Lynn ရဲ့စကားတွေနဲ့ပတ်သက်ပြီး Sing စိတ်သိပ်မကြည်တာကြောင့်
အိမ်ရောက်တာနှင့် Kristen အခန်းသို့လာခဲ့သည်။ Krist ကအစားထိုးခံထားရတာမဟုတ်ကြောင်းကို Kristenရဲ့ပန်းချီကားကသာသိနိုင်မည်ဖြစ်တာကြောင့်လာခဲ့ခြင်းဖြစ်သည်။ Sing ဒီနာမည်နဲ့ပတ်သက်သမျှမြေမြုပ်ဖို့ရည်ရွယ်ရင်း Kit ကိုစိတ်မကောင်းဖြစ်စေတဲ့အခန်းကိုသော့ပိတ်ကာထားလိုက်သည်။ ထိုနောက် စိတ်ကိုရှင်းကာအပေါ်ထပ်သို့ ပြန်တက်လာတော့ အဝတ်မလဲပဲအိပ်ရာ၌လှဲနေသည့် ကောင်လေးကိုလက်မှဆွဲယူကာထိုင်စေလိုက်သည်။"Kit ဘာလို့အဝတ်မလဲပဲအိပ်နေတာလဲ"
"Kit ဘာဖြစ်နေတာလဲ"
မျက်နှာလွဲကာ စကားပင်ပြန်မပြောသည့်ကောင်လေးကို Sing အနည်းငယ်တော့ ဒေါသထွက်လာရသည်။
"Lily နဲ့ခွဲလာရလို့လား အဟက်"
ရယ်သံအချို့စွက်ကာရွဲ့သလိုပြောလိုက်တာကြောင့် Krist ထရပ်ကာအောက်ဆင်းဖို့ပြင်လိုက်သည်။
"ရပ်စမ်း Kit"
"Lilyကိုဘာလို့အဲလောက်မကျေနပ်ဖြစ်နေရတာလဲ Kristenကြောင့်လား"
"လာပြန်ပြီ ဒီ Kristen ဘာလို့ဒီနာမည်ကိုဆွဲထည့်နေတာလဲ"
"ဘာလို့အိမ်ရောက်တာနဲ့ သူ့ဆီဝင်သွားရတာလဲ ဒါဆို"
"ငါကပန်းချီကားပဲသွားကြည့်တာ Krist မင်းလိုလူအကောင်လိုက်ကိုထိလာတာမဟုတ်ဘူး"
"P' ဘာတွေပြောနေတာလဲ"
"မင်း Lilyကိုကြင်နာယုယနေတာ မမြင်ဘူးထင်လို့လား"
"အဲဒါ P' လုပ်ထားတဲ့ဒဏ်ရာလေ"
"ဒါနဲ့ပဲ အရမ်းဂရုစိုက်ချင်သွားတာလား"
"အွန်း ဟုတ်တယ် အဲတော့ ဘာဖြစ်လဲ"
"Kit မင်း လာမရွဲ့နဲ့"
Sing မျက်နှာကိုဒေါသဖြင့်ကြည့်ကာ ထွက်သွားရန်ပြင်နေတော့
လက်ကိုဆွဲယူကာတားလိုက်သည်။"ဘယ်သွားမလို့လဲ"
"ကျွန်တော့်ကိုမယုံတဲ့လူနဲ့အတူတူမနေချင်ဘူး"
"ကောင်းပြီ"
လက်ကိုလွတ်ပေးလိုက်တော့ ချက်ခြင်းပင်မျက်စိရှေ့မှထွက်သွားသည့်ကောင်လေးကြောင့် စိတ်ထဲကဒေါသတို့ထိန်းမရတော့ပေ။
ပေါက်ကွဲလာသည့်စိတ်အလျောက်လက်သီးဆုပ်က နံရံဆီသို့တဟုန်ထိုးရောက်နေ၏။
စိတ်ရှိတိုင်းကိုအဆင်မပြတ်ထိုးရင်း ဝင်လာသည့် Kit လက်ကြောင့်Sing ရပ်တန့်သွားရသည်။