ဒီနေ့တော့ Kristen သီချင်းမဆိုတော့ပဲ တစ်ယောက်တည်းထိုင်သောက်နေမိသည်။
Phor ပြောသလိုအိမ်သို့ပြန်သင့်လား စဉ်းစားပေမဲ့လည်း
ဟန်ဆောင်ထားတဲ့ဆက်ဆံရေးတွေကို သူမမြင်ချင်။
သိနေပြီးဖြစ်တဲ့အရာတခုကို လျစ်လျူရှုဖို့ကတကယ်ခက်တာပဲ..."ဒီနေ့ သီချင်းမဆိုတော့ဘူးလား"
Khun Singto ကအရှေ့ကထိုင်ခုံမှာဝင်ထိုင်ရင်းမေးတော့ သောက်လက်စခွက်ကိုချလိုက်သည်။
"ဒီနေ့ နားမှာ"
"အတူတူသောက်ရအောင် ဒီမှာပဲထိုင်လိုက်မယ် ရလား"
"ကျစ် ကျွန်တော်စိတ်ညစ်နေလို့တယောက်တည်းနေလို့ရမလား"
စုတ်တချက်သတ်ကာ Khun Singto ကိုခွင့်မပြုကြောင်းပြောမိတော့..
"စိတ်အဆင်မပြေရင် တစ်ယောက်တည်းမနေရဘူး Kristen"
Singto ပြောစကားအားသဘောကျကြောင်းကို ပေါ်လာတဲ့ပါးချိုင့်လေးကြောင့်သိလိုက်၏။
တခွက်ပြီးတခွက်သောက်နေပေမဲ့လည်း စိတ်ညစ်နေပုံရသည့်ကောင်လေးကိုရပ်ဖို့မတားမိခဲ့ပေ။တော်သင့်ပြီဖြစ်တဲ့အခြေအနေရောက်မှ Singto အခန်းသို့ခေါ်လာခဲ့တော့
သေချာကြည့်ကာ လက်ညိုးတထိုးထုိးနဲ့ အပြင်ပြန်ထွက်ဖို့ပြင်သည်။"ဒါကျွန်တော့်အခန်းမဟုတ်ဘူး"
"မင်း အခန်းကိုမှကိုယ်မသိတာ ဒါကြောင့်ကိုယ့်အခန်းခေါ်ခဲ့တာ"
"ကောင်းသားပဲ"
အိပ်ရာသို့လျှောက်သွားကာ အိပ်ရာပေါ်ထိုင်လိုက်ထလိုက်လုပ်ရင်းအိစက် နေတာကို သဘောကျပုံရသည်။ ထိုနောက် အနောက်သို့လှဲချကာ မျက်နှာကျက်ဆီမျက်နှာမူပြီး လက်တယမ်းဖြင့်ပြောလာသည့်စကားများကို Singto ကြားလိုက်ရသည်။
မရည်ရွယ်ပေမဲ့လည်းပေါ့။"P'Sing ကျွန်တော့်မိဘတွေက..."
Kristen ဒီလိုဖြစ်နေတာအထူးအဆန်းမဟုတ်တော့ပေ။
ဆယ်ကျော်သက်လေးအတွက်တော့ ထိုအရာကအကြီးဆုံးစိတ်ဒဏ်ရာဖြစ်နေပေလိမ့်မည်။
ငြိမ်သွားပြီဖြစ်တဲ့ ကောင်လေးမျက်နှာကသောက်ထားတာကြောင့်နီရဲနေ၏။
အိပ်ရာပေါ်နေရာသေချာချပေးကာ Sing လည်းအနည်းငယ်မူးနေတာမို့
ဘေးသို့လှဲကာဝင်အိပ်လိုက်သည်။