"Krist မင်းအရက်သောက်လို့မရဘူးလေ"
"ရတယ် အားနည်းရုံလောက်ပဲဖြစ်တာ မသေပါဘူး"
Yin ရော Phu ပါ ဘယ်လိုတားတားမရတဲ့အဆုံး လွှတ်ပေးဖို့သာတွေးလိုက်သည်။ Message ကိုအမြန်မြင်ပြီး Sing ရောက်လာဖို့သာ Yinဆုတောင်းနေရသည် မဟုတ်ရင် ခေါင်းမာသည့် Kristကိုမထိန်းနိုင်။
ကြံရာမရတဲ့အဆုံး အရက်သောက်ဖို့တွေးကာ Krist အရက်ငှဲ့လိုက်သည်။
Krist နေမကောင်းဖြစ်ရင်တော့ P'Sing ပြန်လာမှာကျိန်းသေ၏။
P'Sing အတွက် ထိုမျက်နှာနဲ့ခန္ဓာကိုယ်က အရေးပါတာမဟုတ်လား...
Kristen ကိုမြင်နေရဖို့သူကအစားထိုးခံသက်သက်ပင်။
ဟက်ခနဲတချက်ရယ်ကာ ဝဲတက်လာသည့်မျက်ရည်တွေကိုမျက်တောင်ဖြင့်ပုတ်ထုတ်ရင်း အရက်ခွက်ကိုသောက်ဖို့ကြိုးစားလိုက်ပေမဲ့လည်း တစုံတယောက်ရဲ့ဆွဲယူခြင်းခံလိုက်ရသည်။"ခွမ်း"
သောက်တော့မည့်အခြေအနေကို သီသီလေးရောက်လာတာကြောင့် Sing ခွက်ကိုဆွဲယူကာ ပစ်ခွဲလိုက်သည်။
"မင်း သောက်လို့မရဘူးဆိုတာမသိဘူးလား"
"ခင်ဗျား နဲ့ဆိုင်လို့လား"
"လာ လိုက်ခဲ့..."
ထိုင်နေရာမှထရပ်ကာပြန်ပြောသည့် Krist လက်ကိုတရစပ်ဆွဲလာကာ ကားထဲဝင်စေလိုက်သည်။
"ငြိမ်ငြိမ်နေ Krist တခုခုမလုပ်မိခင်မှာ"
ကားပေါ်က ပြန်ဆင်းဖို့လုပ်နေတာကြောင့် ခြိမ်းခြောက်ကာထိုင်ခိုင်းရသည်။
ထိုနောက် အိမ်သို့အမြန်ရောက်အောင်မောင်းကာ အပေါ်ထပ်သို့ဆွဲခေါ်လာခဲ့သည်။"ဘာဖြစ်နေတာလဲ ခင်ဗျား"
လက်ကိုဆွဲဖြုတ်လိုက်ကာ ဘာအလိုမကျဖြစ်နေမှန်းမသိသည့်လူကို ဒေါသဖြင့် Krist အော်လိုက်မိသည်။
"Krist မင်းအဲမိန်းကလေးကိုအဲလောက်သဘောကျနေလား"
"ကျတာပေါ့ ကျွန်တော်က ခင်ဗျားရဲ့ Kristen မှမဟုတ်တာ"
"Kristen သာဆို မင်းလို ဒီမိန်းကလေးမျိုးနဲ့မရောဘူး"
"ဟုတ်လား ကျွန်တော်က Krist ရောတော့ဘာဖြစ်လဲ"