Unicode
2016 December~
Room no.202
စာသင်ခန်းထဲရောက်တော့လူသိပ်မရှိသေး ကျွန်တော်တို့ဖယ်ရီကစောတာလည်းပါမည်ထင်
white boardနဲ့မနီးမဝေးဖြစ်သော တတိယခုံမှာသာ၀င်ထိုင်လိုက်သည်
"ငါပြောသားပဲကွ 1st yrပါပဲဆို ကြည့်ပါလားဟိုအခန်းထဲ၀င်သွားပီကွ "
"ဘာပဲဖြစ်ဖြစ်ကွာသေချာတာတစ်ခုကတော့မင်း သူနဲ့အခန်းတစ်ခုထဲအတူမထိုင်ရတော့ဘူး ဟားဟား..."
"အေးအေးမင်းတို့ကောင်တွေငါ့ကိုတစ်မနက်ခင်းလုံးဖဲ့နေလိုက်ကြ.."
အခန်း၀မှာဆူညံဆူညံကြားလို့ကြည့်လိုက်တော့
မြတ်မင်းတို့တွေ
"သားကြီးပိုင်ထက် မင်းရောက်နေတာကြာပီလား"
ဟိန်းသန့်ကဘေးနား၀င်ထိုင်ပီးမေးလာသည်
"မကြာသေးဘူး"
"ငါတို့ကိုစိတ်မရှည်တော့လို့များမင်းအရင်ထွက်သွားတာလားလို့ ငါတို့လည်းအမြန်တော့လိုက်ခဲ့တာပဲကွာ ဟိုကောင် ဟိန်းသန့်လိုက်ကြောင်နေတာနဲ့နောက်ကျသွားတာ sryပိုင်ထက်"
တည်တံ့ကလွယ်အိတ်ကိုခုံပေါ်တင်ရင်းပြောလေသည်
"အင်း..ငါအရင်တစ်ယောက်တည်းထွက်လာခဲ့မိတာsry"
"ပြောရမယ့်လူတွေလားကွ ကဲကဲဟိုကောင်တွေကိုယ့်နေရာကိုယ်ထိုင်ကြမယ်နော် စကားတွေများမနေကြနဲ့"
"မင်းပြောရမှာ သာလိကာမြတ်မင်း ဟုတ်တယ်မလားငတည်"
"မသိဘူး "
"မင်း.. မင်းတို့တွေငါ့ကိုဆိုအဲ့လိုပဲ"
"ဟားဟားဖေကြီးတို့ကစတာပါကွာသားလေးဟိန်းသန့်ကလည်း ကန်တင်းရောက်ရင်ချိုချဥ်၀ယ်ကျွေးမယ် ဟုတ်ပီလား ခွီးး"
"အဲ့ချိုချဥ်မင်းပဲစားလိုက်ခွေးကောင်မြတ်မင်း$#@%#$"
ကျွန်တော်ကဘက်ဘက်အဖျားဆုံးမှာထိုင်ပီး မြတ်မင်းနှင့်ဟိန်းသန့်ကအလယ်မှာ တည်တံ့က
ညာဘက်အဖျားဆုံးမှာထိုင်ကြသည်
"ပိုင်ထက် ပိုင်ထက် "
မြတ်မင်းကဘေးနားတိုးလာပီး
"အင်း"
"အခုလောလောဆယ်တော့မေဂျာမခွဲသေးဘူးတဲ့ တစ်ပတ်လောက်နေမှခွဲမှာဆို"
"အင်း"
"အာ ငါတော့civilရပါ့မလားကွာ နောက်ဆုံးနားလေးပဲကပ်ပါရပါရကွာ"
"civilနောက်ဆုံးမှတ်ကို450လောက်ဖြတ်မယ်လို့တော့ကြားတယ် မင်းcivil၀င်တယ်ဟေ့ရောင်" ဟိန်းသန့်ကဘေးကနေ၀င်ပြောလေသည်
