"Kristen"
"P' သူ့ကိုပဲလိုချင်တာဆိုကျွန်တော်ပြန်တော့မယ်"
Sing အဖြေကိုသိသွားတာနဲ့ချက်ခြင်း အနောက်ကနေလှမ်းဖက်လိုက်သည်။
"ဟင့်အင်း ... လွမ်းနေခဲ့တာ Kit"
တမင်သက်သက်လှည့်ထွက်ခဲ့သည့် ခြေလှမ်းတွေရပ်သွား၏။
ထိုနောက် နွေးထွေးတဲ့ရင်ခွင်ထဲတခါပြန်ဝင်ဖို့ တဘက်သီု့လှည့်လိုက်သည်။"ကျွန်တော်ကတိတည်တယ်မလား"
လမ်းလျှောက်ရင်းပြောတော့ ဘာကိုဆိုလိုမှန်း Sing သိလိုက်သည်။
"Kit ဒီကိုဘယ်လိုရောက်လာတာလဲ"
"ဒီလိုပဲပေါ့"
ဘယ်လိုရောက်လာတယ်ဆိုတာကိစ္စမရှိ အဓိကက Sing ဆီရောက်လာဖို့ပဲအရေးကြီးသည်။
"P' မအိပ်ဘူးလား"
Kit ရဲ့နံဘေးကုတင်ခေါင်းရင်းတွင်ထိုင်ကာ အိပ်နေတဲ့ Kitကို ဆံပင်သပ်ပေးနေသူကိုမေးလေတော့...
"Kit ပျောက်သွားမှာစိုးလို့"
P'Singလက်ကို နှုတ်ခမ်းနဲ့ထိရုံနမ်းပြီးနောက်..
"ပျောက်သွားမှာစိုးရင် ဖက်ထားရမှာမဟုတ်ဘူးလား"
မျက်လုံးကို ဟိုရွေ့ဒီရွေ့ကာပြောတော့ ချစ်တဲ့စိတ်တွေပိုလျှံလာရတာေကြာင့် Kit ပြောတဲ့အတိုင်း လှဲချကာတင်းတင်းကျပ်ကျပ်ဖက်ထားမိ၏။
အပန်းဖြေအိမ်ကထွက်လာတဲ့တလျှောက်လုံး Kit လက်ကို Sing မလွတ်ပေ။
"Kit ဒီတလလုံးဘယ်ရောက်နေခဲ့လဲ"
"Kristen ပြန်လာတယ်ဆို"
မေးခွန်းကိုမဖြေပဲ ပြန်မေးတော့ Sing ခေါင်းငြိမ့်လိုက်သည်။
"သူကိုယ့်ကိုနှုတ်ဆက်သွားတယ် ပန်းချီကားကို ကိုယ့်ဆီကတောင်းသွားတယ် ပြီးတော့ ကျေးဇူးလည်းတင်သွားတယ်
ဒါကြောင့် ကိုယ်သူ့ကိုထပ်စောင့်စရာအကြောင်းမရှိတော့ဘူး"ခေါင်းတငြိမ့်ငြိမ့်နဲ့ အဖြေကိုကျေနပ်သွားပုံရသည်။
'ကိုယ့်ဘဝထဲမင်းပဲရှိတော့မှာ Kit'"P' Kit Pink Milk သောက်ချင်တယ်"
"ခန P' သွားယူပေးမယ်"