ဒီနေ့တော့ Kristen ကိုခေါ်ကာ အရင်ကအမြဲရောက်နေကြဖြစ်သည့်တံတားဆီလာခဲ့သည်။ ကားကိုတနေရာရပ်ကာ လမ်းအတူလျှောက်ရင်းတနေရာရောက်တော့ Kristenခြေလှမ်းတို့ရပ်တန့်သွားသည်။
Kristen ဦးနှောက်ထဲပုံရိပ်တွေက ရုပ်ရှင်တွေနောက်ကြောင်းပြန်သလို တရိပ်ရိပ်ထင်ပေါ်လာသည်။ ဒါက သူ့အသိစိတ်တို့နောက်ဆုံးပျောက်ခဲ့သည့်နေရာ။ အရင်ထွက်သွားဖို့တစုံတယောက်ကို ခွင့်တောင်းခဲ့ပေမဲ့ တစုံတယောက်ရှိမနေခဲ့သလို မကြားခဲ့တဲ့နေရာလည်းဖြစ်သည်ပင်။
" Kristen "ဟူသောအသံနဲ့အတူ လက်ဖျောက်တချက်ကနားဆီရောက်လာတာမို့ စိတ်တို့ပြန်လည်ကာလာရသည်။
"တခုခုကိုသတိရလို့လား Kristen"
"ဟင့်အင်း"
"ဒီနေရာမှာ မင်းပျောက်သွားတော့ ကိုယ်ကဟိုရောက်နေပြီ
ပြန်လာတော့ ခနခနရောက်ဖြစ်သေးတယ် ကိုယ်တို့ထပ်ဆုံမလားပေါ့ မင်းကိုမနှုတ်ဆက်ခဲ့ရဘူးလေ အာ မဟုတ်ဘူး
ကိုယ်တို့တယောက်နဲ့တယောက်မနှုတ်ဆက်ခဲ့ရဘူး""ကျွန်တော်ဘာကိုမှမမှတ်မိတော့ဘူး ဒီနှစ်တွေမှာဘယ်ရောက်နေခဲ့တာလဲ ဆေးရုံကိုဘယ်လိုရောက်နေခဲ့တာလဲ ဆိုတာကိုပေါ့"
"မင်း ပြန်လာတာဝမ်းသာပါတယ်"
ဝမ်းသာခြင်းနဲ့အတူ Sing ဖက်လိုက်တော့ Kristen ကချက်ခြင်းပြန်တွန်းသည်။
'အာ...မင်းက Krist မဟုတ်တာမေ့သွားတယ်'
"ဘာလို့ပြုံးတာလဲ P'Sing"
ကိုယ့်အတွေးနဲ့ကိုယ်တချက်ပြုံးမိတော့ Kristen ကမေးလာသည်။
"ဘာမှမဟုတ်ပါဘူး ပြန်ရအောင် မင်းကနေဝင်ချိန်ကိုမကြိုက်ဘူးမလား"
Sing အိမ်သို့ပြန်ရောက်သည်နှင့် Kristထားခဲ့သည့်ဖုန်းကိုဖွင့်လိုက်သည်။ password ခံထားခြင်းမရှိသည့် မျက်နှာပြင်တွင်တွေ့ရသည်က Singရဲ့ပုံ။ လက်ဖြင်းအသာပွတ်ကာဖွင့်လိုက်တော့
အထဲတွင်လည်း ဘယ်အချိန်က ခိုးရိုက်ထားမှန်းမသိသည့် ပုံတေချည်းပင်။
စိတ်ထဲဝမ်းနည်းခြင်းနဲ့အတူ တစုံတခုကိုသတိရကာ အားကိုးတကြီး
Note ထဲသို့ဝင်ကြည့်မိသည်။ Singရဲ့အကြောင်းတွေ သူ့ခံစားချက်တွေ Kristenမဟုတ်လို့အားမလိုအားမရကြောင်းတွေဖတ်ကာ ရင်ဘတ်ထဲအောင့်သက်သက်... ဒီအချိန်မှာ Singလောက်ယူကြုံးမရနဲ့နာကျင်ရသူက ဒီလောကကြီးထဲထပ်ရှိလောက်မည်မဟုတ်။ အဲလောက်ထိချစ်တဲ့ကောင်လေးက မိသားစုနဲ့သူ့ကိုလဲခဲ့တာတဲ့လေ။ အင်းပေါ့ သူ့လိုသူစိမ်းတယောက်ကိုတောင် ဒီလောက်ချစ်နိုင်ရင် သူ့မိသားစုကိုဆိုပြောစရာပင်လိုမည်မဟုတ်။ ဒါပေမဲ့ လည်းမျှော်လင့်ချက်လေးတခုလောက်တော့ Singထားချင်ပါသေးသည်။ အိမ်ပြန်ဖို့ခွင့်တောင်းစဉ်ကပြောခဲ့သည့် စကား။
တစ်လပါပဲ ဆိုတဲ့စကားကိုအထပ်ထပ်ပြန်တွေးရရင်း...
ဒါသည် သူ့ရဲ့နောက်ဆုံးမျှော်လင့်ချက် ။ သူ့ကတိတိုင်းသာ တစ်လပြည့်လိုပြန်မလာခဲ့ရင် တကယ်ပင်သူ့ကိုချန်ခဲ့လေပြီဟု သတ်မှတ်နိုင်ပြီထင်၏။