P'Sing ကိုစောင့်ရင်း Krist ပစ္စည်းတွေနေရာချနေလိုက်သည်။
Krist တယောက်တည်းပဲမို့ ဘာမှလည်းစားချင်စိတ်မရှိ။ တအိမ်လုံးကိုလျှောက်ကြည့်ကာ စောင့်နေသော်လည်းညရောက်သည်အထိ P'Sing
ပြန်မလာ။အလုပ်ဖိလုပ်နေသော်လည်း တနေကုန်အလုပ်ထဲစိတ်မရောက်ပေ။
Krist ကိုလည်းမျက်နှာချင်းဆိုင်ဖို့ဝန်လေးတာကြောင့် သွားပင်မတွေ့ဖြစ်။
ဒီတိုင်းနေ၍လည်းမဖြစ် Krist တယောက်တည်းဖြစ်နေမှာစိုးတာကြောင့်
အိမ်ပြန်ရန်ထွက်လာတော့ မိုးရွာနေလေသည်။ မိုးပိုသည်းလာတာကြောင့်
ကားကိုသတိထားမောင်းရင်း အိမ်ပြန်လာတော့ Krist ကအိမ်ရှေ့တွင်ထိုင်နေ၏။ ကားချက်ခြင်းရပ်ကာဆင်းလာခဲ့ပြီး တကိုယ်လုံးစိုရွှဲနေသည့်
Krist ရှေ့တွင်ထိုင်ချလိုက်သည်။"Kit ဒီမှာဘာလို့ထိုင်နေတာလဲ အထဲသွားရအောင်"
"ကျွန်တော်ခနနေချင်သေးလို့ P'ဝင်နှင့်"
အခုတောင် မှေးဖျားတွေပင်တုန်နေသည်ကို ထိုင်ဦးမည်တဲ့။
"မရဘူး လာခဲ့"
လက်ကိုဆွဲကာအတင်းထခိုင်းတာကြောင့် ထလိုက်သော်လည်း မိုးရေထဲနည်းနည်းကြာသွားတာကြောင့် ရုတ်တရက်ထရပ်လိုက်တော့
ခြေထောက်ကလမ်းလျှောက်၍မရ ထုံနေလေ၏။"P'Sing ခြေထောက်တွေရွေ့မရဘူး နာတယ်"
ခြေထောက်တွေပါနာနေတဲ့အထိ ဘယ်အချိန်ကများထိုင်နေပါလိမ့်...
ပုခုံးကိုထိန်းရင်း ခြေထောက်ကနေ Sing ဆွဲပွေ့ကာအထဲခေါ်လာခဲ့သည်။
ရေချိုးခန်းထဲပို့ပေးကာ အဝတ်လဲစေပြီးနောက် သဘက်ယူကာရပ်စောင့်နေလိုက်သည်။Krist အဝတ်အစားလဲပြီးပြန်ထွက်လာတော့ သဘက်နဲ့အတူ P'Singကိုတွေ့ရ၏။
"Kit ခြေထောက်ရရဲ့လား"
"P'Sing အဝတ်လဲသင့်တယ် စိုနေပြီ"
ကိုယ့်ကိုစိတ်ပြန်ပူပေးနေသည့်ကောင်လေးကို အပေါ်ထပ်သို့တွဲခေါ်ခဲ့ကာ အိပ်ရာပေါ်ထိုင်စေလိုက်သည်။
"Kit ရေသုတ်ထားနော် P' အဝတ်သွားလဲဦးမယ်"
ခေါင်းကိုအသာငြိမ့်ပြကာ ထွက်သွားသူရဲ့နောက်ကျောကိုငေးကြည့်ပြီး ပြုံးလိုက်သည်။ ကိုယ့်အတွက်မဟုတ်မှန်းသိပေမဲ့လည်း နွေးထွေးမှုတွေကြား
Krist ပျော်ဝင်နေ၏။ Kristen ဖြစ်ရတာလည်းအကောင်းသားပင်။