"ငါက.. ငါကမင်းတို့နဲ့အတူမထိုင်ရမှာကြောက်နေလို့ကို ငယ်ငယ်ကတည်းကငါတို့သုံးကောင်ကအတူတူထိုင်နေကြဆိုတော့ တကယ်လို့များငါတစ်ခြားအခန်းပြောင်းရရင်ဘယ်လိုလုပ်မလဲ"
"အဲ့တာဆိုလည်း အဲ့ဘက်ခန်းကိုငါတို့မကြာမကြာလာကြည့်ပါ့မယ်ကွာ ခွီးး"
"တော်ပီဟိန်းသန့်မစနဲ့တော့ မြတ်မင်း မင်းငါတို့နဲ့ပဲအတူတူထိုင်ရမှာပါ မပူနဲ့ တကယ်လို့မင်းတခြားမေဂျာရောက်ရင်တောင် ငါပါလိုက်ပြောင်းခဲ့မယ်"
"(=_=)"
"လာတော့ မြတ်မင်းဒီဘက်သာလာတော့ မင်းအချစ်ကြီးငတည်နဲ့သာအတူတူထိုင်တော့ မခံစားနိုင်တော့ဘူး သားကြီးပိုင်ထက်ငါ့ကိုကယ်ပါဦး မင်းဘေးပြောင်းလာခဲ့တော့မယ်"
ပြောလည်းပြောလွယ်အိတ်ကြီးမပီး အတင်းဘေးနားလာမယ်တကဲကဲလုပ်နေလေသည်
"ဟိန်းသန့်ဆရာမ၀င်လာပီငြိမ်ငြိမ်ထိုင်တော့" တည်တံ့ထိုသို့ပြောလိုက်မှသာငြိမ်သွားတော့သည်
ဆရာ ဆရာမတွေလည်းတစ်ယောက်ပီးတစ်ယောက်၀င်လာကြပီး ပထမဆုံးနေ့မို့ introလောက်ပဲပြောပီးအတန်းလွှတ်ပေးလေသည်
"အိုက်ယား!!နောက်ဆုံးတော့ဆင်းပီကွ ကန်တင်းသွားကြစို့သားကြီးတို့ ညနေစောမဆင်းဘူးတဲ့" ဟိန်းသန့်ကအကြောဆန့်ရင်းပြောလာသည်
"မြတ်မင်းကပါ အေးကွာ ငါကတော့ဒီနေ့ပထမဆုံးနေ့မို့စောစောဆင်းပေးမယ်ထင်ထားတာကို သွားကြစို့ သွားကြစို့ "
"ငါမလိုက်တော့ဘူး"
"ဟမ် ဘာလို့လဲပိုင်ထက် မင်းထမင်းချိုင့်လည်းပါမလာဘူးမလား"
"အင်း "
တည်တံ့ကပါ "တကယ်မလိုက်တော့ဘူးလားပိုင်ထက်"
"အင်း"
"အေးကွာ အဲ့တာဆိုလည်း အပြန်ဘာ၀ယ်ခဲ့ရမလဲ"
"ရတယ် မင်းတို့သွားတော့ "
"အေးအေး အဲ့တာဆို ငါတို့သွားပီ မှာချင်တာရှိရင်phဆက်လိုက်ကွာ အာ..မေ့နေတာph noကမပေးရသေးဘူး ဒီမယ်ငါတို့noတွေ မင်းnoလည်းပေးထားဦး..."
09~
"ဒါဆိုငါတို့သွားပီ"
ဗိုက်မဆာတာမဟုတ်ပေမယ့် ကျွန်တော်လူရှုပ်တဲ့နေရာတွေကိုမသွားချင်
ထို့ကြောင့်စာပဲဖတ်နေလိုက်တော့သည်
~~~~~~~~~~~~~~~~~~~~~~~~~
2010~
"ငါ့ကိုဒီပုံဘယ်လိုဆွဲရတာလဲပြပေးဦး"
"ဒီနားလေးကိုနည်းနည်းရှည်ပီးဆွဲ ပီးတော့...."
"အဲ့တာဘာမုန့်တွေလည်း ငါ့ကိုကျွေးဦး ငါ့ကိုရော ငါ့လည်းနည်းနည်း "
"ဟဲ့အများကြီးမစားကြနဲ့နော်.."
