မတွေ့ရတာ တပတ်နီးပါးဆိုပေမဲ့လည်း မြင်ချင်တွေ့ချင်သူအဖို့
နှစ်နဲ့ချီကြာနေသလိုပါပဲ...
အသံလေးတောင်မကြားရတော့ စိတ်ထဲနေရတာအတော်ခက်ခဲ၏။ ဒီနေ့တော့ စာမလာသတင်းမကြားသည့်ကောင်လေးဆီ
မနေနိုင်သူကသာလာခဲ့ရသည်။
ဘဲလ်တီးကာထွက်လာမည့်သူကို မျှော်နေလိုက်သည်။ ခနအကြာ.."ဪ သားပဲ ဝင်လာခဲ့ပါ"
Kitအမေက Singကိုဖော်ရွေစွာပင် အိမ်ထဲဝင်ဖို့ပြောလာတော့ အနောက်ကနေဟိုကြည့်ဒီကြည့်ရင်းလိုက်လာခဲ့သည်။
"Kit ကိုရှာနေတာလား "
အရိပ်အကဲသိစွာပင်မေးလာတော့ တွေဝေခြင်းမရှိ ခေါင်းငြိမ့်လိုက်မိသည်။ တကယ်လည်းတွေ့ချင်လို့လာခဲ့သည်မလား...
"ခနနော် သား"
ဧည့်ခန်းရှိဆိုဖာပေါ်ထိုင်စောင့်ရင်းဝေ့ဝဲကြည့်မိလေတော့
နံရံတနေရာချိတ်ဆွဲထားသည့်မိသားစုဓါတ်ပူံလေးကို
Singတွေ့ရ၏။ ပါးချိုင့်နဲ့ကောင်လေးကအဖေနဲ့အမေရဲ့ကြား
အပြစ်ကင်းစွာပြုံးလျက်...
Kitအမေက အရှေ့တွင်ဝင်ထိုင်ရင်းဖုန်းတလုံးကိုရှေ့သို့တိုးပေး၏။
Singသိတာမမှားဘူးဆို ဒါက Kitရဲ့ဖုန်းပင်..
လူကိုအရိပ်အယောင်ပင် မတွေ့ရသေးသည်မို့ Sing သိချင်တာကိုမေးလိုက်သည်။ မျက်တောင်ပုတ်ခတ်ထုတ်ကာ အခြေအနေတခုချင်းရှင်းပြလာသည့် စကားတွေကိုနားထောင်ရင်းခံစားချက်ပေါင်းစုံဝင်ရောက်လာသည်။ ကိုယ့်အတွက်ဟု ချန်ခဲ့သည့်ဖုန်းကိုယူကာ
နှုတ်ဆက်ပြီးထွက်လာခဲ့သည်။
နိုင်ငံခြားသွားပြီတဲ့... ဘာတခုမှမသိရပါပဲ စောင့်နေခဲ့တာတပါတ်နီးပါး..
အနည်းဆုံးတော့ နှုတ်ဆက်သွားသင့်သည်မလား...
တစ်ရက်မဟုတ် တစ်လမဟုတ် အပြီးသွားလိုက်တာတဲ့
မလွန်ဆန်နိုင်တဲ့အမိန့်အတိုင်းပါတဲ့...
ဘယ်လိုစိတ်နဲ့များချန်ထားခဲ့နိုင်ရတာပါလိမ့်...
တနေကုန်စိတ်တွေရှုပ်ထွေးကာကားကိုမရေရာစွာမောင်းပြီးနောက်
မရောက်ဖြစ်တာကြာပြီဖြစ်သည့် Barဆီလာခဲ့သည်။"P'Sing မလာတာကြာပြီ ခုမှပဲပေါ်လာတော့တယ်"
"အင်း Phu P'ကိုနည်းနည်းပြင်းတာလေးချပေးပါ"