၀င်းဥနေတာပဲ.."
ပြောရင်းနဲ့မျက်လုံးထဲမှာပေါ်လာပြန်တဲ့ပါးချိုင့်နက်နက်အပြုံးချိူချိုလေးနဲ့ကောင်လေးရဲ့ပုံရိပ်လေး..
"အာ...ပြန်တွေးရင်း ရင်တွေတောင်အခုန်မြန်လာသလိုပဲ"
"တော်လိုက်တော့..မချယ်ရီ ငါတို့ပြောထားတဲ့ကတိစကားတော့မမေ့သေးဘူးမလား"
"ကတိ?ဘာကတိလဲ ငါတော့မသိပါဘူး"
မသိချင်ယောင်ဆောင်ပီးရွှေအိုရောင်ဂုတ်ထောက်ဆံပင်အိအိလေးကိုဟိုရမ်းဒီရမ်းလုပ်နေတဲ့ ချယ်ရီမ ..
ဖြူ၀င်းနေတဲ့အသားအရည် မျက်လုံး၀ိုင်း၀ိုင်းမျက်တောင်စိပ်စိပ်လေးတွေ..ချယ်ရီသီးလေးလိုနှုတ်ခမ်းဖူးဖူးရဲရဲလေးနဲ့ ချယ်ရီမေဆိုသော သူငယ်ချင်းမသည် သိပ်ချစ်စရာကောင်းပီးလှသည့်အထဲတွင်ပါသည်..ထို့ကြောင့်လည်း ရွယ်တူချင်းရော အတန်းကြီးကအကိုကြီးတွေရဲ့ ချစ်ရေးဆိုခြင်းတွေအမြောက်အမြားရှိခဲ့ပေမယ့် သူမကတော့ငြင်းဆိုခဲ့သည်လေ..ထို့အပြင် ကျန်တဲ့သူငယ်ချင်းနှစ်ယောက်ကိုပါဆွဲထည့်ပီး ကျောင်းမပီးမချင်း သုံးယောက်လုံးရည်းစားမထားရဆိုတဲ့ကတိကိုထားခဲ့ကြတာ..
သူ့ရဲ့ဆောင်ပုဒ်နဲ့သူတော့ဟုတ်နေတာပဲ ဘာတဲ့
"အသဲလေးတို့ ဘေးနားမှာဒီလောက်လှပဝေဆာနေတဲ့ ရောင်စုံပန်းခင်းကြီးတစ်ခုလုံးရှိနေတာကို ဘာကိစ္စ တစ်ပွင့်တည်းခူးပီးနေမှာတုန်း..လာစမ်းပါ ဒီအမကြီးနဲ့အတူ ရောင်စုံပန်းလေးတွေရဲ့အလှကိုရှူစားရအောင်ပါ"တဲ့လေ
အချစ်ကဘယ်လောက်ပဲချိုမြန်တယ်ပြောပြော ပူလောင်ရတာတွေ နာကျင်ရတာတွေ ကြေကွဲရတာတွေလည်းရှိသည်..
လူငယ်ဘ၀ကိုပေါ့ပေါ့ပါးပါးပဲဖြတ်သန်းပီး ပူလောင်တဲ့အချစ်နဲ့မချုပ်နှောင်ထားချင်ကြတာချင်းလည်းအတူတူမို့ ရည်းစားမထားရကတိကိုထားခဲ့ကြတာဖြစ်သည်
"ဘယ်လိုလဲ မမေ့သေးဘူးမလား မချယ်ရီ"
"မေယျာမကလည်း...မမေ့ပါဘူး..မပူပါနဲ့ ချင်းဂူးတို့ အလှလေးတွေအများကြီးရှိသေးတယ် ဒီပန်းလေးတစ်ပွင့်ဆီမှာမကျရှုံးစေရပါဘူး..သိတယ်မလား ဒီအမကြီးအကြောင်းကို"
"သိပါတယ် သိပါတယ် ဒီနေ့ဒီတစ်ယောက်အကြောင်းပြောပီး မနက်ဖြန်ဆိုနောက်တစ်ယောက်အကြောင်းပြောပီ..."
"hee..ကဲကဲတော်တော့အသဲလေးတို့ chelသက်လာလို့ ဆူညံနေရင်ကောခံရလိမ့်မယ်...."
"ဟုတ်တယ် ထက်သန်မလာလာဇာတ်ကားတွေမြန်မြန်ကူးကြစို့.."
Chelသက်ရဲ့စာအုပ်ကိုဖွင့်ပီး မနေ့ကသင်ထားတဲ့အကြောင်းအရာလေးတွေကိုပြန်ကြည့်နေလိုက်သည်..
ဘယ်လောက်ပဲအချောလေးတွေအကြောင်းပြောပီးစတတ်ကြပေမယ့် စာဆိုရင်လည်းဘယ်တော့မှသူများအောက်နောက်မကျစေရအောင် ကြိုးစားတတ်ကြသည်....
အာ...စာအုပ်ကိုဖတ်နေရင်းနဲ့ မျက်လုံးထဲပေါ်လာပြန်တဲ့ပါးချိုင့်နက်နက်လေး....
မဖြစ်ဘူး မဖြစ်ဘူး..ရောင်စုံပန်းခင်းကြီး..ပန်းလှလှလေးတွေအများကြီး...
ပန်းတစ်ပွင့်တည်းမှာမကျရှုံးစေနဲ့....
"ချယ်ရီမ ငိုင်မနေနဲ့တော့ Teachelလာပီ"
"Morning class"
"Morning teachel"
"Ok sit down"
**********************************
"မနေ့ကအိမ်စာပေးတဲ့ထဲမှာမရတဲ့အပုဒ်ရှိလား"
"No.36/No.22/No.17....."
"Ok Teachelအဲ့သုံးပုဒ်ကိုတွက်ပြပေးမယ် ကျန်တာတွေတော့ရမယ်ထင်ပါတယ်"
"ဟုတ်×all"
**********************************
"Teachel pls"
teachelကwhite boardပေါ်မှာစာတွက်ပြနေရင်း အတန်းရှေ့ကခွင့်တောင်းသံကြားလို့လှည့်ကြည့်လိုက်ပီး
"come in"
Teachelတွက်ပြနေတဲ့ပုစ္ဆာတွေကအိမ်စာပေးကတည်းကတွက်ခဲ့ပီးသားတွေမလို့ အဖြေကိုက်မကိုက်တိုက်ကြည့်နေရင်းမှ ဘာရယ်မဟုတ် အတန်းအပြင်ဘက်ကခွင့်တောင်းသံကြားလို့လှည့်ကြည့်မိတော့......
ထောက်!
စာကူးနေကြလို့ တိတ်ဆိတ်ငြိမ်သက်နေတဲ့အခန်းထဲမှာ ကျွန်တော့်လက်ထဲကလွတ်ကျသွားတဲ့ဘောပင်ပြုတ်ကျသံသာကျယ်လောင်စွာထွက်ပေါ်လာသည်...
YOU ARE READING
Seriously?I'm in love with my BFF!!
Ficção AdolescenteJust a beautiful love between two guys❤️ Ongoing✨