"မနေ့ညကကာတွန်းကား မင်းကြည့်လိုက်ရလား အင်း ကြည့်လိုက်တယ် ငါရောပဲ ငါမကြည့်လိုက်ရဘူး ညကအိမ်စာမပီးလို့ အဲ့တာဆိုငါပြန်ပြောပြမယ် ဒီလိုကွ ..."
"Ugh!! Jihoကချောလိုက်တာ ငါကအိုးမင်းသားကြိုက်တာ..ဟဲ့ ငါကတော့အကုန်လုံးကြိုက်တာ.."
"ငါ့စာအုပ်ပြန်ပေး ဆရာမနဲ့တိုင်ပြောမှာနော် မပေးဘူး လိုချင်လိုက်ယူလေ blah blah..."
"Monitressနာမည်မှတ်ထား ဟိုကောင်စကားများနေတယ် ဟိုမှာရောပတ်ပြေးနေတာ..."
"ကလေးတွေတိတ်တိတ်နေတော့...
ဟိုကောင်မလေးမုန့်မစားနဲ့တော့ စာသင်ချိန်ရောက်ပီလေ ဟိုကောင်လေးကရောဘာလို့ပတ်ပြေးနေတာလဲ သူများစာအုပ်ပြန်ပေးပီး ခုံမှာငြိမ်ငြိမ်ထိုင်တော့ "
ဆရာမရောက်လာမှပဲ ဆူညံနေသောအတန်းလေးသည် တိတ်ဆိတ်သွားတော့သည်
"သားတို့သမီးတို့ကိုဆရာမမိတ်ဆက်ပေးရဦးမယ် လာသား"
ဆရာမလည်းပြောပီးရော ဆရာမနောက်ကနေကောင်လေးတစ်ယောက်ထွက်လာသည်
"သားနာမည်သူငယ်ချင်းတွေကိုမိတ်ဆက်လိုက်ဦး"
"ကျွန်တော့်နာမည်သျှားစစ်သွေးပါ သူငယ်ချင်းတွေအားလုံးတွေ့ရတာ၀မ်းသာပါတယ်"
အပြုံးလေးနဲ့မိတ်ဆက်လာတဲ့ထိုကောင်လေး
အသားဖြူဖြူ မျက်လုံး၀ိုင်း၀ိုင်းလေးနဲ့ ပြုံးလိုက်တဲ့အခါမှာပေါ်လာတဲ့ပါးချိုင့်လေးနှစ်ဖက်
အားလုံးကိုပြုံးပြနေလိုက်တာများ သူ့ပုံစံကိုကြည့်ရတာကျွန်တော်တော့သဘောမကျပါဘူး ယောက်ျားလေးဆိုတာတည်တည်ကြည်ကြည်နေရတယ်တဲ့ ကျွန်တော့်ရဲ့ဖိုးဖိုးကပြောထားတယ် ထားလိုက်ပါ ကျွန်တော်နဲ့မဆိုင်ပါဘူး ထိုကောင်လေးကိုမကြည့်ချင်တော့၍ပြတင်းပေါက်ဘက်ကိုပဲငေးနေလိုက်တော့သည်
ဆရာမက ခုံတွေကိုလိုက်ကြည့်နေရင်းမှ သားသွား ဟိုပြတင်းပေါက်နားလေးကခုံမှာသွားထိုင်
ဟုတ်ကဲ့~
ကျွီ ဘုတ်ဒုတ်~{ခုံကိုဆွဲပီး လွယ်အိတ်ချတာ("_")}
"မင်းနာမည်ဘယ်လိုခေါ်လဲ ငါ့နာမည်ကသျှားစစ်သွေး "
ကျွန်တော့်ရှေ့ကိုလှမ်းလာတဲ့လက်လေးတစ်ဖက်
ဘာလဲ ဒီကောင်လေးကဘယ်လိုလုပ်ကျွန်တော့်ဘေးနားရောက်နေတာလဲ ငယ်ငယ်ကတည်းကတစ်ယောက်တည်းသာနေတတ်သူမို့ အကြောင်းသိသောဆရာမများသည်ကျွန်တော့်ဘေးနားမှာဘယ်သူမှထားလေ့မရှိ ခုကထိုင်စရာခုံတွေအားလုံးပြည့်သွားလို့ထင် ထိုကောင်လေးသည်ကျွန်တော့်ဘေးနားရောက်လာလေပီ
"ဟေ့ မင်းနာမည်ဘယ်လိုခေါ်လဲ"
