နှစ်ယောက်အတူစီးလာသောကားကို Kitအိမ်ရှေ့ရပ်လိုက်တော့
ချစ်ရသူလက်ကိုတင်းတင်းဆုပ်ကိုင်သည်။ ဒီကလေး စိုးရိမ်နေတာတွေကို သိသည်မို့လက်တစ်ဖက်နဲ့ပြန်အုပ်မိုးရင်းပြုံးပြကာ
ကားပေါ်မှဆင်းလာခဲ့သည်။ ထိုနောက် လက်ကိုဆွဲကာအိမ်ထဲသို့ဝင်လာတော့ အန်တီကကြိုရှာသည်။"ပြောပါဦး မင်းက ဘာတွေပြောချင်လို့ ငါနဲ့တွေ့ချင်ရတာလဲ"
အဖေ့အမေးကိုပြန်ဖြေဖို့ပြင်နေသည့် P'Sing က Kitလက်ကိုတော့ နည်းနည်းလေးမှမလွတ်.. ပိုတင်းကျပ်အောင်ပင်ဆုပ်ကိုင်ထားသေး၏။
"ကျွန်တော်ကအန်ကယ့်ဆီက ခွင့်ပြုချက်လိုချင်တာပါ
Kitကိုကျွန်တော်တကယ်ချစ်လို့ပါ အမြင်တမျိုးဖြစ်နေမှာသိပေမဲ့လည်း အတ္တကြီးစွာပဲဆက်တောင်းဆိုချင်ပါတယ် Kitကိုကျွန်တော်ကာကွယ်မှာပါ""Krist မင်းကရော ဘာပြောစရာရှိလဲ"
"P'Sing ပြောသလိုပဲအဖေ Kitတို့ကိုခွင့်ပြုပေးပါ ဟိုတခါလိုမျိုး
တော့ ထပ်မရွေးချယ်ခိုင်းပါနဲ့တော့ တောင်းဆိုပါတယ်
ဒီတခါ Kitဘယ်သူ့ကိုမှရွေးမှာ မဟုတ်လို့ပါ""မင်း စကားက "
"Kit ဘာကိုမှအာမမခံနိုင်ပါဘူးလို့ပြောချင်တာပါ"
Kit အဖေက အနည်းငယ်စဉ်းစားဟန်ပြုပြီးနောက် Singဘက်သို့ကြည့်သည်။
"မင်း မိဘတွေကရော Singto သူတို့သိရဲ့လား"
"ဟုတ်ကဲ့ အနည်းနဲ့အများတော့ ပြောပြထားပါတယ် အမေကခွင့်ပြုပါတယ် ကျွန်တော့်သဘောပါတဲ့ အဖေကတော့ ဘာမှမပြောပေမဲ့ ခွင့်မပြုပုံလည်းမပြပါဘူး"
"ကောင်းပြီ မင်းမိဘတွေကို ငါတွေ့ချင်တယ်"
"ဟုတ်ကဲ့ ကျွန်တော်ခေါ်လာခဲ့ပါ့မယ်"
"Krist က Singtoမိဘနဲ့မတွေ့ရခင်အချိန်အတွင်း အိမ်ပြန်လာနေပါ"
"အဖေ ကျွန်တော်တို့ကိုခွဲဦးမလို့လား"
"ငါက မင်းအဖေနော် Krist "
"Kub"
အန်ကယ့်ရဲ့ဟိန်းဟောက်မှုကြောင့် ငြိမ်ကျသွားသည့်အကောင်ပေါက်ကလေးက မျက်လွှာလေးချကာ Singရဲ့လက်ကိုတော့ဖြင့်မလွတ်။ မဝံ့မရဲပြန်ကြည့်ကာ Singကိုခြံအပြင်ထိပို့ဖို့မဝံ့မရဲခွင့်တောင်းနေပြန်သေး၏။ ခေါင်းတချက်ငြိမ့်ကာခွင့်ပြုပေးလိုက်တဲ့နောက် အရောင်လက်သွားတဲ့မျက်ဝန်းကိုကြိတ်အသဲယားရသေး၏။