ဖုန်းစက်တွေအကုန်ပိတ်ပစ်ကာနေသူကြောင့် ကိစ္စတွေရှင်းပြီးပြီးချင်း ကလေးငယ်အိမ်တန်းလာကာ တွေ့ခွင့်ပေးဖို့အန်တီကိုအရင်ခွင့်တောင်းရသည်။ တနေ့လုံးစားချင်စိတ်မရှိဟုသာငြင်းပြီး အခန်းထဲကအသံတချို့ကြားရသည်တဲ့။ သေချာပေါက် သူ့ကိုမပေါက်ကွဲပဲ တစ်ယောက်တည်းဒေါသတွေထွက်နေတာပေါ့။
ခုလည်း သူရောက်နေတာကိုသိပုံမပေါ်...
လှေကားကတက်လာပြီးနောက် အခန်းတံခါးဝဆီမတ်တပ်ရပ်လိုက်သည်။"ဒေါက် ဒေါက်"
မျက်တောင်ဖြင့်သာပုတ်ခတ်ထုတ်နေရသော မျက်ရည်တချို့ကို
လက်ဖြင့်ခါထုတ်လိုက်သည်။ တနေ့လုံးအမေ့ကိုလည်းအကျိုးအကြောင်းမပြောပဲအခန်းထဲအောင်းနေတာကြောင့် သူထွက်တွေ့မှဖြစ်မည်လေ။ သူ့အခန်းကိုလာမည့်သူက အမေပြင်မရှိ။
သပ်ရပ်အောင်ပြင်ဆင်ရင်း အခန်းတံခါးကိုဖွင့်လိုက်သည်နှင့်
နောင်တတွေရမိသည်အထိ။
သူမတွေ့ချင်သည့်လူ မဟုတ်ဘူး သူမတွေ့ချင်သေးသည့်သူ။အခန်းတံခါးကိုပြန်ပိတ်ဖို့လုပ်နေတော့ ပိတ်လုနီးနီတံခါးဆီဘာဖြစ်ဖြစ်ဟုတွေးကာ လက်လှမ်းလိုက်တော့ ထင်သည့်အတိုင်း..
"အ..."
ထွက်လာသည့်အသံကြောင့် တံခါးကိုပြန်ဖွင့်လိုက်တော့ လက်တဖက်ကိုမလျက် တံခါးညှပ်ကာနာသွားသည့်ပုံပင်။
"ကျစ်"
စုတ်တချက်သတ်ကာ အခန်းထဲပြန်ဝင်လာလိုက်တော့ အနောက်ကပါလာလေသည်။ အဝတ်ဗီရိုအောက်ဆုံးထပ်မှ ဆေးသေတ္တာလေးထုတ်ကာ ဟိုလူ့ဆီပစ်ပေးလိုက်သည်။ စကားကတော့ သူရောကိုယ်ပါတလုံးမှမဟ။
ဆေးသေတ္တာကိုမထိပဲ သူရှိရာလာကာကိုယ်ကိုဆွဲလှည့်သည်။"Kit P'ကိုအော်ဟစ်သောင်းကျန်းလိုက်ပါ နော် အခုလိုနေမဲ့အစား"
ခန္ဓာကိုယ်ကဆွဲလှည့်လို့သာ သူ့ဘက်ရောက်နေတာ မျက်နှာကတော့မမြင်ရအောင်လွှဲထားဆဲ...
"Krist Perawat ..."
အော်သံကိုအနည်းငယ်မြှင့်ကာခေါ်တော့မှ နီရဲတဲ့မျက်ဝန်းတွေနဲ့စိုက်ကြည့်ကာ ထုရိုက်လေတော့သည်။
"ဘာလို့ အော်တာလဲ လူကို မကောင်းတဲ့လူကြီး လူဆိုးကြီး အဟင့်"