ကျွန်တော့်နာမည်မေးနေသောထိုကောင်လေးကိုကျွန်တော်မကြားချင်ယောင်ဆောင်ပီး ဟိုဘက်သာလှည့်နေလိုက်သည်
"Sry မင်းငါ့ကိုသဘောမကျဘူးထင်တယ်..ပြောပီးလက်ကလေးကိုရုတ်သွားတဲ့ကောင်လေး "
ထိုသို့လည်းလူကြီးပုံစံသိပ်လုပ်တတ်သောကောင်လေးကိုကျွန်တော်သဘောမကျပါ
"ကဲကဲ စာသင်မယ် စာအုပ်တွေထုတ်ကြတော့ မုန့်တွေခုံပေါ်မှာမမြင်ချင်ဘူးနော် ကစားစရာတွေတွေ့ရင်လည်းသိမ်းမယ်နော် ပြောထားပီးသား နောက်မှရှုံ့မဲ့ရှုံ့မဲ့လာမလုပ်ကြနဲ့ "
နောက်နေ့တော့ဆရာမကိုခုံပြောင်းပေးဖို့သွားပြောရမည် ထိုကောင်လေးနဲ့တော့ ကျွန်တော်မထိုင်ချင်ပါ
"စာမျက်နှာ၅ကိုလှန်မယ်......"
***********************
ဗြိ~စာရွက်ပြဲသံလိုလိုကြားလို့ကျွန်တော်ကြည့်လိုက်တော့ ထိုကောင်လေးသည် စာတွေကိုခဲဖျက်နှင့်မဖျက်ပဲလက်နဲ့ဖျက်နေသည်တဲ့လေ ပြဲတော့မှာပေါ့အဲ့လိုလုပ်နေမှတော့ ကြည့်ပါဦး စာရွက်တစ်ခုလုံးလည်းမဲတူးလို့ ဘယ်လိုပေတိပေစုတ်ကောင်လေးလဲ
"ရော့"
"ဟမ်"
"ခဲဖျက်"
"ဟမ်"
"ကျစ် တကယ်ပါပဲ ဘာတွေကြောင်ကြည့်နေတာလဲ "
"ပေး မင်းစာအုပ်"
စာရွက်ကပြဲပီးသားဆိုတော့ညီသွားအောင် ပေတံနဲ့ဖြဲပေးလိုက်သည်
"နောက်ခါခဲဖျက်နဲ့ဖျက် စာရွက်တွေမပြဲစေနဲ့"
"အင်း"
ပါးချိုင့်လေးတွေပေါ်သည်ထိပြုံးပြနေပြန်ပီ တကယ်ပါပဲ
"ဘာလို့ခဲဖျက်မပါလာတာလဲ မင်းမေမေကထည့်မပေးဘူးလား"
အလွန်စကားနည်းလှပါသည့်ရေခဲမင်းသားလေးပိုင်ထက်မြက်သည် သူကိုယ်တိုင်တောင်မသိပါပဲထိုကောင်လေးကိုစကားတွေပြောနေမိသည်ထင်
"အင်း ငါ့မေမေနဲ့ဖေဖေကမအားဘူး တီတီက၀ယ်ပေးမယ်လို့ပြောထားပေမယ့် မေ့သွားတယ်ထင်ပါတယ်"
ပြောရင်းနဲ့မျက်နှာလေးညှိုးသွားတဲ့ကောင်လေးကြောင့်
"မနက်ဖြန်ငါမင်းအတွက်၀ယ်လာခဲ့မယ်"
"ဟမ်..တကယ်လား"
ကျစ် အခုမှသိတဲ့ကောင်လေးကိုကျွန်တော်ဘယ်လိုတွေတောင် သဘောကောင်းနေမိတာလဲ
"အင်း"
"အဲ့တာဆိုမင်းနဲ့ငါသူငယ်ချင်းဖြစ်သွားပီပေါ့နော် ငါ့နာမည်ကသျှားစစ်သွေး မင်းနာမည်ကရော"
"ပိုင်ထက်မြက်"
"ပိုင်ထက်မြက်? ပိုင် မင်းကနာမည်နဲ့လူနဲ့လိုက်တယ်"
"ပိုင်?"ထားပါတော့ သူခေါ်ချင်သလိုခေါ်ပါစေတော့
"တော်ပီစာလုပ်"
"အင်းအင်း~"
ပြုံးနေပြန်ပီ ဒီကောင်လေးကတော့လေ
.....................
