'ငါတို့မဖြစ်နိုင်တော့ဘူး'
၂နှစ်လောက်တွဲခဲ့တဲ့ချစ်သူဆီက စကားသံတွေခေါင်းထဲဝဲနေသည်။
အဲဒီနေ့က ခံစားချက်တွေအတိုင်းဆွဲထားခဲ့ပေမဲ့ လှည့်မကြည်တဲ့သူမရဲ့သူစိမ်းဆန်မှုကတခြားတယောက်လိုဖြစ်နေခဲ့၏။Bar တခုရဲ့စားပွဲဝိုင်းမှာ Singto တစ်ယောက်တည်းသောက်နေမိ၏။
အလွယ်ပြောရရင်တော့ အသဲကွဲနေသည်ပေါ့။
ဒါပေမဲ့လည်း နာမည်တွေအော်ခေါ် သောင်းကျန်းတဲ့အထိရုပ်ပျက်ဆင်းပျက်တော့မဟုတ်။ ဒီတိုင်းခံပြင်းမှုတချီု့ကို ဖြေဖျောက်ဖို့ အရက်ကိုတခွက်ပြီးတခွက်သောက်မိနေယုံပဲ..
တခါတလေတောင် မရောက်ဖြစ်တဲ့ ဒီလိုနေရာတွေရောက်ဖြစ်နေတာ သူမထွက်သွားတဲ့ရက်ကစရင်တပတ်ရှိခဲ့ပြီ။ တကယ်ဆို မူးတတ်သည့်အရာတွေရော ဆူညံသည့်ဒီလိုအသံတွေရောကို Singမကြိုက်။
စိတ်ရှုပ်စရာတွေတွေးနေရင်း ရုတ်တရက်ရပ်သွားသည့်အသံေတွကိုကျေးဇူးတင်မိ၏။ အခုမှနားအေးသလိုရှိတော့သည်။မကြာမှီ ဂီတာသံတခုကို Singto ကြားရတာနဲ့စင်ပေါ်သို့လှမ်းကြည့်လိုက်တော့ ကောင်လေးတယောက်... အရီအပြုံးကိုမတွေ့ရသေးဘူး ဂီတာကိုတီးဖို့အဆင်သင့်ပြင်ပြီး သီချင်းဆီကိုအာရုံစိုက်နေ၏။
သူလာသည့်တပတ်အတွင်း ထိုကောင်လေးကိုတခါမှပင်မမြင်ဖူးခဲ့။လက်ဖြူဖြူပေါ်မှာ Jean coat ကိုတဝက်လောက်ခေါက်ကာ
တင်ထားပြီးဂီတာတီးနေပုံက ခံစားချက်အပြည့်..
ဆံပင်ကိုအနည်းငယ်ချေထားပုံရသည့်ကောင်လေးက အလွယ်ပြောရရင်တော့ ခပ်မိုက်မိုက်ဒီဇိုင်းမျိုး.. သို့သော်လည်း သီချင်းကြောင့်လား ခံစားမှုကြောင့်လားမသေချာတဲ့ နာကျင်မှုတွေကိုမျက်ဝန်းမှာမြင်နေရသလိုပင်။သီချင်းဆိုပြီးနောက် ဂီတာပိုက်ပြီးဆင်းသွားတဲ့ကောင်လေးမှာ Singto
မှတ်မိလိုက်တာတခုက ပါးချိုင့်လေး။
မျက်နှာကိုအဆွေးသီချင်းနဲ့လိုက်ဖက်အောင်သရုပ်ဆောင်ခဲ့ပေမဲ့ နှုတ်ဆက်ချိန်ပြုံးပြတော့ ပေါ်လာတဲ့ပါးချိုင့်လေးကို Sing မှတ်မိလိုက်သည်။ပြန်ဖို့ထလိုက်တဲ့အချိန်အနည်းငယ်ယိုင်သွားပေမဲ့ အခန်းပြန်နိုင်မှာေတာ့သေချာသည်။ အပြင်နည်းနည်းရောက်လာတော့ Singto ကားဆီသို့သွားဖို့အလှမ်း အသံတချို့ကြားလိုက်ရတာေကြာင့် Barရဲ့ဘေးသို့ရောက်သွားသည်။ အနိုင်ကျင့်နေပုံရသည့် လူတွေကိုဘာမှမလုပ်သေးခင် ခနရပ်ကြည့်လိုက်သည်။