ထိုအချိန်မှစပျောက်သွားသည့်လူကအရိပ်ပင်ရှာ၍မတွေ့ခဲ့ပေ။
Accidentသတင်းတခုကြောင့်ဆိုင်ကယ်ကိုတွေ့တာနှင့် သူမှန်းသိခဲ့ပေမဲ့ရေထဲမှလူကိုဘယ်ဆေးရုံပို့မှန်းမသိကြ။ Yin အကူအညီနဲ့ဆေးရုံတကာလိုက်ရှာနေခဲ့ပေမဲ့လည်း ထိုနာမည်နဲ့လူနာစာရင်းကိုပင်မတွေ့ခဲ့ရပေ..နိုင်ငံခြားကပြန်ရောက်တာပင် လပိုင်းလောက်ရှိပြီး jinxဆိုသည့်ဆိုင်တခုပါဖွင့်နိုင်ခဲ့ပြီဖြစ်သည်။ သို့သော်လည်း လူတယောက်ပျောက်သွားသည့်တံတားဆီခြေလှမ်းမိနေဆဲပင်။
မတွေ့ဘူးဆိုတာသိပေမဲ့ မျှော်လင့်ချက်တစ်ခုနဲ့ရှာနေမိတုန်းပဲ..
ပါးချိုင့်လေးကိုပြန်မြင်ချင်တာရယ် ကျေးဇူးတင်ချင်တာရယ်ကြောင့်ပေါ့..
Sing ရဲ့အိပ်မက်ဖြစ်တဲ့Wedding dress Designer တစ်ယောက်ဖြစ်ခဲ့ရပြီမလို့ ပိုသတိရတာလည်းဖြစ်နိုင်သည်။ဒီညတော့ Yinဖုန်းဆက်ကာချိန်းတာကတကြောင်း၊ မရောက်တာကြာပြီ ဖြစ်တာကတကြောင်းကြောင့် Phuရဲ့ barဆီသို့လာခဲ့သည်။
"P'Sing Sawadee Kub ခုမှပဲတွေ့ရတော့တယ်"
"P' အလုပ်များနေလို့ မရောက်ဖြစ်တာဒီကို"
"Kub "
"P'Sing Wedding creation တွေပါလုပ်ဖို့စဉ်းစားနေတယ်ဆို"
"ဟုတ်တယ် Phu Khimအကြံပေးလို့ လုပ်ရင်ကောင်းမလားတွေးနေတာ"
"လုပ်လေ Sing မင်းကနာမည်ရှိပြီးသားဆိုတော့အဆင်ပြေမှာပါ"
Phu ရဲ့အမေးကိုဖြေတော့ Yin ကပါဝင်ထောက်ခံသည်။
"အဲလိုလုပ်ဖို့က လူတစ်ယောက်ထပ်လိုဦးမယ်ထင်တယ်"
"Khim ရှိနေတာပဲ"
"Khim က ဆိုင်မှာနေရဦးမှာလေ Yin"
"ဟုတ်သားပဲ ပြီးတော့ အပ်တဲ့နေရာပေါ်မူတည်ပြီးလုပ်ရမှာဆိုတော့
ယောကျာ်းလေးကပိုအဆင်ပြေမယ်ထင်တယ် P'Sing""P' တွေးနေတုန်းပါ ကဲ အချိန်နောက်ကျနေပြီပြန်တော့မယ်"
"Kub P'Sing"
"Yin မင်းလည်းစောစောပြန် Phuနားပဲကပ်မနေနဲ့"
Phuကိုနှုတ်ဆက်ပြီး Yin ကို အနားနားကပ်ပြောတာ
စနောက်ရင်း Sing အပြင်သို့ထွက်လာခဲ့သည်။