Singto ပုံမှန်အချိန်ပဲ Bar ကိုလာခဲ့ပေမဲ့ ဒီတခါတော့ အရက်သောက်ဖို့မဟုတ်။ Kristen ကိုတွေ့ချင်ယုံသက်သက်သာ..
Singto မှာထားသည့်အရက်ခွက်ကို နည်းနည်းစီမော့ရင်း မျက်လုံးကစားနေမိသည်။ စင်ပေါ်တွင်သီချင်းဆိုနေတဲ့အသံက Kristen မဟုတ်မှန်းသိတာကြောင့် Singto စိတ်မဝင်စား စင်ပေါ်ပင်မကြည့်မိ။ ဟိုဒီရှာရင်း သောက်နေသည့်အရက်ခွက်တဝက်ကျိုးတော့ ပေါ်လာတဲ့အသံကြောင့်
စင်ပေါ်အကြည့်ရောက်သွား၏။
ဆယ်ကျော်သက်ပေမဲ့ချစ်စရာကောင်းမှုတွေကွယ်ပျောက်ရလောက်အောင် မျက်နှာကခံစားချက်မဲ့နေသည်။Kristen သီချင်းဆိုဖို့စောင့်နေတဲ့အချိန်ကတည်းက တယောက်ယောက်ကိုရှာနေပုံရသည့် Singဆီုသူကိုကြည့်နေခဲ့သည်။
Kristenသီချင်းစဆိုတော့မှ အရှေ့ကခွက်ကိုချကာလက်ပိုက်ပြီး စိုက်ကြည့်နေ၏။ အသားအနည်းငယ်ညိုသည့်ထိုလူကကြည့်၍တော့ကောင်းသားပင်။
သီချင်းပြီးသွားတာကြောင့် နှုတ်ခမ်းပါးကိုညွတ်ယုံပြုံးပြပြီးစင်ပေါ်ကပြန်ဆင်းလာခဲ့သည်။
ထိုနောက် ဒီBar ရဲ့ပိုင်ရှင်ဖြစ်သည့်သူငယ်ချင်း Phuဆီသို့..."မင်းပြန်တော့မှာလား Kristen"
"ခနနေပြန်မှာ ငါမေးစရာရှိလို့"
"ဘာလဲ"
"ဟိုမှာထိုင်နေတဲ့လူကလာနေကျလား"
သိချင်နေတဲ့လူဆီသို့အကြည့်ပို့ကာမေးလေတော့ Phu ကသူကြည့်တဲ့နေရာသို့လိုက်ကြည့်၏။ ပြီးနောက်
"တွေ့နေရတာ တပတ်တော့ကျော်ပြီ"
"OK ကျေးဇူးပဲ"
ပုခုံးကိုပုတ်ကာပြောရင်း ထွက်သွားတဲ့ Kristenကို Phuအကဲခတ်လိုက်မိသည်။ ခင်လာတဲ့တလျှောက်မှာ Kristen လူတယောက်အကြောင်းမေးတာ ဒါပထမဆုံးပင်.. Barကိုပုံမှန်လာနေကျဖြစ်ကာ သီချင်းဆိုဖို့ပြောရင်း ခင်လာတာကြောင့် Phu ကသူငယ်ချင်းအရင်းကြီးတော့မဟုတ်။
စင်ပေါ်ကဆင်းတည်းက ဘယ်သွားမလဲကြည့်နေခဲ့တာ ကောင်လေးတစ်ယောက်ထိုင်နေတဲ့ဝိုင်းကနေ သူ့ကိုအကဲခတ်နေသည်အထိ။
ထိုနောက် လျှောက်လာနေတဲ့ခြေလှမ်းတွေက သူ့ဆီကိုမို့ မသိချင်ယောင်ဆောင်ကာထိုင်နေလိုက်၏။