ခဲဖျက်ငှားပေးလိုက်သည့်နေ့မှစကျွန်တော်နှင့်စစ်သွေးသည်မဆိုစလောက်လေး..အင်း မဆိုစလောက်လေးရင်းနှီးလာသလိုပင်
အားလပ်ချိန်၁၀မိနစ်.......
အခါတိုင်းအားလပ်ချိန်ဆင်းရင်အခန်းထဲမှာပဲနေလေ့ရှိပေမယ့် ဒီနေ့တော့ မုန့်စျေးတန်းဘက်လျှောက်ကြည့်ချင်တာနဲ့ထွက်ခဲ့လိုက်သည်
~~~~~~~~~~~~~~~~~~~~~~~~~~
ဘာမှလည်းထူးဆန်းတာမရှိပါဘူး (မုန့်စျေးတန်းပါဆိုဘာတွေထူးဆန်းချင်သေးတာတုန်း:')ပီးတော့လူကလည်းရှုပ်သေး စာသင်ခန်းထဲပဲပြန်တော့မယ်
"ကိုကြီးဒီနေ့တော့ဒါပဲစားလိုက်ပါလား ကျွန်တော်နောက်နေ့မှကိုကြီးစားချင်တာ၀ယ်ကျွေးပါ့မယ်"
စာသင်ခန်းထဲအပြန်ရင်းနှီးနေတဲ့အသံကြားလို့ကြည့်လိုက်တော့ ကုက္ကိုလ်ပင်အောက်မှာရပ်နေတဲ့စစ်သွေးနဲ့ သူ့ထက်ကြီးပုံရတဲ့ကောင်လေး၂ယောက်
"မရဘူးကွာ.ငါကအဲဒီမုန့်ပဲစားချင်တာ မင်းမှာပိုက်ဆံတွေရှိသေးတာပဲ ငါ့အတွက်၀ယ်လာခဲ့"
"အဲ့တာက ...ကျွန်တော်၀ယ်စရာရှိသေးလို့ပါ ဒီနေ့ကိုကြီးဒီမုန့်လေးစားထားလေ ကျွန်တော်မနက်ဖြန်၀ယ်ကျွေးပါ့မယ် "
ထိုလူကောင်ကြီးကြီးကောင်လေးရှေ့ကိုမုန့်ထုပ်လေးပေးရင်းပြောနေတဲ့စစ်သွေး..
ထိုကောင်လေးကစစ်သွေးပေးတဲ့မုန့်ကိုပုတ်ထုတ်လိုက်ပီး
"မသိဘူးကွာ..မင်းငါ့ကို၀ယ်မကျွေးရင် နောက်နေ့အိမ်လာမဆော့နဲ့တော့"
"ကျွန်တော်...."
"စစ်သွေး!"
"ပိုင်?"
သူထိုလူတွေဘက်ကိုတစ်ချက်တောင်လှည့်မကြည့်ပဲစစ်သွေးကိုသာကြည့်ပီး
"မင်းဘာလုပ်နေတာလဲ~"
"အာ...ပိုင်ဒါ၇တန်းကငါ့၀မ်းကွဲကိုကြီးလေ"
ဒီလိုအခြေအနေမှာတောင်အပြုံးလေးနဲ့မိတ်ဆက်ပေးနေပြန်တဲ့စစ်သွေး
"အတန်းစတော့မယ်သွားရအောင်"
စစ်သွေးပြန်ဖြေတာကိုမစောင့်ပဲရှေ့ကထွက်ခဲ့လိုက်တော့သည်
"ဒါ...."
