ခြံထဲရှိမျက်ခင်းပြင်တွင်လှဲပြီး ကောင်းကင်သို့လက်ညိုးထိုးကာနေသည့်
Kristen ရဲ့ဘေးသို့ Sing ဝင်လှဲလိုက်သည်။"P'Singto"
နာမည်ခေါ်တော့ အသံနဲ့မထူးပဲ Kristenရဲ့မျက်နှာကိုငဲ့ကြည့်၏။
"ဒီလိုကောင်းကင်ကိုထိရတာကောင်းတယ် မယုံရင် P'Sing ထိကြည့်"
Kristen ပြောတဲ့အတိုင်း လက်ကိုမြောက်ကာထိကြည့်လိုက်သည်။
"ဟုတ်သားနော်"
အနည်းငယ်တိတ်ဆိတ်သွားပြီးနောက် Kristen ကစကားစသည်။
"သူ့ကြောင့် P'Singရဲ့အိပ်မက်ကိုစွန့်လွှတ်ခဲ့တယ်ပြောတယ်နော်
အဲဒါပြန်စသင့်တယ်လို့ကျွန်တော်ထင်တယ်""ဒါကိုစဉ်းစားနေတုန်းပဲ"
"ကျွန်တော်တို့ကအိပ်မက်တွေတူကြတယ် နည်းနည်းတော့ထူးဆန်းပေမဲ့ပေါ့"
"ဟမ် မင်းလည်းတူတူပဲလား"
"ဟုတ်တယ် ဒါပေမဲ့ ကျွန်တော်ကတော့ရှေ့ဆက်မလုပ်ချင်ဘူး"
"ဘာလို့လဲ"
"မပြောပြချင်လို့ရတယ်မလား"
"သေချာပေါက်ရတယ်"
"ကျေးဇူးပဲ မနက်ဖြန်အစောကြီးသွားရအောင် P'Singto
နေထွက်ချိန်ကြည့်ရင်းသွားချင်လို့""Ok မင်းမဝင်သေးဘူးလား ကိုယ်ဝင်ပြီနော်"
"ခနနေဝင်ခဲ့မယ်"
ထထိုင်ပြီးလက်ကိုခါပြကာ နှုတ်ဆက်ရင်းအထဲဝင်သွားတဲ့နောက်ကျောကို
ပျောက်သွားတဲ့အထိကြည့်နေလိုက်သည်။
အခုကျန်ခဲ့တာက ကောင်းကင်ရယ် ကြယ်တွေရယ် ဒဏ်ရာတွေရယ်..."P'Singto P'Singto"
တံခါးအပြင်ကခေါ်နေတဲ့ကောင်လေးကြောင့်နာရီကိုကြည့်လိုက်တော့ ၅နာရီ..
အစောကြီးရှိသေးတာကြောင့် Singto အိပ်ရာမှထလာပြီးတံခါးဖွင့်လိုက်တော့ Kristen ကသူ့ပုံစံအတိုင်း jean coatကိုဝတ်ကာအသင့်ပြင်ပြီနေ၏။"ဘာဖြစ်လို့လဲ Kristen"
"သွားစို့လေ P' နေထွက်ချိန်မှီအောင်လို့"
"ဟုတ်ပြီ ခနစောင့်"
"OK"
ဆက်အိပ်ချင်သော်လည်းမဖြစ်တော့ပေ Kristen ကအဆင်သင့်ပင်ဖြစ်နေလေပြီ။
မနက်အစောကြီးဖြစ်နေတာကြောင့် ဦးလေးကိုမနိုးတော့ပဲထွက်လာခဲ့သည်။
မနေ့ကတည်းကပြန်မည်ဆိုတာကိုပြောထားပြီးတာကြောင့် အသိပေးထားပြီးသားဖြစ်၏။
အစောကြီးမို့ထင်သည် ရာသီဥတုကပို၍အေးလေသည်။
Kristen နေရာတခုမှာဆိုင်ကယ်ရပ်လိုက်တာကြောင့်
Singto ဆင်းကာဆိုင်ကယ်ဦးထုပ်ကိုချွတ်လိုက်သည်။