Part 8

25 3 0
                                    

အလုပ်ကိစ္စတွေကအတူတူပဲသွားရမည်ဖြစ်တာကြောင့် Kristကိုကားမယူခိုင်းတော့ပဲ P'Singကားမှာပဲလိုက်ခိုင်း၏။

"မနက်တိုင်း ၈နာရီလာခေါ်မယ် Krist အဆင်သင့်ပြင်ထားပေး
ပြီးရင် မနက်စာတူတူစားရမယ်"

"ဟိုကော်ဖီမသောက်ဘူးနော်"

"ညကတော့ပုံမှန်မရှိဘူး ဒါပေမဲ့၉နာရီနောက်ဆုံးပို့ပေးမယ်"

"ဟိုbarမသွားဘူး သွားရင်လည်းမသောက်ဘူး"

တခုစီပြန်ပြောနေတဲ့ KristကSing ရဲ့မျက်ထောင့်ကိုမြင်မှငြိမ်၏။ကော်ဖီဆိုင်ရောက်ပြီမို့ P'Sing ကားပေါ်ကဆင်းသွားပြီး
Pink milkနဲ့ကော်ဖီဝယ်ကာပြန်လာပြီး Pink Milkကို Kristအားပေး၏။ ထိုနောက် ကားပေါ်ပြန်ရောက်လာတဲ့ P'Sing ကို
သိချင်တာမေးလိုက်သည်။

"ဒါနဲ့ P'Sing အကြောင်းပြချက်ဆိုတာ"

"မင်း အလုပ်အရင်မလုပ်တော့ဘူးလား"

"Sorry"

ပြန်ပြောပုံက‌ကြောက်စရာကြီးမို့ ဆက်မပြောတော့ပဲ Pink milkကိုကုန်အောင်သောက်ရင်းလိုက်လာခဲ့တော့သည်။

"ဒီနေကိုယ်တိုင်းနည်းသင်ပေးမယ် မင်းကိုယ်အတိုင်းကိုယူပြမယ် ပေကြိုးကိုဒီလိုကိုင်"

တဆင့်ချင်းစီသင်ပေးသမျှကို ခေါင်းငြိမ့်ကာလိုက်မှတ်လေသည်။
ခါးအတိုင်းယူဖို့ Sing အရှေ့တိုးလာတိုင်း Krist ကကိုယ်ကိုအနောက်သို့ယို့သွားတော့ တိုင်းမရဖြစ်နေ၏။

"ငြိမ်ငြိမ်နေလေ Krist"

"P'Singကရှေ့အရမ်းတိုးလာလို့"

လက်ညိုးလေးနဲ့ Sing ပုခုံးကိုတွန်းရင်း ပြောတဲ့‌ Krist ကို Sing ခါးထောက်ကာကြည့်ရင်း

"ရှေ့မတိုးတော့ ဘယ်လိုယူမှာလဲ"

ဆူသလိုပြောတော့မှ နှုတ်ခမ်းကိုဇိပိတ်သလိုလုပ်ပြကာ ငြိမ်ငြိမ်လေးရပ်တော့သည်။

"အင့် မင်းအလှည့်ပဲ ကိုယ့်ကိုလာတိုင်း"

ပေကြိုးကိုလက်ထဲထည့်ပေးပြီးနောက် Sing တိုင်းဖို့အဆင်သင့်ဖြစ်အောင်နေပေးလိုက်သည်။ ပထမဆုံးဆိုပေမဲ့ ‌အကုန်အဆင်ပြေပြီး ခါးဆီရောက်တော့ ကိုယ်ကိုအနည်းငယ်နှိမ့်ပြီးအနောက်ကိုလက်လျှိုထားတော့
သူ့ခေါင်းလုံးလုံးလေးက Sing ရင်ဘတ်နဲ့ကွက်တိ..

Different but SameWhere stories live. Discover now