လေယာဉ်ကဒီမနက်ပိုင်းဖြစ်တာကြောင့် Sing အစောကြီးထကာပြင်ဆင်ရသည်။ ထိုနောက် အဝတ်တွေနှင့်လိုအပ်သည့်ပစ္စည်းတချို့ထည့်ထားသည့် luggageကိုယူကာ Airportသို့ထွက်လာခဲ့သည်။
"သား ဟိုရောက်ရောက်ချင်းဖုန်းဆက်နော်"
"မင်းသားက ကလေးမှမဟုတ်တော့တာပဲ သူသိပါတယ်"
"ကလေးမဟုတ်လည်းစိတ်ပူနေရတာပဲလေ ရှင်ရယ်"
အပြန်အလှန်ပြောနေကြသည့် Phor နဲ့ Maeကိုကြည့်ကာ Sing ပြုံးလိုက်သည်။
"ကျွန်တော် ဟိုရောက်ရင်ဖုန်းဆက်ပါ့မယ် Mae"
"လွမ်းနေရတော့မှာ"
Mae ကလက်ကလေးဆန့်တန်းကာသူ့ကိုရင်ခွင်ထဲထည့်ရင်းပြောလာတော့ပါးလေးကိုနမ်းလိုက်သည်။ ထိုနောက် Phorကဖက်ကာဂရုစိုက်ဖို့ပြောပြီးပြန်ဖို့ပြင်သည်။ Phorနဲ့ Mae လက်ကလေးပြပြီးနှုတ်ဆက်သွားတော့ Airportတွင် Sing တစ်ယောက်တည်းကျန်ခဲ့သည်။လေယာဉ်ထွက်ဖို့က အချိန်အနည်းငယ်လိုသေးပေမဲ့လည်း လေယာဉ်ပေါ်တက်ဖို့ဆုံးဖြတ်လိုက်သည်။ ထိုစဉ် ဖုန်းလာတာမို့ကိုင်လိုက်တော့ သူငယ်ချင်းYinဖြစ်နေ၏။
"Ai'Sing မင်းကိုရှာမတွေ့လို့ ငါ Airportမှာ"
တဖက်က Yinကိုသူရှိသည့်နေရာကိုပြောပြရင်း အနီးနားကြည့်ကာရှာမိသည်။ ခနအကြာမှ Yinကသူရှိသည့်နေရာအနားရောက်လာတာမို့ လက်လှမ်းပြရင်းခေါ်လိုက်သည်။
"ဟူး ရှာလိုက်ရတာကွာ"
"Doctorမလာတော့ဘူး ထင်နေတာ Kub"
"နောက်မနေနဲ့ "
"မနောက်တော့ဘူး ဒါပေမဲ့ Kristenကိုကြည့်ပေးထားဖို့မမေ့နဲ့နော်"
"မင်းကသူနဲ့ပတ်သက်ပြီးအရမ်းဂရုစိုက်နေသလိုပဲနော် Ai'Sing"
Yin ကမျက်မှောင်ကိုတမင်ကျုံကာ မသင်္ကာသည့်အကြည့်ဖြင့်မေးလာတော့ Sing နှုတ်ခမ်းတစ်ဖက်ကိုမြင့်တင်ကာပြုံးရုံပြုံးလိုက်သည်။
"ငါသွားတော့မယ် ဟိုရောက်ရင်ဖုန်းဆက်မယ်"
"OK"
လေယာဉ်ထွက်ချိန်ရောက်နေပြီမို့ Yinကို နှုတ်ဆက်ကာလှည့်ထွက်လာခဲ့သည်။ နှုတ်ဆက်ရမှာမကြိုက်သည့် Kristenကိုတော့မနှုတ်ဆက်ဖြစ်ခဲ့ပေ။ ဖုန်းနံပါတ်ကိုပင်မပေးခဲ့သည့် ကောင်လေးကိုတော့အဆင်ပြေဖို့ Singမျှော်လင့်၏။