"စစ်သွေးမလာသေးဘူးလား"
ကျွန်တော်အော်ပြောလိုက်မှပဲ..
"ဒါဆို ကျွန်တော်သွားတော့မယ်ကိုကြီးနောက်နေ့မှစားချင်တာ၀ယ်ကျွေးပါ့မယ် တောင်းပန်ပါတယ်..."
"မင်း..မင်း သျှားစစ်သွေး ငါတို့အိမ်မလာနဲ့တော့ မင်းနဲ့လည်းဘယ်သူမှဆော့ပေးမှာမဟုတ်ဖူး
မုန့်စျေးတန်းတောင်အတူသွားပေးမယ့်သူငယ်ချင်းမရှိတဲ့သူကများ"
အော်ဟစ်ပြောဆိုရင်းကျန်နေခဲ့တဲ့စစ်သွေးရဲ့၀မ်းကွဲအကိုဆိုသူ....
ကျွန်တော့်ရဲ့ဘေးကိုအပြေးလေးရောက်လာတဲ့စစ်သွေး..
"ပိုင် မင်းဘယ်လိုလုပ်ဒီဘက်ရောက်လာတာလဲ မင်းတစ်ခါမှမုန့်စျေးတန်းမသွားဖူးမလား"
"အင်း"
"မင်းကိုဒီလောက်အနိုင်ကျင့်နေတာကိုဘာလို့သည်းခံနေတာလဲ"
"ugh!သူကငါ့ကိုကြီးလေ ပီးတော့..ငါကခုမှဒီကျောင်းရောက်တာဆိုတော့မုန့်စျေးတန်းအတူသွားဖို့သူငယ်ချင်းမရှိဖူးလေ..."
"အဲ့တော့ရောဘာဖြစ်လဲ..အစ်ကိုကြီးဖြစ်တိုင်းအနိုင်ကျင့်လို့ရရောလား"
"ပိုင် မင်းစိတ်တိုနေတာလား"
"မဟုတ်ဖူး"
"ပိုင် မင်းဟာလေ ဒီလောက်မျက်နှာပေါ်မှာပေါ်နေတာကို"
"နောက်ခါ..သွားမယ် ငါနဲ့"
"ဟမ်?နောက်ခါ ဘာလဲ"
"သွားမယ်လို့..မင်းပဲမုန့်စျေးတန်းသွားဖို့သူငယ်ချင်းမရှိဘူးဆို"
"hmmm.."
"မသွားချင်လည်းနေတော့"
"Ugh!!သွားမှာပိုင် သွားမှာလို့ ခုလောလောဆယ်တော့ ဒီနားလေးကဆိုင်ခဏလိုက်ခဲ့ပေး"
"break timeကပြည့်တော့မယ်"
"လာပါ..မြန်မြန်လေးသွားကြမယ်"
စစ်သွေးခေါ်လာတဲ့ဆိုင်လေးက စောစောကကျွန်တော်လျှောက်ကြည့်တုန်းကတွေ့ခဲ့တဲ့လူတွေတိုးနေတဲ့Cupcakeဆိုင်လေး
****************************
"မင်းဒီမုန့်၀ယ်ချင်လို့မင်းအကိုကိုမနက်ဖြန်မှ၀ယ်ကျွေးမယ်လို့ပြောလိုက်တာလား"
"အင်း~ရော့ပိုင်"
"ငါ့အတွက်?"
"အင်း ပိုင် ငါ့ရဲ့ပထမဆုံးသူငယ်ချင်းဖြစ်လာပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်"
**************************
Zawgyi
YOU ARE READING
Seriously?I'm in love with my BFF!!
Teen FictionJust a beautiful love between two guys❤️ Ongoing✨