"P' Kub"
"ဪ မင်းပဲ"
Krist ခေါင်းငြိမ့်ပြကာ အကျိုးအကြောင်းမေးတော့ ထိုအမကမျက်နှာအနည်းငယ်ညိုးသွား၏။
"မသင်ဘူးလို့ပြောတယ် သူ့မှာအလုပ်များတော့.."
"ကျွန်တော့်အတွက်အရေးကြိးလို့ပါ သူနဲ့တွေ့လို့ရမလား P' "
"မင်းစောင့်နေနိုင်လို့လား သူကအလုပ်များတယ် တခါတလေလာချင်မှလာတာ"
"ဒါပေမဲ့ P' ဖုန်းဆက်ပေးလို့ရတယ်မလား Naa.."
ဘယ်လိုပင်ပြောပြောလက်လျှော့မည့်ပုံမပေါ်ပေ။
မရမကပြောနေသည့်ကောင်လေးကြောင့် Khim အကျပ်ရိုက်နေစဉ်
P'Sing ဝင်လာတော့ အသက်ရှူချောင်သွားရသည်။"ဘာဖြစ်နေတာလဲ Khim"
"အတော်ပဲ P'Sing"
P'Sing ဆိုတဲ့နာမည်ကြောင့် Kristအနောက်သို့လှည့်ကာဝင်လာသူဆီအကြည်ပို့လိုက်သည်။
ဒီလူကို မြင်ဖူးသလိုပဲ...'ဪ ပန်းဆိုင်မှာခေါ်တဲ့လူ'
သူ့ကိုလူမှားတယ်ဆိုတဲ့လူကို မှတ်မိသွားတာကြောင့် ရေရွတ်ပြီးနောက်
နှုတ်ဆက်လိုက်သည်။"Sawadee Kub"
နှုတ်ဆက်တဲ့ Krist ကိုတည်ကာကြည့်နေလေတော့ မျက်နှာရှေ့လက်တို့ဝှေ့ယမ်းလိုက်ပေမဲ့လည်း မထူးခြား။ နောက်ဆုံး ဘေးကအမအော်တော့မှ
အသိဝင်လာပုံရကာ စကားပြန်ပြောတော့သည်။"P'Sing Kha"
"ဘာလို့အော်နေတာလဲ Khim"
"P'Sing ကခေါ်မရဖြစ်နေတာကိုး"
ဒီလိုပဲ ဒီကောင်လေးရဲ့မျက်နှာကိုတွေ့ရတိုင်း Singရဲ့လောကကြီးကရပ်တန့်မြဲ...
"သူကအလုပ်လာလျှောက်တာလား"
"မဟုတ်ဘူး P'Sing မနေ့ကပြောတဲ့တယောက် ငြင်းနေပေမဲ့မရဘူး
P'Singနဲ့တွေ့ဖို့ချည်းလုပ်နေတယ်""ကြည့်လုပ်လိုက်မယ် Khim သွားလို့ရပြီ"
"Kha"
Krist ကိုစူးစမ်းပြီးကြည့်ကာ ဝန်ထမ်းအမကိုပြန်လွတ်လိုက်ပြီးနောက်
အထဲလိုက်ခဲ့ဆိုတာကြောင့် လိုက်ခဲ့ရ၏။