"ဘယ်လိုလဲ Sing ပထမဆုံးပွဲကကောင်းကောင်းပြီးသွားရဲ့လား"
အိမ်မှာပဲနားချင်တယ်ဆိုတဲ့ Kitကိုမခေါ်လာပဲ Sing တစ်ယောက်တည်းထိုင်နေတော့ Yin ကမေးသည်။
"အင်း Krist ကိုယ်တိုင်ပြင်ခဲ့တာ"
"Sing Kristနဲ့ အဆင်မပြေသေးဘူးလား"
Sing မျက်နှာရိပ်ကအဆင်မပြေတာကြောင့် Yin မေးလိုက်တော့ထင်သည့်အတိုင်းပင်။
"သူကခေါင်းမာတယ် Yin
Kristenဖြစ်ဖို့ကြိုးစားနေတာ ဆိုင်ကယ်တောင်မောင်းဦးမလို့တဲ့
ငါသူ့ကိုအဆုံးရှုံးထပ်မခံနိုင်ဘူး""ဘယ်သူ့ကိုလဲ Krist လား Kristenလား မင်းကိုယ်မင်းသေချာသိဖို့လိုတယ်နော် Sing"
"Kristပေါ့"
ဘယ်လိုဖြစ်ဖြစ် ပစ္စုပန်ကလူကိုသာရွေးသင့်သည်မလား...
"မင်းခံစားချက်ကသူပါဆိုတာ အသိပေးသင့်တယ် Sing
မဟုတ်ရင် Kristenဖြစ်ဖို့ကြိုးစားရင်း သူနာကျင်နေလိမ့်မယ်""သူအထင်မှားပြီးနာကျင်နေမဲ့အစား ထွက်သွားခွင့်ပေးလိုက်သင့်လား"
မေးခွန်းရဲ့အဖြေကို Sing လည်းမသိပေ.. ခုချိန်မှာ Krist ကိုဘေးနားပဲထားချင်သည်။ သို့သော်လည်း တချိန်လုံး Singချစ်တာ Kristenပါလို့အထင်လွဲနေသူကို ဘယ်လိုရှင်းပြရမှာပါလိမ့်...
ကားရပ်သံကြားလိုက်တာကြောင့် ပြန်လာပြီမှန်းသိလိုက်တော့ ပါးချိုင့်လေးခွက်ဝင်အောင်ပြုံးရင်း သောက်လက်စဘီယာဗူးကိုအဆုံးသတ်လိုက်သည်။
အိမ်ထဲရောက်တာနှင့် ဝေဝဲ့ကြည့်မိတော့ ဧည့်ခန်းစားပွဲပေါ်မှာ ဘီယာပုလင်းတွေနဲ့ လူကတော့ဆိုဖာကိုမှီပြီးအောက်တွင်ထိုင်နေလေသည်။
သောက်ရင်အားနည်းတတ်မှန်းသိရက် ဒီကောင်လေးကိုတော့ဆူမှရတော့မည်ဖြစ်၏။"Kit ဘာလို့သောက်နေတာလဲ"
"အရက်သောက်နိုင်ဖို့ဆိုဖြည်းဖြည်းချင်းစရမှာမလား ဒါကြောင့်ဒါတွေသောက်ကြည့်နေတာ"
ဘီယာပုလင်းတွေလက်ညိုးထိုးရင်းေမာ့ကြည့်ကာပြောသည့်ကောင်လေးက မျက်လုံးတွေပင်ရီဝေနေလေတော့ Sing ထိုင်ချလိုက်သည်။